Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

a


A.D.အေဒီIt is a short form for the Latin words, "Anno Domini", which means "in the year of the Lord". (Example A.D. 2014.) လက်တင်စကားဖြစ်ပြီး , "Anno Domini" ၏အတိုကောက်ဖြစ်သည်။ အဓိပ္ပာယ်မှာ ‘’သခင်၏နှစ်တွင်’’ ဖြစ်သည်။ (ဉပမာ - အေဒီ ၂၀၁၄)
Aaron's rod အာရုန်၏လှံတံ Aaron was the older brother of Moses; God took the rod or staff of Aaron to perform many miracles; plus it was a testimony of God's presence with the people of Israel. The staff represented the tribe of Levi and later the staff was kept in the Ark of the Covenant. အာရုံသည် မောရှေ၏အစ်ကိုဖြစ်၏။ ဘုရားသခင်သည် အာရုံ၏လှံတံဖြင့် များစွာသောအံ့ဩဖွယ်ရာကိုပြု တော်မူသည်။ ထိုလှံတံမှာ ဘုရားသခင်သည်ဣသရေလလူမျိုးတို့နှင့်အတူရှိတော်မူသည်ကို သက်သေပြု ခြင်းဖြစ်သည်။ လှံတံသည် လေဝိအမျိုးကိုကိုယ်စားပြုပြီး နေက်ပိုင်းတွင် ထိုလှံတံကိုပဋိညာဉ်သေတ္တာထဲ တွင်သိမ်းဆည်းထားသည်။ အာရုန်၏လှံတံ(Aaron’s rod) သည် သူတို့၏ လှံတံများကို မျိုလေ၏။ ... ထွ၊ ၇:၁၂အာရုန်၏လှံတံ (rod of Aaron) သည် အရွက်ထွက်လျက်၊ ... တော၊ ၁၇:၈အာရုန်၏လှံတံ (Aaron’s rod) ကို သက်သေခံချက်ရှေ့၌ ပြန်ထား၍၊ ... တော၊ ၁၇:၁၀အပွင့်ပွင့်သော အာရုန်၏လှံတံ(Aaron’s rod)၊ ... ဟေဗြဲ၊ ၉:၄
Abba, Fatherအဗ္ဗအဘAramaic word for "father"; Jesus used this term to call out to His heavenly Father. DTP Paul uses it to speak of the disciples' relationship with God the Father and how we have been adopted as His children. အာရေမိဘာသာစကားဖြစ်သည်။ သခင်ယေရှုသည်မိမိ၏ကောင်းကင်ဘုံရှိအဖခမည်းတော်ကို ခေါ်သောအခါ တွင် ထိုစကားလုံးကိုအသုံးပြုသည်။ ရှင်ပေါလုသည်လည်း ခမည်းတော်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရာ တွင် အသုံးပြုသည်။ ကျွန်ုပ်တို့သည်လည်း အဗ္ဗအဘ၏အမွေခံသားသမီးများဖြစ်ကြပါသည်။မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော် (Abba, Father) ၊ ... မာ၊ ၁၄:၃၅အဗ္ဗအဘ (Abba, Father) ဟုခေါ်ရသောအခွင့်နှင့်၊ ... ရော၊ ၈:၁၅သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘ (Abba, Father) ဟု၊ ... ဂလာ၊ ၄:၆
abide / abode / abidethတည်နေTo stand, bear, tolerate, remain, depend upon, to be connected to, to stay at. DTP The disciple must abide in Christ if he hopes to see the fruit of Christ in his life. To abide you must give your life to Christ so that He may personally graft you into Himself. Our walk with Christ is to be personal and daily, hand in hand journey together. ရပ်နေ၊ ခံနိုင်သည်၊ သည်းခံသည်၊ ကျန်နေသည်၊ မှီခိုသည်၊ ဆက်စပ်ပတ်သက်သည်၊ နေသည်ဟုအဓိပ္ပာယ် ရသည်။ ကျွန်ုပ်တို့သည် မိမိတို့အသက်တာတွင်ခရစ်တော်၌အသီး သီးလိုပါလျှင် ခရစ်တော်၌တည်နေရ ပါမည်။ ထိုသို့တည်နေနိုင်ရန် မိမိအသက်တာကိုခရစ်တော်၌အပ်နှံရပါမည်။ သို့မှသာ ခရစ်တော်သည် ကျွန်ပ်တို့နှင့်တည်နေပါလိမ့်မည်။ မိမိကိုယ်တိုင် ခရစ်တော်နှင့်အတူ၊ ခရစ်တော်၏လက်ကိုကိုင်ဆွဲလျက် နေ့စဉ်လျှောက်လှမ်းရပါမည်။ မိုးတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး (abode) ၏။ ... ထွ၊ ၂၄:၁၆ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေ (abide) ရလိမ့်မည်ဟု၊ ... ၁ရာ၊ ၁:၂၂ငါနှင့် အတူနေ(abide) ပါလော့။ ... ၁ရာ၊ ၂၂:၂၃လင်းသောလမ်းသို့ မလိုက် (abide) တတ်ကြ။ ... ယောဘ၊ ၂၄:၁၃ အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်း(abide) ရပါမည်နည်း။ ... ဆာ၊ ၁၅:၁ကွယ်ကာရာဌာနတော်၌ နေ(abide)သောသူသည်၊ ... ဆာ၊ ၉၁:၁ သင်၏အိမ်၌ ယနေ့ ငါတည်း(abide) နေမည်ဟု၊ ... လု၊ ၁၉:၆ မိုးချုပ်သည်တိုင်အောင် အထံတော်၌နေ(abode) ကြ၏။ ... ယော၊ ၁:၃၉သင်တို့သည် ငါ၏ဒေသနာ၌ တည်(abide) လျှင်၊ ... ယော၊ ၈:၃၁သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေ(abide) စေခြင်းငှာ၊ ... ယော၊ ၁၄:၁၆ငါ၌တည်(abide)နေကြလော့။ ... ယော၊ ၁၅:၄အကြင်သူသည် ငါ၌တည်(abideth) ၍ ငါသည်လည်း သူ၌တည်(abideth) ၏၊ ... ယော၊ ၁၅:၅သင်တို့သည် ငါ၌တည်(abide) ၍ ငါ့စကားသည် သင်တို့၌တည်(abide) လျှင်၊ ... ယော၊ ၁၅:၇ခမည်းတော်၏မေတ္တာ၌ တည်(abide)နေသကဲ့သို့၊ ... ယော၊ ၁၅:၁၀ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်(abideth) လျက် ရှိ၏။ ... ၁ကော၊ ၁၃:၁၃မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်(abideth) တော်မူသော၊ ... ၁ပေ၊ ၁:၂၃ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်(abideth)သဖြင့်၊ ... ၁ယော၊ ၂:၁၄အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်(abideth) ၏။ ... ၁ယော၊ ၂:၁၇ကင်းလွတ်မည်အကြောင်း သားတော်၌ တည်(abide) နေကြလော့။ ... ၁ယော၊ ၂:၂၈ကိုယ်တော်၌တည်(abideth) နေသောသူ မည်သည်ကား၊ ... ၁ယော၊ ၃:၆ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်(abideth) ၏။ ... ၁ယော၊ ၃:၂၄ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည်၊ ... ၁ယော၊ ၄:၁၃ (The word not found in Judson Bible)
able / enabledCapability, potential, gifted, empowered. DTP The disciples does not need to lean on their own ability but to lean on God's ability and power. We are made overcomers because of God's ability flowing through us by the Holy Spirit.
abomination စက်ဆုပ်ရွံရှာOutrage, disgrace, disgust, scandal, hatred, revulsion, contamination, uncleanness, impurity, corruption; an obstruction or a way of lifestyle that is deeply offensive or detestable to God. ရက်စက်စွာပြုခြင်း၊ ဂုဏ်ညှိုးငယ်ခြင်း၊ စက်ဆုပ်ရွံရှာစေ၊ သိက္ခာကျဖွယ်ဖြစ်ရပ်၊ အလွန်မုန်းတီးခြင်း၊ ဆွဲ ထုတ်သွားခြင်း၊ ညစ်ညမ်းခြင်း၊ မစင်ကြယ်ခြင်း၊ မသန့်ရှင်းခြင်း၊ အကျင့်ပျက်မှု ဟုအဓိပ္ပာယ်ရသည်။ ဟန့်တားပိတ်ပင်ခြင်း သို့မဟုတ် ဘုရားသခင်ကိုစော်ကားပုတ်ခတ်သောအသက်တာဖြင့်အသက်ရှင်မှု သို့မဟုတ် ဘုရားသခင်ကို ရွံရှာမုန်းတီးသောအသက်တာဖြင့်အသက်ရှင်မှု ဖြစ်သည်။ သင်တို့၌ ရွံရှာဘွယ် (abomination) ဖြစ်ရကြမည်။ ... ဝတ် ၁၁: ၁၀၊ ၁၁-၁၃သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံရှာ(abomination)တော်မူ၏။ ... တရား၊ ၇:၂၅သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာ(abomination)တော်မူ၏။ ... တရား၊ ၂၂:၅စက်ဆုပ်ရွံရှာ(abomination) တော်မူသောအရာ ခုနစ်ပါးဟူမူကား၊ ... သု၊ ၆:၁၆မုသားသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာ(abomination) တော်မူဖွယ်ဖြစ်၏။ ... သု၊ ၁၂:၂၂မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရား စက်ဆုပ်ရွံရှာ(abomination) တော်မူ၏။ ... သု၊ ၁၅:၉သင်၏ရွံရှာ(abomination) ဖွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။ ... ယေ၊ ၄:၁စက်ဆုပ်ရွံရှာ(abomination) ဖွယ်သော အမှုအရာအပေါင်းတို့နှင့်၊ ... ယေဇ၊ ၅:၁၁ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာ(abomination) ဖွယ်သောအမှုကို ပြုကြ၏။ ... မာလ၊ ၂:၁၁အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာ(abomination) ဖွယ်ဖြစ်၏။ ... လု၊ ၁၆:၁၅စက်ဆုပ်ရွံရှာ(abomination) ဖွယ်သော အရာနှင့်လည်းကောင်း၊ ... ဗျာ၊ ၁၇:၄
abomination of desolation ဖျက်ဆီးတတ်သောရွံရှာဖွယ်A devastating act often refers to the future destruction of the temple in Jerusalem that took place in 70 AD. အေဒီ ၇၀ ၌ ယေရုရှလင်မြို့ဗိမာန်တော်ဖျက်ဆီးခံရမည့်အကြောင်းနှင့်ပတ်သက်သည့် ဖျက်ဆီးတတ် သောရွံရှာဖွယ်အမှှုအရာများ။ ဖျက်ဆီးတတ်သော ရွံရှာဖွယ်(abomination of desolation) အရာကိုလည်း တည်ထားကြလိမ့်မည်။ ... ဒံ၊ ၁၁:၃၁ (ဒံ၊ ၁၂:၁၁)ဖျက်ဆီးတတ်သော ရွံရှာဖွယ်(abomination of desolation) အရာသည် သန့်ရှင်းသောအရပ်ဌာန၌၊ ... မ၊ ၂၄:၁၅ဖျက်ဆီးတတ်သော ရွံရှာဖွယ်(abomination of desolation) အရာသည် မနေသင့်သောအရပ်၌၊ ... မာ၊ ၁၃:၁၄
aboundကြွယ်ဝပြည်စုံTo have an abundance of, plentiful, limitless, to excel, to be sufficient or have enough of. DTP In Christ we have an abundance of His mercy and grace, and are overflowing with love to all who believe. God gives generously to all who seek Him and He wants to bless us with all His fullness because we are His children through Christ Jesus. He desires that we abound with much fruit. အလျှံပယ်ရှိခြင်း၊ ပေါများသော၊ အတိုင်းအဆမရှိသော၊ ပိုကောင်းအောင်လုပ်သည်၊ လုံလောက်စေသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌သနာခြင်းကရုဏာနှင့်ဆုကျေးဇူးများဖြင့်ကြွယ်ဝပြည်စုံပြီး ယုံကြည်သူတိုင်း အတွက် သူ၏ချစ်ခြင်းမေတ္တာမှာပြည့်လျှံလျက်ရှိနေသည်။ ဘုရားသခင်ကိုရှာသောသူသည် ပြည့်ဝစုံလင် ခြင်းကိုရရှိပြီး ကျွန်ုပ်တို့သည်ယေရှုခရစ်အားဖြင့် သူ၏သားသမီးများဖြစ်သောကြောင့် ဘုရားသခင်က များစွာသောကောင်းချီးမင်္ဂလာကိုချပေးတော်မူသည်။ ကျွန်ုပ်တို့ကြွယ်ဝပြည့်စုံစေရန် ဘုရားသခင်အလို တော်ရှိသည်။ သစ္စာစောင့်သောသူသည် ကောင်းချီးမင်္ဂလာနှင့် ကြွယ်ဝ(abound)လိမ့်မည်။ ... သု၊ ၂၈:၂၀မတရားသောအမှုတို့သည် များပြား(abound)သဖြင့်၊ ... မ၊ ၂၄:၁၂ပညတ်တရားသည် တစ်ဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ(abound)၏။ ... ရော၊ ၅:၂၀မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝ(abound)စေခြင်းငှာ၊ ... ရော၊ ၁၅:၁၃သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်(abounding) ကြလော့။ ... ၁ကော၊ ၁၅:၅၈ အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံ(abound)သည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည်စုံခြင်း(abound)ဖြစ်စေသတည်း။ ... ၂ကော၊ ၈:၇အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံ(abound)စေခြင်းငှာ၊ ... ၂ကော၊ ၉:၉မေတ္တာပါရမီတိုးပွား၍ ပြည့်စုံ(abound)မည်အကြောင်းကိုလည်းကောင်း၊ ... ဖိ၊ ၁:၁၀ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝ(abound)ခြင်းကိုလည်းကောင်း၊ ... ဖိ၊ ၄:၁၂သင်တို့၌ ကြွယ်ဝ(abound)သောအကျိုးကို ရှာ၏။ ... ဖိ၊ ၄:၁၇ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝ(abound)ပြည့်စုံမည်အကြောင်း၊ ... ၁သက်၊ ၃:၁၂တိုးပွား၍ ကြွယ်ဝ(abound)ပြည့်စုံမည်အကြောင်း၊ ... ၁သက်၊ ၄:၁ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝ(abound)လျှင်၊ ... ၂ပေ၊ ၁:၈
AbrahamအာဗြဟံTerah, the tenth in descent from Noah, begat Abram (Luke 3:34). God changed his name from Abram to Abraham; called of God, father and seed of many nations, a mighty man of prayer, faith, obedience and courage. God made a covenant with him (Abrahamic Covenant), out of the line of Abraham would come the Christ (Matt 1:1, 2). နောဧ၏ကိုးဆက်မြောက်သားစဉ်မြေးဆက်တေရမှ အာဗြဟံကိုမွေးဖွားသည် (လု၊ ၃:၃၄)။ ဘုရား သခင်က သူ၏နာမည်အာဗြံမှအာဗြဟံဟုပြောင်းလဲခေါ်တွင်သည်။ ဘုရားသခင်ကသူ့ကိုခေါ်ယူပြီး လူအ မျိုးမျိုးတို့၏အဖဖြစ်စေသည်။ သူသည် ဆုတောင်းခြင်း၊ ယုံကြည်ခြင်း၊ နာခံခြင်းနှင့်ရဲရင့်ခြင်းတွင်အား ကြီးသူဖြစ်သည်။ ဘုရားသခင်သည် သူနှင့်ပဋိညာဉ်ပြုပြီး သူ၏ဆွေစဉ်မျိုးဆက်မှ ခရစ်တော်ပေါ်ထွန်း လာသည် (မ၊ ၁:၁၊၂)။ သင်၏အမည်ကို အာဗြဟံ(Abraham) ဟုခေါ်ရ၏။ ... က၊ ၁၇:၅ထာဝရဘုရား၏ကောင်းကင်တမန်က၊ အာဗြဟံ(Abraham) ၊ အာဗြဟံ(Abraham) ဟု၊ ... က၊ ၂၂:၁၁ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ(Abraham) ၏သား၊ ... ဟေရှာ၊ ၄၁:၈အာဗြဟံ(Abraham) သည် လူတစ်ဦးတည်း ဖြစ်သော်လည်း ဤပြည်ကို၊ ... ယေဇ၊ ၃၃:၂၄အာဗြဟံသ(Abraham) ည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ... ယော၊ ၈:၃၉အာဗြဟံ(Abraham) မဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ ... ယော၊ ၈:၅၈အာဗြဟံ(Abraham) သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ ... ရော၊ ၄:၃ထိုနည်းတူ အာဗြဟံ(Abraham)သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ ... ဂလာ၊ ၃:၆အာဗြဟံ(Abraham)သည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ... ဟေဗြဲ၊ ၁၁:၈အာဗြဟံ(Abraham)သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ ... ယာ၊ ၂:၂၃
Abraham, Isaac, Jacobအာဗြဟံ၊ ဣဇာက်၊ ယာကုပ်The three patriarchs who became the foundation for the Jewish race of people. The Hebrew people look back to them as the ones that God called to build the nation of Israel, His chosen people. DTP These three men are the disciples' forefathers, part of the Christian heritage, they are part of our family tree as believers in Christ. အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တည်းဟူသောဘိုးဘေးသုံးဦးသည် ဣသရေလလူမျိုး၏အရင်းအမြစ်ဖြစ် သည်။ ဤသူသုံးဦးအားဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုး၊ မိမိရွေးကောက်သောလူမျိုးကိုဖြစ်စေ တော်မူသည်။ ဤသူသုံးဦးသည် ကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်ကြပြီး ခရစ်ယာန်တို့၏အမွေခံရာ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ ခရစ်တော်၌ယုံကြည်သူအနေဖြင့် ဤသူသုံးဦးသည် ကျွန်ုပ်တို့၏မိသားစုဝင်ဖြစ်သည်။ အာဗြဟံ(Abraham) ၏ဘုရား၊ ဣဇာက်(Isaac) ၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော၊ ... ထွ၊ ၃:၁၆အာဗြဟံ(Abraham) ဣဇာက်(Isaac) ဣသရေလ(Jacob)တို့၏ ဘုရားသခင် ထာဝရဘုရား၊ ... ၃ရာ၊ ၁၈:၃၆အာဗြဟံ(Abraham) ဣဇာက်(Isaac) ယာကုပ်(Jacob) အမျိုးကို အုပ်စိုးရသော မင်းအရာ၌၊ ... ယေ၊ ၃၃:၂၆အာဗြဟံ(Abraham)ဣဇာက်(Isaac)ယာကုပ်(Jacob) တို့နှင့်တကွ လျောင်းရကြလတ္တံ့၊ ... မ၊ ၈:၁၁အာဗြဟံ(Abraham) ၏ဘုရား၊ ဣဇာက်(Isaac) ၏ဘုရား၊ ယာကုပ်(Jacob) ၏ဘုရားဟု၊ ... လု၊ ၂၀:၃၇အာဗြဟံ(Abraham)ဣဇာက်(Isaac)ယာကုပ်(Jacob) တို့၏ဘုရားသခင်၊ ... တ၊ ၃:၁၃
Abrahamic Covenantအာဗြဟံနှင့်သက်ဆိုင်သောပဋိညာဉ်This was an unconditional promise that was made between God and Abraham. It has two key points; one, that Abraham would have physical descendants through whom the Christ (Messiah) would come and secondly, was concerning what is known as the "promised land", the land between the Mediterranean Sea and the River Euphrates. The agreement also included the rite of circumcision. Gen 12:1-3; 13:14-17; 15:4-7, 18-21; 17:1-27; 22:17-18. ဘုရားသခင်နှင့်အာဗြဟံအကြားပြုသည့် ချွင်းချက်မရှိသောပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်တွင် သော့ ချက်နှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ အာဗြဟံ၏ဆွေစဉ်မျိုးဆက်မှ ခရစ်တော် (မေရှိယ) ပေါ်ထွန်းလာ မည်ဖြစ်သည်။ ဒုတိယသော့ချက်မှာ မြေထဲပင်လယ်မှယူဖရေးတီးမြစ်အထိကျယ်ဝန်းသော ‘’ကတိတော် ပြည်’’ ဖြစ်သည်။ ဤသဘောတူညီချက်တွင် အရေဖျားလှီးခြင်းလည်းပါဝင်သည်။ က၊ ၁၂:၁-၃၊ ၁၃:၁၄-၁၇၊ ၁၅:၄-၇၊ ၁၈-၂၁၊ ၁၇:၁-၂၇၊ ၂၂:၁၇-၁၈။
abstainကြဉ်ရှောင်To refrain from, to stay away from, to avoid or not use; DTP The disciple is to abstain from strong drink, from wickedness and fleshly lust things that are contrary to God's will and Word. Our walk of faith is one that has boundaries to it and our lives are to be like Christ; that means abstaining from things that may cause another to stumble. ကြဉ်ရှောင်ရန်၊ ဝေးဝေးနေရန်၊ ရှောင်ရန် သို့မဟုတ် အသုံးမပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြင်းထန် သောအရက်သေစာ၊ မကောင်းမှုဒုစရိုက်နှင့်သွေးသားဆန္ဒတို့ကို ရှောင်ကြည်ရမည်ဖြစ်သည်။ ထိုအရာတို့ သည် ဘုရားသခင်အလိုတော်နှင့်လည်းကောင်း၊ နှုတ်ကပတ်တော်နှင့်လည်းကောင်း ဆန့်ကျင်လျက်ရှိ သည်။ ယုံကြည်ခြင်းဖြင့်လျောက်လှမ်းခြင်းသည် ထိုအရာတို့ကိုဖယ်ရှားနိုင်ပြီး ကျွန်ုပ်တို့အသက်တာသည် ခရစ်တော်နှင့်တူလာမည်ဖြစ်သည်။ သူတစ်ပါးအတွက် ထိမိလဲစရာမဖြစ်စေရန် ထိုအရာတို့ကိုရှောင် ကြည်ရမည်ဖြစ်သည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ(abstain) ။ ... တော၊ ၆:၃ရုပ်တုတို့၏ ညစ်ညူးရာကိုလည်းကောင်း၊ ကြဉ်ရှောင်(abstain) စေခြင်းငှာ၊ ... တ၊ ၁၅:၂၀မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်(abstain) ကြလော့။ ... ၁သက်၊ ၅:၂၂ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်(abstain) ရမည်ဟူ၍လည်းကောင်း၊ ... ၁တိ၊ ၄:၃မတရားသောအမှုကို ရှောင်(abstain) ရမည်ဟူ၍လည်းကောင်း၊ ... ၂တိ၊ ၂:၁၉ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်(abstain) မည်အကြောင်း၊ ... ၁ပေ၊ ၂:၁၁
abundance / abundant / abundantlyကြွယ်ဝခြင်းTo have more than one needs, a large amount or quantity of something; an overflowing amount; to be abundantly blessed by God. DTP Faith in Christ moves us into being one with Christ, He has given to the disciple the gift of an abundant life, that started the moment that we received Christ personally into our hearts. He pours out on and in us an abundance of truth, grace, mercy, love and power so that we can live a victorious life here on earth. လိုအပ်သည်ထက်များစွာ၊ ကြီးမားသောအရေအတွက်၊ ပြည်လျှံသောအရေအတွက်၊ ဘုရားသခင်၏ကြွယ် ဝသောကောင်းချီးမင်္ဂလာများဖြစ်သည်။ ခရစ်တော်၌ယုံကြည်ခြင်းသည် ခရစ်တော်၌တစ်လုံးတစ်ဝတည်း ဖြစ်စေပြီး ကြွယ်ဝသောအသက်တာနှင့်ပြည့်စုံစေသည်။ ထိုအခါ ကျွန်ုပ်တို့၏နှလုံးသားတွင် ခရစ်တော်ကို လက်ခံရရှိပြီဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ကြွယ်ဝသော သမ္မာတရား၊ ဆုကျေးဇူး၊ သနား ခြင်းကရုဏာ၊ ချစ်မေတ္တာနှင့်တန်ခိုးကိုချပေးတော်မူသောကြောင့် ဤလောကတွင်အောင်မြင်သောအ သက်တာဖြင့် အသက်ရှင်နိုင်ပြီဖြစ်သည်။ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝ(abundant) တော်မူထသော၊ ... ထွ၊ ၃၄:၆သင်သည် ဥစ္စာကြွယ်ဝ(abundance) သောအခါ၊ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့်၊ ... တရား၊ ၂၈:၄၇အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း(abundance) ၌ မွေ့လျော်ကြ၏။ ... နေ၊ ၉:၂၅အိမ်တော်၏ကြွယ်ဝခြင်း(abundantly)နှင့် ရောင့်ရဲလျက်နေ၍၊ ... ဆာ၊ ၃၆:၈ ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း(abundance) ၌ ကိုးစား၍၊ ... ဆာ၊ ၅၂:၇တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြား(abundance) လိမ့်မည်။ ... ဆာ၊ ၇၂:၇သို့ပြုလျှင် အထူးသဖြင့်(abundantly)အပြစ်ကို လွှတ်တော်မူလိမ့်မည်။ ... ဟေရှာ၊ ၅၅:၇ (Not direct word)စိတ်နှလုံးအပြည့်(abundance)ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ ... မ၊ ၁၂:၃၄ (Not direct word)အသက်လွတ်ရုံမျှမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်း(abundantly)ငှာ လာသတည်း။ ... ယော၊ ၁၀:၁၀ကျေးဇူးတော်၏ ကြွယ်ဝခြင်း(abundance)ကိုလည်းကောင်း၊ ဖြောင့်မတ်ရာသို့၊ ... ရော၊ ၅:၁၇ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ(abundantly)၊ ... ဧ၊ ၃:၂၀ (Not direct word)ငါ့အတွက်ကြောင့် သာ၍ (abundant) ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊ ... ဖိ၊ ၁:၂၆ (Not direct word)ချစ်ခြင်းနှင့်တကွ၊ အတိုင်းထက်အလွန် ကြွယ်ဝ(abundant) ပြီ။ ... ၁တိ၊ ၁:၁၄ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ(abundantly) သွန်းလောင်းတော်မူ၏။ ... တိ၊ ၃:၆ကြီးစွာသော(abundant) ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန်၊ ... ၁ပေ၊ ၁:၃
abuse / abusiveရှုတ်ချTo insult with speech (filthy, vulgar) or by action toward someone else; to put another down with words; to physically hit another or to use cruel and inhumane treatment towards another, over a short or a long period of time (hurt or molest). DTP Disciples must always be aware of their actions and speech with the family and out in their community. We should not use any type of abusive language or do any type of abusive actions towards another person. စကားအားဖြင့်ရှုတ်ချခြင်း သို့မဟုတ် တစ်စုံတစ်ဦးကိုအမူအယာအားဖြင့်ရှုတ်ချခြင်း၊ စကားအားဖြင့်သူ တစ်ပါးကိုဖိနှိပ်ပြောဆိုခြင်း၊ သူတစ်ပါးကို လူသားမဆန်စွာ ကိုယ်ထိလက်ရောက်နာကျင်အောင်ပြုခြင်း၊ စော်ကားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏အပြောအဆိုနှင့်လုပ်ဆောင်မှုများကို မိသားစုအတွင်း သော်လည်းကောင်း၊ ပတ်ဝန်းကျင်အတွင်းသော်လည်းကောင်း သတိထားရမည်ဖြစ်သည်။ သူတစ်ပါးအား စော်ကားသည့်စကားမျိုး၊ ရှုတ်ချသည့်အပြုအမူမျိုးမပြုမိစေရန် သတိပြုရပါမည်။ တစ်ညလုံးအဓမ္မပြု၍ နံနက်တိုင်အောင်ရှုတ်ချ(abuse) ပြီးမှ၊ ... သူကြီး၊ ၁၉:၂၅မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သော(abuse) စကားနှင့်ပြောဆိုကြ၏။ ... မ၊ ၂၇:၄၀ဟောခြင်းနှင့် စပ်ဆိုင်သောအခွင့်ကို မသုံး(abuse) ဘဲလျက်၊ ... ၁ကော၊ ၉:၁၈ (No direct word)သူ့အသရေပျက်အောင်(abusive) ပြောဆိုခြင်း၊ ... ကော၊ ၃:၈သူ့အသရေကိုရှုတ်ချခြင်း(abusive) ၊ မနာလိုသော ကြံစည်ခြင်း၊ ... ၁တိ၊ ၆:၄
abyss / bottomless pitအနက်ဆုံးGulf, chasm, deep hole, void; the in-between world. A prison for the disobedient spirits; sometimes translated as the bottomless pit or the world of the dead. ပင်လယ်ကွေ့၊ ချောက်နက်၊ အလွန်နက်သောအပေါက်၊ ကမ္ဘာအကြားရှိနေရာ။ မနာခံသောဝိညာဉ်တို့ကို ချုပ်နှောင်ထားသောထောင်၊ အဆုံးမရှိသောချောက် သို့မဟုတ် သေသူတို့၏ကမ္ဘာဟု တစ်ခါတစ်ရံဘာသာ ပြန်ထားသည်။ အနက်ဆုံးသော(abyss) အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း၊ ... လု၊ ၈:၃၁သူ၌ အနက်ဆုံးသော(bottomless pit) တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊ ... ဗျာ၊ ၉:၁အနက်ဆုံးသော(abyss) တွင်းထဲက တက်သော သားရဲသည်၊ ... ဗျာ၊ ၁၁:၇အနက်ဆုံးသော(abyss) တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ... ဗျာ၊ ၁၇:၈
accept / acceptableနှစ်သက်/လက်ခံTo receive, to take unto one self, to agree. DTP As disciples we need to accept our fellow brothers and sisters in Christ, plus we need to be willing to accept the leading of the Holy Spirit in our lives. To accept, is take on the responsibility of what you have been given charge over; to accept is also to agree to, to commit to doing it. We also need to bring all that we are as a disciple so that we can become acceptable as His child. လက်ခံသည်၊ ယူသည်၊ သဘောတူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ညီတစ်ကိုမောင်နှမများကိုလက်ခံ ပြီး အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကိုခံယူရပါမည်။ လက်ခံခြင်းသည် မိမိအား ပေးအပ်သောတာဝန်ကိုဝန်တာထားလုပ်ဆောင်ခြင်းဖြစ်သည်။ သဘောတူညီခြင်းဖြစ်သည်။ ဆက်ကပ် လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ရှိသမျှအရာအားလုံးကိုယူဆောင်လာခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် လက်ခံရရှိမည်ဖြစ်သည်။ ကောင်းချီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံ(accept) တော်မူပါ။ ... တရား၊ ၃၃:၁၁သုခချမ်းသာကို ခံယူ(accept) သည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံယူ(accept)ရာသလောဟုဆို၏။ ... ယောဘ၊ ၂:၁၀စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်(acceptable) ဖြစ်ပါစေသော။ ... ဆာ၊ ၁၉:၁၄ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သကာတို့ကို နှစ်သက်(accept) တော်မူပါ၏။ ... ဆာ၊ ၁၁၉:၁၀၈နှစ်သက်(acceptable) ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ... ဟေရှာ၊ ၄၉:၈ ထာဝရဘုရား၏မင်္ဂလာ(acceptable) နှစ်နှင့်၊ ငါတို့ဘုရား သခင် ... ဟေရှာ၊ ၆၁:၂အကျွန်ုပ်တောင်းပန်သောစကားကို နားခံ(accepted) တော်မူပါ။ ... ယေ၊ ၃၇:၂၀တရားစကားကို ကြား၍ခံယူ(accept)သဖြင့်၊ ... မာ၊ ၄:၂၀ဘုရားသခင်နှစ်သက်(acceptable) တော်မူဖွယ်သော လက္ခဏာနှင့်၊ ... ရော၊ ၁၂:၁ကောင်းမြတ်သောအရာ၊ နှစ်သက်(acceptable) ဖွယ်သောအရာ၊ ... ရော၊ ၁၂:၂သင်တို့ကို လက်ခံ(accepted)တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံ (accept) ကြလော့။ ... ရော၊ ၁၅:၇နှစ်သက်ဖွယ်သော (accepted) အချိန်၌ ... ယခုပင်နှစ်သက်ဖွယ်သော(accepted)အချိန် ရှိ၏။ ... ၂ကော၊ ၆:၂ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်(accepted)အကြောင်း၊ ... ဧ၊ ၁:၆သခင်ဘုရားနှစ်သက်(acceptable) တော်မူသော အရာသည်၊ ... ဧ၊ ၅:၁၀အရှင်ဘုရားသခင် နှစ်သက်(acceptable) တော်မူသောအမှုလည်း ဖြစ်၏။ ... ၁တိ၊ ၂:၃ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူး(acceptable) ရှိ၏။ ... ၁ပေ၊ ၂:၂၀
accordတညီတညွတ်တည်းAgree with, match up with, concur with, be consistent with, harmonize with, be in harmony with, be compatible with; pact, treaty, agreement, settlement, deal, contract. DTP As a disciple of Christ it is important that we come into the will of God for our lives, to be in one accord with Him. The body of Christ is to function and serve as harmony unit. We are to work daily at being one with Christ and with each other as Christ disciples. This is one of the believer most powerful testimony that we can have to a lost world that we minister and serve together as one, glorifying Christ through our lives as His church. သဘောတူညီခြင်း၊ ရှေ့နောက်ညီခြင်း၊ သဘောတိုက်ဆိုင်သည်၊ ကိုက်ညီခြင်း၊ လိုက်ဖက်ခြင်း၊ လိုက်ဖက်သော။ သဘောတူညီချက်၊ သဘောတူစာချုပ်၊ သဘောတူညီမှု၊ ပြေငြိမ်းခြင်း၊ အပေးအယူ၊ သဘောတူစာချုပ်ချုပ်ဆိုသည်။ ခရစ်တော်၏တပည့်များအနေဖြင့် ဘုရားသခင်၏အလိုတော်ကိုဆောင် ရာတွင် ကိုယ်တော်နှင့်အတူသဘောတညီတညွှတ်ရှိရန်လိုပါသည်။ ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို စိတ် သဘောညီညွှတ်စွာ၊ တစ်လုံးတစ်ဝတည်းဖြင့် အစေခံရပါမည်။ ခရစ်တော်၏တပည့်တော်များအနေဖြင့် နေ့စဉ်လုပ်ဆောင်ရာတွင် ခရစ်တော်နှင့်သော်လည်းကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်း သဘော တူညီစွာလုပ်ဆောင်ရပါမည်။ ထိုသို့အားဖြင့် ယုံကြည်သူတို့အတွက် ခွန်အားကြီးသောသက်သေပြုစရာ ဖြစ်ပြီး ဤလောကကိုတစ်လုံးတစ်ဝတည်းအစေခံကာ ကိုယ်‌တော်၏ဗိမာန်တော်တည်းဟူသောကျွန်ုပ်တို့ အသက်တာအားဖြင့် ခရစ်တော်၏ဘုန်းတော်ကိုချီးမြှောက်ကြရန်ဖြစ်သည်။ တညီတညွတ်တည်း (accord) ကြိုးစား၍ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ ... တ၊ ၁:၁၄ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း (accord) စည်းဝေး၍နေကြ၏။ ... တ၊ ၂:၁ ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်း (accord) နေ၍၊ ... တ၊ ၂:၄၆ တညီတညွတ်တည်း(accord) ဘုရားသခင့်ထံသို့အသံကိုလွှင့်လျက်၊ ... တ၊ ၄:၂၄ သဘောတညီတညွတ်တည်း(accord) ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်း၊ ... ဖိ၊ ၂:၂
account /accountedမှတ်တော်မူTo reckon, to measure out the details, to align or measure out the facts, to reckon between two parties or more. DTP The disciple will have to stand before the Lord and give an account of his life. Judgment first starts at the house of the Lord (See 1 Pet 4:17) ရေတွက်သည်၊ အသေးစိတ်တိုင်းတာသည်။ တန်းညှိသည်၊ ပါတီနှစ်ခုအကြားတွက်ချက်သည်။ ကျွန်ုပ်တို့ သည် သခင်၏ရှေ့တွင်ရပ်ပြီး မိမိ၏အသက်တာအကြောင်းအရာကို စာရင်းပေးရမည်ဖြစ်သည်။ သခင်၏ အိမ်တော်တွင် တရားစီရင်ခြင်းကိုရှေ့ဦးစွာစတင်မည်ဖြစ်သည် (၁ပေ ၄:၁၇)။ ဤအကြောင်းအရာကား (account)၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို၊ ... က၊ ၂:၄ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏(accounted) ။ ... က၊ ၁၅:၆ ထိုအမှုကို(accounted) သူ၏ဖြောင့်မတ်ခြင်းကဲ့သို့၊ ... ဆာ၊ ၁၀၆:၃၁ ကိုယ်တော်သည် မှတ်တော်မူ(account) ရသနည်း။ ... ဆာ၊ ၁၄၄:၃ ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ... ဒံ၊ ၄:၃၅အဘယ်အပြစ်ကြောင့် ဤအမှု (account) ရောက်သည်ကို ပြောပါလော့။ ... ယောန၊ ၁:၈ တရားဆုံးဖြတ်သောနေ့၌ စစ်ကြော (account) ခြင်းကို ခံရကြလတ္တံ့။ ... မ၊ ၁၂:၃၆ ထိုငယ်သားတို့၏ အရှင်သည် လာ၍ သူတို့ကို စာရင်းယူ (accounts) လေ၏။ ... မ၊ ၂၅:၁၉ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်း (account) ကို ပေးလော့။ ... လု၊ ၁၆:၂ ယနေ့ ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှု (account) ရောက်မည်ဟု၊ ... တ၊ ၁၉:၄၀သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ် (accounted) လျက်ရှိ၏။- ... ရော၊ ၄:၅ သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ်(accounted) တတ်ကြပါ၏ဟု၊ ... ရော၊ ၈:၃၆ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြော(account) တော်မူခြင်းကို ... ရော၊ ၁၄:၁၂ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်(accounted) တော်မူ၏။ ... ဂလာ၊ ၃:၆ သင်တို့၌ ကြွယ်ဝသောအကျိုး(account) ကို ရှာ၏။ ... ဖိ၊ ၄:၁၇သူတို့သည် ကိုယ်တိုင် စစ်ကြော(account) ခြင်းကို ခံရသောသူကဲ့သို့၊ ... ဟေဗြဲ၊ ၁၃:၁၇ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်(accounted) တော်မူ၏ဟူသော... ယာ၊ ၂:၂၃ တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌၊ ... ၁ပေ၊ ၄:၅
accursedကျိန်ခြင်းTestify against, detestable, hateful; to have under a curse, to bind someone with words. မမှန်သောသက်သေခံသည်၊ ရွံရှာမုန်းတီးဖွယ်ကောင်းသော၊ ကျိန်ခြင်းခံရသော၊ တစ်စုံတစ်ဦးကို စကား အားဖြင့်ချည်နှောင်ခြင်းဖြစ်သည်။ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ(a cursed) ၍၊ ... ယောရှု၊ ၆:၁၈ ကျိန်အပ်သော(accursed) သူဖြစ်သောကြောင့်၊ ... ယောရှု၊ ၇:၁၂ ဟောပြောသောသူသည် ကျိန်တော်မူခြင်း(accursed) ကိုခံစေ။ ... ဂလာ၊ ၁:၈ ထိုသူသည် ကျိန်တော်မူခြင်း(accursed) ကို ခံစေဟု၊ ... ဂလာ၊ ၁:၉
accusationအပြစ်တင်ခြင်းIncrimination, denunciation, implicate, call into account; to charge or accuse someone with a wrongdoing; to impute blame or guilt towards another. DTP The disciple is to have a life of high standards and morals. Our lives are to exemplify Jesus Christ to a lost world. စွပ်စွဲသည်၊ စွပ်စွဲရှုတ်ချခြင်း၊ ပါဝင်ပတ်သက်သည်။ သဘောထားယူသည်၊ တစ်စုံတစ်ဦး၏အမှားကိုပြစ်တင်စွပ်စွဲသည်။ အခြားတစ်ဦးအပေါ်ပြစ်တင်ယိုးစွပ်သည်။ ကွန်ုပ်တို့သည် ကောင်းသောကိုယ်ကျင့်တရား ဖြင့် အသက်ရှင်ရမည်။ ဤလောကကြီးတွင် ခရစ်တော်ကဲ့သို့သက်ရှင်ပြီး စံနမူနာကောင်းပြရမည်။ ယေရုရှလင်မြို့သားတို့၌ အပြစ်တင်(accusation) သောလွှာစာကို၊ ... ဧဇ၊ ၄:၆ ကိုယ်တော်၌ အပြစ်တင်(accusation) ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။ ... လု၊ ၆:၇ ဤသူ၌အဘယ်အပြစ်(accusation) ကို တင်ကြသနည်းဟု မေးသော်၊ ... ယော၊ ၁၈:၂၉ သင်းအုပ်၌ အပြစ်တင်(accusation) သော စကားကို နားမထောင်နှင့်။ ... ၁တိ၊ ၅:၁၉
accuse / accusedအပြစ်တင်Testify against, detestable, hateful; to have under a curse, to bind someone with words. DTP The disciple is not to judge others or to accuse others because this is the role of God Himself and on the Day of Judgement. He will bring all records forward and it will be the peoples' own actions and records that will accuse them. မမှန်သောသက်သေ၊ လူသိရှင်ကြားရှုတ်ချသည်၊ ငြိစွန်းသည်၊ သင်္ကာမကင်းဖြစ်သည်၊ တစ်စုံတစ်ဦးကို တရားစွဲသည်။ ကျွန်ုပ်တို့သည် သူတစ်ပါးကိုတရားမစီရင်၊ မစွပ်စွဲရပါ။ အဘယ်ကြောင့်ဆိုသော ထိုအမှု အရာသည် တရားစီရင်သောနေ့ရက်တွင် ဘုရားသခင်ပြုတော်မူမည့်အရာဖြစ်သည်။ စာရင်းအားလုံးကို ယူဆောင်လာမည်ဖြစ်ပြီး ထိုစာရင်းရှိလူတို့လုပ်ဆောင်သမျှအတိုင်း တရားစီရင်မည်ဖြစ်သည်။ မိမိအဖော်တစ်ဖက်၌ မမှန်သောသ(accused) က်သေကိုခံပြီးလျှင်၊ ... တရား၊ ၁၉:၁၈ သင့်ကို တရားတွေ့(accuses) သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ... ဟေရှာ၊ ၅၄:၁၇ ကိုယ်တော်၌ အပြစ်တင်ခွင့်(accuse) ကို ရှာ၍၊ ... မ၊ ၁၂:၁၀လူအကြီးအကဲတို့သည် အပြစ်(accused) တင်ကြသော်၊ ... မ၊ ၂၇:၁၂ အဘယ်သူကိုမျှ မလျှပ်(accuse) ကြနှင့်။ ... လု၊ ၃:၁၄ ငါသည် သင်တို့ကိုအပြစ်တင်(accuse) မည်ဟု မထင်ကြနှင့်။ ... ယော၊ ၅:၄၅ အကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင် (accuse) သောအခါ၊ ... ၁ပေ၊ ၃:၁၆ ငါတို့ကို ကဲ့ရဲ့(accusing) သည်သာမက၊ ... ၃ယော၊ ၁:၁၀ နေ့ညမပြတ် အပြစ်တင်(accused) သောရန်သူကို၊ ... ဗျာ၊ ၁၂:၁၀
accuser /accusersအပြစ်တင်သောသူProsecutor, plaintiff, complainant, petitioner; a person who blames another. Satan is the accuser of the brethren. DTP Satan is watching the disciple of Christ day and night so that he can bring up accusations about the believer before the Father in heaven. We need to keep our slates clean and ask God daily to forgive us and to wash away our sins. အစိုးရရှေ့နေ၊ တရားလို၊ အသနားခံသူ၊ တစ်စုံတစ်ဦးကိုအပြစ်တင်သောသူ။ စာတန်သည် ညီအစ်ကိုတို့ ကိုအပြစ်တင်သောသူဖြစ်သည်။ စာတန်သည် ခရစ်တော်၏တပည့်တော်များကိုနေ့ညမပြတ်ကြည့်ပြီး ဖခ မည်းတော်ရှေ့တွင် သူတို့၏အပြစ်များကိုယူဆောင်လာတတ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုသန့် ရှင်းစေပြီး မိမိအပြစ်များကိုလွတ်ရန်နှင့်မိမိအပြစ်များကိုဆေးကြောရန် ဘုရားသခင်ထံနေ့စဉ်တောင်း လျှောက်ရပါမည်။ သင့်ကို အပြစ်တင်သောသူ(accusers) တို့သည်၊ ... ယော၊ ၈:၁၀အပြစ်တင်ခြင်းကို ခံသောသူ(accusers) သည်၊ ... တ၊ ၂၅:၁၆ချောစားတတ်သောသူ(accusers) ၊ ... ၂တိ၊ ၃:၃ချောစားတတ်သောသူ(accusers) ၊ ... တိ၊ ၂:၃ နေ့ညမပြတ် အပြစ်တင်သောရန်သူ(accuser) ကို အောက်သို့ ချလေပြီ။ ... ဗျာ၊ ၁၂:၁၀
acknowledgeဝန်ချTo accept, to give thanks for, to declare as true, to recognize something as truth or real; to comply with, to admit or allow. DTP As a disciple we need to hold true to the truth of God's word and to fulfill His will for our lives. By acknowledging Christ in all areas of our life, He then gives to us the strength and ability to overcome the strongholds of this world. လက်ခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ မှန်သည်ဟုကြေငြာခြင်း၊ မှန်ကန်သည်ဟုအသိအမှတ်ပြုခြင်း၊ လိုက်လျောသည်၊ ခွင့်ပြုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပတ်တော်၏သမ္မာတရားကို ဆုတ်ကိုင် ထားပြီး ကျွန်ုပ်တို့အသက်တာတွင် ကိုယ်တော်၏အလိုတော်ကိုပြည့်စုံစေရပါမည်။ ကျွန်ုပ်တို့အသက်တာ တစ်ခုလုံးတွင် ခရစ်တော်ကိုဝန်ခံခြင်းအားဖြင့် လောက၏ကြီးမားသောအခက်အခဲအတားအဆီးများအား အောင်မြင်ကျော်လွှားနိုင်မည့်ခွန်အားကို ရရှိမည်ဖြစ်သည်။ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်း(acknowledge) သို့ ရောက်သော၊ ... ဆာ၊ ၃၂:၁ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချ(acknowledge) လျက် ကိုယ်အပြစ်ကို၊ ... ဆာ၊ ၅၁:၃ ထာဝရဘုရားကို မျက်မှောက်(acknowledge) ပြုလော့။ ... သု၊ ၃:၆ဘိုးဘေးတို့၏အပြစ်များကို ဝန်ချ(acknowledge) ပါ၏။ ... ယေ၊ ၁၄:၂၀ သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ(acknowledge) ။ ... ဟော၊ ၅:၁၅ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ... ၁ယော၊ ၂:၂၃
ACTS, book ofတမန်တော်ဝတ္ထုThis book gives the history of the apostles and the early church plus showing how the apostles and others began to spread out as missionaries to bring the Good News to others; it also records the missionary journeys of Paul both to the Jews and to the Gentiles; the author is believed to be Dr. Luke, a close Gentile friend of Paul's; the book is thought to be written around 62 AD. ဤစာစောင်သည် တမန်တော်တို့နှင့်ကနဦးအသင်းတော်၏သမိုင်းကိုဖော်ပြထားသည်။ တမန်တော်တို့နှင့် အခြားသူတို့သည် သာသနာပြုများအဖြစ်သတင်းကောင်းကို မည်သို့ပြန့်နှံ့ဟောကြားသည့်အကြောင်းကို ရေးသားထားသည်။ ရှင်ပေါလု၏ ဂျူးလူမျိုးများနှင့်တစ်ပါးအမျိုးသားတို့ဆီသို့ သွားရောက်သာသနာပြု သောခရီးစဉ်ကိုလည်း ဖော်ပြထားသည်။ ဤကျမ်းစောင်ကို ဆေးဆရာကြီးရှင်လုကာက အေဒီ ၅၂ တွင် ရေးသားထားပြီး သူသည် ရှင်ပေါလု၏မိတ်ဆွေဖြစ်သည်။
AdamအာဒံFirst man created by God on the earth Gen 2:7, made in the likeness of God Gen 5:1; out of man God created woman Gen 2:22. He was also the first to disobey God and brought the curse of sin and death on all mankind. ဤကမ္ဘာကြီးတွင် ဘုရားသခင်ဖန်ဆင်းတော်မူသောပထမဆုံးလူသားဖြစ်သည် (က၊ ၂:၇)။ ဘုရားသခင်၏ သဏ္ဌာန်တော်ဖြင့်ဖန်ဆင်းသည် (က၊ ၅:၁)။ လူယောင်္ကျားအားဖြင့် လူမိန်းမကိုဖန်ဆင်းသည်(က၊ ၂:၂၂)။ ထိုလူသည် ဘုရားသခင်ကိုဦးစွာနာမခံသူဖြစ်ပြီး အပြစ်၏ကျိန်ခြင်းနှင့်လူသားအားလုံး၏သေခြင်းကို ယူ ဆောင်လာသည်။လူ(Adam) နှင့်တော်သောအထောက်အမ မပေါ်မရှိသေး။ ... က၊ ၂:၂၀ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူ(Adam) ကိုခေါ်တော်မူ၏။ ... က၊ ၃:၉ အာဒံ(Adam)သည်လည်း မိမိမယားနှင့် တစ်ဖန်ဆက်ဆံပြန်လျှင်၊ ... က၊ ၄:၂၅ အာဒံ(Adam) ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ ... က၊ ၅:၁ အာဒံ(Adam) ၊ ရှေသ၊ ဧနုတ်၊ ... ၅ရာ၊ ၁:၁ သူတို့သည် အာဒံ(Adam) ကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ။ ... ဟောရှေ၊ ၆:၇ ရှေသအဘ အာဒံ(Adam) ၊ ... လု၊ ၃:၃၈ အာဒံ(Adam) လက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင်၊ ... ရော၊ ၅:၁၄ အာဒံ(Adam) အားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ ... ၁ကော၊ ၁၅:၂၂ ရှေ့ဦးစွာသော လူ(Adam) သည် မြေကြီးကဖြစ်သောကြောင့်၊ ... ၁ကော၊ ၁၅:၄၇ အာဒံ(Adam) ကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ ... ၁တိ၊ ၂:၁၃၊ ၁၄ အာဒံ(Adam) မှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ၊ ... ယု၊ ၁:၁၄ 4