Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

b


B.C.ဘီစီThese letters represent the time period before the birth of Christ, "Before Christ". This dating system was devised in 525. Since the later 20th century B.C.E. is used to mean "Before Common Era" to help show sensitivity to non-Christians. ဤစာလုံးသည် ခရစ်တော်မမွေးဖွားမီအချိန်ကာလ ‘’ခရစ်တော်မပေါ်မီ’’ ကိုဆိုလိုသည်။ ဤအချိန် သတ်မှတ်ခြင်းစနစ်ကို ၅၂၅ တွင်ဖန်တီးခဲ့သည်။ ၂၀ ရာစုနောက်ပိုင်းတွင် ထိရှလွယ်သည့်ခရစ်ယာန် မဟုတ်သူများကိုဖော်ပြရန် ‘’ Before Common Era’’ ဆိုသည့် ဘီစီအီး ကို အသုံးပြုလာကြသည်။
BaalဗာလဘုရားName of a god that was worshipped in the Old Testament; Canaanite god of fertility and agriculture. Israel was forbidden to worship any other gods but Yahweh (Ex 34:13-14). Elijah took a stand against the prophets of Baal and defeated them as a testimony to all the people of Israel (Ex 18:19-40). ဓမ္မဟောင်းကာလတွင် ကိုးကွယ်သည့်ဘုရား၏နာမည်ဖြစ်သည်။ မျိုးအောင်ခြင်းနှင့်စိုက်ပျိုးခြင်းဆိုင်ရာ ခါနန်လူမျိုးတို့၏ဘုရားဖြစ်သည်။ ဣသရေလတို့သည် ထာဝရဘုရားမှတစ်ပါး အခြားမည်သည့်ဘုရား ကိုမှမကိုးကွယ်ရန် တားမြစ်ထားသည် (ထွ၊ ၃၄း၁၃-၁၄)။ ဧလိယသည် ဗာလပရောဖက်တို့ကို ပြင်း ထန်စွာဆန့်ကျင်လျက် နိုင်နင်းအောင်မြင်ခြင်းအားဖြင့် ဣသတရေလအမျိုးသားအားလုံးတို့ရှေ့တွင် သက် သေပြုနိုင်ခဲ့သည်။ ဗာလဘုရား(Baal)နှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။ တော၊ ၂၂:၄၁ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား(Baal)၊ ……. ဝတ်ပြုကြသောကြောင့်၊ သူကြီး၊ ၂:၁၃ယေဇဗေလနှင့်စုံဖက်၍၊ ဗာလဘုရား(Baal)ကိုဝတ်ပြုကိုးကွယ်၏။ ၃ရာ၊ ၁၆:၃၁၃ရာ ၁၈:၂၆သို့ရာတွင် ဗာလ(Baal)ရှေ့၌ ဒူးထောက်ခြင်း၊ ၃ရာ ၁၉:၁၈ ထိုသို့ယေဟုသည် ဗာလ(Baal)ကို ဣသရေလပြည်မှ၊ ၄ရာ ၁၀:၂၈ဗာလဘုရား(Baal)ကိုလည်းဝတ်ပြုကြ၏။ ၄ရာ ၁၇:၁၆ဗာလ(Baal)ရှေ့၌ ဒူးမထောက်သော၊ ရော၊ ၁၁:၄
Babylon ဗာဗုလုန်၊ It was prophesied by Jeremiah that the day was coming when Jerusalem would be destroyed and its people and treasures hauled off to Babylon; this took place around the year 605 BC and lasted until 536 BC. This is when God calls Ezra to go back and rebuild the Temple and for Nehemiah to rebuild the walls of the city of Jerusalem. Babylon was a rich and beautiful city full of temples to other gods and this is where the captives of Israel were taken. ယေရှုရှလင်မြို့နှင့်တကွ ပြည်သူပြည်သားများ၊ ဥစ္စာပစ္စည်းများဖျက်ဆီးခံရပြီး ဗာဗုလုန်သို့ခေါ်ဆောင်ခြင်း ခံရမည့်နေ့ရက်ရောက်လာမည့်အကြောင်းကို ယေရမိကပရောဖက်ပြုဟောကြား ထားသည်။ ဤဖြစ်ရပ် သည် ဘီစီ ၆၀၅ တွင်ဖြစ်ပျက်ခဲ့ပြီး ဘီစီ ၅၃၆ တွင်အဆုံးသတ်ခဲ့သည်။ ထာ ၀ရဘုရားကဧဇရအား ယေရုရှ လင်သို့ပြန်ပြီး ဗိမာန်တော်ကိုပြုပြင်စေခိုင်းသကဲ့သို့ နေဟမိအား မြို့ရိုးများကိုပြုပြင်ရန် စေခိုင်းခဲ့သည်။ ဗာဗုလုန်သည် ချမ်းသာကြွယ်ဝ၍ လှပသောမြို့ဖြစ်ပြီး အခြား ဘုရားများနှင့်ဆိုင်သည့် ဗိမာန်တော်များ ဖြင့်ပြည့်လျက်ရှိသည်။ ထိုမြို့တွင်ဣသရေလလူမျိုးများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြသည်။ ဝေးသောအရပ် ဗာဗုလုန် (Babylon) ပြည်မှ ရောက်လာကြသည် .. ၄ရာ၊ ၂၀:၁၄ (ဟေရှာ၊ ၃၉:၃)ဗာဗုလုန်(Babylon) ရှင်ဘုရင် နေဗုခဒ်နေဇာသည် ... ၄ရာ၊ ၂၅:၁ဗာဗုလုန်(Babylon) ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ၊ ဧဇ ၅:၁၂ဧဇရသည် ဗာဗုလုန်(Babylon) မြို့မှ ထွက်သွား၏။ ဧဇ ၇:၆ ဗာဗုလုန်(Babylon) မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဆာ၊ ၁၃၇:၁ဗာဗုလုန်(Babylon) မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ ဟေရှာ ၂၁:၉ဗာဗုလုန်(Babylon) မြို့သို့သိမ်းသွားခြင်းကိုခံရသော ယေ၊ ၄၀:၁ထာဝရဘုရားသည် ဗာဗုလုန်(Babylon) မြို့နှင့်၊ ယေ၊ ၅၀:၁ဗာဗုလုန်(Babylon) မြို့၌ ရှိသမျှသော ပညာရှိတို့ကို၊ ဒံ၊ ၂:၁၂ငါသည် သင်တို့ကို ဗာဗုလုန်(Babylon) မြို့ တစ်ဖက်သို့ ... တ၊ ၇:၄၃ဗာဗုလုန်(Babylon) မြို့ကြီး ပြိုလဲပြီဟု ... ဗျာ၊ ၁၄:၈ (ဗျာ ၁၈:၂)
backbiteth / backbiters / backbitingကွယ်ရာ၌မကောင်းပြောခြင်း၊To speak out against someone, to slander the character or name. တစ်စုံတစ်ဦးကိုဆန့်ကျင်ပြောဆိုခြင်း၊ အသေရေ သို့မဟုတ် နာမည်ပျက်အောင်ပြောဆိုခြင်း၊ သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာ (backbiteth) ပြောဆိုခြင်း၊ ဆာ၊ ၁၅:၃ဆဲရေးသောသူ၊ (backbiteth) ဘုရားသခင်ကိုမုန်းသောသူ၊ ရော၊ ၁:၃၀ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ (backbiteth)၂ကော၊ ၁၂:၂၀
backslider / backslidingရန်တွေ့စိတ်နှလုံးဖောက်ပြန်သောသူ၊ စိတ်နှလုံးဖောက်ပြန်ခြင်းA person who once knew and followed God or Christ but then has rejected His teaching and turned their back towards Him and have "slid off", going down another direction. DTP One who slides back to the ways of the world. If we do not resist the pull of the world we will find ourselves falling back into its grip and destruction. တစ်ချိန်တစ်ခါက ထာဝရဘုရား သို့မဟုတ် ခရစ်တော်ကိုသိပြီး နောက်တော်လိုက်ခဲ့သော်လည်း ခရစ်တော်၏သွတ်သင်ခြင်းများကိုငြင်းဆန်ကြောခိုင်းကာ စိတ်နှလုံးဖောက်ပြန်လျက် အခြားသောလမ်း သို့ လိုက်လျှောက်သွားသူဖြစ်သည်။ စိတ်နှလုံးဖောက်ပြန်သောသူ (backslider) ဖြစ်စေ၊ သု၊ ၁၄:၁၄သင်၏ဖောက်ပြန်ခြင်း (backslider) သည် သင့်ကို အပြစ်ပေးမည်။ ယေ၊ ၂:၁၉အို ဖောက်ပြန်သော (backslider) ဣသရေလ၊ ပြန်လာပါဟု၊ ယေ၊ ၃:၁၂အို ဖောက်ပြန်သော (backslider) သူငယ်၊ သင်တို့ပြန်လာကြလော့။ ယေ၊ ၃:၂၂ငါ၏လူတို့သည် ငါ့ထံမှလွှဲမြဲလွှဲ (backslider) ကြ၏။ ဟော၊ ၁၁:၇ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက်ပြန်ခြင်း (backslider) ကို ပြုပြင်မည်။ ဟော၊ ၁၄:၄
badမကောင်းသောThis word can represent a person or a thing. This is a little word with a strong meaning. Something that is awful, terrible, dreadful, appalling, shocking, evil or rotten. DTP The day is coming in which all that has been done, good or bad, will be brought before the judgment seat of Christ, to receive that which we have sowed here on earth. ဤစာလုံးသည် လူ သို့မဟုတ် ပစ္စည်းကိုကိုယ်စားပြုပြီး လေးနက်သောအဓိပ္ပာယ်ကိုဆောင်သည်။ တစ်ခါ တစ်ရံတွင် ဆိုးရွားသောအဓိပ္ပာယ်ရှိပြီး၊ တစ်ခါတစ်ရံတွင် တုန်လှုပ်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ၊ ချောက် ချားဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာ၊ မကောင်းသော၊ ညံ့ဖျင်းသော အဓိပ္ပာယ်ဆောင်သည်။ တရားဆုံးဖြတ် ရာအချိန်ကာလရောက်သောအခါ လောကတွင်ကျွန်ပ်တို့စိုက်ပျိုးထားသည့်ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ခရစ်တော်၏ရှေ့တော်တွင်ယူဆောင်ရမည်ဖြစ်သည်။ သင့်အား ကောင်းမကောင်း (bad) ကို မပြောနိုင်ပါ။ …က၊ ၂၄:၅၀ကောင်းသည်ဖြစ်စေ၊ ညံ့ (bad) သည်ဖြစ်စေ၊ … ၀တ်၊ ၂၇:၁၀သူတို့နေသောပြည်သည်ကောင်းသလော၊ မကောင်း (bad) လော။ … တော၊ ၁၃:၁၉ကောင်းမကောင်း (bad) ကိုပိုင်းခြား၍သိတတ်သောဉာဏ်၊ ... ၃ရာ၊ ၃:၉အလွန်ညံ့ (bad) သောသင်္ဘောသဖန်းသီး၊ ... ယေ၊ ၂၄:၂မကောင်း (bad) သောငါးကိုပြင်သို့ပစ်လိုက်ကြ၏။ … မ၊ ၁၃:၄၈ကောင်းမကောင်း (bad) ရှိသည်အတိုင်းအကျိုးအပြစ်ကို၊… ၂ကော၊ ၅:၁၀
balance / balancesနှစ်ဖက်ညီမျှမှုOf weights that ensures stability; mental or emotional stability; sometimes called a balance scale. It would often been two dishes, one on one side holding predetermined weight that one would measure by, the other dish on the opposite side would hold the product that one would measure out for sale to a customer. DTP The word balance was also used when it comes to one's life. We are to keep all things in balance, not living or acting to one extreme to another. Christ holds within His hands a set of balance scales that He will judge by that which we have done or not done. သေချာသောတည်ငြိမ်မှုရှိသည့်အလေးချိန်၊ စိတ် သို့မဟုတ် စိတ်ခံစားမှု၏တည်ငြိမ်မှု၊ တစ်ခါတစ်ရံ ချိန် ခွင်ဟုခေါ်သည်။ မှန်သောချိန်ခွင်၊ (balances) မှန်သောအလေး၊ ... ဝတ်၊ ၁၉:၃၆မမှန်သောချိန်ခွင်(balance) သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်၊ … သု၊ ၁၁:၁မှန်သောအလေးနှင့် မှန်သောချိန်ခွင်(balance) သည် ... သု၊ ၁၆:၁ချိန်ခွင်(balances) နှင့်ချိန်၍ အစုစုခွဲထားလော့။ ... ယေဇ၊ ၅:၁ကိုယ်တော်ကို ချိန်ခွင်(balances) နှင့်ချိန်၍၊ ... ဒံ၊ ၅:၂၇ မြင်းစီးသောသူသည် ချိန်ခွင်(balances) ကိုကိုင်၏။ ... ဗျာ၊ ၆:၅
balmအပင်အချို့မှရသောဆေးဖက်ဝင်ဆီးမွှေးA medicine for which Gilead was known for, a salve that had healing properties, obtained from the storax tree. It was most often rubbed on to the skin or sore area of the body. DTP The word balm can figuratively mean spiritual healing for people's many types of cares and concerns. ဂိလဒ်ပြည်မှထင်ရှားသော ဆေးဖက်ဝင်ဗာလစံအပင်မှရသည့် ဆေးဖြစ်သည်။ လူ၏အသားအရေပေါ် တွင်လည်းကောင်း၊ ကိုယ်ခန္ဓာရှိအနာပေါ်တွင်လည်းကောင်း လိမ်းကျံသည်။ ဝိညာဉ်ပိုင်းဆိုင်ရာလိုအပ် သူ၊ ဖျားနာသူများကိုကုသပေးခြင်းဟုလည်း အဓိပ္ပာယ်ရသည်။ ဗာလစံစေး(balm) ၊ မုရန်စေးများကို ကုလားအုတ်ပေါ်၌ တင်ဆောင်လျက်၊ ... က၊ ၃၇:၂၅ဗာလစံစေး(balm) အနည်းငယ်၊ ပျားရည်အနည်းငယ်၊ ... က၊ ၄၃:၁၁ဂိလဒ်ပြည်၌ ဗာလဇံပင်အစေး (balm) မရှိသလော။ ... ယေ၊ ၈:၂၂ဂိလဒ်ပြည်သို့သွား၍ ဗာလစံစေး (balm) ကိုယူလော့။ ယေ၊ ၄၆:၁၁သူ၏အနာပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှာ ဗာလစံစေး (balm) ကို ယူကြလော့။ ... ယေ၊ ၅၁:၈ဗာလစံစေး (balm) ၊ ဆီ၊ ပျားရည်တို့ကိုသင့်ဈေး၌ သွင်းကြ၏။ ... ယေဇ၊ ၂၇:၁၇
banner / bannersအလံFlag, standard, ensign, colours; often a flag that shows who we belong to and are willing to fight for in battle. God's banner over us is one of truth, love and salvation. DTP As disciples, we are to hold the Word and Christ high as our flag so that all may know who we belong to and serve. အလံ၊ အောင်လံ၊ သင်္ဘောသုံးအလံ၊ အရောင်များဖြစ်သည်။ အလံသည် ကျွန်ပ်တို့မည်သည့်အရာနှင့်ပတ် သက်ဆက်နွယ်နေသည်ကိုပြသပြီး စစ်မြေပြင်တွင်တိုက်ခိုက်ရန်ဆန္ဒရှိခြင်းကိုပြသည်။ ကျွန်ပ်တို့ကိုလွမ်း ခြုံနေသော ထာဝရဘုရား၏အလံတော်သည် မှန်ကန်ခြင်း၊ ချစ်ခြင်းနှင့်ကယ်တင်ခြင်းတို့ဖြစ်သည်။ ကျွန်ပ် တို့သည် တပည့်တော်စစ်များအနေဖြင့် နှုတ်ကပတ်တော်နှင့်ခရစ်တော်ကို ကျွန်ပ်တို့၏အလံတော်များ အနေဖြင့်ဆုတ်ကိုင်ထားခြင်းဖြင့် ကျွန်ပ်တို့သည်မည်သူနှင့်သက်ဆိုင်ပြီး မည်သူကိုအစေခံနေကြောင်းပြ သနေပါသည်။ အကျွန်ုပ်တို့ ဘုရားသခင်၏အခွင့်နှင့် အလံ (banners) ကိုထူကြ … ဆာ၊ ၂၀:၅သစ္စာတရားကြောင့် ထူရသောအလံ(banner) ကို ပေးသနားတော်မူပြီ။ ... ဆာ၊ ၆၀:၄မေတ္တာတော်အလံ(banner) ကို ငါ့အပေါ်မှာ မိုးတော်မူပြီ။ ... သီ၊ ၂:၄၊ ၁၀ရှင်းလင်းသောတောင်ပေါ်မှာ အလံ(banners) ကိုထူကြ။ ... ဟေရှာ၊ ၁၃:၂
baptism / baptize / baptized / baptizingဗတ္တိဇံImmersion, covering over, buried; initiation, introduction, beginning, body immersion, death to life; the disciples were commanded to go out and make other disciples, baptizing them in the name of the Father, Son and Holy Spirit (Matt 28:19); later the disciples are told that they would be baptized with fire by the Holy Spirit (Matt 3:11). DTP All disciples must make a personal decision to follow Christ in the waters of baptism; this act is to be a sign and testimony that we have died to self and now live totally for Christ. နှစ်ခြင်း၊ လွှမ်းခြုံခြင်း၊ မြုပ်နှံခြင်း၊ အစပြုခြင်း၊ စတင်ခြင်း၊ အစ၊ ခန္ဓာကိုယ်နှစ်ခြင်း၊ သေခြင်းမှရှင်ခြင်း၊ တပည့်တော်တို့ကို သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့ ဟု အမိန့်ပေးခဲ့သည် (မ၊ ၂၈:၁၉)။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည် ဟု လည်းထပ်မံ၍အမိန့် ပေးခဲ့သည် (မ၊ ၃:၁၁)။ တပည့်တော်အားလုံးတို့သည် ရေ၌နှစ်ခြင်း ဖြင့်ခရစ်တော် နောက်လိုက်ရန် ဆုံးဖြတ်ချက်ချနိုင်ရမည်။ ဤအမှုအရာသည် ကျွန်ပ်တို့ခန္ဓာသေပြီးခရစ်တော်၌ရှင်ခြင်း ကို သက်သေပြုခြင်းဖြစ်သည်။ ရေနှင့်ဗတ္တိဇံ (baptize) ပေး၏။ ... မ၊ ၃:၁၁၊ (မာ၊ ၁:၈၊ လု၊ ၃:၁၆၊ ယော၊ ၁:၂၆)ယေရှုသည် ဗတ္တိဇံ (baptized) ကိုခံတော်မူပြီး … မ၊ ၃:၁၆ငါခံသောဗတ္တိဇံ (baptized) ကို ခံခြင်းငှာလည်းကောင်း၊ .. မ၊ ၂၀:၂၂ (မာ၊ ၁၀◌း၃၉)သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံ (baptizing) ကို ပေးကြလော့။ ... မ၊ ၂၈:၁၉ယောဟန်သည် တော၌ ဗတ္တိဇံ (baptism) ကိုပေးလျက်၊ ... မာ၊ ၁:၄ (လု၊ ၃:၃၊ တ၊ ၁၃:၂၄၊ ၁၉:၄)ယုံကြည်၍ ဗတ္တိဇံ (baptized) ကိုခံသောသူသည် …မာ၊ ၁၆:၁၆ရေ၌ဗတ္တိဇံ (baptized) ကိုပေး၏။ ... တ၊ ၁:၅ (၁၁:၁၆)ယောက်ျားမိန်းမတို့သည် ဗတ္တိဇံ (baptized) ကို ခံကြ၏။ ... တ၊ ၈:၁၂ကျွန်ုပ်ကို ဗတ္တိဇံ (baptized) မခံစေခြင်းငှာ ... တ၊ ၈:၃၆ယေရှုခရစ်၌ ဗတ္တိဇံ (baptized) ကိုခံသောသူရှိသမျှတို့သည် ... ရော၊ ၆:၃အသေခံတော်မူခြင်း၌ ဗတ္တိဇံ (baptism) ကို ... ရော၊ ၆:၄ (ကော ၂:၁၂)တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံ (baptized) ကိုခံကြ၏။ ... ၁ကော ၁၂:၁၃ခရစ်တော်၌ ဗတ္တိဇံ (baptized) ကိုခံသောသူရှိသမျှတို့သည် ... ဂလာ၊ ၃:၂၇သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံ (baptism) တစ်ပါး၊ .. ဧ၊ ၄:၅ဗတ္တိဇံ (baptism) အားဖြင့် ထိုသခင်နှင့်အတူ … ကော၊ ၂:၁၂ဗတ္တိဇံ (baptisms) တရားကိုသွန်သင်ခြင်း၊ ... ဟေဗြဲ ၆:၂
barbarianလူရိုင်းSavage, uncivilized, rude, another name for foreigner; someone outside of the Jewish race. Today it would mean, primitive or uncultured, having little education and probably unable to read or write. ရိုင်းစိုင်းကြမ်းကြုပ်သော၊ မယဉ်ကျေးသော၊ ရိုင်းသော၊ နိုင်ငံခြားသား၊ ဂျူးအနွယ်မဟုတ်သောသူဖြစ်သည်။ ယခုခေတ်အနေဖြင့် ရှေးကျသော၊ မယဉ်ကျေးသော၊ ပညာနည်းသော၊ စာမရေးမဖတ်တတ်သောသူကိုဆို လိုသည်။ထိုလူရိုင်း တို့(barbarians) သည် မြင်လျှင်၊ … တ၊ ၂၈:၄ဟေလသလူဖြစ်စေ၊ လူရိုင်း(Barbarians)ဖြစ်စေ၊ ... ရော၊ ၁:၁၄ပြောသောသူအား ငါသည် လူရိုင်း (barbarian)ဖြစ်လိမ့်မည်။ ... ၁ကော၊ ၁၄:၁၁လူရိုင်း (Barbarian)မရှိ၊ သကုသိလူမရှိ၊ ... ကော၊ ၃:၁၁
barnစပါးကျီThe barn was often a building for storage; a place where one kept seed or equipment; it was also a place to keep various kinds of animals. စပါးသိုလှောင်သောအဆောက်အဦးဖြစ်သည်။ မျိုးစေ့ သို့မဟုတ် တန်ဆာပလာများသိမ်းဆည်းသောနေ ရာဖြစ်သည်။ တိရိစ္ဆာမျိုးစုံ ထားသောနေရာလည်းဖြစ်သည်။ သင်၏စပါးကျီ (barns)တို့သည် ကြွယ်ဝ၍၊ ... သု၊ ၃:၁၀စပါးပြတ်သောကြောင့်စပါးကျီ (barns)တို့သည် ပျက်ကြ၏။ ... ယောလ၊ ၁:၁၇စပါးကျီ(barn)၌ စပါးရှိသလော။ ... ဟဂဲ၊ ၂:၁၉စပါးကိုမရိတ်၊ ကျီ(barns)၌မစုမသွင်း။ ... မ၊ ၆:၂၆စပါးကိုကား ကျီ(barn)၌စုသိမ်း သွင်းထားကြလော့ဟု၊ ... မ၊ ၁၃:၃၀စပါးကိုမရိတ်၊ စပါးကျီ(barn)မရှိ၊ ... လု၊ ၁၂:၂၄
barren မြုံသောTo be childless, sterile, infertile, unproductive; unable to have a child; unfruitful both physically and spiritually. DTP The disciple is one who should produce fruit that will last for God's glory. သားသမီးမရှိသော၊ မြုံနေသော၊ မဖြစ်ထွန်းသော၊ သားသမီးမမွေးနိုင်သော၊ ခန္ဓာနှင့်ဝိညာဉ်အတွက် အကျိုးမရှိ၊ အသီးမသီးခြင်း၊ တပည့်တော်တစ်ဦးသည် ဘုရားသခင်၏ဘုန်းတော်ထင်ရှားရန် အကျိုးရှိ သောအသီးကိုသီးရမည်။ စာရဲမူကား၊ မြုံ (barren) သောမိန်းမဖြစ်၍၊ ... က၊ ၁၁:၃၀ရာခေလမူကားမြုံ (barren) ၏။ ... က၊ ၂၉:၃၁သားမဖွားသော အမြုံ (barren) မ၊ ... ဟေရှာ၊ ၅၄:၁ဧလိရှဗက်သည် မြုံ (barren) သောကြောင့်၊ ... လု ၁:၇၊ မြုံ (barren) သောမိန်းမသည် မင်္ဂလာရှိ၏။ ... လု၊ ၂၃:၂၉မပျင်းရိစေခြင်းငှာလည်းကောင်း၊ ... ၂ပေ၊ ၁:၈
bastardမျောက်မထား၍ရသောသားThis name or title that represented a child who was born out of wedlock (most often used in the KJB). The parents were not officially married and in the eyes of the law this child had no claim to any heritage of the father and did not receive the same treatment as a child of wedded parents; they could not be recognized as a son or daughter. The word "illegitimate child" is used also used in some translations. ဤစကားလုံးမှာ မိဘနှစ်ပါးအိမ်ထောင်မပြုဘဲမွေးလာသောသားသမီးကို ဆိုလိုသည်။ မိဘတို့မှာ တရား ဝင်လက်မထပ်သဖြင့် မွေးလာသောသားသမီးသည် ဖခင်၏အမွေကိုမခံရဟု ပညတ်တော်ရှိသည်။ လက် ထပ်သောမိဘမှမွေးဖွားလာသောသားသမီးများကဲ့သို့ အခွင့်အရေးမရနိုင်ပါ။ သားသမီးဟုပင် သတ်မှတ် ခြင်းမခံရပါ။ အချို့သောထုံးတမ်းဓလေ့တွင် ‘’တရားမဝင်သောသားသမီး’’ ဟု ခေါ်ဝေါ်သည်။ မျောက်မထား၍ရသောသား (bastard) သည်၊ ... တရား၊ ၂၃:၂တစ်ကျွန်းတစ်နိုင်ငံသား(bastard) တို့သည်၊ ... ဇာ၊ ၉:၆မင်းဦး မင်းလွင်ရသောသား(bastard) ဖြစ်ကြ၏။ ... ဟေဗြဲ၊ ၁၂:၈
battleစစ်တိုက်ခြင်း A skirmish, a fight or a war; a clash, combat or conflict between individuals or groups of people. DTP Spiritually, the disciple also does battle with an enemy who desires to destroy us. This is why the disciple needs to put on daily the Full Armour of God. စစ်သားတိုက်ခြင်း၊ တိုက်ခိုက်ခြင်း၊ စစ်ပွဲ၊ သဘောမတိုက်ဆိုင်ခြင်း၊ တစ်ဦးခြင်းအလိုက် သို့မဟုတ် အစုအဖွဲ့အလိုက် တိုက်ခိုက်ခြင်း သို့မဟုတ် သဘောထားကွဲလွဲခြင်းဖြစ်သည်။ ဝိညာဉ်သဘောအရဆိုလျှင် ကျွန်ပ်တို့ကိုဖျက်ဆီးလိုသောရန်သူနှင့် တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုကြောင့် တပည့်တော်တို့သည် ဘုရား သခင်၏လက်နက်စုံကို နေ့စဉ်ဝတ်ဆင်ရမည်ဖြစ်သည်။ စစ်ပြိုင် (battle) ကြ၏။ ... က၊ ၁၄:၈စစ်တိုက်(battle) သွားသော စစ်သူရဲတို့ကိုခေါ်၍၊ ... တော၊ ၃၁:၂၁စစ်မှု(battle) ထမ်း၍ အတိုက်သွားသောသူတို့အား၊ ... တော၊ ၃၁:၂၇စစ်တိုက်ခြင်း(battle) ငှာ ရန်သူတို့ကိုချဉ်းကြပြီ။ ... တရား၊ ၂၀:၃ ဖိလိတ္တိလူတို့ကို တိုက်ခြင်း(battle) ငှာ ချီသွား၍၊ ... ၁ရာ၊ ၄:၁ နှိုးဆော်လျက် စစ်ချီ (battle) ၍ရောက်သောအခါ၊ ... ၁ရာ၊ ၁၄:၂၀နှိုးဆော်လျက် စစ်ချီ (battle) ၍ရောက်သောအခါ၊ ... ၁ရာ၊ ၁၇:၂၁ထာဝရဘုရားသည် စစ်မှု (battle) ကိုပိုင်၍၊ ... ၁ရာ၊ ၁၇:၄၇ထာဝရဘုရားအဖို့ စစ်တိုက် (battle) ခြင်းကိုသာပြုလော့ဟု၊ … ၁ရာ၊ ၁၈:၁၇စစ်တိုက် (battle) စေခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို၊ ... ၂ရာ၊ ၂၂:၄၀ (ဆာ၊ ၁၈:၃၉)စစ်မှု (battle) သည် သင်တို့တာမဟုတ်၊ … ၆ရာ၊ ၂၀:၁၅စစ် (battle) ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု ၊ ... ၆ရာ၊ ၃၂:၈စစ်တိုက် (battle) ခြင်းငှာ တန်ခိုးကြီးတော်မူသော၊ ... ဆာ၊ ၂၄:၈စစ်တိုက် (battle) ရသောနေ့၌ အကျွန်ုပ်၏ဦးခေါင်းကို၊ ... ဆာ၊ ၁၄၀:၇အလုံးအရင်းနှင့်တကွ စစ်တိုက် (battle) ခြင်းငှာ၊ ... ဒံ၊ ၁၁:၂၅ယေရုရှလင်မြို့ကို တိုက် (battle) စေခြင်းငှာ၊ ၊ ... ဇာ၊ ၁၄:၂အဘယ်သူသည် စစ်တိုက် (battle) ခြင်းငှာ မိမိကိုယ်ကို၊ ... ၁ကော၊ ၁၄:၈စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။ ... ဗျာ၊ ၁၆:၁၄စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှာလည်းကောင်း၊ ... ဗျာ၊ ၂၀:၈
beamထုပ်A piece of wood or timber; a large piece of material used to span between two places; the main part of weaver's machine. DTP Christ exhorts people to remove the beam from one own eye before trying to remove the sliver from someone else's eye, or to put another way, do not judge someone else until you judge yourself first. သစ်သားစ သို့မဟုတ် ပျဉ်စ၊ နေရာနှစ်ခုကိုခွဲခြားရာတွင်အသုံးပြုသည့် ကြီးမားသောပစ္စည်း၊ ရက်ကန်းစင် တွင်အဓိကကျသောအစိတ်အပိုင်း၊ ခရစ်တော်က မိမိ၏မျက်စိ၌ရှိသော ငြောင့်ငယ်ကိုဦးစွာထုတ်ပြီးမှ တစ်စုံ တစ်စုံတစ်ဦး၏မျက်စိ၌ရှိသော ထုတ်ကြီးကိုထုတ်ပြစ်ရန် တိုက်တွန်းထားပါသည်။ တစ်နည်းဆို သော် မိမိကိုယ်ကိုဦးစွာတရားမစီရင်ဘဲ သူတစ်ပါးကိုတရားမစီရင်ရန်ဖြစ်ပါသည်။ လှံရိုးတိုင်များ၊ ထုပ် (beam) ကြီးများနှင့်ပြည့်စုံ၍ကား၊ ... ၁ရာ၊ ၁၇:၇တိုင်များ၊ ထုပ် (beam) ကြီးများနှင့်ပြည့်စုံ၍၊ ... ၃ရာ၊ ၇:၆ထုပ် (beam) တစ်ချောင်းသည် သစ်သားစုထဲက၊ ... ဟဗ၊ ၂:၁၁ကိုယ်မျက်စိ၌ရှိသော တံကျင် (beam) ကို၊ ... မ၊ ၇:၃ကိုယ်မျက်စိ၌ရှိသော တံကျင် (beam) ကို၊ ... လု၊ ၆:၄၂
bear / bare / borne / bearingဆောင်ရွက်This word can mean to carry or bring forth like a child. A woman in pregnancy bears a child within her body but also can mean as one carries a burden in one mind and heart, or to carry a physical load on one's personal body. DTP The disciple, even though he is saved, will still have to bear many things here on earth because of the sin nature of man. We are afflicted on all sides (1 Cor 3:70) but we can bear it because greater is he that is in us than he that is in the world. ကလေးတစ်ဦးကို ချီပိုးခြင်း၊ သယ်ဆောင်ခြင်းဟု အဓိပ္ပာယ်ရသည်။ မိခင်တစ်ဦးမှကိုယ်ဝန်ဆောင်သည်၊ တစ်စုံတစ်ဦးမှ မိမိရင်ထဲတွင်လေးသောဝန်ကိုထမ်းခြင်း၊ တစ်စုံတစ်ဦးမှ လေးသောဝန်ကိုသယ်ဆောင်ခြင်း ဟု အဓိပ္ပာယ်ရသည်။ လူသည် ကယ်တင်ခြင်းကိုခံရသော်လည်း မွေးစကပင်အပြစ်ပါနေသဖြင့် များစွာ သောဝန်ထုတ်တို့ကို ဤလောကတွင် သယ်ဆောင်နေရဆဲဖြစ်သည်။ ကျွန်ပ်တို့ပတ်လည်တွင် ဖိစီမှုများစွာရှိ နေသော်လည်း ဤလောကရှိအရာများထက်ကြီးမြတ်သောအရှင်သည် ကျွန်ပ်တို့နှင့်အထဲတွင်ရှိနေသဖြင့် ခံ နိုင်ရည်ရှိနေပါသည်။အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် (bear) ကြီးပါသလော။ ... က၊ ၄:၁၃သားယောက်ျားကို ဖွားမြင် (bear) လိမ့်မည်။ ... က၊ ၁၆:၁၁သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း (bear) ၍၊ ... ထွ၊ ၁၉:၄ကြဲရန်မျိုးစေ့ကိုဆောင်၍ (bearing) ထွက်သွားသောသူသည်၊ ... ဆာ၊ ၁၂၆:၆ပခုံးပေါ်မှာထမ်း၍ ဆောင်သွား (bear) သဖြင့်၊ ... ဟေရှာ၊ ၄၆:၇ဝေဒနာများကို ယူတင်ဆောင်ရွက် (borne) လေ၏။ ... ဟေရှာ၊ ၅၃:၄သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက် (bear) ရ၏။ ... ဟေရှာ၊ ၅၃:၁၁လူများတို့၏အပြစ်ကို ဆောင်ရွက် (bear) ၍၊ ... ဟေရှာ၊ ၅၃:၁၂သင်သည် ငါ၏လူတို့ ကဲ့ရဲ့ခြင်းကို ခံရ (bear) မည်။ ... မိ၊ ၆:၁၆ထမ်းခဲသော ဝန်တို့ကို ပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင် (borne) တတ်ကြ၏။ ... မ၊ ၂၃:၄မိမိလက်ဝါးကပ်တိုင်ကို ထမ်း (bear) ၍ ... လု၊ ၁၄:၂၇ငါ၏နာမကို ပို့ဆောင် (bear) စေခြင်းငှာ၊ ... တ၊ ၉:၁၅သင်တို့သည် ခံနိုင် (bear) မည်အကြောင်း၊ ... ၁ကော ၁၀:၁၃အစဉ်မပြတ် ငါတို့၏ကိုယ်ခန္ဓာ၌ ဆောင် (bearing) ရကြ၏။ ... ၂ကော၊ ၄:၁၀အချင်းချင်းကူညီ၍ ထမ်းရွက် (bear) သောအားဖြင့်၊ ... ဂလာ၊ ၆:၂ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်း (bear) ငှာ၊ ... ဟေဗြဲ ၉:၂၈ကိုယ်တော်တိုင် သစ်တိုင်မှာခံတော် (bear) မူပြီ။ ... ၁ပေ ၂:၂၄
beastသားရဲWild, ferocious animal; most of the verses concerning a beast deal with a wild animal, but there are also verses in the Bible about a satanic beast that wars against the people of God and heaven. In the last days people of the world will worship the beast and take on his mark which is the number 666 (Rev 13:17-18) ရိုင်းသော၊ ရက်စက်ကြမ်းကြုတ်သောတိရစ္ဆာန်၊ ကျမ်းပိုဒ်များစွာတွင် သားရဲကိုတောရိုင်းတိရစ္ဆာန်အဖြစ် ခေါ်ဝေါ်ကြသည်။ အချို့သောကျမ်းပိုဒ်များတွင် ဘုရားသခင်၏လူများနှင့်ကောင်းကင်ကိုဆန့်ကျင်သည့် စာတန်သားရဲများကိုလည်းဖော်ပြထားသည်။ နောက်ဆုံးနေ့ရက်များတွင် လူတို့သည် သားရဲကိုဝတ်ပြုပြီး နံပတ် ၆၆၆ ပါတသာအမှတ်တံဆိပ်ကို ယူဆောင်ကြမည်ဖြစ်သည်။ (ဗျာ၊ ၁၃:၁၇-၁၈) သားရဲ (beast) တစ်ကောင်သည်၊ ..., ဒံ၊ ၇:၆အနက်ဆုံးသောတွင်းထဲကတက်သောသားရဲ (beast) သည်၊ ... ဗျာ၊ ၁၁:၇သားရဲ (beast) နှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ ... ဗျာ၊ ၁၄:၉သားရဲ (beast) နှင့်လည်းကောင်း၊ သူ၏ရုပ်တုနှင့်လည်းကောင်း၊ ... ဗျာ၊ ၁၅:၂သားရဲ (beast) ၏တံဆိပ်လက်မှတ်ကိုခံ၍၊ ... ဗျာ၊ ၁၆:၂သားရဲ (beast) ၏တံဆိပ်လက်မှတ်ကိုခံ၍၊ ... ဗျာ၊ ၁၉:၂၀
Beatitudesမင်္ဂလာတရားတော်Matt 5:3-11 list the beatitudes, ways of thinking, teaching of Jesus, proper attitudes for living (see the word attitude). A short statement communicating God's approval and blessing on how we should deal with things in our Christian walk. These verses tend to start off with the word "blessed". There are more Beatitudes found in Luke 6:20-22; Rev 1:3; 16:15; 19:9; 20:6; 22:7; 22:14 plus several other places throughout the New Testament. မဿဲ ၅:၃-၁၁ တွင် သခင်ယေရှုသွန်သင်သည့် မင်္ဂလာတရားတော်များ၊ ဘယ်ကဲ့သို၌တွေးခေါ်စဉ်းစားရ မည့်အရာများ၊ နေ့စဉ်အသက်တာတွင်ထားရှိရမည့်စိတ်သဘောထားများကို ဖော်ပြထားပါသည်။ ကျွန်ုပ် တို့၏နေ့စဉ်အသက်တာတွင် တွေ့ကြုံရသည့်အရာများကို ဘုရားသခင်၏သဘောတော်နှင့်ဘုရားသခင်၏ ကောင်းချီးတို့ဖြင့် လျှောက်လှမ်းနိုင်ရန် ဖော်ပြထားပါသည်။ ကျမ်းပိုဒ်တိုင်းတွင် ‘’ မင်္ဂလာရှိကြ၏’’ ဆို သောစကားပါဝင်ပါသည်။ မင်္ဂလာတရားတော်ကို လုကာ ၆:၂၀-၂၂၊ ဗျာဒိတ် ၁:၃၊ ၁၆:၁၅၊ ၁၉:၉၊၂၀:၆၊၂၂:၇၊ ၂၂:၁၄ နှင့် အခြားသောကျမ်းပိုဒ်များတွင် တွေ့ရပါသည်။
beautifulတင့်တယ်သောTemple name in Israel, it is also a word picture that is used to show that those who go out to share the Good News (the Gospel) have beautiful feet in a spiritual sense (Rom 10:15). ဣသရေလတိုင်းပြည်ရှိ ဗိမာန်တော်နာမည်ဖြစ်သည်။ ဗိမာန်တော်မှထွက်မှထွက်သောသူသည် သတင်း ကောင်း (ဧဝံဂေလိတရား) ကိုဝေမျှသည်။ ထိုဝေမျှသူတို့၏ တင့်တယ်သောခြေတို့သည် အလွန်တင့်တယ် သည်ဟုဆိုပါသည် (ရော၊ ၁၀:၁၅)။ တင့်တယ် (Beautiful) အမည်ရှိသော တံခါးနားမှာ၊ ... တ၊ ၃:၂ဗိမာန်တော်၏တင့်တယ် (Beautiful) တံခါးနားမှာ၊ ... တ၊ ၃:၁၀သူ၏ခြေတို့သည်အလွန်တင့်တယ် (beautiful) စွတကား၊ ... ရော၊ ၁၀:၁၅
BeelzebubဗေလဇေဗုလA title that means "lord of the flies". The name was also used to designate a Canaanite god named Baal (1 Kin 1:6). The Pharisees had accused Jesus of working together with Beelzebub or with Satan (Matt 12: 24-27). (See the word Baal) ‘’ယင်ကောင်တို့၏သခင်’’ ဟုအဓိပ္ပာယ်ရှိသည်။ ဤနာမည်သည် ‘’ဗာလ’’ ဆိုသောခါနန်ဘုရား၏နာမည် ကိုလည်းဆိုလိုသည် (၃ရာ၊ ၁း၆)။ ဖါရိရှဲတို့သည် သခင်ယေရှိကို ဗေလဇေဗုလ သို့မဟုတ် စာတန်နှင့် ပူး ပေါင်းလုပ်ဆောင် သည်ဟုစွပ်စွဲပြောဆိုသည် (မ၊ ၁၂:၂၂၄-၂၇)။ (ဗာလ ဆိုသောစကားလုံးကိုကြည့်ပါ)ဤသူသည်နတ်ဆိုးမင်းဗေလဇေဗုလ (Beelzebub) ကို အမှီပြု၍သာ၊ ... မ၊ ၁၂:၂၄ဤသူသည်နတ်ဆိုးမင်းဗေလဇေဗုလ (Beelzebub) ကို အမှီပြု၍၊ ... လု၊ ၁၁:၁၅
begin / began / begun / beginningအစအဦးA starting point, come into being, create, arise, originate, to instigate, to activate, to establish, inaugurate. DTP Every new believer has a starting point in Christ where we personally became His child. Our life can be full of new beginnings. These points are the places where there was once no fruit, but through Christ we can bear much fruit for His glory. အစပြုရာအရပ်၊ ဖြစ်ပေါ်လာသည်၊ ဖန်ဆင်းသည်၊ ထွက်ပေါ်သည်၊ မူလအစ၊ လှုံ့ဆော်၊ အသက်သွင်းသည်၊ တည်ထောင်သည်၊ ရာထူးခန့်အပ်သည်။ ခရစ်တော်ကိုစတင်ယုံကြည်သည်နှင့် ခရစ်တော်၏သားသမီး များဖြစ်လာကြသည်။ ထိုအခါ အသက်တာသည် အသစ်သောအစပြုခြင်းဖြင့်ပြည်ဝလျက်ရှိနေသည်။ စ တင်ယုံကြည်သည့်အရပ်သည် တစ်ချိန်ကအသီးအပွင့်မရှိသော်လည်း ခရစ်တော်အားဖြင့် ဘုန်းတော်ထင် ရှားစေသောအသီးအပွင့်များရှိလာသည်။ အစအဦး (beginning) ၌ဘုရားသခင်သည်၊ ... က၊ ၁:၁ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ကိုးကွယ်စ (began) ပြုကြ၊ ... က၊ ၄:၂၆အားကြီးသောလက်တော်ကိုလည်းကောင်း ပြစ (begun) ပြုတော်မူပြီ။ ... တရား၊ ၃:၂၄သူတို့မျက်မှောက်၌ သင့်ကို ယနေ့ငါချီးမြှင့်စ (begin) ပြုမည်။ ... ယောရှု၊ ၃:၇ပြုစ (begin) ရှိပြီးမှ လက်စသတ်မည်။ ... ၁ရာ၊ ၃:၁၂ပညာ၏အချုပ်အခြာ (beginning) ဖြစ်၏။ ... ဆာ၊ ၁၁၁:၁၀ (သု ၉:၁၀)နှုတ်ကပတ်တော်အလုံးစုံ (beginning) တို့သည် ဟုတ်မှန်ပါ၏။ ... ဆာ၊ ၁၁၉:၁၆၀ပညာ၏အချုပ်အခြာ (beginning) ဖြစ်၏။ ... သု ၁:၇အစအဦး၌ (beginning) ထိုသို့မဟုတ်။ ... မ၊ ၁၉:၈ဒုက္ခဆင်းရဲခြင်း၏ အစအဦး (beginning) ပင် ဖြစ်သတည်း။ ... မ၊ ၂၄:၈ (မာ၊ ၁၃:၈)မောရှေ၏ကျမ်းစာမှစ၍ (beginning) ၊... လု ၂၄:၂၇ယေရုရှလင်မြို့မှစသော (beginning) လူမျိုးတကာတို့အား၊ ... လု၊ ၂၄:၄၇အစအဦး (beginning) ၌ နှုတ်ကပတ်တော်ရှိ၏။ ... ယော၊ ၁:၁ရှေ့ဦးစွာ (beginning) သော ဤနိမိတ်လက္ခဏာကို၊ ... ယော၊ ၂:၁၁ရှေးကပ်ကာလ (began) ပတ်လုံးဝှက်ထားပြီးလျှင်၊ ... ရော၊ ၁၆:၂၅သင်တို့၌ အဦးပြု (begun) နှင့်သကဲ့သို့၊ ... ၂ကော၊ ၈:၆ဝိညာဉ်တော်ကိုအမှီပြု၍ လုပ်စ (begun) ရှိပြီးမှ၊ ... ဂလာ၊ ၃:၃ရှေးကပ်ကာလ (beginning) ပတ်လုံး ဝှက်ထားလျက်ရှိသော၊ ... ဧ၊ ၃:၉အရာရာ၌ ထူးမြတ်ခြင်းငှာ မူလ (beginning) အရင်းဖြစ်၍၊ ... ကော၊ ၁:၁၈ရှေ့ဦးစွာ (beginning) ကပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ... ၂သက်၊ ၂:၁၃ရှေးကပ်ကာလ (began) မရောက်မီ၊ ယေရှုခရစ်အားဖြင့်၊ ... ၂တိ၊ ၁:၉ရှေ့ဦးစွာ (beginning) ၌ မြေကြီးကို တည်တော်မူပြီ။ ... ဟေဗြဲ၊ ၁:၁၀ရှေ့ဦးစွာ (begin) စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ... ၁ပေ၊ ၄:၁၇ငါသည် အရင် (beginning) သေသည် ဖြစ်၍၊ ... ဗျာ၊ ၁:၈ (ဗျာ၊ ၂၁:၆၊ ၂၂:၁၃)
begottenတစ်ပါးတည်းProduced, created, to bring about; something that has been created, to generate or to bring about. DTP The disciple of Christ undergoes a transformation. We become through faith in Christ a new creation. The old has been passed away and we have become new. ထုတ်လုပ်သည်၊ ဖန်ဆင်းသည်၊ အသက်ဖြစ်လာစေသည်၊ ဖန်ဆင်းခံရသည့်အရာတစ်စုံတစ်ခု၊ ဖြစ်ပေါ်စေ သည်။ ခရစ်တော်၏တပည့်တော်သည် ပြုပြင်ပြောင်းလဲခြင်းကိုခံရမည်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌အသစ်ပြု ပြင်သောသူဖြစ်သည်။ ဟောင်းသောအရာတို့သည်လွန်သွား၍ ကျွန်ုပ်တို့သည် အသစ်ပြုပြင်သောသူဖြစ်ကြပြီ။ တစ်ပါးတည်း (begotten) သောသားတော်၏၊ ... ယော၊ ၁:၁၄တစ်ပါးတည်း (begotten) သောသားတော်သည်၊ ... ယော၊ ၁:၁၈တစ်ပါးတည်း (begotten) သော သားတော်ကို၊ ... ယော၊ ၃:၁၆ဣဇာက်ကိုပူဇော်၏။ ... ဟေဗြဲ၊ ၁၁:၁၇ (The word not found in Judson Bible)တစ်ပါးတည်း (begotten) သော သားတော်ကို၊ ... ၁ယော၊ ၄:၉သေသောသူတို့တွင် သားဦး (firstbegotten) ဖြစ်တော်မူထသော၊ ... ဗျာ၊ ၁:၅
behemothဗေဟမုတ် Some feel that this word relates to a very large beast or animal, even dinosaur in size. ဤစကားလုံးသည် အလွန်ကြီးသောတိရစ္ဆာန်နှင့်ပတ်သက်သည်ဟု ပြောဆိုကြသည်။ ဒိုင်နိုဇောခန့်ရှိ သည်ဟုဆိုသည်။ ဗေဟမုတ် ... ယောဘ၊ ၄၀:၁၅
behold / beheld / beholdingဖူးမြင်၊ ကြည့်ရှုTo see or observe, to witness or watch, to consider or regard, to think on, to look with amazement, to search, to study or search out. DTP Disciples need to have their eyes open to see what the Lord is doing around them. God is doing great things but often our eyes are closed or covered with scales and do not see the redemptive power of Jesus Christ. We need to pray and ask God to open up our spiritual eyes so we can then behold His magnificent works around us. ကြည့်ရှုသည် သို့မဟုတ် လေ့လာသည်၊ သက်သေပြုသည် သို့မဟုတ် စောင့်ကြည့်သည်၊ တွေးတောသည် သို့မဟုတ် အာရုံစူးစိုက်သည်၊ စဉ်းစားဆင်ခြင်သည်၊ အံ့ဩမိန်းမောသည်၊ ရှာဖွေသည်၊ သင်ယူသည် သို့မ ဟုတ် ဆည်းပူးသည်။ သခင်ဘုရားသည် ကျွန်ုပ်တို့ပတ်လည်တွင်မည်သည့်အရာလုပ်ဆောင်နေသည်ကိုတွေ့ မြင်ရန် မျက်စိကိုဖွင့်ထား၇မည်ဖြစ်သည်။ ဘုရားသခင်သည်ကြီးမြတ်သောအရာကိုပြုတော်မူသော်လည်း ယေရှုခရစ်တော်၏ကယ်တင်တော်မူခြင်းတန်ခိုးတော်ကိုမြင်တွေ့ရန် မျက်စိများပိတ်နေကြသည်၊ ကာနေကြ သည်။ ကျွန်ုပ်တို့ပတ်လည်ရှိဘုရားသခင်၏အံ့ဩဖွယ်အရာများကိုမြင်နိုင်ဖို့ ကျွန်ုပ်တို့၏ဝိညာဉ်များစိများကို ဖွင့်ပေးရန် ဘုရားသခင်ထံဆုတောင်းရမည်ဖြစ်သည်။ ကြေးဝါမြွေကိုကြည့်ရှု (beheld) သောအခါ၊ ... တော၊ ၂၁:၉မျက်နှာတော်ကိုဖူးမြင် (behold) ရပါလိမ့်မည်။ ... ဆာ၊ ၁၇:၁၅တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင် (behold) ၍၊ ... ဆာ၊ ၂၇:၄အံ့ဖွယ်သောအရာတို့ကို မြင် (beheld) နိုင်ပါမည်အကြောင်း၊ ... ဆာ၊ ၁၁၉:၁၈အမှုအလုံးစုံတို့ကို ငါကြည့်ရှု (beheld) သောအခါ၊ ... ဒေ၊ ၈:၁၇သင်တို့၏ ဘုရားသခင်ကို ကြည့်ရှု (behold) ကြ၊ ... ဟေရှာ၊ ၄၀:၉ငါ့ကို ကြည့်ကြလော့။ ကြည့်ကြ (behold) လော့ဟု၊ ... ဟေရှာ၊ ၆၅:၁ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင် (behold) ကြ၏။ ... မ၊ ၁၈:၁၀ဘုရားသခင်၏ သိုးသငယ်ကိုကြည့် (behold) လော့။ ... ယော၊ ၁:၂၉ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြ (behold) လော့၊ ... ယော၊ ၁၉:၅သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြ (behold) လော့ဟု၊ ... ယော၊ ၁၉:၁၄သင်၏သားကို ကြည့် (behold) ပါ၊ ... ယော၊ ၁၉:၂၆တမန်တော်တို့သည် ကြည့်ရှု (beheld) လျက်နေကြစဉ်၊ ... တ၊ ၁:၉သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ... ၂ကော၊ ၃:၁၈မှန်၌ မိမိပကတိမျက်နှာကို ကြည့် (beholding) သောသူနှင့်တူ၏။ ... ယာ၊ ၁:၂၃ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ... ၁ပေ၊ ၂:၆ (The word not found in Judson Bible)ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ ... ဗျာ၊ ၃:၂၀ (The word not found in Judson Bible)ထိုနောက်မှ ငါကြည့် (beheld) လျှင်၊ ... ဗျာ၊ ၇:၉ ထိုနောက်မှ ငါကြည့် (behold) လျှင်၊ ... ဗျာ၊ ၁၄:၁