Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

c


call /calling / calledခေါ်To cry out, to summon, to attract attention, to desire to speak or communicate with, to bring a person into a specific service or ministry. DTP Today Christ calls out to all, but not all will heed the call, but those who accept receive the power and eternal life of Christ Jesus. The Master called the disciples and they followed. Throughout time God has been calling people to service, for example: Abraham, Gideon, and Samuel just to name a few. Today He calls people to be His disciples and to become part of the body of Christ. ဟစ်ခေါ်သည်၊ ဆင့်ခေါ်သည်၊ အာရုံစိုက်ရန်ခေါ်သည်၊ စကားပြောလိုသော သို့မဟုတ် ဆက်သွယ်လိုသော ဆန္ဒ၊ တစ်စုံတစ်ဦးကိုထူးခြားသောအလုပ် သို့မဟုတ် အမှုတော်သို့ပို့ဆောင်ခြင်း။ ခရစ်တော်သည် လူသား အားလုံးကိုခေါ်နေသော်လည်း လူသားအားလုံးမှာအာရုံမစိုက်ကြပါ။ လက်ခံနားထောင်သောသူတို့သည် ခရစ်တော်ယေရှု၏တန်ခိုးတော်နှင့်ထာဝရအသက်ကို လက်ခံရရှိမည်ဖြစ်သည်။ သခင်သည် တပည့်တော် တို့ကိုခေါ်သောအခါ သူတို့သည် နောက်တော်လိုက်ကြ၏။ သမိုင်းတစ်လျှောက်တွင် ဘုရားသခင်သည် လူသားတို့ကို အမှုတော်အတွက်ခေါ်ယူတော်မူ၏။ ဉပမာ - အာဗြဟံ၊ ဂိဒေါင်နှင့်ရှမွေလ။ ဘုရားသခင် သည် မိမိ၏တပည့်တော်ဖြစ်ရန်နှင့်ခရစ်တော်၏ခန္ဓာတစ်စိတ်တစ်ပိုင်းဖြစ်ရန် ယနေ့လူသားတို့ကို ခေါ် နေသည်။လူသည် အဘယ်သို့ခေါ် (called) ဝေါ်သမုတ်မည်ကိုသိခြင်းငှာ၊ ... က၊ ၂:၁၉ - Gen 2:19 (Not direct word)ထာဝရဘုရား၏နာမတော်ကိုအမှီပြု (call) ၍ ကိုးကွယ်စပြုကြလေ၏၊ ... က၊ ၄:၂၆ - Gen 4:26 (Not direct word)ဣဇာက်၌သာ သင်၏အမျိုးတည် (called) လိမ့်မည်။ ... က၊ ၂၁:၁၂ (ရော၊ ၉:၇။ ဟေဗြဲ၊ ၁၁:၁၈) - Gen 21:12 (Rom 9:7; Heb 11:18) (Not direct word)မောရှေ၊ မောရှေဟု ချုံထဲကခေါ် (called) တော်မူ၏။ ... ထွ၊ ၃:၄ - Ex 3:4မောရှေကို တောင်ထိပ်ပေါ်သို့ခေါ် (called) တော်မူလျှင်၊ ... ထွ၊ ၁၉:၂၀ - Ex 19:20ကောင်းကင်မြေကြီးကို …. ယနေ့ငါတိုင်တည် (call) သည်ကား၊ ... တရား၊ ၄:၂၆ - Deut 4:26 (Not direct word)ထာဝရဘုရားသည် ရှမွေလကိုခေါ် (called) တော်မူ၍၊ ... ၁ရာ၊ ၃:၄ - 1 Sam 3:4တစ်ဖန် ထာဝရဘုရားက၊ ရှမွေလဟုခေါ် (called) တော်မူလျှင်၊ ... ၁ရာ၊ ၃:၆ - 1 Sam 3:6ထာဝရဘုရားကို ငါတောင်းလျှောက် (call) ၍၊ ... ၂ရာ၊ ၂၂:၄ - 2 Sam 22:4 ထာဝရဘုရားကိုခေါ် (called) ၍ ငါ၏ဘုရားသခင်ကိုအော်ဟစ်လေ၏။ ... ၂ရာ၊ ၂၂:၇ (ဆာ၊ ၁၈:၆) - 2 Sam 22:7 (Ps 18:6)ငါ့နာမဖြင့်သမုတ် (called) သော …. ငါ့မျက်နှာကိုရှာလျက်၊ ... ၆ရာ၊ ၇:၁၄ - , 2 Chr 7:14 (Not direct word)အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာ (call) ပြုလော့။ ... ဆာ၊ ၅၀:၁၅ - Ps 50:15 (Not direct word)ငါမူကား၊ ဘုရားသခင်ကိုပတ္ထနာ (call) ပြု၍၊ ... ဆာ၊ ၅၅:၁၆ - As for me, I will call upon God; and the LORD Ps 55:16 (Not direct word)နာမတော်ကို ပတ္ထနာ (called) ပြုသောသူရှမွေလ၊ ... ဆာ၊ ၉၉:၆ - they called upon the LORD and he answered them. Ps 99:6 (Not direct word)ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကိုပတ္ထနာ (call) ပြုမည်။ ... ဆာ၊ ၁၁၆:၂ - Ps 116:2သင့်ကို တရားသဖြင့်ခေါ် (called) ထားသည်ဖြစ်၍၊... ဟေရှာ၊ ၄၂:၆ - Isa 42:6သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့် (called) ပြီ။ ... ဟေရှာ၊ ၄၃:၁ - Isa 43:1 ငါဖွားစကပင် ထာဝရဘုရားသည် ငါ့ကိုခေါ် (called) တော်မူ၏။ ... ဟေရှာ၊ ၄၉:၁ - Isa 49:1ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ် (called) ဝေါ်ကြလတ္တံ့။ ... ဟေရှာ၊ ၅၆:၇ (မ၊ ၂၁:၁၃။ မာ၊ ၁၁:၁၇) - Isa 56:7 (Matt 21:13; Mark 11:17) ငါ့ကိုခေါ် (call) လော့။ ငါထူးမည်။ ... ယေ၊ ၃၃:၃ - Jer 33:3ငါသည်ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ် (called) ခဲ့ပြီ။ ... ဟော၊ ၁၁:၁ (မ၊ ၂:၁၅) - Hos 11:1 (Matt 2:15)ခြိုးခြံစွာကျင့်ရသောအချိန်ကို ကြော်ငြာ (call) ကြလော့။ ... ယောလ၊ ၁:၁၄ (ယောလ၊ ၂:၂၅) - Joel 1:14 (Joel 2:15) (Not direct word)ထာဝရဘုရား ခေါ် (call) တော်မူသောသူ အကျန်အကြွင်းတို့အဖို့၊ ... ယောလ၊ ၂:၃၂ (တ၊ ၂:၂၁။ ရော၊ ၁၀:၁၃) - Joel 2:32 (Acts 2:21; Rom 10:13)လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ခေါ် (called) တော်မူ၏။ ... မ၊ ၄:၂၁ (မာ၊ ၁:၂၀) - Matt 4:21 (Mark 1:20)ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ် (call) ခြင်းငှာ၊ ... မ၊ ၉:၁၃ (မာ၊ ၂:၁၇။ လု၊ ၅:၃၂) - Matt 9:13 (Mark 2:17; Luke 5:32)တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ် (called) တော်မူပြီးမှ၊ ... မ၊ ၁၀:၁ - Matt 10:1သူငယ်တစ်ယောက်ကို ခေါ် (called) တော်မူ၍၊ ... မ၊ ၁၈:၂ - Matt 18:2ခေါ် (called) တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ၊ ... မ၊ ၂၀:၁၆ - Matt 20:16ထိုသို့ ခေါ် (called) တော်မူသောသူ အများရှိသော်လည်း၊ ... မ၊ ၂၂:၁၄ - Matt 22:14ကိုယ်တော်သည် သူတို့ကိုခေါ် (called) ၍ ဥပမာကို၊ ... မာ၊ ၃:၂၃ - Mark 3:23ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ် (called) ပင့်ကြ၏။ ... ယော၊ ၂:၂ John 2:2သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ် (calleth) ၍ ပြင်သို့ထုတ်ဆောင်တတ်၏။ ... ယော၊ ၁၀:၃ - John 10:3ထာဝရဘုရားကို ပတ္ထနာပြု (call) သောသူရှိသမျှတို့သည်၊ ... တ၊ ၂:၂၁ - Acts 2:21ငါတို့၏ဘုရားသခင်ထာဝရဘုရား ခေါ် (call) တော်မူသမျှသော၊ ... တ၊ ၂:၃၉ - Acts 2:39 သန့်ရှင်းသူအရာ၌ ခန့် (called) ထားသောရောမမြို့သူမြို့သား၊ ... ရော၊ ၁:၆ - Rom 1:6ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ် (called) တော်မူ၏။ ... ရော၊ ၈:၃၀ - Rom 8:30ဘုရားသခင်၏သားဟု ခေါ် (called) ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု၊ ... ရော၊ ၉:၂၆ - Rom 9:26ထာဝရဘုရားကို ပတ္ထနာ (call) ပြုသောသူရှိသမျှတို့သည်၊ ... ရော၊ ၁၀:၁၃ - Rom 10:13မယုံကြည်လျှင် အဘယ်သို့ပတ္ထနာ (called) ပြုနိုင်မည်နည်း။ ... ရော၊ ၁၀:၁၄ - Rom 10:14 ခေါ် (called) တော်မူခြင်းကျေးဇူးကို ခံရသောသူသည်၊ ... ၁ကော၊ ၇:၂၀ - 1 Cor 7:20ကျေးဇူးတော်အားဖြင့် ခေါ် (called) တော်မူသော ဘုရားသခင်သည်၊ ... ဂလာ၊ ၁:၁၅ - Gal 1:15သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ ... ဂလာ၊ ၅:၁၃ - Gal 5:13 (No word)ခေါ် (calling) တော်မူသောကြောင့် မျှော်လင့်ရသောအရာကား၊ ... ဧ၊ ၁:၁၈ - Eph 1:18ခေါ် (called) တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည်၊ ... ဧ၊ ၄:၁ - Eph 4:1ခေါ် (called) တော်မူခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးထဲသို့၊ ... ဧ၊ ၄:၄ - Eph 4:4အထက်အရပ်မှ ခေါ် (calling) တော်မူခြင်းနှင့် ဆိုင်သောဆုကို၊ ... ဖိ၊ ၃:၁၄ - Phil 3:14သင်တို့ကို ခေါ် (called) သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက်အလျောက် ၊ ... ၁သက်၊ ၂:၁၂ - 1 Thes 2:12ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ် (called) တော်မူပြီ။ ... ၂သက်၊ ၂:၁၄ - 2 Thes 2:14သန့်ရှင်းသောအရာ၌ ခေါ် (called) သွင်းတော်မူ၏။ ... ၂တိ၊ ၁:၉ - 2 Tim 1:9ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ် (calling) ဖိတ်တော်မူခြင်း၊ ... ဟေဗြဲ၊ ၃:၁ - Heb 3:1 ဘုရားသခင်ခေါ် (called) တော်မူသောအခါ၊ ... ဟေဗြဲ၊ ၁၁:၈ - Heb 11:8သင်တို့ကိုခေါ် (called) တော်မူသော သူသည် သန့်ရှင်းတော်မူ၊ ... ၁ပေ၊ ၁:၁၅ - 1 Pet 1:15 အံ့ဖွယ်သော အလင်းတော်သို့ခေါ် (called) သွင်းတော်မူသော၊ ... ၁ပေ၊ ၂:၉ - 1 Pet 2:9ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ် (called) တော်မူသော၊ ... ၁ပေ၊ ၅:၁၀ - 1 Pet 5:10 သင်တို့ခံရသော ခေါ် (calling) တော်မူခြင်းနှင့်၊ ... ၂ပေ၊ ၁:၁၀ - 2 Pet 1:10သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ခေါ် (called) ဖိတ်ခြင်းကို၊ ... ဗျာ၊ ၁၉:၉ - Rev 19:9
CalvaryကရာနိLocation outside the city of Jerusalem where many people were crucified; it is also the place where Jesus Christ was crucified on the cross. (Also known as Golgotha, word meaning skull; Matt 27:33; Mark 15:22; John 19:17) ယေရုရှလင်မြို့ပြင်ဖြစ်ပြီး လူအများကိုကားတိုင်တင်သတ်သည့်အရပ်ဖြစ်သည်။ ယေရှုခရစ်တော်ကို ကား တိုင်တင်သတ်သည့်အရပ်လည်းဖြစ်သည်။ (ဂေါလဂေါသ ဟုလည်းခေါ်တွင်သည်၊ အဓိပ္ပာယ်မှာ ဦးခေါင်း ခွံဖြစ်သည်။ မ၊ ၂၇:၃၃။ မာ၊ ၁၅:၂၂။ ယော၊ ၁၉:၁၇)။ ကရာနိ (Calvary) အမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ... လု၊ ၂၃:၃၃ - Luke 23:33
Calvinismကယ်လ်ဗင်အယူဝါဒThe doctrines and teaching of John Calvin A.D. 1509-1564. Today these doctrines could be summed up in the word TULIP / T.U.L.I.P.; his teachings dealt with predestination and limited atonement. There is much argument over the years regarding Calvinism versus Arminianism. "TULIP" is a way of remembering: Total depravity, Unconditional election, Limited atonement, Irresistible grace and Perseverance of the saints. ဂျွန်ကယ်လ်ဗင် (အေဒီ ၁၅၀၉-၁၅၆၄) ၏အယူဝါဒနှင့်သွန်သင်ချက်ဖြစ်သည်။ ယနေ့ ဤအယူဝါဒကို TULIP / T.U.L.I.P. တွင် အကျဉ်းချုပ်ရေးသားထားသည်။ သူ၏သွန်သင်ချက်များမှာ ဘုရားသခင်၏ကြိုတင်ပြဌာန်း သည့်အရာနှင့် အကန့်အသတ်ရှိသောအပြစ်ဖြေခြင်း အကြောင်းအရာပေါ်တွင်မူတည်သည်။ ကယ်လ်ဗင် အယူဝါဒနှင့်အာမေးနီးယမ်းအယူဝါဒတို့၏ ဆန့်ကျင်ချက်များကို နှစ်ပေါင်းများစွာအတွင်း ငြင်းခုံဆွေး နွေးကြသည်။ TULIP မှာ - လူသားတို့၏စာရိတ္တပျက်ပြားခြင်း၊ ချွင်းချက်မရှိသောရွေးကောက်ခြင်း၊ အကန့်အသတ်ရှိသောအပြစ်ဖြေခြင်း၊ ငြင်းစရာမရှိသောကျေးဇူးတော်နှင့် သန့်ရှင်းသူတို့၏မဆုတ်မနှစ် သောဇွဲလုံ့လတို့ကို သတိရစေသောနည်းလမ်းဖြစ်သည်။
candleမီးခွက်A lamp or light, something that illuminates or spreads light in a dark place. DTP The disciple is called to be a light to the world. We should not let the light of Christ within us be hidden but we need to uncover it so it can shine brightly for Jesus Christ's glory. မီးခွက် သို့မဟုတ် အလင်း၊ မှောင်သောအရပ်တွင် အလင်းရောင်ပေးသော သို့မဟုတ် အလင်းကိုပျံ့နှံ့ပေး သောအရာ။ ကျွန်ုပ်တို့သည် လောကထဲသို့အလင်းပေးရန် ခေါ်ခြင်းခံရသည်။ ခရစ်တော်၏အလင်းကို ဝှက်မထားဘဲ ယေရှုခရစ်တော်၏ဘုန်းထင်ရှားရန်အလင်းပေးရမည်ဖြစ်သည်။ဘုရားသခင်၏မီးခွက် (candle) သည် ငါ့ခေါင်းပေါ်မှာ၊ ... ယောဘ၊ ၂၉:၃ - Job 29:3ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက် (candle) ကိုထွန်း၍၊ ... ဆာ၊ ၁၈:၂၈ - Ps 18:28လူ၏စိတ်ဝိညာဉ်သည် …. စစ်ဆေးသောထာဝရဘုရား၏မီးခွက် (candle) ဖြစ်၏။ ... သု၊ ၂၀:၂၇ - Prov 20:27အဓမ္မလူ၏မီးခွက် (candle) သည် သေလိမ့်မည်။ ... သု၊ ၂၄:၂၀ - Prov 24:20သူ၏မီးခွက် (candle) သည် တစ်ညလုံးမသေတတ်။ ... သု၊ ၃၁:၁၈ - Prov 31:18ငါသည် မီးခွက် (candles) ကိုကိုင်၍ ယေရုရှလင်မြို့ကိုစစ်ကြောမည်။ ... ဇေ၊ ၁:၁၂ - Zeph 1:12ဆီမီး(candle) ထွန်း၍ တောင်းဇလားအောက်၌၊ ... မ၊ ၅:၁၅ (မာ၊ ၄:၂၁။ လု၊ ၈:၁၆။ ၁၁:၃၃) - Matt 5:15 (Mark 4:21; Luke 8:16; 11:33)ဆီမီး(candle) ကိုထွန်း၍မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍၊ ... လု၊ ၁၅:၈ - Luke 15:8ထိုမြို့၌ ညမရှိရ၊ ဆီမီး(candle) ကို အလိုမရှိ။ ... ဗျာ၊ ၂၂:၅ - Rev 22:5
candlestickဆီမီးခုံA part of the tabernacle and temple called the Lamp of God (1 Sam 3:3); a symbol of the seven churches in the book of Revelation (Rev 1:12, 13, 20; 2:5); Christ has come to be the light to the world and we as His disciple are also to reflect Jesus' light into this dark world. တဲတော်နှင့်ဗိမာန်တော်အတွင်းရှိပြီး ဘုရားသခင်၏ဆီမီးခုံဟုခေါ်သည် (၁ရာ၊ ၃:၃)။ ဗျာဒိတ်ကျမ်းထဲတွင် အသင်းတော်ခုနှစ်ပါး၏သ‌ေင်္ကတဖြစ်သည် (ဗျာ၊ ၁:၁၂၊ ၁၃၊ ၂၀၊ ၂:၅)။ ခရစ်တော်သည် လောကအလင်း ကဲ့သို့ကြွလာတော်မူပြီး ကျွန်ုပ်တို့သည် ဤမှောင်မိုက်သောလောကအတွင်း သခင်ယေရှု၏အလင်းကို ထင်ဟပ်ပေးရမည်ဖြစ်သည်။ မီးခုံ (candlestick) ကိုလည်း ရွှေစင်နှင့်လုပ်၍၊ ... ထွ၊ ၂၅:၃၁ - Ex 25:31မီးထွန်းစရာဖို့မီးခုံ (candlestick) နှင့် သူ၏တန်ဆာ၊ ... ထွ၊ ၃၅:၁၄ - Ex 35:14မီးခုံ (candlestick) အထက်၊ နန်းတော်အုတ်ထရံအင်္ဂတေ၌၊ ... ဒံ၊ ၅:၅ - Dan 5:5ရွှေအတိပြီးသော ဆီမီးခုံ (candlestick) ကိုမြင်ပါ၏။ ... ဇာ၊ ၄:၂ - Zech 4:2အလင်းကိုရစေခြင်းငှာ ဆီမီးခုံ (candlestick) ပေါ်မှာ တင်ထားလေ့ရှိ၏။ ... မ၊ ၅:၁၅ - Matt 5:15အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံ (candlestick) အပေါ်မှာတင်ထားလေ့ရှိ၏။ ... လု၊ ၈:၁၆ - Luke 8:16ပထမတဲတော်သည်၊ ဆီမီးခုံ(candlestick) ၊ စားပွဲ၊ ... ဟေဗြဲ၊ ၉:၂ - Heb 9:2ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက် (candlestick) ခုနစ်လုံး၏နက်နဲခြင်းအရာဟူမူကား၊ ... ဗျာ၊ ၁:၂၀ - Rev 1:20နောင်တမရလျှင်၊ သင်၏မီးခွက် (candlestick) ကိုနေရာမှရွှေ့မည်။ ... ဗျာ၊ ၂:၅ - Rev 2:5
canonစံ၊ ကျမ်းရင်းStandard, rule, principle, law; most often refers to the Scriptures, a list of books that make up the Old and New Testament; a set of writings that the early Church fathers by the 4th century believed were inspired by God and assembled to form what we today call the Holy Bible. စံနှုန်း၊ စည်းကမ်း၊ နိယာမ၊ ပညတ်။ ဤစာလုံးသည် အများအားဖြင့်သမ္မာကျမ်းစာနှင့်သက်ဆိုင်ပြီး ဓမ္မ ဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတွင်ပါဝင်သော ကျမ်းစောင်တို့၏စာရင်းဖြစ်သည်။ ၄ ရာစုတွင် ကနဦး အသင်းတော်ဖခင်များမှ ဘုရားသခင်၏ဝိညာဉ်တော်တိုက်တွန်းနှိုးဆော်ရေးသားသည်ဟု ယုံကြည်သည့် စာစောင်များဖြစ်ပြီး ထိုစာစောင်များကိုစုစည်းကာ သမ္မာကျမ်းစာဟုယနေ့ကျွန်ုပ်တို့ခေါ်ဆိုကြသည်။
capstone / headstone / topstoneတိုက်ထောင့်အထွဋ်ကျောက်The top stone in a structure most often in an archway, the last stone that is placed in the arch. အများအားဖြင့် မုခ်ဦးတွင်တည်ဆောက်ထားသော တိုက်ထောင့်ကျောက်ဖြစ်သည်။ ပေါင်းကူးတွင်ထားရှိ သည့် နောက်ဆုံးကျောက်ဖြစ်သည်။ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်(capstone) ကို တင်ထားရလိမ့်မည်။
captainဗိုလ်မင်း၊ ဗိုလ်မှူး In the Bible, captain can mean a leader over a group of soldiers. You can also have a captain over other captains. The Bible also indicates that there are captains of God's army in the heavenly host. In Joshua we have the captain of the LORD'S army appearing before Joshua. သမ္မာကျမ်းစာထဲတွင် ဗိုလ်မှူးဆိုသည်မှာ စစ်သည်တော်တစ်ဖွဲ့ကိုအုပ်ချုပ်သောသူဖြစ်သည်။ အခြားသော ဗိုလ်မှူးတို့ကိုအုပ်ချုပ်သောဗိုလ်မှူးများလည်းရှိသည်။ သမ္မာကျမ်းစာထဲတွင် ကောင်းကင်ဗိုလ်ခြေကိုအုပ် စိုးသော ဘုရားသခင်၏ဗိုလ်မှူးလည်းရှိသည်ဟု ဖော်ပြထားသည်။ ယောရှုမှတ်စာထဲတွင် ထာဝရဘုရား ၏ဗိုလ်ခြေကိုအုပ်စိုးသောဗိုလ်မှူးသည် ယောရှုရှေ့တွင်ပေါ်လာသည်။ကိုယ်ရံတော်မှူး (captain) သည် သူတို့ကိုယောသပ်၌အပ်၍၊ ... က၊ ၄၀:၄ - Gen 40:4လူတစ်စုံတစ်ယောက်ကိုချီးမြှောက် (captain) ၍၊ အဲဂုတ္တုပြည်သို့၊ ... တော၊ ၁၄:၄ - Num 14:4 (No word)ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသောဗိုလ်မှူး(captain) ဖြစ်၍၊ ... ယောရှု၊ ၅:၁၄ - Josh 5:14ဗိုလ်ချုပ်မင်း(captain) ကား၊ ဘထွေးတော်နေရသား အာဗနာတည်း။ ... ၁ရာ၊ ၁၄:၅၀ - 1 Sam 14:50ဗိုလ်မင်း(captain) တို့သည် အတူထိုင်လျက်ရှိကြ၏။ ... ၄ရာ၊ ၉:၅ - 2 Kin 9:5ဘုရားသခင်ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်း(captain) ဖြစ်တော်မူ၏။ ... ၆ရာ၊ ၁၃:၁၂ - 2 Chr 13:12အဲဂုတ္တုပြည်သို့ပြန်လိုသောငှာ၊ လူကြီးတစ်ဦး(captain) ကိုချီးမြှောက်၊ ... နေ၊ ၉:၁၇ - Neh 9:17 (No word)စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ(captain)၊ တရားသူကြီး၊ ... ဒံ၊ ၃:၂ - Dan 3:2ထိုအခါတပ်မှူး(captain) မှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည်၊ ... ယော၊ ၁၈:၁၂ - John 18:12ဗိမာန်တော်မှူး(captain) မှစသော ယဇ်ပုရောဟိတ်တို့နှင့်၊ ... တ၊ ၄:၁ - Acts 4:1ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်(captain) သည်၊ ... ဟေဗြဲ၊ ၂:၁၀ - Heb 2:10
captive / captivityဖမ်းဆီး၊ သိမ်းသွားTo be taken hostage by people or by something. Captivity takes away from the person the freedom of movement. Other descriptive words are: imprisoned, incarcerated, locked up, enslaved, confined or caged. DTP Satan wants to bring all people into captivity under his authority here on earth, but Christ came to set the captive free from death and bondage. လူ သို့မဟုတ် တစ်စုံတစ်ရာမှဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ လူသားတို့၏လွတ်လပ်ခြင်းလှုပ်ရှားမှုကို ဖမ်း ဆီးသိမ်းယူသွားခြင်း။ ထောင်ချခြင်း၊ အကျဉ်းချြခင်း၊ ပိတ်ထားခြင်း၊ ကျွန်ပြုခြင်း၊ သန့်သတ်ခြင်း သို့မ ဟုတ် လှောင်ထားခြင်း ဟုလည်းအဓိပ္ပာယ်ရှိသည်။ စာတန်သည် လူတို့ကို ဤလောကရှိမိမိ၏အာဏာ အောက်တွင် ဖမ်းဆီးချုပ်ထားချင်သည်။ သို့သော် ခရစ်တော်ကြွဆင်းလာပြီး ဖမ်းဆီးချုပ်ထားခံရသူတို့ကို သေခြင်းနှင့်ကျွန်ပြုခံရခြင်းမှ လွှတ်မြောက်စေသည်။ သိမ်း(captive) သွားသောရန်သူတို့၏ပြည်၌ နေစဉ်၊ ... ၃ရာ၊ ၈:၄၈ - 1 Kin 8:48သိမ်း(captivity) သွားခြင်းကိုခံရသော လူစုထဲကထွက်လာသော၊ ... ဧဇ၊ ၈:၃၅ - Ezra 8:35ဖမ်းဆီးသိမ်း(captivity) သွားခြင်းကို ခံရသောလူစု၌၊ ... ဧသ၊ ၂:၆ - Esth 2:6သိမ်း(captivity) သွားခြင်းကို ခံရသောလူမျိုးတော်ကို၊ ... ဆာ၊ ၁၄:၇ (၅၃:၆) - Ps 14:7 (53:6)များစွာသောသူတို့ကို ဖမ်း(captivity) သွားတော်မူ၍၊ ... ဆာ၊ ၆၈:၁၈ (ဧ၊ ၄:၈) - Ps 68:18 (Eph 4:8)ဖမ်း(captivity) သွားချုပ်ထားသော ဇိအုန်သားတို့ကို၊ ... ဆာ၊ ၁၂၆:၁ - Ps 126:1အထက်က သိမ်း(captives) သွားဖူးသောသူတို့ကို တစ်ဖန်သိမ်းယူ၊ ... ဟေရှာ၊ ၁၄:၂ - Isa 14:2 အားကြီးသောသူသိမ်း(captives) သွားသော လူတို့ကို ယူရမည်။ ... ဟေရှာ၊ ၄၉:၂၅ - Isa 49:25အို ချုပ်(captive) ထားလျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကိုချွတ်လော့။ ... ဟေရှာ၊ ၅၂:၂ - Isa 52:5 (verse number is wrong) 52:2ဖမ်း(captives) သွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ ... ဟေရှာ၊ ၆၁:၁ (လု၊ ၄:၁၈) - Isa 61:1 (Luke 4:18)ထာဝရဘုရား၏သိုးစုကို သိမ်း(captive) သွားသောကြောင့်၊ ... ယေ၊ ၁၃:၁၇ - Jer 13:17ဖမ်း(captives) သွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်း၊ ... လု၊ ၄:၁၉ Luke 4:18 အခြားသောပြည်အရပ်ရပ်သို့ ဖမ်း(captive) သွားကြလိမ့်မည်။ ... လု၊ ၂၁:၂၄ - Luke 21:24အပြစ်တရားလက်သို့ ငါ့ကို ဖမ်း(captivity) သွားအပ်နှံသည်ကို၊ ... ရော၊ ၇:၂၃ - Rom 7:23ခပ်သိမ်းသောစိတ်တို့ကို ဖမ်း(captivity) သွားချုပ်ထားလျက်၊ ... ၂ကော၊ ၁၀:၅ - 2 Cor 10:5များစွာသောသူတို့ကို ဖမ်း(captivity) သွားတော်မူ၍၊ ... ဧ၊ ၄:၈ - Eph 4:8မာရ်နတ်၏အလိုအတိုင်း ဖမ်း(captive) မိသောထိုသူတို့သည်၊ ... ၂တိ၊ ၂:၂၆ - 2 Tim 2:26အိမ်ထဲသို့ဝင်၍ ဖမ်း(captive) သွားသောသူတို့သည်၊ ... ၂တိ၊ ၃:၆ - 2 Tim 3:6သူတစ်ပါးကို ဖမ်း(captivity) ဆီးယူသွားသောသူသည်၊ ... ဗျာ၊ ၁၃:၁၀ - Rev 13:10
care / cared / carefulလုပ်ကြွေးပြုစု၊ အကျိုးIt is a deep feeling or emotion about someone or something. It is on your mind and you are focused or thinking a lot about it. DTP As disciples we should be caring for those that God has put around us, both physically and spiritually. We need to look outside of ourselves and see the needs and hurts of those around us. တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာ၏လေးနက်သောခံစားချက် သို့မဟုတ် စိတ်ခံစားမှု။ တစ်စုံတစ်ခု သည် သင်၏စိတ်အတွင်းရှိနေပြီး ထိုအရာအပေါ်တွင် အာရုံစိုက်ခြင်း သို့မဟုတ် ဆင်ခြင်သုံးသပ်ခြင်း။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ဘုရားရှင်ထားရှိပေးသောအရာများ၏ ခန္ဓာဆိုင်ရာနှင့်ဝိညာဉ်ဆိုင်ရာအတွက် ကြည့်ရှုပြုစုရပါမည်။ မိမိတို့ပြင်ပရှိအရာများကိုကြည့်ရှုပြီး ပတ်ဝန်းကျင်၏လိုအပ်ချက်များနှင့်နာကြင်မှု များကို ကြည့်ရှုပြုစုရန်လိုအပ်ပါသည်။ သင်သည်ငါတို့အဖို့ ဤမျှလောက်လုပ်ကြွေးပြုစု (care) သည်အတွက်၊ ... ၄ရာ၊ ၄:၁၃ - 2 Kin 4:13အကျွန်ုပ်အသက်ကို နှမြော (cared) သောသူမရှိပါ။ ... ဆာ၊ ၁၄၂:၄ - Ps 142:4ငြိမ်ဝပ်စွာနေ၍ စိုးရိမ် (care) စရာမရှိသောလူမျိုး၊ ... ယေ၊ ၄၉:၃၁ - Jer 49:31လောကီအမှု၌ စိုးရိမ် (cares) ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ... မာ၊ ၄:၁၉ (မ၊ ၁၃:၂၂) - 4:19 (Matt 13:22)ပျက်စီးခြင်းသို့ရောက်သည်ကို လျစ်လျူသောစိတ် (carest) ရှိတော်မူသလော၊ ... မာ၊ ၄:၃၈ - Mark 4:38ဇရပ်တစ်ခုသို့ ဆောင်သွားပြုစု (care) လေ၏။ ... လု၊ ၁၀:၃၄ - Luke 10:34လောကီစိုးရိမ် (cares) ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ... လု၊ ၂၁:၃၄ - Luke 21:34သိုးတို့၏အကျိုး(careth) ကိုမမှတ်သောကြောင့် ထွက်ပြေးတတ်၏။ ... ယော၊ ၁၀:၁၃ - John 10:13ဆင်းရဲသောသူတို့အကျိုး(cared) ကိုထောက်၍ ဆိုသည်မဟုတ်။ ... ယော၊ ၁၂:၆ - John 12:6 အင်္ဂါများတို့သည် အချင်းချင်းသူ့ကိုကိုယ်နှင့်အမျှသတိပြု(care) စေခြင်းငှာ၊ ... ၁ကော၊ ၁၂:၂၅ - 1 Cor 12:25သင်တို့အကျိုးကို ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ပြုစု(care) ချင်သော၊ ... ၂ကော၊ ၇:၁၂ - that our care for you in the sight of God 2 Cor 7:12အသင်းတော်အပေါင်းတို့ကို စိုးရိမ် (care) သောစိတ်နှင့်ကြည့်ရှုပြုစု၍၊ ... ၂ကော၊ ၁၁:၂၈ - 2 Cor 11:28အဘယ်အမှုကိုမျှ စိုးရိမ် (careful) ခြင်းမရှိဘဲ၊ ... ဖိ၊ ၄:၆ - Phil 4:6သင်တို့ကိုသတိနှင့် ကြည့်ရှု (care) တော်မူသောကြောင့်၊ ... ၁ပေ၊ ၅:၇ - 1 Pet 5:7
carnal / carnallyဇာတိပကတိIt is showing a way of life outwardly that does not line up with the truth in one's heart. It relates to the things that one does in the flesh. It denotes desires and behaviors that are worldly or sensual in nature. DTP The disciple needs to be careful that he does not become worldly minded. Seeking after the pleasures and ways of the world gets our focus off Christ Jesus. တစ်စုံတစ်ဦး၏အတွင်းစိတ်ရှိအမှန်တရားနှင့်သွေဖီသော ပြင်ပဇာတိစိတ်အသက်တာဖြစ်သည်။ အသွေး အသားနှင့်ဆိုင်သောအရာဖြစ်သည်။ လောကီ သို့မဟုတ် ကာမဂုဏ်နှင့်ပတ်သက်သည့် ဆန္ဒနှင့်အမူ အကျင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကနှင့်ဆိုင်သောအရာကိုသာစွဲလမ်းသောသူမဟုတ်ရန် သတိပြုရ ပါမည်။ လောကအရာကိုသာအာရုံပြုရှာဖွေသူသည် ခရစ်တော်ယေရှု၏လမ်းမှလွဲသွားမည်ဖြစ်သည်။ ငါမူကား ဇာတိပကတိ (carnal) ရှိ၏။ ... ရော၊ ၇:၁၄ - Rom 7:14ဇာတိပကတိ (carnal) စိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ... ရော၊ ၈:၆ - Rom 8:6လောကီဥစ္စာ (carnal) ကိုလှူ၍ လုပ်ကျွေးအပ်၏။ ... ရော၊ ၁၅:၂၇ - Rom 15:27ယခုပင်လည်း၊ ဇာတိပကတိ (carnal) လူဖြစ်ကြသေး၏။ ... ၁ကော၊ ၃:၃ - 1 Cor 3:3 ဇာတိပကတိ (carnal) လူဖြစ်ကြသည် မဟုတ်လော။ ... ၁ကော၊ ၃:၄ - 1 Cor 3:4ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိ (carnal) လက်နက်မဟုတ်။ ... ၂ကော၊ ၁၀:၄ - 2 Cor 10:4ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာ (carnal) နှင့်စပ်ဆိုင်သောတရားအတိုင်း၊ ... ဟေဗြဲ၊ ၇:၁၆ - Heb 7:16ကိုယ်ခန္ဓာ (carnal) နှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ၊ ... ဟေဗြဲ၊ ၉:၁၀ - Heb 9:10
carpenterလက်သမားThis is a craftsman who builds and works with wood. The Bible tells us that Joseph, Jesus' earthly father, was a carpenter, and Jesus was known as a carpenter. သစ်သားကိုအသုံးပြုပြီး လက်ဖြင့်တည်ဆောက်လုပ်ဆောင်သောသူဖြစ်သည်။ ယေရှု၏လောကဖခင် ယောသပ်သည် လက်သမားဖြစ်ပြီး ယေရှုကိုလည်းလက်သမားဟု သမ္မာကျမ်းစာအားဖြင့်သိရှိရသည်။ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား (carpenters)၊ ... ၂ရာ၊ ၅:၁၁ - 2 Sam 5:11ဗိမာန်တော်၌အလုပ်လုပ်သော လက်သမား(carpenters)၊ ... ၄ရာ၊ ၁၂:၁၁ - 2 Kin 12:11ဗိမာန်တော်ကို ပြုပြင်စေခြင်းငှာ၊ ပန်းရန်သမား၊ လက်သမား၊ ... ၆ရာ၊ ၂၄:၁၂ - 2 Chr 24:12ထာဝရဘုရားသည်လည်း လက်သမား(carpenters) လေးဦးတို့ကို ပြတော်မူ၏။ ... ဇာ၊ ၁:၂၀ - Zech 1:20သူသည် လက်သမား(carpenter's) သား မဟုတ်လော။ ... မ၊ ၁၃:၅၅ - Matt 13:55သူသည် လက်သမား(carpenter) မဟုတ်လော။ ... မာ၊ ၆:၃ - Mark 6:3
carry / carriedဆောင်သွား၊ သိမ်းသွားTo bear, to bring, to haul or move, to transfer. DTP Sometimes we are called upon to take up a challenge, to carry something which to us seems impossible, but with God it becomes possible. We are challenged to bring our heavy burdens to the cross of Christ. ယူဆောင်သွားသည်။ သယ်သွားသည်။ အားဖြင့်ဆွဲသည် သို့မဟုတ် လှုပ်သည်၊ ပြောင်းရွှေ့သည်။ တစ်ခါ တစ်ရံတွင် စိန်ခေါ်ချက်ကိုရင်ဆိုင်ရန်၊ မဖြစ်နိုင်သောအရာကိုယူဆောင်ရန် ခေါ်ခြင်းခံရသည်။ သို့သော် ဘုရားသခင်အားဖြင့် လုပ်ဆောင်နိုင်သည်။ ခရစ်တော်၏ကားတိုင်တော်ဆီသို့ လေးသောဝန်ကိုထမ်းရန် စိန်ခေါ်ခြင်းခံရတတ်သည်။ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွား(carry) ရမည်ဟူ၍၊ ... က၊ ၅၀:၂၅ (ထွ၊ ၁၃:၁၉) - Gen 50:25 (Ex 13:19)နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီ (Carry) လျက်၊ ... တော၊ ၁၁:၁၂ - Num 11:12ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင် (carry) ၍မသွားနိုင်လျှင်၊ ... တရား၊ ၁၄:၂၄ - Deut 14:24အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကိုဆောင်သွား(carry) တော်မူလျှင်၊ ... ၃ရာ၊ ၁၈:၁၂ - 1 Kin 18:12သိုးသငယ်တို့ကို ချီ(carry) ၍ပိုက်ပွေ့တော်မူမည်။ .. ဟေရှာ၊ ၄၀:၁၁ - with his arm, and carry them in his bosom, Isa 40:11ငါတို့အနာရောဂါဝေဒနာများကို ယူတင်(carried) ဆောင်ရွက်လေ၏။ ... ဟေရှာ၊ ၅၃:၄ - Isa 53:4ထာဝရဘုရား၏သိုးစုကို သိမ်းသွား(carried) သောကြောင့်၊ ... ယေ၊ ၁၃:၁၇ - Jer 13:17ဗာဗုလုန်မြို့သို့ သိမ်းသွား(carried) သောသူများအပေါင်းတို့ကို၊ ... ယေ၊ ၂၈:၆ - Jer 28:6ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ဆောင်သွား(carried) ၍၊ ... မာ၊ ၁၅:၁ - Mark 15:1လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်(Carry) ကြနှင့်။ ... လု၊ ၁၀:၄ - Luke 10:4ကောင်းကင်ဘုံသို့ ဆောင်ယူ(carried) ခြင်းကိုခံတော်မူ၏။ ... လု၊ ၂၄:၅၁ - Luke 24:51သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွား(carry) လိမ့်မည်ဟု၊ ... ယော၊ ၂၁:၁၈ - John 21:18ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ(carry) ၍မသွားနိုင်ဟု၊ ... ၁တိ၊ ၆:၇ - 1 Tim 6:7ဝိညာဉ်တော်အားဖြင့် ငါ့ကိုဆောင်သွား(carried) ၍၊ ... ဗျာ၊ ၂၁:၁၀ - Rev 21:10
castစွန့်ပစ်To throw, to hurl, launch, to thrust. DTP The disciples is to cast off the things of this world not to be entangled with sin. We are called not to carry but to cast off sin, never to take it up again. စွန့်ပစ်သည်၊ ပစ်သည်၊ စတင်ဆောင်ရွက်သည်၊ အင်အားဖြင့်တွန်းသည်။ ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက် များနှင့်ရှုပ်ထွေးမှုမရှိစေရန် လောကအရာတို့ကိုစွန့်ပစ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်များကိုစွန့် ပစ်ပြီး အပြစ်နွံထဲသို့နောက်တစ်ဖန်မည်သည့်အခါမျှမနှစ်မွန်းသွားရန် ခေါ်ခြင်းခံရသူများဖြစ်ပါသည်။ ရွှေကို အကျွန်ုပ်သည်မီးထဲ၌ထည့် (cast) လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု၊ ... ထွ၊ ၃၂:၂၄ - Ex 34:24 (Chapter number is wrong. Should be 32:24)မိမိဝတ်လုံကို သူ့အပေါ်မှာတင် (cast) လေ၏။ ... ၃ရာ၊ ၁၉:၁၉ - 1 Kin 19:19အကျွန်ုပ်အင်္ကျီကို စာရေးတံချ(cast) ကြပါ၏။ ... ဆာ၊ ၂၂:၁၈ (မ၊ ၂၇:၃၅။ မာ၊ ၁၅:၂၄။ လု၊ ၂၃:၃၄။ ယော၊ ၁၉:၂၄) - Ps 22:18 (Matt 27:35; Mark 15:24; Luke 23:34; John 19:24)အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ်(cast) သနည်း။ ... ဆာ၊ ၄၂:၅ (၄၂:၁၁၊ ၄၃:၅) - Ps 42:5 (42:11; 43:5)အကျွန်ုပ်ကို အထံတော်ထဲကနှင်ထုတ်(Cast) တော်မမူပါနှင့်။ ... ဆာ၊ ၅၁:၁၁ - Ps 51:11ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထား(Cast) လော့။ ... ဆာ၊ ၅၅:၂၂ - Ps 55:22 အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက်တော်သို့ပစ်လိုက်(cast) တော်မူပြီ။ ... ဟေရှာ၊ ၃၈:၁၇ - Isa 38:17 သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ်(cast) ဟူ၍လည်းကောင်း၊ ... ဟေရှာ၊ ၄၁:၉ - Isa 41:9သင်တို့သည်ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကိုစွန့်ပစ်(Cast) ၍၊ ... ယေဇ၊ ၁၈:၃၁ - Ezek 18:31ဣသရေလအမျိုးသည် ကောင်းသောအရာကိုစွန့်ပစ်(cast) သောကြောင့်၊ ... ဟော၊ ၈:၃ - Hos 8:3အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ်(cast) တော်မူလိမ့်မည်။ ... မိ၊ ၇:၁၉ - Mic 7:19တစ်ကိုယ်လုံး ငရဲသို့ချခြင်း(cast) ကိုခံရသည်ထက်၊ ... မ၊ ၅:၃၀ (၁၈:၉) - Matt 5:30 (18:9)ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေးဦးစွာ ထုတ်ပစ်(cast) လော့။ ... မ၊ ၇:၅ (လု၊ ၆:၄၂) - Matt 7:5 (Luke 6:42)ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထား(cast) ကြနှင့်။ ... မ၊ ၇:၆ - Matt 7:6နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကိုနှင်ထုတ်(cast) တော်မူ၏။ ... မ၊ ၈:၁၆ (မာ၊ ၁:၃၄) - Matt 8:16 (Mark 1:34) ညစ်ညူးသောနတ်တို့ကို နှင်ထုတ်(cast) ခြင်းငှာ၊ ... မ၊ ၁၀:၁ (မာ၊ ၃:၁၅) - Matt 10:1 (Mark 3:15)ထိုဆင်းရဲသားမုဆိုးမသည် သာ၍သွင်းချ(cast) ခဲ့ပြီ။ ... မာ၊ ၁၂:၄၃ (၂၁:၃) - Mark 12:43 (21:3)ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်(cast) ကြလတ္တံ့။ ... မာ၊ ၁၆:၁၇ - Mark 16:17 ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်(cast) ။ ... ယော၊ ၆:၃၇ - John 6:37အပြစ်ကင်းသောသူသည် ရှေ့ဦးစွာကျောက်ခဲနှင့်ပစ်(cast) စေဟု၊ ... ယော၊ ၈:၇ - John 8:7 မှောင်မိုက်၏အကျင့်ကို ပယ်ရှား(cast) ၍၊ ... ရော၊ ၁၃:၁၂ - Rom 13:12အောက်သို့ လှဲခြင်း(cast) ကိုခံရသော်လည်း ဆုံးရာသို့မရောက်။ ... ၂ကော၊ ၄:၉ - 2 Cor 4:9အရင်သစ္စာကိုဖျက်(cast) သောကြောင့် အပြစ်သင့်ခြင်းသို့၊ ... ၁တိ၊ ၅:၁၂ - 1 Tim 5:12သင်တို့၏ရဲရင့်ခြင်းစိတ်ကို မစွန့်(Cast) ကြနှင့်။ ... ဟေဗြဲ၊ ၁၀:၃၅ - Heb 10:35စုံလင်သောမေတ္တာသည် သံဝေဂကိုပယ်ရှား(casteth) တတ်၏။ ... ၁ယော၊ ၄:၁၈ - 1 John 4:18ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထား(cast) ကြ၏။ ... ဗျာ၊ ၄:၁၁ - Rev 4:10ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်(cast) လျှင်၊ ... ဗျာ၊ ၂၀:၁၀ - Rev 20:10
casteth / casting out devilsနှင်ထုတ်Delivering people from the possession of evil spirits; people can become oppressed (mind), depressed (emotions) or possessed (will) by demons and have to be set free. DTP In Christ the disciple of Christ has been given authority and through the name and power of Christ is able set such people free in the name of Jesus. နတ်ဆိုးစွဲသောသူအထဲမှ နတ်ဆိုးများကိုနှင်ထုတ်ခြင်း၊ လူသည်နတ်ဆိုးအားဖြင့် ဖိနှိပ်ခံရခြင်း (စိတ်အ နှောက်အယှက်ဖြစ်ခြင်း)၊ စိတ်ဖိစီးခံရခြင်း (စိတ်ခံစားမှုဖြစ်ခြင်း) သို့မဟုတ် ပိုင်ဆိုင်ခြင်း (ဆန္ဒသဘော ထား) ခံရပြီး ထိုအရာမှလွှတ်မြောက်ရန်လိုအပ်ပါသည်။ တပည့်တော်တို့သည် ခရစ်တော်အားဖြင့်လည်း ကောင်း၊ ခရစ်တော်၏နာမတော်နှင့်တန်ခိုတော်အားဖြင့်လည်းကောင်း အာဏာတော်နှင့်တန်ခိုးတော်ကို ရရှိပြီး ယေရှု၏နာမတော်နှင့်လူတို့ကိုလွှတ်မြောက်စေနိုင်ပါသည်။ နတ်ဆိုးအကြီးကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် (casteth out devils) သည်ဟု ပြောဆိုကြ၏။ ... မ၊ ၉:၃၄ - Matt 9:34 နတ်ဆိုးမင်းကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် (devils casteth) သည်ဟု၊ ... မာ၊ ၃:၂၂ - Mark 3:22ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် (casting out devils) သောသူ၊ ... မာ၊ ၉:၃၈ - Mark 9:38ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် (casting out devils) သော၊ ... လု၊ ၉:၄၉ - Luke 9:49စကားအသောနတ်ဆိုးကို နှင်ထုတ် (casting out devils) တော်မူ၍၊ ... လု၊ ၁၁:၁၄ - Luke 11:14
catechismဓမ္မပုစ္ဆာဝိသဇ္ဇနာA way of teaching the key truths of the Bible through using questions and answers; often this training was given to older children to prepare them for baptism, church membership, or the right to take communion. သမ္မာကျမ်းစာ၏အမှန်တရားကို အမေးအဖြေနည်းလမ်းဖြင့်သွန်သင်ခြင်း၊ နှစ်ခြင်းမင်္ဂလာခံယူတော့မည့် ဆယ်ကျော်သက်လူငယ်များ၊ အသင်းသားများ သို့မဟုတ် ပွဲတော်မင်္ဂလာဝတ်ခံယူမည့်သူများအတွက် ဤ နည်းလမ်းဖြင့် သင်ကြားပို့ချပေးပါသည်။
causeအမှု၊ အကြောင်းFor this reason, or root, the foundation of. DTP We are taught that everything has a cause and effect. Paul tells us that whatever we sow we will also reap. What kind of treasure are you laying up in heaven each day? Our rewards from Christ will come to us on the basis of what we have done here on earth. ဤအကြောင်းကြောင့်၊ သို့မဟုတ် အကြောင်းအရင်း၊ အခြေခံအကြောင်း။ အရာအားလုံးသည် အကျိုး အကြောင်းနှင့်သက်ရောက်မှုရှိပါသည်။ မိမိစိုက်သည့်အတိုင်းရိတ်ရမည်ဟု ရှင်ပေါလုသွန်သင်ထားပါ သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်တွင် မည်သည့်ဘဏ္ဌာများကို နေ့စဉ်သိုထားသနည်း။ ခရစ် တော်ထံမှရရှိမည့်ဆုလဒ်သည် ဤလောကတွင်ကျွန်ုပ်တို့လုပ်ဆောင်သောအရာပေါ်တွင်မူတည်ပါသည်။ သူတို့အမှု (cause) ကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ထားလေ၏။ ... တော၊ ၂၇:၅ - Num 27:5ကိုယ်တိုင်မစီရင်တတ်သောအမှု (cause) ကို၊ ... တရား၊ ၁:၁၇ - Deut 1:17ကိုယ်အမှု (cause) ကို ဘုရားသခင်၌အပ်မည်။ ... ယောဘ၊ ၅:၈ - Job 5:8အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသော (cause) သူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ ... ဆာ၊ ၃၅:၁ - Ps 35:1အကြောင်း(cause) မရှိဘဲ အကျွန်ုပ်ကိုမုန်းသောသူတို့သည်၊ ... ဆာ၊ ၆၉:၄ (ယော၊ ၁၅:၂၅) - Ps 69:4 (John 15:25)ထာဝရဘုရားသည် ဆင်းရဲသောသူ၏အမှု(cause) ကိုစောင့်၍၊ ... ဆာ၊ ၁၄၀:၁၂ - Ps 140:12ဆင်းရဲငတ်မွတ်သောသူတို့၏အမှု (cause) ကို စောင့်လော့။ ... သု၊ ၃၁:၉ - Prov 31:9ထိုအကြောင်း(cause) ကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ... မ၊ ၁၉:၅ - Matt 19:5သေထိုက်သောအပြစ်တစ်စုံတစ်ခု(cause) မျှ သူ၌ငါမတွေ့။ ... လု၊ ၂၃:၂၂ - Luke: 23:22အကြောင်း(cause) ရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။ ... ယော၊ ၁၂:၂၇ - John 12:27သမ္မာတရားဘက်၌သက်သေခံခြင်းငှာ …. ဤလောကသို့ကြွလာပြီ။ ... ယော၊ ၁၈:၃၇ - John 18:37 (No direct word)ထိုအကြောင်း(cause) ကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ ... ၁ကော၊ ၁၁:၃၀ - 1 Cor 11:30ထိုကြောင့် (cause) ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏။ ... ၂ကော၊ ၄:၁၆ - 2 Cor 4:16ထိုအကြောင်း(cause) ကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သော၊ ... ဧ၊ ၃:၁ - Eph 3:1အထက်ဆိုခဲ့ပြီးသော အကြောင်း(cause) ကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်၊ ... ဧ၊ ၃:၁၄ - Eph 3:14ထာဝရအသက်အလိုငှာ(cause) …. လိုက်စရာပုံသက်သေဖြစ်စေခြင်းငှာ၊... ၁တိ၊ ၁:၁၆ - 1 Tim 1:16ထိုအကြောင်းကြောင့် လူတို့ရှေ့၌ကိုယ်ခန္ဓာအားဖြင့်၊ ... ၁ပေ၊ ၄:၆ - 1 Pet 4:6
cease / ceasingငြိမ်းခြင်း၊ ပြတ်သွားခြင်းTo stop doing, to bring to an end, to break off or conclude, to finish, to refrain from or terminate. DTP The disciple cannot live in two worlds; when giving one's life to Christ the old ways of the world must be terminated. We are called to cease from our wicked ways and live according to God's will. အလုပ်ကိုရပ်တန့်ခြင်း၊ အဆုံးသတ်ခြင်း၊ ပြတ်အောင်လုပ်ခြင်း သို့မဟုတ် နိဂုံးချုပ်ခြင်း၊ ပြီးဆုံးခြင်း၊ ထိန်း သိမ်းလိုက်ခြင်း သို့မဟုတ် အပြီးသတ်လိုက်ခြင်း။ ကျွန်ုပ်တို့သည် လောကကြီးနှစ်ခုတွင် အသက်ရှင်၍မရ နိုင်ပါ။ ခရစ်တော်ကို မိမိအသက်တာပေးအပ်ပြီးအသက်ရှင်လျှင် လောကအသက်တာကိုနိဂုံးချုပ်လိုက်ရ မည်ဖြစ်သည်။ ကျွနု်ပ်တို့၏အားနည်းခြင်းများကိုအဆုံးသတ်လိုက်ပြီး ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင်ရန် ဖိတ်ခေါ်ခြင်းခံရပါသည်။ သင့်နေရာပြည်၌ ဆင်းရဲသားမပြတ် (cease) ရ။ ... တရား၊ ၁၅:၁၁ - Deut 15:11အကျွန်ုပ်တို့အဖို့ အစဉ်မပြတ် (Cease) ဆုတောင်းပါလော့ဟု၊ ... ၁ရာ၊ ၇:၈ - 1 Sam 7:8ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတား(cease) ကြ၏။ ... ဧဇ၊ ၄:၂၃ - Ezra 4:23သူတော်ကောင်းမျိုးသည်ပြတ်(ceaseth) ၍ သစ္စာရှိသောလူမျိုးသည်၊ ... ဆာ၊ ၁၂:၁ - Ps 12:1အမျက်မထွက်(Cease) စေနှင့်။ ... ဆာ၊ ၃၇:၈ - Ps 37:8သွန်သင်သောသူ၏စကားကို နားမထောင် (Cease) နှင့်။ ... သု၊ ၁၉:၂၇ - Prov 19:27ရန်တွေ့ခြင်းကို ငြိမ်း(cease) စေသောသူသည်၊ ... သု၊ ၂၀:၃ - Prov 20:3ကိုယ်ဉာဏ်ကို အမှီမပြု(cease) နှင့်။ ... သု၊ ၂၃:၄ - Prov 23:4မကောင်းသောအကျင့်ကို ဖြတ်(cease) ကြလော့။ ... ဟေရှာ၊ ၁:၁၆ - Isa 1:16 သူ့အဖို့ကြိုးစား(ceasing) ၍ ဘုရားသခင်ကိုဆုတောင်းပတ္ထနာပြုကြ၏။ ... တ၊ ၁၂:၅ - Acts 12:5အစဉ်မပြတ်(ceasing) ဆုတောင်းပတ္ထနာပြုသည်ဟု၊ ... ရော၊ ၁:၉ - Rom 1:9လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်းပယ်ရှင်း(ceased) လျက်ရှိ၏။ ... ဂလာ၊ ၅:၁၁ - Gal 5:11ကျေးဇူးတော်ကို အစဉ်မပြတ် (Cease) ချီးမွမ်းလျက်၊ ... ဧ၊ ၁:၁၆ - Eph 1:16အစဉ်မပြတ(cease) ဆုတောင်းပတ္ထနာပြုလျက်နေကြ၏။ ... ကော၊ ၁:၉ - Col 1:9တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် (ceasing) အောက်မေ့လျက်၊ ... ၁သက်၊ ၁:၃ - 1 Thes 1:3ဘုရားသခင်၏ နှုတ်ကပတ်တရားကို …. အစဉ်မပြတ်(ceasing) ချီးမွမ်းကြ၏။ ... ၁သက်၊ ၂:၁၃ - 1 Thes 2:13 မခြားမလပ် (ceasing) ဆုတောင်းပတ္ထနာပြုကြလော့။ ... ၁သက်၊ ၅:၁၇ - 1 Thes 5:17ဒုစရိုက်တို့နှင့် လွတ်ငြိမ်း(ceased) သည်ဖြစ်၍၊ ... ၁ပေ၊ ၄:၁ - 1 Pet 4:1
celebrateပွဲခံThe act of rejoicing about an event that has occurred. It is taking time to be happy in one's mind and heart. An emotion of great thankfulness toward the Lord; to be making merry with others or to be jubilant. ပွဲတော်တစ်စုံတစ်ခုအတွက် ဝမ်းမြောက်စွာလုပ်ဆောင်ခြင်း။ တစ်စုံတစ်ဦး၏စိတ်နှင့်နှလုံးသားအတွင်း ဝမ်းမြောက်ပျော်ရွှင်စွာအချိန်ယူလုပ်ဆောင်ခြင်းဖြစ်သည်။ အောင်မြင်မှုတစ်ရပ်ကြောင့် ဘုရားသခင်ထံ စိတ်လှုပ်ရှားစွာဖြင့် အခြားသူများနှင့်အတူ ကြီးမြတ်သောကျေးဇူးတော်ကိုချီးမွမ်းခြင်းဖြစ်သည်။ ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့် (celebrate) ရမည်၊ ... ဝတ်၊ ၂၃:၃၂ - Lev 23:32ထိုပွဲတော်ကို သတ္တမလ၌ခံ (celebrate) ရကြမည်။ ... ဝတ်၊ ၂၃:၄၁ - Lev 23:41သေနေသောသူသည် ဂုဏ်တော်ကိုထောမနာသီချင်းမဆို (celebrate) ရပါ။ ... ဟေရှာ၊ ၃၈:၁၈ - Isa 38:18
centurionတပ်မှူးA commander of one hundred soldiers in the Roman army; a centurion had come to ask Jesus to heal his servant, but then makes an astounding statement that just amazed Jesus, having come from a Gentile (this man knew the power of authority); Jesus states, "Truly truly, I say unto you, I have not found so great faith, no, not in Israel" (Matt 8:5-13). ရောမစစ်သည်တော်တစ်ရာကိုအုပ်ချုပ်ရသော တပ်မှူးဖြစ်သည်။ ရောမတပ်မှူးတစ်ဦးသည် မိမိ၏ တပည့်တစ်ဦးကိုကုသပေးရန် ယေရှုကိုတောင်းဆိုသည်။ တစ်ပါးအမျိုးသားဖြစ်သောထိုတပ်မှူး၏ ယုံ ကြည်ခြင်းကို သခင်ယေရှုလွန်စွာအံ့ဩခဲ့သည်။ (သူသည် သခင်ယေရှု၏တန်ခိုးအာဏာတော်ကိုသိနေ သည်)။ သခင်ယေရှုက ‘’ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ ပင် ငါမတွေ့ဖူးသေး’’ ဟု မိန့်တော်မူသည် (မ၊ ၈:၅-၁၃)။ တပ်မှူး(centurion) တစ်ယောက်သည် အထံတော်သို့လာ၍၊ ... မ၊ ၈:၅ (၈:၈၊ ၁၃) - Matt 8:5 (8:8, 13)တပ်မှူး(centurion) သည် မိမိအဆွေတို့ကိုစေလွှတ်၍၊ ... လု၊ ၇:၆ - Luke 7:6သူတော်ကောင်းတည်းဟူသော တပ်မှူး(centurion) ကော်နေလိသည်၊ ... တ၊ ၁၀:၂၂ - Acts 10:22အာလေဇန္ဒြိသင်္ဘောကို တပ်မှူး(centurion) သည်တွေ့၍၊ ... တ၊ ၂၇:၆ - Acts 27:6
chaffဖွဲThe outer skin of the grain; the wind is used to separate the grain from the chaff; it also can represent the spiritual condition of some people's lives; chaff is worthless and has no value (Matt 3:12). စပါးအခွံ၊ လေသည် စပါးနှင့်အဖျင်း (ဖွဲ) ကို ခွဲခြားလေ့ရှိသည်။ ဤအမှုအရာသည် အချို့သောသူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်။ ဖွဲသည် အသုံးပြု၍မရ၊ တန်ဖိုးမရှိသောအရာဖြစ်သည်။ လေတိုက်၍လွင့်သော ဖွဲ (chaff) နှင့်တူကြ၏။ ... ဆာ၊ ၁:၄ - Ps 1:4ထိုသူတို့သည် လေတိုက်သောဖွဲ (chaff) ကဲ့သို့ ဖြစ်ကြပါစေသော။ ... ဆာ၊ ၃၅:၅ - Ps 35:5အလုံးအရင်းသည် လွင့်သွားသောဖွဲ (chaff) ကဲ့သို့လည်းကောင်းဖြစ်၍၊ ... ဟေရှာ၊ ၂၉:၅ - Isa 29:5အဖျင်း(chaff) သည် စပါးနှင့်အဘယ်သို့ဆိုင်သနည်းဟု၊ ... ယေ၊ ၂၃:၂၈ - Jer 23:28ကောက်နယ်တလင်းမှ လေပွေတိုက်သွားသောဖွဲ(chaff) ကဲ့သို့လည်းကောင်း၊ ... ဟော၊ ၁၃:၃ - Hos 13:3အဖျင်း(chaff) ကိုကား မငြိမ်းနိုင်သောမီးနှင့်ရှို့တော်မူလတ္တံ့ဟု၊ ... လု၊ ၃:၁၇ - Luke 3:17
championအောင်မြင်သူ၊ သူရဲ၊ ရပ်တည်ကာကွယ်ပေးသူOne who is a winner, having defended their principles or goals, and has become the victor. DTP In Christ we can become the champion over our enemies. The disciple is an overcomer, not in their own ability or strength, but is a champion because of Christ's presence within their heart. အောင်မြင်သူ၊ ပန်းတိုင်ကိုကာကွယ်ပေးပြီး အောင်မြင်သူဖြစ်လာသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ မိမိ တို့၏ရန်သူတို့ကိုအောင်သောသူဖြစ်လာသည်။ တပည့်တော်တို့သည် မိမိတို့နှလုံးသားတွင်ခရစ်တော်ရှိနေ သဖြင့် အောင်မြင်သောသူဖြစ်လာကြသည်။ မိမိ၏ကိုယ်ပိုင်အရည်အချင်း၊ မိမိ၏ကိုယ်ပိုင်ခွန်အားဖြင့် အောင်မြင်ခြင်းမဟုတ်ပါ။ ဂေါလျတ်အမည်ရှိသောသူရဲ (champion) သည် ဖိလိတ္တိတပ်ထဲက၊ ... ၁ရာ၊ ၁၇:၄ - 1 Sam 17:4ဂေါလျတ်အမည်ရှိသောသူရဲ (champion) သည် ဖိလိတ္တိတပ်ထဲက၊ ... ၁ရာ၊ ၁၇:၂၃ - 1 Sam 17:23ဖိလိတ္တိလူတို့သည် သူတို့၏သူရဲ (champion) သေကြောင်းကို၊ ... ၁ရာ၊ ၁၇:၅၁ - 1 Sam 17:51
change / changedပြောင်းလဲခြင်းBecoming different from the original. We are transformed into something new. DTPChrist tells us that in Him, one can become a new creation, old things have passed away. Transformation brings change to the heart, mind and body. There is a complete makeover; you are no longer the same. မူရင်းနှင့်ခြားနားသွားခြင်းဖြစ်သည်။ အသစ်သောအခြေအနေသို့ ပြောင်းလဲသွားသည်။ ခရစ်တော်က မိမိ အားဖြင့်အသစ်သောသတ္တဝါဖြစ်ပြီး ဟောင်းသောအရာတို့သည်ပြောင်းလဲသွားကြပြီ။ ပုံသဏ္ဌာန်ပြောင်း လဲခြင်းသည် နှလုံးသား၊ စိတ်နှင့်ခန္ဓာကိုလည်း ပြုပြင်ပြောင်းလဲပေးသည်။ သင်သည် ယခင်နှင့်မတူတော့ ဘဲ အလုံးစုံပြောင်းလဲသွားပြီဖြစ်သည်။ ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်း(changed) ရှိကြသော်လည်း၊ ... ဆာ၊ ၁၀၂:၂၆ (ဟေဗြဲ ၁:၁၂) - change them, and they shall be changed: Ps 102:26 (Heb 1:12)သူတို့၏ဘုန်းကိုလဲ(changed) ၍ မြက်ကိုစားသောနွား၏ပုံသဏ္ဌာန်ကို၊ ... ဆာ၊ ၁၀၆:၂၀ - Ps 106:20သူတို့၏ဘုန်းကို ငါအရှက်ကွဲစေမည်။ ... ဟော၊ ၄:၇ - Hos 4:7 (No word for change) ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်း(change) မရှိ။ ... မာလ၊ ၃:၆ - Mal 3:6မောရှေအပ်ပေးသောထုံးနည်းဥပဒေကို ပြောင်းလဲ(change) စေမည်ဟု၊ ... တ၊ ၆:၁၄ - Acts 6:14 သူတို့သည် မှန်သောဘုရားသခင့်အရာ၌အမှားကိုထားလျက်၊ ... ရော၊ ၁:၂၅ - Rom 1:25 (Not exact word)ငါတို့ရှိသမျှသည် ပြောင်းလဲခြင်း(changed) သို့ရောက်ရကြမည်။ ... ၁ကော၊ ၁၅:၅၂ - 1 Cor 15:51ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း(changed) ရှိရကြ၏။ ... ၂ကော၊ ၃:၁၈ - 2 Cor 3:18မိမိအောက်၌ နှိမ့်ချနိုင်တော်မူသောပြုပြင်(change) အားထုတ်ခြင်းအားဖြင့်၊ ... ဖိ၊ ၃:၂၁ - Phil 3:21ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲ(changed) လျှင်၊ ... ဟေဗြဲ၊ ၇:၁၂ - Heb 7:12
character / experienceဝိသေသလက္ခဏာ၊ သက်သေထင်ရှားခြင်းNature, quality, temperament, personality. DTP For the disciple it can be an attitude that we show to others. The King James Bible uses the word "experience". သဘာဝတရား၊ အရည်အချင်း၊ စိတ်နေသဘောထား၊ ကိုယ်ရည်ကိုယ်သွေး။ ယုံကြည်သူများအနေဖြင့် သူ တစ်ပါးအပေါ်ထားသောစိတ်နေသဘောထားဖြစ်သည်။ သမ္မာကျမ်းစာတွင် ‘’သက်သေထင်ရှားခြင်း’’ ဟု သုံးနှုံးထားသည်။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်း (character) ကိုပြုစုတတ်၏။ ... ရော၊ ၅:၄ - Rom 5:4 (NASB)
characteristicsထူးခြားသောပင်ကိုယ်လက္ခဏာIndividuality, uniqueness, self, personality, behaviour; habits that one naturally exercises. DTP The disciples are to have the characteristics or personality of Jesus Christ. We shall be like him; 1 John 3:2 ပင်ကိုယ်လက္ခဏာ၊ ပြိုင်ဘက်ကင်းခြင်း၊ ကိုယ်တိုင်၊ ကိုယ်ရည်ကိုယ်သွေး၊ ပြုမူကျင့်ကြံပုံ၊ တစ်စုံတစ်ဦး၏ ပင်ကိုယ်အလေ့အကျင့်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ထူးခြားသောပင်ကိုယ်လက္ခဏာနှင့် ကိုယ် ရည်ကိုယ်သွေးရှိရမည်ဖြစ်သည်။ ကိုယ်တော်နှင့်တူရကြမည် (၁ယော ၃:၂)။