anoint / anointest / anointedဘိသိက် / ဘိသိက်ခံTo rub with oil, smear on; Set apart, to have the presence of God on and in the person; to appoint to an office, to accept, take, receive, bear, endure, sustain, for the work of service under God. Often oil was used to symbolize the presence of God being moved from one person to another, the Holy Spirit was symbolized also as anointing oil for setting someone apart for ministry and for the prayer of healing (James 5:14). DTP Whatever the disciple does should be anointed by the Holy Spirit and, secondly, God uses people to anoint us with oil as a symbol to others that we have been set aside for God's service. We are not to serve with our own power and strength but with the power and strength that come through the anointing of the Holy Spirit. ဆီနှင့်လိမ်းသည်၊ စေးထန်သောအရာနှင့်သုတ်လိမ်းသည်၊ ဆီသည်ဘုရားသခင်၏တည်ရှိနေမှုကို ပုံဆောင်ပြီး လူတစ်ဦးမှတစ်ဦးထံရွေ့ရှားသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘိသိတ်ဆီအဖြစ် ပုံဆောင်ပြီး အမှုတော်မြတ်အတွက်သီးသန့်ထားရှိခြင်းနှင့် ရောဂါပျောက်ကင်းရန်အတွက်ဆုတောင်ခြင်း ဖြစ်သည် (ယာ ၅:၁၄)။ ယုံကြည်သူတို့၏လုပ်ဆောင်မှုတိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ဘိသိတ် ပေးခြင်းလိုအပ်ပါသည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ဆီလူးဘိသိတ်ပေးခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်မြတ်အတွက်သီးသန့်ထားရှိခြင်းကို ပုံဆောင်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏တန်ခိုး၊ ခွန်အား ဖြင့်အမှုတော်ဆောင်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ ဘိသိတ်ပေးခြင်းတန်ခိုးခွန်အားတို့ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ သူတို့ကို ဆီနှင့်လိမ်း(anoint)သဖြင့် အရာ၌ခန့်ထား၍၊ ... ထွ၊ ၂၈:၄၁ လိမ်းစရာဆီကိုယူ၍ သူ၏ ခေါင်းပေါ်၌ လောင်းသဖြင့်သူ့ကိုလိမ်း(anoint) ရမည်။ ... ထွ၊ ၂၉:၇အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံ(anointed) သောနေ့မှစ၍၊ ... ဝတ်၊ ၆:၂၀ သူသည် ငါ့ထံ၌ ဘိသိက်ခံ(anointed) သောသူရှေ့မှာ အစဉ်သွားလာရလိမ့်မည်။ ... ၁ရာ၊ ၂:၃၅ ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်း(anointed)လေ၏။ ... ၁ရာ၊ ၁၀:၁ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေး (anointed) လေ၏။ ... ၁ရာ၊ ၁၆:၁၃ ယုဒလူတို့သည် လာ၍ဘိသိက်ပေး (anointed) သဖြင့် ဒါဝိဒ်ကို၊ ... ၂ရာ၊ ၂:၄ ငါ့ထံ၌ ဘိသိက်ခံ(anointed) သောသူတို့ကို မထိမခိုက်နှင့်။ ... ၅ရာ၊ ၁၆:၂၂အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်း(anointest) တော်မူ၏။ ... ဆာ၊ ၂၃:၅ အထံတော်၌ ဘိသိက်ခံ(anointed) သောသူ၏ ကယ်တင်ခြင်းအကြောင်းကို ... ဆာ၊ ၂၈:၈ ဝမ်းမြောက်စရာသတင်းကို …. ငါ့ကိုဘိသိက်(anointed) ပေးတော်မူပြီ။ ... ဟေရှာ၊ ၆၁:၁ (လု၊ ၄:၁၈) ကိုယ်တော်ပေးတော်မူ၍ ဘိသိက်ခံ(anointed) သောသူတို့ကို၊ ... ဟဗ၊ ၃:၁၃ ထင်ရှားစေခြင်းငှာ၊ခေါင်းကိုလိမ်းကျံ(anoint) လော့။... မ၊ ၆:၁၈ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး(anointed) ၍ အနာကို ငြိမ်းစေကြ၏။ ... မာ၊ ၆:၁၃ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့်လိမ်း(anointed) လျက်နေလေ၏။ ... လု၊ ၇:၃၈ နာဇရက်မြို့သား ယေရှုကို ဘိသိက်(anointed) ပေးတော်မူသဖြင့်၊ ... တ၊ ၁၀:၃၈ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်(anointed) ပေးတော်မူပြီဟု၊ ... ဟေဗြဲ၊ ၁:၉ (ဆာ၊ ၄၅:၇)

Leave a Reply

Your email address will not be published. Required fields are marked *