confess / confessed / confessionတောင်းပန်Admit, plead guilty, acknowledge, declare, apologize. DTP To be released from the guilt of sin and its punishment, one must put one's trust and faith totally in Christ, and we must confess our sins to Christ and, when we do, He saves us from eternal damnation; We must confess with our mouth and believe in our hearts (Rom 10:9-10). Confessed, Ezr 10:1; Neh 9:3; confession Ezr 10:1, 11; I John 1:9; admission, declaration, an act of the will that all must make to Christ if they hope to have eternal life. ဝန်ခံသည်၊ အသနားခံသည်၊ လက်ခံသည်၊ တရားဝင်ကြေညာသည်၊ တောင်းပန်သည်။ အပြစ်နှင့်တရား စီရင်ခြင်းမှလွတ်မြောက်ရန် လူသည် ခရစ်တော်၌အကုန်အစင်ယုံကြည်ရမည်။ ခရစ်တော်ထံ မိမိအပြစ် ကိုတောင်းပန်ရမည်၊ ထိုသို့ပြုလျှင် ထာဝရငရဲမှလွတ်မြောက်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည်နှုတ်ဖြင့် ဝန်ခံပြီး စိတ်နှလုံးဖြင့်ယုံကြည်ရမည်ဖြစ်သည် (ရော၊ ၁၀:၉-၁၀)။ တောင်းပန် - ဧဇ၊ ၁၀:၁။ နေ၊ ၉:၃။ တောင်းပန်ခြင်း - ဧဇ၊ ၁၀:၁၊ ၁၁။ ၁ယော၊ ၁:၉။ ဝန်ခံခြင်း၊ တရားဝင်ကြေညာခြင်း၊ ဝန်ချခြင်း။ ထာဝရအသက်ကိုရလိုပါလျှင် ခရစ်တော်ကိုယုံကြည်ကြောင်းဝန်ခံရမည်ဖြစ်သည်။ထိုအပြစ်ကို ဖော်ပြတောင်းပန် (confess) ရမည်။ ... ဝတ်၊ ၅:၅ - Lev 5:5မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံ (confess) လျှင်၊ ... ဝတ်၊ ၂၆:၄၀ - Lev 26:40ထိုအပြစ်ကို ဖော်ပြ၍တောင်းပန် (confess) ရမည်။ ... တော၊ ၅:၇ - Num 5:7ထာဝရဘုရားကိုချီးမွမ်း၍ …. ကိုယ်အပြစ်ကိုဖော်ပြတောင်းပန် (confession)၊ ... ယောရှု၊ ၇:၁၉ - Josh 7:19ဘုရားသခင်ထာဝရဘုရားအား တောင်းပန် (confession) ကြလော့။ ... ဧဇ၊ ၁၀:၁၁ - Ezra 10:11ကိုယ်အပြစ်နှင့်ဘိုးဘေးတို့၏အပြစ်များကို ဖော်ပြတောင်းပန် (confessed) ကြ၏။ ... နေ၊ ၉:၂ - Neh 9:2အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချ (confess) ပါ၏။ ... ဆာ၊ ၃၂:၅ - Ps 32:5မိမိတို့အပြစ်များကို ဖော်ပြ (confessing) လျက်၊ ... မ၊ ၃:၆ - Matt 3:6ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံ (confess) မည်။ ... မ၊ ၁၀:၃၂ - Matt 10:32 Luke 12:8?? မိမိတို့အကျင့်ကို ဖော်ပြလျက်တောင်းပန် (confessed) ကြ၏။ ... တ၊ ၁၉:၁၈ - Acts 19:18သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ (confess) ၍၊ ... ရော၊ ၁၀:၉ - Rom 10:9ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည် (confession) ရ၏။- ... ရော၊ ၁၀:၁၀ - with the mouth confession is made unto salvation. Rom 10:10 (not direct word)တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်း(confess) ၍၊ ... ရော၊ ၁၅:၉ - Rom 15:9 (not direct word)ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံ (confess) သဖြင့်၊ ... ဖိ၊ ၂:၁၁ - Phil 2:11တစ်ယောက်နှင့်တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန် (Confess) ကြလော့။ ... ယာ၊ ၅:၁၆ - James 5:16 ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန် (confess) လျှင်၊ ... ၁ယော၊ ၁:၉ - 1 John 1:9လူဇာတိအားဖြင့်ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံ (confesseth) သော၊ ... ၁ယော၊ ၄:၂ - 1 John 4:2ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ဝန်ခံ (confess) သောသူ၊... ၁ယော၊ ၄:၁၅ - 1 John 4:15

Leave a Reply

Your email address will not be published. Required fields are marked *