carnal / carnallyဇာတိပကတိIt is showing a way of life outwardly that does not line up with the truth in one's heart. It relates to the things that one does in the flesh. It denotes desires and behaviors that are worldly or sensual in nature. DTP The disciple needs to be careful that he does not become worldly minded. Seeking after the pleasures and ways of the world gets our focus off Christ Jesus. တစ်စုံတစ်ဦး၏အတွင်းစိတ်ရှိအမှန်တရားနှင့်သွေဖီသော ပြင်ပဇာတိစိတ်အသက်တာဖြစ်သည်။ အသွေး အသားနှင့်ဆိုင်သောအရာဖြစ်သည်။ လောကီ သို့မဟုတ် ကာမဂုဏ်နှင့်ပတ်သက်သည့် ဆန္ဒနှင့်အမူ အကျင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကနှင့်ဆိုင်သောအရာကိုသာစွဲလမ်းသောသူမဟုတ်ရန် သတိပြုရ ပါမည်။ လောကအရာကိုသာအာရုံပြုရှာဖွေသူသည် ခရစ်တော်ယေရှု၏လမ်းမှလွဲသွားမည်ဖြစ်သည်။ ငါမူကား ဇာတိပကတိ (carnal) ရှိ၏။ ... ရော၊ ၇:၁၄ - Rom 7:14ဇာတိပကတိ (carnal) စိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ... ရော၊ ၈:၆ - Rom 8:6လောကီဥစ္စာ (carnal) ကိုလှူ၍ လုပ်ကျွေးအပ်၏။ ... ရော၊ ၁၅:၂၇ - Rom 15:27ယခုပင်လည်း၊ ဇာတိပကတိ (carnal) လူဖြစ်ကြသေး၏။ ... ၁ကော၊ ၃:၃ - 1 Cor 3:3 ဇာတိပကတိ (carnal) လူဖြစ်ကြသည် မဟုတ်လော။ ... ၁ကော၊ ၃:၄ - 1 Cor 3:4ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိ (carnal) လက်နက်မဟုတ်။ ... ၂ကော၊ ၁၀:၄ - 2 Cor 10:4ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာ (carnal) နှင့်စပ်ဆိုင်သောတရားအတိုင်း၊ ... ဟေဗြဲ၊ ၇:၁၆ - Heb 7:16ကိုယ်ခန္ဓာ (carnal) နှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ၊ ... ဟေဗြဲ၊ ၉:၁၀ - Heb 9:10

Leave a Reply

Your email address will not be published. Required fields are marked *