accept / acceptableနှစ်သက်/လက်ခံTo receive, to take unto one self, to agree. DTP As disciples we need to accept our fellow brothers and sisters in Christ, plus we need to be willing to accept the leading of the Holy Spirit in our lives. To accept, is take on the responsibility of what you have been given charge over; to accept is also to agree to, to commit to doing it. We also need to bring all that we are as a disciple so that we can become acceptable as His child. လက်ခံသည်၊ ယူသည်၊ သဘောတူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ညီတစ်ကိုမောင်နှမများကိုလက်ခံ ပြီး အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကိုခံယူရပါမည်။ လက်ခံခြင်းသည် မိမိအား ပေးအပ်သောတာဝန်ကိုဝန်တာထားလုပ်ဆောင်ခြင်းဖြစ်သည်။ သဘောတူညီခြင်းဖြစ်သည်။ ဆက်ကပ် လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ရှိသမျှအရာအားလုံးကိုယူဆောင်လာခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် လက်ခံရရှိမည်ဖြစ်သည်။ ကောင်းချီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံ(accept) တော်မူပါ။ ... တရား၊ ၃၃:၁၁သုခချမ်းသာကို ခံယူ(accept) သည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံယူ(accept)ရာသလောဟုဆို၏။ ... ယောဘ၊ ၂:၁၀စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်(acceptable) ဖြစ်ပါစေသော။ ... ဆာ၊ ၁၉:၁၄ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သကာတို့ကို နှစ်သက်(accept) တော်မူပါ၏။ ... ဆာ၊ ၁၁၉:၁၀၈နှစ်သက်(acceptable) ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ... ဟေရှာ၊ ၄၉:၈ ထာဝရဘုရား၏မင်္ဂလာ(acceptable) နှစ်နှင့်၊ ငါတို့ဘုရား သခင် ... ဟေရှာ၊ ၆၁:၂အကျွန်ုပ်တောင်းပန်သောစကားကို နားခံ(accepted) တော်မူပါ။ ... ယေ၊ ၃၇:၂၀တရားစကားကို ကြား၍ခံယူ(accept)သဖြင့်၊ ... မာ၊ ၄:၂၀ဘုရားသခင်နှစ်သက်(acceptable) တော်မူဖွယ်သော လက္ခဏာနှင့်၊ ... ရော၊ ၁၂:၁ကောင်းမြတ်သောအရာ၊ နှစ်သက်(acceptable) ဖွယ်သောအရာ၊ ... ရော၊ ၁၂:၂သင်တို့ကို လက်ခံ(accepted)တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံ (accept) ကြလော့။ ... ရော၊ ၁၅:၇နှစ်သက်ဖွယ်သော (accepted) အချိန်၌ ... ယခုပင်နှစ်သက်ဖွယ်သော(accepted)အချိန် ရှိ၏။ ... ၂ကော၊ ၆:၂ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်(accepted)အကြောင်း၊ ... ဧ၊ ၁:၆သခင်ဘုရားနှစ်သက်(acceptable) တော်မူသော အရာသည်၊ ... ဧ၊ ၅:၁၀အရှင်ဘုရားသခင် နှစ်သက်(acceptable) တော်မူသောအမှုလည်း ဖြစ်၏။ ... ၁တိ၊ ၂:၃ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူး(acceptable) ရှိ၏။ ... ၁ပေ၊ ၂:၂၀

Leave a Reply

Your email address will not be published. Required fields are marked *