conversion / convert / convertedပြောင်းလဲTransformation, change, change of heart, regeneration, create anew. DTP When we receive Christ into our hearts we become new creations; we are transformed from death to eternal life in Christ; we convert from an old way of life to a new life filled by the Holy Spirit. ပြုပြင်ပြောင်းလဲခြင်း၊ ပြောင်းလဲခြင်း၊ နှလုံးသားပြောင်းလဲခြင်း၊ အသစ်ဖြစ်ပွားခြင်း၊ အသစ်ဖန်ဆင်း ခြင်း။ မိမိနှလုံးသားထဲတွင်ခရစ်တော်ကိုလက်ခံသောအခါ အသစ်သောလူဖြစ်လာပါသည်။ သေခြင်းမှ သည် ခရစ်တော်၌ထာဝရရှင်ခြင်းသို့ပြောင်းလဲသွားပါသည်။ ဟောင်းသောအရာမှပြောင်းလဲပြီး သန့်ရှင်း သောဝိညာဉ်တော်ပြည့်ဝခြင်းအားဖြင့် အသစ်သောအသက်တာကိုရရှိလာပါသည်။တရားတော်သည်စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကိုပြုပြင် (converting) တတ်၏။ ... ဆာ၊ ၁၉:၇ - Ps 19:7အပြစ်ရှိသောသူတို့သည် ကိုယ်တော်ထံသို့ ပြန် (converted) ကြပါလိမ့်မည်။ ... ဆာ၊ ၅၁:၁၃ - Ps 51:13စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ (convert)၊ ... ဟေရှာ၊ ၆:၁၀ (မ၊ ၁၃:၁၅။ မာ၊ ၄:၁၂။ ယော၊ ၁၂:၄၀။ တ၊ ၂၈:၂၇) - Isa 6:10 (Matt 13:15; Mark 4:12; John 12:40; Acts 28:27)သင်တို့သည်ပြောင်းလဲ (converted) ၍ သူငယ်ကဲ့သို့မဖြစ်လျှင်၊ ... မ၊ ၁၈:၃ - Matt 18:3စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ (converted)၊ ... ယော၊ ၁၂:၄၀ - John 12:40 နောင်တရ၍ စိတ်ပြောင်းလဲ (converted) ခြင်းသို့ရောက်ကြလော့။ ... တ၊ ၃:၂၀ - Acts 3:19တစ်ပါးအမျိုးသားတို့ ပြောင်းလဲ (conversion) ခြင်းအကြောင်းအရာကို ... တ၊ ၁၅:၃ - Acts 15:3မှားယွင်းသောလမ်းမှ ပြန် (converteth) စေသောသူသည်၊ ... ယာ၊ ၅:၂၀ - James 5:20

Leave a Reply

Your email address will not be published. Required fields are marked *