adversary / adversariesရန်သူOpponent, challenger, rival, enemy, foe, antagonist, opposer; the one who fights against us, as we walk and live for Christ. DTP The disciple must be aware that each day we face an enemy that desires to destroy and kill, to take away life and freedom and to give to people nothing but death and bondage. ပြိုင်ဘက်၊ စိန်ခေါ်သူ၊ ယှဉ်ပြိုင်ဘက်၊ ရန်သူ၊ ရန်လိုသူ၊ ဆန့်ကျင်သူ။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ လျှောက်လှမ်းပြီးအသက်ရှင်စဉ် ကျွန်ုပ်တို့ကိုတိုက်ခိုက်သူ။ ကျွန်ုပ်တို့နေ့စဉ်အသက်ရှင်ရာတွင် ကျွန်ုပ်တို့ ကိုဖျက်ဆီးသတ်ဖြတ်လိုသည့်၊ ကျွန်ုပ်တို့အသက်တာနှင့်လွတ်လပ်မှုကိုယူဆောင်ပြီး သေခြင်းနှင့်ချုပ် နှောင်ခြင်းကိုသာပေးလိုသည့်သူကို သတိထားရပါမည်။ သင့်ကို ဆီးတား(adversaries)သောသူတို့ကိုလည်း ငါဆီးတား(adversary) မည်။ ... ထွ၊ ၂၃:၂၂ကိုယ်တော်၏ရန်သူ(adversaries) တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ... တရား၊ ၃၂:၄၃ ထာဝရဘုရားသည် ရန်သူ(adversaries) တို့ကို ချိုးဖဲ့တော်မူမည်။ ... ၁ရာ၊ ၂:၁၀ ရှောလမုန်၌ ရန်ဘက်(adversary) ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို၊ ... ၃ရာ၊ ၁၁:၁၄ ရန်ဘက်ပြုသော ရန်သူ(adversary) သည် ဤဆိုးညစ်သောဟာမန်၊ ... ဧသ၊ ၇:၆ အို ဘုရားသခင်၊ ရန်သူ(adversary) သည် အဘယ်မျှကာလပတ်လုံး၊ ... ဆာ၊ ၇၄:၁၀ ကိုယ်တော်၏ ရန်သူ(adversaries) တို့သည် နာမတော်ကိုသိ၍၊ ... ဟေရှာ၊ ၆၄:၂ ထာဝရဘုရားသည် ရန်ဘက်(adversaries) ပြုသောသူတို့ကို ဒဏ်ပေး၍၊... နာ၊ ၁:၂ တရားတွေ့ဖက်(adversary) နှင့်အတူ လမ်း၌သွားစဉ်တွင်ပင် သူ၏စိတ်ကို ပြေစေခြင်းငှာ ၊ ... မ၊ ၅:၂၅ ကဲ့ရဲ့စရာအခွင့်ကို ရန်သူ(adversary) အား မပေးဘဲနေခြင်း၊ ... ၁တိ၊ ၅:၁၄ ငြင်းဆန်သောသူ(adversaries) တို့ကို ဖျက်ဆီးဖို့ရာ၊ ... ဟေဗြဲ၊ ၁၀:၂၇ သင်တို့၏ ရန်သူ(adversary) တည်းဟူသော မာရ်နတ်သည်၊ ... ၁ပေ၊ ၅:၈

Leave a Reply

Your email address will not be published. Required fields are marked *