charge / chargedပညတ်ထားခြင်း၊ မှာထားခြင်းTo be blamed or accused of doing or saying something. A personal or formal accusation that can be made against someone. If found guilty, personal revenge or legal actions may be taken against the perpetrator. A charge can also mean a direct command given to someone ... an important responsibility, for example. တစ်စုံတစ်ခုကိုလုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းအပေါ် အပြစ်တင်ခြင်း၊ စွပ်စွဲခြင်း။ တစ်စုံတစ်ဦးအား ဆန့် ကျင်ပြီး ကိုယ်ရေးကိုယ်တာအရသော်လည်းကောင်း၊ တရားဝင်အရသော်လည်းကောင်း စွပ်စွဲပြောဆို ခြင်း။ အပြစ်ကျူးလွန်ကြောင်းတွေ့ရှိလျှင် အပြစ်ကျူးလွန်သူကို ကိုယ်တိုင်လက်စားခြေ၍သော်လည်း ကောင်း၊ တရားနည်းလမ်းအရရင်ဆိုင်၍သော်လည်းကောင်း လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်စုံတစ်ဦး အားတိုက်ရိုက်အမိန့်ပေးခြင်းဟုလည်း အဓိပ္ပာယ်ရသည်။ ဉပမာ - အရေးကြီးသောတာဝန်ပေးအပ်ခြင်း။ ငါစီရင်မှာထား (charge) သောပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု၊ ... က၊ ၂၆:၅ - Gen 26:5လုလင်တို့သည် သင့်ကိုမနှောင့်ယှက်ရမည်အကြောင်း ငါမှာထား (charged) ပြီ။ ... ရု၊ ၂:၉ - Ruth 2:9ရှင်ဘုရင်ထံတော်၌ စစ်သတင်းကိုအကုန်အစင်ကြားလျှောက် (charged) ပြီးလျှင်၊ ... ၂ရာ၊ ၁၁:၁၉ - 2 Sam 11:19အိမ်တော်ကိုတည်ဆောက်ရမည်အကြောင်း မှာထား (charged) လေသည်မှာ၊ ... ၅ရာ၊ ၂၂:၆ - 1 Chr 22:6အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်း မှာထား (charged) တော်မူပြီ။ ... ၆ရာ၊ ၃၆:၂၃ (ဧဇ၊ ၁:၂) - 2 Chr 36:23 (Ezra 1:2)ကောင်းကင်တမန်တို့အား သင့်အဖို့မှာထား (charge) တော်မူသည်ဖြစ်၍၊ ... ဆာ၊ ၉၁:၁၁ (မ၊ ၄:၆။ လု၊ ၄:၁၀) - Ps 91:11 (Matt 4:6; Luke 4:10)ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှာ …. ပညတ်တော်မူ (charged) ၏။ ... မ၊ ၁၆:၂၀ - Matt 16:20ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ (charged) ၍၊ ... မာ၊ ၅:၄၃ - Mark 5:43ဤသူတို့ပြုသောဒုစရိုက်အပြစ်ကို မှတ်တော်မမူ (charge) ပါနှင့်ဟု၊ ... တ၊ ၇:၆၀ - Acts 7:60 ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည်အပြစ်တင် (charge) မည်နည်း။ ... ရော၊ ၈:၃၃ - Rom 8:33 အဘယ်သို့တိုက်တွန်းသွေးဆောင်၍ မှာထား (charged) သည်ကို၊ ... ၁သက်၊ ၂:၁၁ - 1 Thes 2:11သင်သည် အချို့သောသူတို့ကို ပညတ်ထား (charge) ၍၊ ... ၁တိ၊ ၁:၃ - 1 Tim 1:3ကောင်းကင်တမန်တို့ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုသစ္စာ (charge) ပေး၏။ ... ၁တိ၊ ၅:၂၁ - 1 Tim 5:21ယေရှုခရစ်ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုပညတ်ထား (charge) ၏။ ... ၁တိ၊ ၆:၁၄ - 1 Tim 6:13ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ဆည်းပူးခြင်းတို့ကို .... ပညတ်ထား (Charge) လော့။ ... ၁တိ၊ ၆:၁၇ - 1 Tim 6:17ငါသည် သင့်ကိုသစ္စာပေး (charge) သည်ကား၊ ... ၂တိ၊ ၄:၁ - 2 Tim 4:1

Leave a Reply

Your email address will not be published. Required fields are marked *