Browse Bible Dictionary

a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

b


breastplateရင်အုပ်Shell, shield, body armour, a cover to protect the chest and the main organs of the body. DTP We are called to put on the full armour of God and one piece of that armour is the breastplate of righteousness; it covers all our vital organs and when the Father looks at us, He sees that we are covered, not by our righteousness, but Christ's righteousness. အခွံ၊ ဒိုင်းလွှား၊ ချပ်ဝပ်တန်ဆာ၊ ရင်ကိုကာကွယ်သောအကာ၊ ခန္ဓာအတွက်အဓိကကျသောအင်္ဂါအစိတ် အပိုင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ခက်နက်စုံကိုဝတ်ဆင်ရန်ခေါ်ဖိတ်ခံရပြီး ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ထိုရင်အုပ်တန်ဆာသည် ကျွန်ုပ်တို့၏င်္ဂါအစိတ်အပိုင်း အားလုံးကိုအကာအကွယ်ပေးသဖြင့် ကျွန်ုပ်တို့သည် အကာအကွယ်ရှိနေကြောင်းကို ခမည်းတော်ကတွေ့ မြင်မည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ခရစ်တော်၏ဖြောင့်မတ် ခြင်းကြောင့်သာဖြစ်သည်။ရင်ဖွဲ့ (breastplate) ၌ စီစရာကျောက်မြတ်တည်းဟူသော၊ ... ထွ၊ ၂၅:၇ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရင်ကျပ် (breastplate) ကိုဝတ်ဆင်၍၊ ... ဟေရှာ၊ ၅၉:၁၇ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ် (breastplate) တန်ဆာကို၊ ... ဧ၊ ၆:၁၄ချစ်ခြင်းတည်းဟူသော ရင်အုပ် (breastplate) တန်ဆာ၊ ... ၁သက်၊ ၅:၈
brethrenSee the word brother. ညီအစ်ကိုဆိုသောစကားလုံးကိုကြည့်ပါ။
brideမင်္ဂလာဆောင်သတို့သမီးOne who will be married to a groom. DTP The church is the figurative picture of Christ's bride-to-be. The church is being prepared for the day when we will be called before Christ in the marriage supper of the Lamb. What a day of rejoicing that will be. သတို့သားနှင့်မင်္ဂလာဆောင်မည့်သတို့သမီးဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏သတို့သမီးအဖြစ် ပုံဆောင်သည်။ သိုးသငယ်၏မင်္ဂလာဆောင်ညစာစားပွဲတွင် ခရစ်တော်၏ရှေ့တော်မှောက်သို့ခေါ်ဆောင် ခြင်းခံရမည့်အတွက် အသင်းတော်အသင့်ကိုပြင်ဆင်ထားပါသည်။ အလွန်ပျော်စရာကောင်းသောနေ့ပါ တကား။ မင်္ဂလာဆောင်သတို့သမီး(bride) ပြုသည်နည်းတူ၊ ... ဟေရှာ၊ ၄၉:၁၈မင်္ဂလာဆောင်သတို့သမီး(bride) သည် တန်ဆာဆင်သကဲ့သို့၊ ... ဟေရှာ၊ ၆၁:၁၀မင်္ဂလာဆောင်သတို့သမီး(bride) ၌ ဝမ်းမြောက်သကဲ့သို့၊ ... ဟေရှာ၊ ၆၂:၅မင်္ဂလာဆောင်သတို့သမီး(bride) ကို ရသောသူသည်၊ ... ယော၊ ၃:၂၉မင်္ဂလာဆောင်သတို့သမီး(bride) ကဲ့သို့ ပြင်ဆင်လျက်၊ ... ဗျာ၊ ၂၁:၂ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီး(bride) က၊ ... ဗျာ၊ ၂၂:၁၇
bride of Christ / Chaste virgin to Christ ခရစ်တော်၏သတို့သမီးကညာThe church is known as the Bride of Christ; the believers of Christ have been pledged to Christ as His bride, pure and chosen. During the last days the church will be called forth to come to heaven as a bride, to be presented at the marriage supper of the Lamb. အသင်းတော်သည် ခရစ်တော်၏သတို့သမီးကညာဖြစ်သည်။ ယုံကြည်သူတို့သည် ခရစ်တော်သတို့သမီး ကညာအဖြစ်ကတိသစ္စာပြုထားပြီး သန့်ရှင်းစင်ကြယ်စေလျက် ရွေးကောက်ခံခြင်းခံရပါသည်။ နောက် ဆုံးသောနေ့တွင် အသင်းတော်ကိုသတို့သမီးအဖြစ် ကောင်းကင်သို့ခေါ်ဖိတ်ခြင်းခံရမည်ဖြစ်ပြီး သိုးသ ငယ်၏မင်္ဂလာဆောင်ပွဲတွင် ပါဝင်ဆင်နွဲရမည်ဖြစ်သည်။သီလနှင့်ပြည့်စုံသော သတို့သမီးကညာ (chaste virgin to Christ) ကဲ့သို့၊ ... ၂ကော၊ ၁၁:၂
bridegroomမင်္ဂလာဆောင်လုလင်One who will be married to a bride. DTP Christ is pictured in the New Testament as the bridegroom; in the last days He will come for His bride the Church, and the culmination will take place at the marriage supper of the Lamb (Rev 19:7-9). သတို့သမီးနှင့်မင်္ဂလာဆောင်မည့်လုလင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်ခရစ်တော်ကို မင်္ဂလာဆောင်လုလင် အဖြစ်ပုံဆောင်ထားသည်။ နောက်ဆုံးသောနေ့တွင် မင်္ဂလာဆောင်လုလင်သည် မိမိ၏သတို့သမီးဖြစ် သောအသင်းတော်အတွက်ကြွလာမည်ဖြစ်ပြီး နောက်ဆုံးသောဖြစ်ရပ်သည် သိုးသငယ်၏မင်္ဂလာဆောင် ပွဲတွင်ကျရောက်လာမည်ဖြစ်သည် (ဗျာ၊ ၁၉:၇-၉)။ မင်္ဂလာဆောင်လုလင် (bridegroom) ကဲ့သို့ ဖြစ်၍၊ ... ဆာ၊ ၁၉:၅မင်္ဂလာဆောင်လုလင် (bridegroom) သည် မင်္ဂလာဆောင်သတို့သမီး၌၊ ... ဟေရှာ၊ ၆၂:၅မင်္ဂလာဆောင်လုလင် (bridegroom) ကို ခရီးဦးကြိုပြုအံ့သောငှာ၊ ... မ၊ ၂၅:၁မင်္ဂလာဆောင်လုလင် (bridegroom) သည် လာပြီ။ ... မ၊ ၂၅:၆မင်္ဂလာဆောင်သတို့သမီးကို ရသောသူသည် မင်္ဂလာဆောင်လုလင် (bridegroom) ဖြစ်၏။ ... ယော၊ ၃:၂၉မင်္ဂလာဆောင်သတို့သား(bridegroom) သတို့သမီးအသံကိုလည်း၊ ... ဗျာ၊ ၁၈:၂၃
bridleဇက်ခွံ့This is a device that is used to harness, control and handle an animal. Whoever controls the reins that are attached to the bridle controls the direction and the response that will come forth from the animal. DTP The Word can also be used in a spiritual sense when it come to the use of one's lips and tongue. As disciples, we need to allow the Holy Spirit to bridle our speaking and our actions. Many believers have either destroyed or have been destroyed by someone else's unbridled tongue. This unbridled tongue is the most powerful weapon that Satan uses within the Church. တိရစ္ဆာန်ကိုသိုင်းကြိုးဆွဲရန်၊ ထိန်းချုပ်ရန်နှင့်ကိုင်တွယ်ရန်အသုံးပြုသည့် တန်ဆာပလာဖြစ်သည်။ ဇက် ကြိုးကိုထိန်းချုပ်နိုင်သောသူသည် တိရစ္ဆာန်သွားမည့်လမ်းကိုထိန်းချုပ်နိုင်သည်။ ရှေ့တွင်ရောက်လာသည့် အရာများကိုတုံ့ပြန်နိုင်သည်။ ဝိညာဉ်ရေးဆိုင်ရာတွင်လည်း တစ်စုံတစ်ဦး၏နှုတ်နှင့်လျှာကို ထိန်းသိမ်းရာ တွင် ဤစကားလုံးကိုအသုံးပြုသည်။ ကျွန်ုပ်တို့သည် မိမိတို့၏စကားနှင့်အပြုအမူအား သန့်ရှင်းသော ဝိညာဉ်တော်ထိန်းချုပ်ရန် အခွင့်ပေးရမည်။ ယုံကြည်သူအများစုသည် တစ်စုံတစ်ဦး၏မထိန်းချုပ်သော လျှာကြောင့် ပျက်စီးခြင်းသို့ရောက်တတ်သည်။ ထိုလျှာဖြင့် ဖျက်ဆီးခြင်းခံကြသည်။ ထိုမထိန်းချုပ်သော လျှာသည် အသင်းတော်တွင် စာတန်၏တန်ခိုးအကြီးဆုံးသောလက်နက်ဖြစ်သည်။ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ (bridle) ပြီးမှ၊ ... ၄ရာ၊ ၁၉:၂၈ပါးစပ်ကို ဇက်ခွံ့ (bridle) ၍၊ ဇက်ကြိုးနှင့် ဆွဲရမည်။ ... ဆာ၊ ၃၂:၉ငါသည်ကိုယ်နှုတ်ကိုချည်နှောင် (bridle) မည်ဟု ငါပြောထား၏။... ဆာ၊ ၃၉:၁မြင်းဖို့နှင်တံ၊ မြည်းဖို့ဇက်ကြိုး(bridle)၊ မိုက်သောသူ၏ကျောဖို့၊ ... သု၊ ၂၆:၃သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ (bridle) ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။ ... ဟေရှာ၊ ၃၇:၂၉မိမိနှုတ်ကို မချုပ်တည်း(bridle)၊ မိမိနှလုံးကို လှည့်ဖြား၏။ ... ယာ၊ ၁:၂၆မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်း(bridle) နိုင်သောသူ ဖြစ်၏။ ... ယာ၊ ၃:၂မြင်းဇက်ကြိုး(bridle) ကို မီသည်တိုင်အောင် နယ်ရာတန်ဆာထဲက၊ ... ဗျာ၊ ၁၄:၂၀
brimstoneကန့်နှင့်မီးမိုးSulfur or sulfuric gas that can accompany earthquakes or volcanic eruption. DTP It can also have a spiritual meaning, one of destruction and punishment for those who disobey God's ways. ငလျှင် သို့မဟုတ် မီးတောင်ပေါက်ကွဲခြင်းနှင့်အတူ ပါဝင်လာသည့် ကန့် သို့မဟုတ် ကန့်အငွေ့ဖြစ်သည်။ ဝိညာဉ်ဆိုင်ရာအရ ဘုရားသခင်စကားကိုနားမထောင်သူတို့အတွက် ပျက်စီးခြင်းနှင့်စီရင်ခြင်းဖြစ်သည်။ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့်မီးမိုး(brimstone) ကို ရွာစေတော်မူ၏။ ... က၊ ၁၉:၂၄တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ (brimstone)၊ ... ဆာ၊ ၁၁:၆ကန့်နှင့်ရောသောမီးမိုး(brimstone) ကိုရွာစေမည်။ ... ယေဇ၊ ၃၈:၂၂ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုး(brimstone) ရွာ၍၊ ... လု၊ ၁၇:၂၉ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ (brimstone)၊ မီးခိုးထွက်ကြ၏။ ... ဗျာ၊ ၉:၁၇-၁၈ထိုသူနှစ်ဦးကို ကန့်နှင့်လောင်သောမီးအိုင် (brimstone) ထဲသို့ ချပစ်ကြ၏။ ... ဗျာ၊ ၁၉:၂၀ကန့်နှင့်ရောနှောသောမီးအိုင် (brimstone) ထဲသို့ ချပစ်လျှင်၊ ... ဗျာ၊ ၂၀:၁၀ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သောမီးအိုင် (brimstone) ထဲ၌၊ ... ဗျာ၊ ၂၁:၈
bring / brought / bringethနုတ်ဆောင်၊ ဆောင်ခဲ့To transport, to take something from one location to another, to carry, move, to take along. DTP Disciples are also responsible to bring fruit from our lives to Christ. We are also, as believers, to not only receive from the Lord, but we are to bring to Him our offering and sacrifices. We are to bring to Him our praise and worship. We are to bring before Him our very lives. We also need to see that God is a shepherd who leads and guides us, bringing us into places of safety and growth in Him. ပို့ဆောင်ရန်၊ တစ်နေရာမှတစ်နေရာသို့၊ သယ်ဆောင်ရန်၊ ရွေ့လျားရန်၊ တစ်ပါတည်းယူဆောင်ရန် ဟု အဓိပ္ပာယ်ရသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ခရစ်တော်အတွက်အသီသီးရန် တာဝန်ရှိသည်။ ယုံကြည် သူကျွန်ုပ်တို့သည် ဘုရားရှင်ထံမှခံယူရရှိသည်သာမက ဘုရားရှင်ထံတော်သို့လည်း ပူဇော်ဆက်ကပ်ရမည် ဖြစ်သည်။ ဘုရားရှင်ထံတော်သို့ ကျွန်ုပ်တို့၏ချီးမွမ်းခြင်း၊ ဝတ်ပြုခြင်းကိုယူဆောင်လာရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာကိုလည်း ရှေ့တော်မှောက်သို့ယူဆောင်လာရမည်။ ဘုရားရှင်သည် ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြသောသိုးထိန်းကြီးဖြစ်ပြီး လုံခြုံသောနေရာသို့ပို့ဆောင်သူ၊ ကိုယ်တော်၌ကြီးရင့်သူလည်း ဖြစ်စေသည်။ ဤပြည်သို့တစ်ဖန် ဆောင်ခဲ့ (bring) ဦးမည်။ ... က၊ ၂၈:၁၅သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင် (brought) ပြီးလျှင်၊ ... ထွ၊ ၃:၁၂အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ် (brought) ပြီးလျှင်၊ ... တရား၊ ၂၆:၈အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက် (brought) တော်မူမည်အကြောင်း၊ ... ၂ရာ၊ ၇:၁၈ (၅ရာ၊ ၁၇:၁၆)တဲတော်သို့လည်းကောင်း အကျွန်ုပ်ကို ပို့ဆောင် (bring) ပါစေသော။ ... ဆာ၊ ၄၃:၃ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင် (brought) တော်မူ၏။ ... ဆာ၊ ၁၀၅:၄၃ကောက်လှိုင်းများကိုဆောင် (bringing) လျက် ရွှင်လန်းသောစိတ်နှင့်၊ ... ဆာ၊ ၁၂၆:၆ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင် (bring) ခဲ့မည်။ ... ဟေရှာ၊ ၄၆:၁၃ဝမ်းမြောက်စရာ သတင်းကို ကြားပြော (bringeth) သောသူ၊ ... ဟေရှာ၊ ၅၂:၇ (နေ၊ ၁:၁၅၊ ရော၊ ၁၀:၁၅) (no exact word of bring in Judson Bible) ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း (Bring) ၍၊ ... မာလ၊ ၃:၁၀နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြ (Bring) လော့။ ... မ၊ ၃:၈ (လု၊ ၃:၈) (no exact word of bring in Judson Bible) ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူ (bring) ခဲ့လျက်၊ ... မ၊ ၅:၂၃မကောင်းသောအပင်သည် ကောင်းသောအသီးကိုမသီး (bring) နိုင်။ ... မ၊ ၇:၁၈ (လု၊ ၆:၄၃) (no exact word of bring in Judson Bible) အဆတစ်ရာပွားများ၍ အသီးသီး(bringeth) တတ်သည်ဟု၊ ... မ၊ ၁၃:၂၃ (မာ၊ ၄:၂၀၊ လု၊ ၈:၁၅) (no exact word of bring in Judson Bible) ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အား ကြားပြော (bring) ရ၏။ ... လု၊ ၂:၁၀ (no exact word of bring in Judson Bible) ပျက်လျှင်မူကား များစွာသောအသီးကိုသီး(bringeth) တတ်၏။ ... ယော၊ ၁၂:၂၄ (no exact word of bring in Judson Bible) ထိုသူသည် များစွာသောအသီးကိုသီး(bringeth) တတ်၏။ ... ယော၊ ၁၅:၅ (no exact word of bring in Judson Bible) ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင် (bring) ၍၊ ... ဂလာ၊ ၃:၂၄သင်တို့၌ အသီးသီး(bringeth) ခြင်း၊ တိုးပွားခြင်းကို၊ ... ကော၊ ၁:၆ (no exact word of bring in Judson Bible) ငါတို့ကို ကယ်တင်တော်မူ (bringeth) သော အရှင်သခင် ယေရှုခရစ်၏၊ ... တိ၊ ၂:၁၁ (no exact word of bring in Judson Bible) ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ် (bringing) ရကြ၏။ ... ဟေဗြဲ၊ ၇:၁၉ (no exact word of bring in Judson Bible) ငါတို့သခင်ယေရှုကို သေခြင်းမှ နုတ်ဆောင် (brought) တော်မူသော၊ ... ဟေဗြဲ၊ ၁၃:၂၀သင်တို့ဆီသို့ရောက်လတ္တံ့ (brought) သော ဆုကျေးဇူးကို၊ ... ၁ပေ၊ ၁:၁၃ (no exact word of bring in Judson Bible) ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် (bring) ခြင်းငှာ၊ ... ၁ပေ၊ ၃:၁၈
broadကျယ်ဝန်းThe idea of this word is to mean wide, a large distance between two points. DTP Jesus uses this term to explain, as it were, a road that is very wide, and the majority of the people are walking on it, not realizing that the road is leading to eternal destruction. Going with the majority does not always make it the right way to go. Christ tells us that the road leading to eternal life is narrow. ကျယ်သည်၊ နေရာနှစ်ခု၏ကျယ်သောအကွာအဝေးဟု အဓိပ္ပာယ်ရသည်။ သခင်ယေရှုက ကျယ်သောလမ်း နှင့်တံခါးကို လူများစွာဝင်ထွက်ကြပြီး ထိုလမ်းသည်ပျက်စီးခြင်းသို့ရောက်သည်ကိုမသိကြဟု သွန်သင် ထားသည်။ အများနှင့်သွားလာခြင်းသည် အစဉ်အမြဲမှန်သောလမ်းသို့မရာက်နိုင်ပါ။ ခရစ်တော်က အသက်ရှင်ခြင်းသို့ပို့ဆောင်သောလမ်းနှင့်တံခါးသည် ကျဉ်းသည်ဟု သွန်သင်ထားပါသည်။ လင်ပန်းများကိုယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ၊ ... တော၊ ၁၆:၃၉ (no exact word of broad in Judson Bible) ကျယ် (broad) သောမြို့ရိုးတိုင်အောင်၊ ... နေ၊ ၃:၈လမ်းနှင့်တံခါးသည် ကျယ်ဝန်း (broad) သည် ဖြစ်၍၊ ... မ၊ ၇:၁၃
broadcastingအသံလွှင့်ခြင်းDistributing, sharing, propagating, spreading. DTP The disciple is commanded to go out and broadcast the Good News of Jesus Christ throughout the world; to sow the good seed of Jesus Christ everywhere. ဖြန့်ချိခြင်း၊ ဝေမျှခြင်း၊ ပေါက်ဖွားခြင်း၊ ပြန့်နှံ့ခြင်း။ ကျွန်ုပ်တို့သည် ကမ္ဘာအရပ်ရပ်သို့သွားပြီး ယေရှုခရစ် တော်၏သတင်းကောင်းကို ဟောပြောကြေငြာရမည်၊ ယေရှုခရစ်တော်၏ကောင်းသောမျိုးစေ့ကို ကြဲဖြန့် ရမည်ဖြစ်သည်။
bronze serpent / brass serpentကြေးဝါဖြင့်မြွေBecause the people had complained against God while Moses was receiving the Ten Commandments, God sent fiery serpents among the people. Moses fashioned an image of a snake and put it on a pole; those who looked at the pole were saved; those who choose not to look at the bronze serpent died. (Num 21:4-9). DTP Jesus also uses this illustration as a typology of how He too would be lifted up on a cross and that those who would look to Him would be saved and those who did not would perish (John 3:14-15). မောရှေသည် ပညတ်တော်ဆယ်ပါးကိုခံယူနေစဉ် လူတို့သည် ဘုရားသခင်ကိုမကျေမနပ်ပြောဆိုသော ကြောင့် သူတို့အထဲသို့ မီးမြွေကိုစေလွှတ်လိုက်၏။ မောရှေသည် မြွေရုပ်ကိုလုပ်ပြီး တိုင်ပေါ်မှာမြှောက် ထား၏။ ထိုမြွေရုပ်ကိုကြည့်ရှုသောသူတို့သည် အသက်ချမ်းသာရာရ၏။ မြွေရုပ်ကိုမကြည့်သောသူတို့ သည် သေဆုံးရကြ၏ (တော၊ ၂၁:၄-၉)။ သခင်ယေရှုကိုယ်တော်တိုင် ဤဉပမာအတိုင်း မိမိကိုယ်တိုင်ကား တိုင်တော်ပေါ်တွင်မြှောက်ထားခြင်းခံရပြီး သူ့ကိုကြည့်သူအပေါင်းသည် ပျက်စီးခြင်းသို့မရောက်ဘဲ ကယ် တင်ခြင်းကိုခံရမည်ဖြစ်သည် (ယော၊ ၃:၁၄-၁၅)မောရှေသည် ကြေးဝါဖြင့်မြွေ(serpent of brass) ကိုလုပ်၍၊ ... တော၊ ၂၁:၉
brother / brethrenညီအစ်ကိုThe people of the earth need to be reminded that we are all related to each other; we all come from Adam and Eve. We are akin to each other through blood and marriage and we must respect and honour each other.DTPAs disciples we are part of the body of Christ. We are joint heirs with Jesus and because of that we need to have a deep family love for each other. We need to help each other and to remember each other in prayer. ဤလောကရှိလူအားလုံးတို့သည် တစ်ဦးနှင့်တစ်ဦးဆက်စပ်ပတ်သက်နေကြသည်ကို သတိရရန်လိုပါ သည်။ ကျွန်ုပ်တို့အားလုံးသည် အာဒံနှင့်ဧဝမှဆင်းသက်လာကြသူများဖြစ်ပါသည်။ ဆွေမျိုးသွေးချင်းအား ဖြင့်လည်းကောင်း၊ တစ်မိသားနှင့်တစ်မိသားလက်ထပ်ထိမ်းမြားခြင်းအားဖြင့်လည်းကောင်း ဆွေမျိုး တော်စပ်ကြပြီး တစ်ဦးနှင့်တစ်ဦးလေးစားကြည်ညိုရပါမည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်ပါသည်။ သခင်ယေရှုနှင့်အတူအမွေခံရသဖြင့် တစ်ဦးနှင့်တစ်ဦး မိသားစုချစ်ခြင်းဖြင့် ချစ်ခင်ရပါမည်။ တစ်ဦးနှင့်တစ်ဦးကူညီမစပြီး သတိရဆုတောင်းပေးရပါမည်။ ညီအစ်ကို (brother) နှင့်သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို၊ ... မ၊ ၅:၂၄ - Matt 5:24ညီအစ်ကို (brother) ထိမိ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ ... ရော၊ ၁၄:၂၁ - Rom 14:21ထိုကြောင့် ငါချစ်သောညီအစ်ကို (brethren) တို့၊ ... ၁ကော၊ ၁၅:၅၈ - 1 Cor 15:58သို့ဖြစ်၍၊ ငါချစ်သောညီအစ်ကို (brethren) တို့၊ ... ယာ၊ ၁:၁၉ - James 1:19မိမိညီအစ်ကို (brother) ဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း၊ ... ၁ယော၊ ၃:၁၇ - 1 John 3:17ဘုရားသခင်ကိုချစ်၏ဟုဆိုလျက်ပင် မိမိညီအစ်ကို (brother) ကို မုန်းလျှင်၊ ... ၁ယော၊ ၄:၂၀ - 1 John 4:20
bruise / bruisedနင်းနယ်၊ နှိပ်စက်A part of the body which is damaged has pain and often there is a mark of discoloration left behind showing where the damage has taken place. DTP The Bible also shows that people can be bruised emotionally and spiritually. This is why we need the healing power of Jesus Christ. ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုထိခိုက်နာကျင်ပြီး အနာရွတ်ကျန်ခဲ့ခြင်းဖြင့် မည်သည့်နေရာတွင်အနာ ဖြစ်သည်ကိုသိရသည်။ လူသည် စိတ်ခံစားမှုအားဖြင့်လည်းကောင်း၊ ဝိညာဉ်အရလည်းကောင်း နာကျင်ခံ စားရတတ်သည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏အနာ ငြိမ်းခြင်းတန်ခိုးကို လိုအပ်ပါသည်။သူသည် သင်၏ခေါင်းကို ကြိတ် (bruise) လိမ့်မည်၊ ... က၊ ၃:၁၅ - Gen 3:15နင်းနယ် (bruised) လျက်ရှိသော ကျူပင်ကို မချိုး။ ... ဟေရှာ၊ ၄၂:၃ - Isa 42:3ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက် (bruised) ခြင်းကို၊ ... ဟေရှာ၊ ၅၃:၅ - Isa 53:5ထာဝရဘုရားသည် သူ့ကိုနှိပ်စက် (bruise) ခြင်းငှာ အလိုတော်ရှိ၍ ... ဟေရှာ၊ ၅၃:၁၀ - Isa 53:10နင်းနယ် (bruised) လျက်ရှိသော ကျူပင်ကိုမချိုး၊ ... မ၊ ၁၂:၂၀ - Matt 12:20ညှဉ်းဆဲ (bruised) ခံရသောသူတို့ကို ကယ်မစေခြင်းငှာ၊ ... လု၊ ၄:၁၈ - Luke 4:18စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် (bruise) တော်မူမည်။ ... ရော၊ ၁၆:၂၀ - Rom 16:20
bucklerအကွယ်အကာ၊ ဒိုင်းShield, an instrument of protection, held by the hand in times of hand to hand combat; the idea of a shield is both physical and spiritual; God can become our shield (2 Sam 22:31); Paul tells the Ephesian church to put on the full armour of God and one part of that is the shield of Faith (Eph 6:16). ဒိုင်း၊ အကာအကွယ်ပေးသောတန်ဆာပလာ၊ လက်နှင့်တိုက်ခိုက်ကြရာတွင် လက်တွင်ကိုင်ထားသော အကာ၊ ဒိုင်းသည် ခန္ဓာအတွက်သော်လည်းကောင်း၊ ဝိညာဉ်ဆိုင်ရာအတွက်သော်လည်းကောင်း အကာ အကွယ်ဖြစ်သည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏အကွယ်အကာဖြစ်သည် (၂ရာ၊ ၂၂:၃၁)။ ရှင်ပေါလုက ဧဖက်အသင်းတော်သို့ ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ရန်သွန်သင်ထားပြီး ထိုလက်နက်စုံထဲတွင် ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှားသည် တစ်ခုအပါအဝင်ဖြစ်သည်။ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ (buckler)၊ ... ၂ရာ၊ ၂၂:၃၁ - 2 Sam 22:31ဒိုင်း(buckler) နှင့်ဓားကိုကိုင်၍ လေးနှင့်ပစ်တတ်သဖြင့်၊ ... ၅ရာ၊ ၅:၁၈ - 1 Chr 5:18ဒိုင်း(buckler) လွှားဆောင်လျက်စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ၊ ... ၅ရာ၊ ၁၂:၈ - 1 Chr 12:8ငါ၏အကွယ်အကာ (buckler)၊ ငါ့ကိုကယ်တင်သော ဦးချို၊ ... ဆာ၊ ၁၈:၂ - Ps 18:2ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ (buckler) ဖြစ်တော်မူ၏။ ... ဆာ၊ ၁၈:၃၀ - Ps 18:30သစ္စာတော်သည် သင်၏ဒိုင်း(buckler) လွှားဖြစ်လိမ့်မည်။ ... ဆာ၊ ၉၁:၄ - Ps 91:4ဒိုင်း(buckler) လွှားပါ၍ ဓားကို လက်စွဲသောလူအလုံးအရင်းများ၊ ... ယေဇ၊ ၃၈:၄ - Ezek 38:4ဒိုင်း(buckler)၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး၊ ... ယေဇ၊ ၃၉:၉ - Ezek 39:9
build / built / builderတည်ဆောက်Designer, planner, engineer; man has within himself the desire to build something; man has been created with a creative spirit; God is our Master builder; He was also the one who sent His Son to be the Chief Cornerstone for the church, Christ's Body. DTP We are also exhorted to be wise builders; that we are not to build on shifting sand, but upon the rock of Jesus Christ (Matt 7:24-27). We also need to see that we are a temple that God is building so that His Shekinah glory can fill us. ပုံစံထုတ်သူ၊ စီစဉ်သူ၊ အင်ဂျင်နီယာ၊ တစ်စုံတစ်ခုကိုတည်ဆောက်လိုသောစိတ်ရှိသူ၊ ဖန်ဆင်းတည် ဆောက်လိုသောဗီဇရှိသူ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏တည်ဆောက်သောအရှင်ဖြစ်သည်။ သူသည် မိမိ ၏သားတော်ကိုစေလွှတ်ပြီး ခရစ်တော်၏ခန္ဓာတည်းဟူသောအသင်းတော၏တိုက်ထောင့်အထွဋ်ဖြစ်စေ သည်။ ကျွန်ုပ်တို့သည် ပညာရှိသောတည်ဆောက်သူများဖြစ်ရမည်။ သဲပေါ်တွင်အိမ်ဆောက်သူများ မဟုတ်ဘဲ ယေရှုခရစ်တော်တည်းဟူသောကျောက်ပေါ်တွင်တည်ဆောက်သူ ဖြစ်ရမည် (မ၊ ၇:၂၄-၂၇)။ ကျွန်ုပ်တို့သည် ဘုရားသခင်တည်ဆောက်သည့် ဘုန်းတော်နှင့်ပြည့်ဝသောဗိမာန်တော်ဖြစ်သည်။ သင်သည် ငါနေစရာဖို့ အိမ်ကိုဆောက် (build) ရမည်လော။ ... ၂ရာ၊ ၇:၅ - 2 Sam 7:5ထိုသားသည် ငါ့နာမအဖို့ အိမ်ကိုတည်ဆောက် (build) ရလိမ့်မည်။ ... ၅ရာ၊ ၂၂:၁၀ - 1 Chr 22:10ဗိမာန်တော်၌ အလုပ်လုပ်သော လက်သမား(builders)၊ ... ၄ရာ၊ ၁၂:၁၁ - 2 Kin 12:11တိုက်ကိုတည် (builders) လုပ်သောသူများ ပယ်ထားသောကျောက်သည်၊ ... ဆာ၊ ၁၁၈:၂၂ - Ps 118:22ထာဝရဘုရားသည် အိမ်ကိုဆောက် (build) တော်မမူလျှင်၊ ... ဆာ၊ ၁၂၇:၁ - Ps 127:1ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက် (builded) ၍၊ ... သု၊ ၂၄:၃ - Prov 24:3 ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောက် (built) သောပညာရှိနှင့်၊ ... မ၊ ၇:၂၄ - Matt 7:24တိုက်ကိုတည် (builders) လုပ်သောသူများ ပယ်ထားသောကျောက်သည်၊ ... မ၊ ၂၁:၄၂ - Matt 21:42တိုက်ကိုတည် (built) သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာ၊ ... လု၊ ၆:၄၈ - Luke 6:48မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍တည်ဆောက် (build) သောသူရှိသမျှ၊ ... ၁ကော၊ ၃:၁၂ - 1 Cor 3:12သင်တို့သည် ထပ်ဆင့်၍တည်ဆောက် (built) လျက်ရှိကြ၏။ ... ဧ၊ ၂:၂၀ - Eph 2:20သင်တို့သည် ငါတို့နှင့်အတူတည်ဆောက် (builded) လျက်ရှိကြ၏။ ... ဧ၊ ၂:၂၂ - Eph 2:22ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက် (built) ခြင်း ရှိလျက်၊ ... ကော၊ ၂:၆ - Col 2:7ဘုရားသခင် တည် (builder) ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို၊ ... ဟေဗြဲ၊ ၁၁:၁၀ - Heb 11:10အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် (built) လျက်၊ ... ၁ပေ၊ ၂:၅ - 1 Pet 2:5တိုက်ကိုတည် (builders) လုပ်သောသူများ ပယ်ထားသော၊ ... ၁ပေ၊ ၂:၇ - 1 Pet 2:7ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကိုတည်ဆောက် (building) လျက်၊ ... ယု၊ ၁:၂၀ - Jude 1:20
burdenThis can be a load that one can carry physically, emotionally and spiritually. Sometimes these burdens are far heavier than what we think we can bear. DTP The key as a disciple is to lay these burdens at the cross of Christ or to ask Christ to come alongside us; together we can carry the burden to its final resting spot. There are burdens that we will carry each day but we do not have to carry them alone. သူတို့သည်ဝိုင်းညီ၍ အမှုထမ်း (burden) သဖြင့်၊ ... ထွ၊ ၁၈:၂၂ - Ex 18:22 (not direct word) ဤအမှုကို ထာဝရဘုရား ဗျာဒိတ် (burden) ထားတော်မူသည်ကို၊ ... ၄ရာ၊ ၉:၂၅ - 2 Kin 9:25 (not direct word)လေးသောဝန် (burden) ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင်၊ ... ဆာ၊ ၃၈:၄ - Ps 38:4ထမ်းရွက်ရသောဝန် (burden) ကို ထာဝရဘုရား၌ချထားလော့။ ... ဆာ၊ ၅၅:၂၂ - Ps 55:22ထာဝရဘုရား၏ ဗျာဒိတ် (burden) နှုတ်ကပတ်တော်တည်းဟူသော၊ ... ဇာ၊ ၁၂:၁ - Zec 12:1 (not direct word)ငါ့ဝန် (burden) လည်းပေါ့၏ဟု မိန့်တော်မူ၏။ ... မ၊ ၁၁:၃၀ - Matt 11:30အလွန်လေး၍ ထမ်းခဲသောဝန် (burdens) တို့ကို ပြင်ဆင်၍၊ ... မ၊ ၂၃:၄ - Matt 23:4အခြားသောဝန် (burden) သင်တို့၏အပေါ်၌တင်ခြင်းငှာ၊ ... တ၊ ၁၅:၂၉ - Acts 15:28ထမ်းရွက်စရာဝန် (burdens) ချင်းတို့ကို အချင်းချင်းကူညီ၍၊ ... ဂလာ၊ ၆:၂ - Gal 6:2လူအသီးအသီးတို့သည် မိမိတို့ဝန် (burden) ကိုဆောင်ရွက်ရကြမည်။ ... ဂလာ၊ ၆:၅ - Gal 6:5
burn / burnedမီးရှို့၊ မီးလောင်Fire is produced when something is burned. The burning of something can produce heat, light and destruction. DTP There also are spiritual fires that as people die, they may undergo a spiritual burning. Those who rejected Christ's call will spend eternity in a burning lake of fire. The disciple's work will also undergo fire to see that which was real, that which will last; and, we are told that those things which are not of Christ will be burnt up or destroyed. တစ်စုံတစ်ရာမီးရှို့လျှင် လောင်ကျွမ်း၏။ မီးရှို့လျှင်ပူလောင်ခြင်း၊ အလင်းထွက်ခြင်းနှင့်ပျက်စီးခြင်းဖြစ် တတ်၏။ ခရစ်တော်၏ခေါ်ယူခြင်းကိုငြင်းပယ်သောသူသည် တောက်လောင်သောမီးအိုင်ထဲတွင် ထာဝရ နေရမည်ဖြစ်သည်။ ကျွန်ုပ်တို့အလုပ်လုပ်ဆောင်ရာတွင်လည်း မီးဖြင့်စစ်ဆေးခြင်းကိုခံရပြီး မည်သည့်အ ရာသည်စစ်မှန်သည်၊ မည်သည့်အရာသည်အဆုံးဖြစ်သည်ကို သိမြင်ရသည်။ ခရစ်တော်နှင့်မသက်ဆိုင် သောအရာဟူသမျှသည် လောင်ကျွမ်းခြင်း၊ ဖျက်ဆီးခြင်းကိုခံရမည်။ အုတ်လုပ်၍ ခိုင်မာစွာဖုတ် (burn) ကြကုန်အံ့ဟု၊ ... က၊ ၁၁:၃ - Gen 11:3နံ့သာပေါင်းကို မီးရှို့ (burn) စရာယဇ်ပလ္လင်ကို၊ ... ထွ၊ ၃၀:၁ - Ex 30:1စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင် (burn) ပါမည်နည်း။ ... ဆာ၊ ၇၉:၅ - Ps 79:5မီးဖို၌မီးလောင် (burn) သကဲ့သို့ လောင်သောနေ့ရက်ကာလသည်၊ ... မာလ၊ ၄:၁ - Mal 4:1တောပင်တို့ကိုရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ (burn) ခြင်းငှာ စည်းနှောင်ကြလော့။ ... မ၊ ၁၃:၃၀ - Matt 13:30အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့်ရှို့ (burn) တော်မူလတ္တံ့ဟု၊ ... လု၊ ၃:၁၇ - Luke 3:17အချင်းချင်း ကိလေသာစိတ်ပူလောင် (burned) သဖြင့်၊ ... ရော၊ ၁:၂၇ - Rom 1:27နောက်ဆုံး၌ မီးရှို့ (burned) ခြင်းသို့ရောက်တတ်၏။ ... ဟေဗြဲ၊ ၆:၈ - Heb 6:8ကန့်နှင့်လောင် (burneth) သော မီးအိုင်ထဲ၌၊ ... ဗျာ၊ ၂၁:၈ - Rev 21:8
burnt offering / burnt offeringsမီးရှို့ရာယဇ်After an animal was sacrificed it was laid on the alter by the priest to be burnt up as an offering unto the LORD either for the individual or for the country's sin. There were different kinds of offerings that where to be present for different reasons. Wood would be laid out, which the animal was laid on, and the fire would continue until everything was consumed. တိရစ္ဆာန်ကိုယဇ်ပူဇော်ပြီးနောက် ယဇ်ပုရောဟိတ်မှပလ္လင်ပေါ်တင်ပြီး ဘုရားသခင်ထံတော်သို့ တစ်စုံတ စ်ဦး၏အပြစ်အတွက်ဖြစ်စေ၊ နိုင်ငံတော်၏အပြစ်အတွက်ဖြစ်စေ မီးရှို့ရာယဇ်အဖြစ်မီးရှို့ပူဇော်ရ၏။ အ ကြောင်းအရာအမျိုးမျိုးအတွက် ယဇ်ပူဇော်ခြင်းများစွာရှိပါသည်။ ယဇ်ကောင်ကိုသစ်သားပေါ်တင်ပြီး နောက် အရာအားလုံးလောင်ကျွမ်းသွားရမည်ဖြစ်သည်။ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ် (burnt offerings) ကိုပူဇော်လေ၏။ ... က၊ ၈:၂၀ - Gen 8:20မီးရှို့စရာယဇ် (burnt offering) နှင့်ဘုရားသခင်အဖို့ ယဇ်များကိုဆောင်ခဲ့၍၊ ... ထွ၊ ၁၈:၁၂ - Ex 18:12မီးရှို့ရာယဇ် (burnt offerings) အစရှိသော ယဇ်မျိုး၊ ... ယောရှု၊ ၂၂:၂၉ - Josh 22:29မီးရှို့ရာယဇ် (burnt offering) အစရှိသောထင်း၊ ကျောက်၊ ... ၃ရာ၊ ၁၈:၃၈ - 1 Kin 18:38တစ်မျိုးလုံးအတွက် ထာဝရဘုရားအား များစွာသောယဇ် (burnt offerings) ကို၊ ... ၅ရာ၊ ၂၉:၂၁ - 1 Chr 29:21 မီးရှို့သောယဇ် (burnt offerings) ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။ ... ဆာ၊ ၅၁:၁၆ - Ps 51:6မီးရှို့ရာယဇ် (burnt offerings) နှင့် အပြစ်ဖြေရာယဇ်များကို၊ ... ဟေဗြဲ၊ ၁၀:၆ - Heb 10:6
bushelတောင်းဇလားA bushel was often a measurement that grain was poured into, a particular size of basket. Originally we knew it as a bushel basket but later it got shortened to the word bushel. DTP This is why when Jesus was teaching, He shared that when a person wanted to light up a room with a lamp, he does not hide it under a bushel basket, but puts it up somewhere high so that all may see. Disciples, too, should not hide their light of Jesus Christ, but should do all they can to hold it high so others may come to see and know Christ also. စပါးများကိုချိန်တွယ်ပြီး သီးသန့်ပြုလုပ်သောတောင်းဇလားတွင်ထည့်သည်။ မူလတွင် တောင်းဇလားဟု ခေါ်တွင်ပြီး ယခုမှာ တောင်းဟုသာခေါ်လေ့ရှိသည်။ သခင်ယေရှု၏သွန်သင်ချက်တွင် လူတစ်ဦးသည် အခန်းအတွင်းဆီမီးကိုထွန်းပြီးလျှင် တောင်းဇလားအောက်၌ဖုံးထားလေ့မရှိပါ။ လူအများအလင်းကိုမြင် နိုင်ရန် ခုံပေါ်တွင်တင်ထားလေ့ရှိသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏အလင်းကို မကွယ်ဝှက်ထားဘဲ ခရစ်တော်ကိုမြင်ပြီးသိကျွမ်းနိုင်သည့်နေရာတွင် ထွန်းထားရပါမည်။ ဆီမီးထွန်း၍ တောင်းဇလား(bushel) အောက်၌ ဖုံးထားလေ့မရှိ။ ... မ၊ ၅:၁၅ - Matt 5:15ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလား(bushel) အောက်၊ ... မာ၊ ၄:၂၁ - Mark 4:21တောင်းဇလား(bushel) အောက်၌လည်း ထားလေ့မရှိ။ ... လု၊ ၁၁:၃၃ - Luke 11:33
busybody / busybodiesကိုယ်နှင့်မဆိုင်သောအမှု၌ရောနှောသောသူThis is a person who spends a lot of time finding out about the business and the affairs of others and then goes out and takes time to share that information with others. They are not concerned about truth; they only want to be the center of conversation so others will gather around to hear what they have to say. Other words that can describe these people are big mouth, blabbermouths and gossipers. DTP Jesus warns the disciple not to be like these people for there will be a strict judgment that will befall them. ကိုယ်နှင့်မဆိုင်သောသူတစ်ပါး၏အမှုအရေးတို့ကိုလိုက်လံရှာဖွေပြီး ထိုအမှုအရေးတို့ကို အခြားသူတို့နှင့် လိုက်လံပြောဆိုခြင်းဖြင့် အချိန်ကုန်တတ်သောသူဖြစ်သည်။ ထိုသူတို့သည် မှန်ကန်သောအရာကိုအလေး မထားဘဲ မိမိတို့ပြောလိုသောအရာကိုသာ အဓိကထားပြောဆိုကြသူဖြစ်သည်။ ထိုသို့သောသူတို့ကို နှုတ် ဖွာသူ၊ မဆင်မခြင်ပြောဆိုသူနှင့်အတင်းအဖျင်းပြောသူဟု ခေါ်လေ့ရှိသည်။ သခင်ယေရှုက ထိုသို့သော သူကဲ့သို့မဖြစ်ရန်သတိပေးထားပြီး ထိုသို့သောသူသည် တင်းကျပ်သောတရားစီရင်ခြင်းကို ခံရမည်ဖြစ် သည်။ ကိုယ်နှင့်မဆိုင်သောအမှု၌ရောနှောသောသူ (busybodies) အချို့တို့သည်၊ ... ၂သက်၊ ၃:၁၁ - 2 Thes 3:11ကိုယ်နှင့်မဆိုင်သောအမှု၌ရောနှောသောသူ (busybodies) ဖြစ်တတ်ကြ၏။ ... ၁တိ၊ ၅:၁၃ - 1 Tim 5:13သူတစ်ပါးအမှု၌ရောနှောသော (busybodies) အပြစ် ရှိ၍၊ ... ၁ပေ၊ ၄:၁၅ - 1 Pet 4:15
buy / boughtဝယ်To purchase, to obtain, to get something in exchange for payment, to acquire or get ownership of something. DTP The disciple needs to be a good steward of what they buy, both physically and spiritually. What we purchase spiritually should have an everlasting value to it. Also, we need to remember that we ourselves have been bought with a price (Christ shed blood) and in the eyes of God we are of great value to Him. ဝယ်သည်၊ ရရှိသည်၊ ငွေဖြင့်ပေးပြီးတစ်စုံတစ်ရာကိုရယူသည်၊ တစ်စုံတစ်ခုကိုပိုင်ဆိုင်အောင်ရယူသည်။ ကျွန်ုပ်တို့သည် မိမိဝယ်ယူသောခန္ဓာဆိုင်ရာအရာနှင့်ဝိညာဉ်ဆိုင်ရာအရာအတွက် ကောင်းသောဘဏ္ဌာ ထိန်းဖြစ်ရမည်။ ဝိညာဉ်ဆိုင်ရာအရာကိုဝယ်ယူရာတွင် ထာဝရတန်ဖိုးရှိသောအရာဖြစ်ရမည်။ ကျွန်ုပ်တို့ ကိုယ်တိုင်ပင်လျှင် ခရစ်တော်၏အသွေးတော်ဖြင့် ဝယ်ယူထားသောသူများဖြစ်ကြသဖြင့် ဘုရားသခင်၏ ရှေ့တော်တွင် ကြီးမားသောတန်ဖိုးရှိသူများဖြစ်ကြသည်။စင်စစ်အဖိုးပေး၍ ငါဝယ် (buy) မည်။ ... ၂ရာ၊ ၂၄:၂၄ (၅ရာ၊ ၂၁:၂၄) - 2 Sam 24:24 (1 Chr 21:24)သမ္မာတရားကိုဝယ် (Buy) လော့။ ... သု၊ ၂၃:၂၃ - Prov 23:23ငွေမရှိသောသူတို့၊ လာကြ။ ဝယ် (buy) ၍ စားသောက်ကြလော့။ ... ဟေရှာ၊ ၅၅:၁ - Isa 55:1ရတတ်သမျှကိုရောင်း၍ ထိုလယ်ကိုဝယ် (buyeth) တတ်၏။ ... မ၊ ၁၃:၄၄ - Matt 13:44 ဗိမာန်တော်၌ရောင်းဝယ် (bought) သောသူ အပေါင်းတို့ကို၊ ... မ၊ ၂၁:၁၂ (မာ၊ ၁၁:၁၅။ လု ၁၉:၄၅) - Matt 21:12 (Mark 11:15; Luke 19:45)သင်တို့သည် အဖိုးနှင့်ဝယ် (bought) တော်မူသောသူ ဖြစ်သောကြောင့်၊ ... ၁ကော၊ ၆:၂၀ (၇:၂၃) - 1 Cor 6:20 (7:23)တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ် (buy) သဖြင့်၊ ... ယာ၊ ၄:၁၃ - James 4:13 ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ် (buy) လော့။ ... ဗျာ၊ ၃:၁၈ - Rev 3:18တစ်ခုခုကို မခံသောသူတစ်ယောက်မျှ မရောင်းမဝယ် (buy) စေခြင်းငှာ၊ ... ဗျာ၊ ၁၃:၁၇ - Rev 13:17