Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

a


anthropologyမနုဿဗေဒA scientific study of man dealing with his origins, development, beliefs, culture, traditions physical characteristics; from the Christian point of view, it is a study also of the physical and spiritual nature of man; example, the fallen man and his sin nature and its effects on his world around him. လူသား၏မူလအစ၊ ကြီးပြင်းလာပုံ၊ ယုံကြည်ရာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ခရစ်ယာန်ရှုထောင့်အနေဖြင့် လူသား၏ခန္ဓာနှင့်ဝိညာဉ်ဆိုင်ရာသဘောသဘာဝကို လေ့လာခြင်းဖြစ်သည်။ လူသား၏ကျရှုံးခြင်း၊ အပြစ်နှင့်ဤလောကကြီးထဲအပြစ်၏သက်ရောက်ခြင်း အကြောင်းတို့ကို လေ့လာခြင်းဖြစ်သည်။
anthropomorphismလူသဏ္ဌာန်သွင်းခြင်းMeans the attributing of human characteristics, behavior and actions to God; helps man to easily picture in an understandable way how God relates to man. Examples: arm Ps 89:13; eye 2 Chr 16:9; hand Esa 1:15; breathing Ps 33:6; resting Gen 2:2-3; standing Ps 35:2; etc. ဘုရားရှင်ကို လူသား၏ပင်ကိုယ်လက္ခဏာ၊ ပြုမူကျင့်ကြံပုံနှင့်လုပ်ဆောင်မှုတို့ဖြင့် နားလည်မှတ်ယူခြင်း ဖြစ်သည်။ ထိုသို့နားလည်မှတ်ယူခြင်းအားဖြင့် ဘုရားရှင်နှင့်လူသားတို့ မည်ကဲ့သို့ဆက်စပ်ပတ်သက်နေ သည်ကို လွယ်ကူစွာသိရှိစေနိုင်သည်။ ဉပမာ - အားကြီးသောလက်ရုံး (ဆာ၊ ၈၉:၁၃)၊ မျက်စိ -မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှု (၅ရာ ၁၆:၉)၊ လက်ဝါး (ဟေရှာ ၁:၁၅)၊ နှုတ်တော်အသက် (ဆာ၊ ၃၃:၆)၊ ငြိမ်ဝပ်စွာနေ (က၊ ၂:၂-၃)၊ ထတော်မူ (ဆာ၊ ၃၅:၂)။
antichristအန္တိခရစ်False Christ, Christ's greatest enemy, a demonic leader who opposes Christ's teaching and authority; one who deceives others into believing in non-biblical truth (2 John 1:7); anti means "in place of". DTP The disciple needs to be aware that there will be many antichrists out to deceive and to destroy the children of God. We must judge people's teaching and preaching by the Word of God and by the Holy Spirit. We must be diligent to seek after that which is the truth and not that which seems pleasurable to the flesh or mind. ခရစ်တော်အတုအယောင်၊ ခရစ်တော်၏ကြီးမားသောရန်သူ၊ ခရစ်တော်၏သွန်သင်ချက်နှင့်အာဏာတော် ကိုဆန့်ကျင်သည့် နတ်ဆိုးခေါင်းဆောင်ဖြစ်သည်။ အန္တိခရစ်များသည် နှုတ်ကပတ်တော်နှင့်မသက်ဆိုင် သောသွန်သင်ချက်များကို အခြားသူများယုံကြည်ရန်လိမ်လည်တိုက်တွန်းသည် (၂ယော၊ ၁:၇)။ ‘’အန္တိ’’ အဓိပ္ပာယ်မှာ ‘’အစားထိုးခြင်း’’ ဖြစ်သည်။ အန္တိခရစ်များ များစွာပေါ်လာမည်ဖြစ်ပြီး ဘုရားသခင်၏သား သမီးများကို လိမ်လည်လှည့်ဖျားကာ ဖျက်ဆီးမည်ဖြစ်သည်ကို သတိထားရပါမည်။ ကျွန်ုပ်တို့သည် လူတို့ ၏သွန်သင်ခြင်းနှင့်ဟောပြောခြင်းတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်လည်းကောင်း ချိန်ထိုးပြီးယုံကြည်ရပါမည်။ မည်သည့်အရာသည် မှန်ကန်သော သွန်သင်ချက်ဖြစ်ပြီး မည်သည့်အရာသည် အသွေးအသားနှင့်ဆန္ဒကိုနှစ်သက်မှုပေးသည်ကို ရှာဖွေရမည် ဖြစ်ပါသည်။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ်(antichrist) ၊ ... ၁ယော၊ ၂:၁၈ ဤလောကသို့လာမည်ဖြစ်၍၊ …. အန္တိခရစ်(antichrist) ၏ ဝိညာဉ်ဖြစ်၏။ ... ၁ယော၊ ၄:၃ လှည့်ဖြားသောသူ ဖြစ်၏။ အန္တိခရစ်(antichrist) လည်း ဖြစ်၏။ ... ၂ယော၊ ၁:၇
Anti-Semitismဂျူးမုန်းတီးရေးဝါဒIt is a word that describes hostility toward and or persecution, that has been and is still today directed at the Jewish people. In the past it has come most often from religious types; for example, Christians who see the Jews as the "Christ killer" and that the Jews are responsible for putting Christ to death on the Cross. But it is key for the Christians to see that the Jews are our older brothers and that God has a perfect plan for them both now and in the future. All people of the world are under the direction and plan of God Almighty. ရန်လိုမှု သို့မဟုတ် ညှင်းပန်းနှိပ်စက်မှု၊ အထူးသဖြင့် ဂျူးလူမျိုးတို့အပေါ် ယနေ့တိုင်လုပ်ဆောင်နေသော အမှုအရာဖြစ်သည်။ အတိတ်ကာလက ဘာသာရေးပုံသဏ္ဌာန်အရဖြစ်ပျက်ခြင်းဖြစ်သည်။ ဉပမာ - ခရစ်ယာန်တို့က ဂျူးလူမျိုးတို့ကို ‘’ခရစ်တော်ကိုသတ်သူ’’ ဟုမြင်ပြီး ကားတိုင်ပေါ်တွင်ခရစ်တော်တင် သတ်ခြင်းအမှုတွင် ဂျူးလူမျိုးများတာဝန်ရှိသည်ဟု ခရစ်ယာန်များကမှတ်ယူကြသည်။ သို့ရာတွင် ဂျူး လူမျိုးတို့သည် ကျွန်ုပ်တို့၏ရှေးယခင်အစ်ကိုအရာတွင်ရှိနေပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတိုင် အောင် ဘုရားသခင်သည် သူတို့အတွက်အကြံအစည်တော်ရှိနေသည်ကို နားလည်ထားရပါမည်။ ဤ ကမ္ဘာပေါ်ရှိလူသားအားလုံးတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏လမ်းညွှန်မှုနှင့် အကြံအစည်တော် အောက်တွင်ရှိနေပါသည်။
anxiety/ anxiousစိုးရိမ်Worried, uneasiness, disquiet, apprehension, fear, troubled mind, over-thinking; an emotional state where the mind is not at peace but is being pulled in many directions. DTP Worry and fear are the biggest enemies to the disciple's walk in Christ. They can become blinding to one's life and to cause our minds to focus our lives on the cares of this world rather than on God and His Kingdom. စိတ်ပူပန်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု၊ ဒုက္ခပြ သနာ၊ အတွေးလွန်ခြင်း၊ စိတ်နှလုံးမငြိမ်မဝတ်၊ မတည်မငြိမ်ဖြစ်ခြင်း။ စိုးရိမ်ခြင်းနှင့်ကြောက်ရွံ့ခြင်းသည် ခရစ်တော်နှင့်လျှောက်လှမ်းသူများအတွက် အကြီးမားဆုံးရန်သူဖြစ်သည်။ ခရစ်တော်နှင့်မလျှောက်လှမ်း သူတို့သည် သူတစ်ပါး၏အသက်တာကိုမမြင်နိုင်တော့ဘဲ မိမိတို့အသက်တာတွင် ဘုရားသခင်နှင့်သူ၏ နိုင်ငံတော်ထက် အခြားသောအရာများကိုသာ အလေးထားအာရုံစိုက်နေကြသည်။ အဘယ်အမှုကိုမျှ စိုးရိမ်(anxious) ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို၊ ... ဖိ၊ ၄:၆
apocalypseနောက်ဆုံးသောကာလဆိုင်ရာAnother name for the book of Revelation; a spiritual vision of things dealing with traumatic end time world events, sometimes known as the "Last Days". All mankind will be judged and Satan and all his demons are cast into the eternal Lake of Fire. ဗျာဒိတ်ကျမ်း၏အခြားသောနာမည်ဖြစ်သည်။ လောက၏နောက်ဆုံးသောအချိန်ကာလနှင့် ပတ်သက် သော ကောက်မက်ဖွယ်ကောင်းသည့်ဝိညာဉ်ဆိုင်ရာရူပါရုံဖြစ်သည်။ ‘’နောက်ဆုံးသောနေ့ရက်ကာလ’’ ဟု လည်းခေါ်တွင်သည်။ လူသားအားလုံးသည် တရားစီရင်ခံရမည်ဖြစ်ပြီး စာတန်နှင့်သူ၏အပေါင်းပါဖြစ် သောနတ်ဆိုးများအားလုံးသည် ထာဝရမီးကန်ထဲသို့ပစ်ချခြင်းခံရမည်ဖြစ်သည်။
Apocryphaကျမ်းပယ်Means "hidden things"; Christian religious texts, related to the Bible, not genuine or canon, the Catholic and Orthodox churches have included these ancient Jewish books into their Holy Scripture. (Some of the names are Tobit, Judith, the Wisdom of Solomon, Sirach, Baruch, 1 & 2 Maccabees, plus others). ‘’ဝှက်ထားသောအရာ’’ ဟုအဓိပ္ပာယ်ရှိသည်။ ခရစ်ယာန်ဘာသာဆိုင်ရာကျမ်းဖြစ်ပြီး သမ္မာကျမ်းစာနှင့် ဆက်စပ်မှုရှိသည်။ ကာသိုလိပ်နှင့်အောသိုဒေါ့အသင်းတော်များက ဤရှေးဟောင်းဂျူးလူမျိုးတို့၏ကျမ်း စောင်ကို သမ္မာကျမ်းစာထဲတွင် ထည့်သွင်းထားသည်။ (အခြားသောကျမ်းအမည်များမှာ တိုးဘစ်၊ ဂျူးဒဒ်၊ ရှောလမုန်၏ပညာစာစောင်၊ စီးရပ်၊ ဘာရုပ်၊ ၁ နှင့်၂ မက္ကဘီးနှင့် အခြားသောကျမ်းစောင်များဖြစ်ပါသည်)။
apostasyဖောက်ပြန်ခြင်းDesertion, backsliding, rejecting religious faith and beliefs, falling away, or departing from faith in Christ Jesus. ထွက်ပြေးခြင်း၊ ကောင်းမွန်သောနေရာမှပြန်လျောကျသွားခြင်း၊ ဘာသာရေးဆိုင်ရာယုံကြည်ခြင်းနှင့်ယုံ ချက်များကို ငြင်းပယ်ခြင်း၊ ကျရှုံးသွားခြင်း၊ သခင်ယေရှုခရစ်တော်ကိုယုံကြည်ရာမှထွက်ခွါသွားခြင်း။ သူတို့ဖောက်ပြန်(apostasy) ခြင်းကို ပြုပြင်မည်။ ... ဟော၊ ၁၄:၄ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်(apostasy) သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ... ၂သက်၊ ၂:၃
apostle / apostlesတမန်တော်One who is sent, missionary, messenger; Jesus picked 12 apostles who would be "sent out ones" of the Gospel of Christ to a lost world. DTP One of the fivefold ministries is the leadership position of apostleship. This is a person to whom God gives what we may call "the bigger vision"; they can see the bigger picture and as an elder they can help in giving direction to a number of churches at one time. Paul and Barnabus, Apollos, etc., were all apostles of Christ because they were sent ones to the churches. စေလွှတ်ခံရသူ၊ သာသနာပြု၊ သတင်းပို့ဆောင်သူ၊ တမန်တော်။ ပျောက်ဆုံးသောလောကကြီးထဲသို့ ခရစ်တော်၏ဧဝံဂေလိဟောပြောရန် သခင်ယေရှုသည် တပည့်တော်တစ်ဆယ်နှစ်ဦးကို ‘’စေလွှတ်’’ သည်။ အမှုတော်ဆောင်ရွက်ခြင်း (၅) ရပ်တွင် တမန်တော်တို့၏ခေါင်းဆောင်မှုသည် တစ်ခုအပါအဝင် ဖြစ်သည်။ ဘုရားရှင်သည် ထိုသူတို့ကို ‘’ကြီးမားသောရူပါရုံ’’ ကိုပေးထားသဖြင့် ထိုသူတို့သည် ကြီးမား သောအမှုကိုမြင်ပြီး အသင်းတော်များစွာတွင်လည်းပေးနိုင်ပါသည်။ ဉပမာ - ရှင်ပေါလု၊ ဗာနဗ၊ အာပေါလု တို့သည် အသင်းတော်များသို့စေလွှတ်ခြင်းခံရသဖြင့် ခရစ်တော်၏တမန်တော်များဖြစ်ကြပါသည်။ တစ်ကျိပ်နှစ်ပါးသော တပည့်တော်(apostles) တို့၏ အမည်ကား၊ ... မ၊ ၁၀:၂ မိုးလင်းသောအခါ တပည့်တော်(apostles) တို့ကို ခေါ်တော်မူ၍၊ ... လု၊ ၆:၁၃ တမန်တော်(apostles) တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊ ... လု၊ ၂၂:၁၄ တမန်တော်တို့၏(apostles') ဆုံးမဩဝါဒကိုခံခြင်း၊ ... တ၊ ၂:၄၂ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်(apostles) များထံသို့ ပို့ဆောင်ပြီးလျှင်၊ ... တ၊ ၉:၂၇ တမန်တော်(apostle) အရာ၌ ခန့်ထားသော ယေရှုခရစ်၏ကျွန်၊ ... ရော၊ ၁:၁ ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်(apostle) ဖြစ်သည်၊ ... ရော၊ ၁၁:၁၃ ဘုရားသခင်သည် ပထမအရာ၌ တမန်တော်(apostles) တို့ကိုလည်းကောင်း၊ ... ၁ကော၊ ၁၂:၂၈ခရစ်တော်၏တမန်(apostles) ဖြစ်ယောင်ဆောင်၍၊ ... ၂ကော၊ ၁၁:၁၃ အခြားသော တမန်တော်(apostles) တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။ ... ဂလာ၊ ၁:၁၉ယေရှုခရစ်၏တမန်တော်(apostle) ဖြစ်သော ငါပေါလုသည်၊ ... ဧ၊၁:၁လူအချို့တို့ကို တမန်(apostles) တော်အရာ၌လည်းကောင်း၊ ... ဧ၊ ၄:၁၂ တမန်တော်(apostle) အရာ၌လည်းကောင်း၊ ယုံကြည်ခြင်းတရားနှင့်၊ ... ၁တိ၊ ၂:၇ ယေရှုခရစ်၏ တမန်တော်(apostle) ဖြစ်သော ငါပေါလုသည်၊ ... ၂တိ၊ ၁:၁ တမန်တော်(Apostle) နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော၊ ... ဟေဗြဲ၊ ၃:၁ သိုးသငယ်၏တမန်တော်(apostles) တစ်ဆယ်နှစ်ပါး၏ နာမတို့သည်၊ ... ဗျာ၊ ၂၁:၁၄
Apostles' Creedတမန်တော်၏ယုံကြည်ချက်This was a statement that was used by the disciples to remember the basic fundamentals of their faith, plus it was a tool for sharing their faith about Jesus Christ with others. It can be broken down into three parts, highlighting the Triune God; Father, Son and Holy Spirit. တမန်တော်များသည် မိမိတို့၏ယုံကြည်ခြင်းကိုမမေ့လျော့စေသည့် အခြေခံအချက်များပါဝင်သောဖော်ပြ ချက်ဖြစ်သည်။ ယေရှုခရစ်တော်နှင့်ဆိုင်သောမိမိတို့၏ယုံကြည်ခြင်းကို သူတစ်ပါးတို့အားမျှဝေပေးသည့် တန်ဆာပလာတစ်ခုလည်းဖြစ်သည်။ သုံးပါးတစ်ဆူတည်းဖြစ်သော ခမည်းတော်၊ သားတော်၊ သန့်ရှင်း သောဝိညာဉ်တော်ဟူ၍ ဤယုံကြည်ချက်ကို (၃) ပိုင်းခွဲထားသည်။
apostleship, giftတမန်တော်အရာThis gift is part of the fivefold leadership ministry that Paul tells us, is given to the various churches by the Holy Spirit for the perfecting of the saints and for the work of ministry. It is a person who is a sent one and overseer, a big picture person who can help direct the church for service in Christ. ရှင်ပေါလုဖော်ပြသည့်ခေါင်းဆောင်မှုဆိုင်ရာအချက် (၅) ချက်တွင် တမန်တော်အရာသည် တစ်ခုအပါ အဝင်ဖြစ်သည်။ ထိုတမန်တော်အရာကို သန့်ရှင်းသူတို့နှင့်အမှုတော်မြတ်လုပ်ငန်းများပြည့်စုံစေရန်အ တွက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသင်းတော်များသို့ပေးခန့်အပ်လိုက်ခြင်းဖြစ်သည်။ တမန် တော်အရာခန့်အပ်ခြင်းခံရသူတို့သည် ခရစ်တော်၏အမှုတော်မြတ်အတွက် အသင်းတော်ကိုလမ်းညွှန်ကူ ညီရန် စေလွှတ်ခံရသူများဖြစ်သည်။ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာ (apostleship)မှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ... တ၊ ၁:၂၅ တမန်တော်အရာ(apostleship) ၌ ခန့်ထားသော ယေရှုခရစ်၏ကျွန် ငါပေါလု၊ ... ရော၊ ၁:၅
appleမျက်ဆန်တော်၊ ရွှေရှောက်ချိုသီးA piece of fruit which could be red, green or yellow in colour and the flesh inside is white. The apple represented a special and beautiful piece of fruit. အနီရောင် သို့မဟုတ် အစိမ်းရောင် သို့မဟုတ် အဝါရောင်ရှိပြီး အတွင်းသားမှာ အဖြူရောင်သောအသီးဖြစ် သည်။ ပန်းသီး (ရွှေရှောက်ချိုသီး) သည် ထူးခြားသောအသီးကို ကိုယ်စားပြုသည်။သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်တော်(apple) ကဲ့သို့၊ ... တရား၊ ၃၂:၁၀ မျက်ဆန်(apple) ကဲ့သို့ အကျွန်ုပ်ကိုစောင့်မတော်မူပါ။ ... ဆာ၊ ၁၇:၈ ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီး(apples) နှင့် တူ၏။ ... သု၊ ၂၅:၁၁ သင်၏မျက်ဆန်(apple) ကိုလည်း မငြိမ်းစေနှင့်။ ... မြည်တမ်း၊ ၂:၁၈ သင်တို့ကိုထိသောသူသည် မျက်ဆန်(apple) တော်ကို ထိသောသူဖြစ်၏။ ... ဇာ၊ ၂:၈
apply / appliedနှလုံးသွင်းTo request, to appeal for, to relate to, to cover over with something, to take action or make an effort. DTP The disciple needs to draw near to the Lord and apply himself to or be connected with Him. We are to work at becoming deeper connected in wisdom, knowledge and understanding to God. တောင်းခံသည်၊ မေတ္တာရပ်ခံသည်၊ ရှင်းလင်းသည်၊ တစ်စုံတစ်ခုဖြင့်ဖုံးအုပ်သည်၊ လုပ်ဆောင်သည် သို့မဟုတ် အားစိုက်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏အနီးတွင်နေရန်လိုအပ်ပြီး ကိုယ်တော်ကိုအသက် တာတွင်နှလုံးသွင်းကာ မျက်ခြေမပြတ်ရန်လိုပါသည်။ ဘုရားရှင်ကို ပညာအားဖြင့်လည်းကောင်း၊ ဉာဏ် ပညာအားဖြင့်လည်းကောင်း၊ နားလည်မှုအားဖြင့်လည်းကောင်း နက်နဲစွာဆက်သွယ်ရန်လိုပါသည်။ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း(apply) မိမည်အကြောင်း၊ ... ဆာ၊ ၉၀:၁၂ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်း(apply) မိလျှင်လည်းကောင်း၊ ... သု၊ ၂:၂ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်း(apply) လော့။ ... သု၊ ၂၂:၁၇ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ကြိုးစား(applied) လေပြီ။ ... ဒေ၊ ၇:၂၅ နေအောက်မှာ ပြုလေသမျှတို့ကို ဆင်ခြင်(applied) ပြီ။ ... ဒေ၊ ၈:၉ ငါသည် ကိုယ်နှလုံးကို နှိုးဆော်(applied) ၏။ ... ဒေ၊ ၈:၁၆
appoint / appointedခန့်ထားTo set aside or to select someone to a special position of leadership or ministry. DTP God does appoint people for a season or for a long term to do specific things for Him within the church and out in the world. Some may use the word "calling', to be set aside for a specific service. သီးခြားထားခြင်း၊ တစ်စုံတစ်ဦးအား ခေါင်းဆောင်မှုနေရာ သို့မဟုတ် အမှုတော်လုပ်ငန်းအတွက် ရွေး ချယ်ခန့်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိသတ်မှတ်ထားသောအမှုတော်လုပ်ငန်းအတွက် အချိန် အတိုင်းအတာတစ်ခု သို့မဟုတ် ရာသက်ပန်အဖြစ် အသင်းတော်အတွင်းနှင့်လောကကြီးအတွင်း လူကိုခန့် ထားတော်မူသည်။ အချို့က ‘’ခေါ်ယူတော်မူခြင်း’’ ဟုခေါ်တွင်ပြီး သတ်မှတ်ထားသောအမှုတော်လုပ်ငန်း အတွက် သီးသန့်ထားရှိခြင်းဖြစ်သည်။ အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်(appoint) ထား၏။ ... တော၊ ၃:၁၀ ဣသရေလအမျိုးကို အုပ်စိုးသောမင်းအရာ၌ ခန့်(appoint) ထားတော်မူသော၊ ... ၂ရာ၊ ၆:၂၁ သေရသောသူတို့(appointed) ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ၊ ... ဆာ၊ ၇၉:၁၁ ကယ်တင်ခြင်းကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်(appoint) ထားတော်မူလိမ့်မည်။ ... ဟေရှာ၊ ၂၆:၁ အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်(appointed) ထားတော်မူ၍၊ ... လု၊ ၁၀:၁ငါ့အား နိုင်ငံကို ပေးတော် (appointed) မူသည်နှင့်အညီ၊ ... သင်တို့အား ပေးမည် (appoint) ဟု မိန့်တော်မူ၏။ ... လု၊ ၂၂:၂၉ - ၃၀ဤအမှုကို ဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည် ခန့်(appoint) ထားကြမည်။ ... တ၊ ၆:၃ ဘုရားသခင်သည် ငါတို့ကို ခန့်(appointed) ထားတော်မူသည်မဟုတ်။ ... ၁သက်၊ ၅:၉ လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်း (appointed)ကို၊ ... ဟေဗြဲ၊ ၉:၂၇
approvedAccepted, known, come into agreement with. DTP The disciple becomes approved by God by giving one's life into His hand as your Lord and Saviour, and by doing that we receive His grace and righteousness which makes it possible to stand before as a child of God.
archaeologyရှေးဟောင်းသုတေသနThe study of material remains from the past; excavation of ancient burial sites and cities, and examining the findings. Inscriptions are deciphered and the artefacts dated to a timeline. Involves research into the people and their culture and traditions ရှေးဟောင်းကကျန်ရှိခဲ့သောရုပ်ဝတ္ထုပစ္စည်းများကိုလေ့လာခြင်း၊ တိမ်မြုပ်သွားသောရှေးဟောင်းနေရာ များနှင့်မြို့များကို ပြန်လည်တူးဖော်ပြီး တွေ့ရှိသောအရာများကိုစစ်ဆေးခြင်းဖြစ်သည်။ ထွင်းထားသောစာ လုံးများကိုဖတ်ရှု၍အဓိပ္ပာယ်ဖော်ပြီး အတိတ်ကလူ့ယဉ်ကျေးမှုသမိုင်းကိုဖော်ထုတ်ခြင်းဖြစ်သည်။ လူသား နှင့်မိမိတို့၏ယဉ်ကျေးမှုထုံးတမ်းဓလေ့ကိုလည်း လေ့လာဖော်ထုတ်ခြင်းဖြစ်သည်။
archangelကောင်းကင်တမန်မင်း Seraph, angel, cherub; it seems that in the realm of angels, the Bible gives us glimpses of angels who hold higher rank over others and have various types of ministry in the heavenly realm. ကောင်းကင်တမန်သရပ်၊ ကောင်းကင်တမန်၊ ခေရုဗိမ်၊ ကောင်းကင်ဗိုလ်ခြေ။ ကောင်းကင်တမန်တို့သည် မိမိတို့အဆင့်အလိုက်ခွဲခြားထားပြီး ကောင်းကင်နိုင်ငံတွင် အမျိုးမျိုးသောအမှုတော်ကိုထမ်းဆောင်ကြရ သည်ဟု သမ္မာကျမ်းစာတွင်တွေ့ရသည်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း(archangel) အသံပေးခြင်း၊ ... ၁သက်၊ ၄:၁၆ ကောင်းကင်တမန်မင်း(archangel) မိက္ခေလမူကား၊ မောရှေ၏ကိုယ်ကို အကြောင်းပြု၍၊ ... ယု၊ ၁:၉
architectureဗိသုကာပညာStructural design, building, planning, construction; often the planning, blueprinting and overseeing of the construction of all aspects of the building. ဖွဲ့စီးတည်ဆောက်သည့်ပုံစံ၊ အဆောက်အအုံ၊ အစီအစဉ်၊ ဆောက်လုပ်ရေး၊ အဆောက်အအုံတစ်ခုလုံး၏ ရှုထောင့်အမျိုးမျိုးဆိုင်ရာကိုရေးဆွဲခြင်း၊ အသေးစိတ်ရေးဆွဲထားသောအဆောက်အအုံပုံစံနှင့် ဆောက် လုပ်ရေးဆိုင်ရာတရားဝင်ကြီးကြပ်ခြင်းဖြစ်သည်။
ariseထ၍To get up, or to come into existence, to begin or start, to come forth, to grow up, to bud forth. Christ came forth from death to life. DTP For the disciple it is time to live like we are alive in Christ that His blood and DNA is flowing through us. မတ်တတ်ရပ်၊ ပေါ်ထွန်းလာသည်၊ အစပြုသည်၊ ထွက်ပေါ်လာသည်၊ ကြီးပြင်းလာသည်၊ အဖူးအညွှန့် ထွက်သည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌အသက် ရှင်သကဲ့သို့ရှင်သန်ပြီး သူ၏အသွေးတော်နှင့်ဗီဇလက္ခဏာသည် ကျွန်ုပ်တို့အတွင်းစီးဆင်းလျက်ရှိသည်။ သင်(arise) ၍မြေကို အလျားအားဖြင့်လည်းကောင်း၊ ... က၊ ၁၃:၁၇ ယခု(arise) ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ... ယောရှု၊ ၁:၂ မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲကတက်(ariseth)ပါ၏၊ ... ၃ရာ၊ ၁၈:၄၄ဘုရားသခင်၏ကျွန်ဖြစ်သော ငါတို့သည် (arise) ၍တည်မည်။ ... နေ၊ ၂:၂၀ အိုထာဝရဘုရား (Arise) တော်မူပါ။ ... ဆာ၊ ၃:၇ အကျွန်ုပ်တို့ကို မစသောဘုရား၊ (Arise) တော်မူပါ။ ... ဆာ၊ ၄၄:၂၆ ဘုရားသခင်(arise) တော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့၊ ... ဆာ၊ ၆၈:၁ သင်(Arise) လော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ... ဟေရှာ၊ ၆၀:၁ (arise) လော့။ သင်၏ဘုရားကို ဆုတောင်းလော့။ ... ယောန၊ ၁:၆ တရားတော်နေမင်းသည် အနာပျောက်စေသော … ပေါ်ထွန်း(arise) တော်မူမည်။ ... မာလ၊ ၄:၂ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ(arise) ၍၊ ... မ၊ ၂၄:၂၄ (arise) လော့။ သခင်ဘုရားကို ပတ္ထနာပြုလျက် ဗတ္တိဇံကိုခံ၍၊ ... တ၊ ၂၂:၁၆ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်(arise) သည် ကာလတိုင်အောင်၊ ... ၂ပေ၊ ၁:၁၉
arkသင်္ဘော၊ သေတ္တာတော်The word ark in the Bible has two meanings, one is the name of the boat that Noah built; Genesis chapters 6 to 8; Matt 24:38; Luke 17:27; the other is the name given as a short form for the Ark of the Covenant, Exodus chapters 24 to 40, Heb 9:4. အဓိပ္ပာယ်နှစ်မျိုးရှိပါသည်။ တစ်ခုမှာ နောဧဆောက်သောသင်္ဘောဖြစ်ပြီး (က၊ ၆-၈။ မ၊ ၂၄:၃၈။ လု၊ ၁၇: ၂၇) အခြားတစ်ခုမှာ ပဋိညာဉ်သေတ္တာတော်ဖြစ်သည် (ထွ၊ ၂၄-၄၀။ ဟေဗြဲ၊ ၉:၄)။ဂေါဖရသစ်သားဖြင့်၊ သင်္ဘော(ark) ကို ကိုယ်ဖို့တည်လုပ်လော့။ ... က၊ ၆:၁၄ တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘော(ark) ထဲကလွှတ်ပြန်၏။ ... က၊ ၈:၁၀ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်(ark) ကိုယူ၍၊ ... ထွ၊ ၂:၃ ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏သေတ္တာတော်(ark) ကို၊ ... ၂ရာ၊ ၆:၂ ဘုရားသခင်၏သေတ္တာတော်(ark) ဌာနကို ပြင်၍၊ ... ၅ရာ၊ ၁၅:၁ ရေလွှမ်းမိုးခြင်း မဖြစ်မီကာလ၌ နောဧသည် သင်္ဘော(ark) ထဲသို့ဝင်သော၊ ... မ၊ ၂၄:၃၈ နောဧသည် သင်္ဘော(ark) ထဲသို့ဝင်၍၊ ... လု၊ ၁၇:၂၇ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်(ark) ထင်ရှားလေ၏။ ... ဗျာ၊ ၁၁:၁၉
ark of the covenantပဋိညာဉ်သေတ္တာBox carried with poles, representing God's presence, contained Aaron's rod that budded, a golden pot that contained manna, and the tablets of the covenant (10 commandments). ဝင်ရိုးဖြင့်ထမ်းရသောသေတ္တာ၊ ဘုရားသခင်တည်ရှိနေခြင်းကို ကိုယ်စားပြုသည်။ ထိုပဋိညာဉ်သေတ္တာ အထဲတွင် အပွင့်ပွင့်သောအာရုန်၏လှံတံ၊ မန္နထည့်ထားသောရွှေအိုးနှင့် ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာ(ark of the testimony / covenant) ရှေ့၌တည်ထား၍၊ ... ထွ၊ ၄၀:၅ လေဝိသားတို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ(ark of the covenant) ကို ထမ်းစေခြင်းငှာ၊ ... တရား၊ ၁၀:၁၀ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ(ark of the covenant) ကိုလည်းကောင်း၊ ... ယောရှု၊ ၃:၃ ထိုကာလ၌ ဘုရားသခင်၏ပဋိညာဉ်သေတ္တာ(ark of the covenant) တော်ပါလျက်၊ ... သူကြီး၊ ၂၀:၂၇ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ(ark of the covenant) တော်သည် တပ်ထဲသို့ ရောက်သောအခါ၊ ... ၁ရာ၊ ၄:၅ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ(ark of the covenant) တော်ဟူ၍ နောက်တစ်ဖန်၊ ... ယေ၊ ၃:၁၆ ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာ(ark of the covenant) ရှိ၏။ ... ဟေဗြဲ၊ ၉:၄
ark of the LORDA container, box carried with poles representing God's presence and His testament Rev 11:19; it was kept in the Holy of Holies in the tabernacle and later in the same place in the temple. ထည့်စရာ၊ ဘုရားသခင်တည်ရှိနေခြင်းနှင့်သက်သေခံချက်ကို ကိုယ်စားပြုသည် (ဗျာ၊ ၁၁:၁၉)။ တဲတော် ၏အသန့်ရှင်းဆုံးနေရာတွင်ထားရှိသည်။ နောက်ပိုင်းတွင် ဗိမာန်တော်၏အသန့်ရှင်းဆုံးနေရာတွင်ထားရှိ သည်။ သင်တို့ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်(ark of the LORD) ရှေ့၊ ... ယောရှု၊ ၄:၅ထာဝရဘုရား၏သေတ္တာတော်(ark of the LORD) ကို အဘယ်သို့ ပြုရပါမည်နည်း။ ... ၁ရာ၊ ၆:၂ ထာဝရဘုရား၏သေတ္တာတော်(ark of the LORD) ကိုသွင်း၍ ဒါဝိဒ်ဆောက်နှင့်သော၊ ... ၂ရာ၊ ၆:၁၇ထာဝရအရှင်ဘုရားသခင်၏သေတ္တာတော်(ark of the LORD God) ကို ငါ့ခမည်းတော်ဒါဝိဒ်ရှေ့မှာ၊ ... ၃ရာ၊ ၂:၂၆ 6
arm /armsလက်ရုံးတော်An extension, a human limb from the upper part of the body, a member or branch that extends off the main body. DTP God is always extending His loving arm out to us but as disciples we need to be extending arms of love and encouragement to others, both in the church and in the community. လက် (arm) ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့်၊ ... ထွ၊ ၆:၆ နိစ္စထာဝရ လက်ရုံးတော်(arms) ဖြင့် သင့်ကိုထောက်မတော်မူ၏။... တရား၊ ၃၃:၂၇ မတရားသောသူ၏လက်ရုံး(arms) သည် ကျိုးရလိမ့်မည်။ ... ဆာ၊ ၃၇:၁၇ လက်ရုံးတော်(arm)နှင့် ကယ်နုတ်တော်မူပြီ။ ... ဆာ၊ ၇၇:၁၅တန်ခိုးရှိသော လက်ရုံး(arm)နှင့် ပြည့်စုံတော်မူ၏။ ... ဆာ၊ ၈၉:၁၃ ငါ့လက်ရုံး(arm) သည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။ ... ဆာ၊ ၈၉:၂၁ ငါ့လက်ရုံး(arms) သည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ ... ဟေရှာ၊ ၅၁:၅ သန့်ရှင်းသော လက်ရုံးတော်(arm) ကို ဖွင့်ပြတော်မူသဖြင့်၊ ... ဟေရှာ၊ ၅၂:၁၀ကိုယ်လက်(arm) သည် ကိုယ်အဖို့ ကယ်တင်ခြင်းကို ပြုပြီ။ ... ဟေရှာ၊ ၆၃:၅ ငါသည် မဟာတန်ခိုးနှင့် လက်ရုံး(arm) ကိုဆန့်လျက်၊ ... ယေ၊ ၂၇:၅ သူတို့အပေါ်မှာ လက်တော်(arms) ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။ ... မာ၊ ၁၀:၁၆ လက်ရုံးတော်(arm) အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ ... လု၊ ၁:၅၁ ထင်ရှားသောလက်တော်(arm) နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။ ... တ၊ ၁၃:၁၇
Armageddonအာမဂေဒုန် The Jezreel Valley of northern Israel, there will be a great end time battle there in the valley of Armageddon. Also referred to as the valley of Megiddo. အစ္စရေးနိုင်ငံမြောက်ပိုင်း ရေဇရေလချိုင့်ဖြစ်သည်။ နောက်ဆုံးသောစစ်ပွဲသည် အာမဂေဒုန်ချိုင့်တွင် ရှိလိမ့်မည်။ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်(Armageddon) အမည်ရှိသော အရပ်၌၊ ... ဗျာ၊ ၁၆:၁၆
Arminianismအာမေးနီးယမ်းဝါဒA teaching concerning one's salvation; salvation is not secure but can be lost; this doctrine was proposed by Jacob Arminius (1560 to 1609) the main emphasis being that God gave to man choice and freedom when it came to salvation (the question of free-will); this contrasted with Calvinism. တစ်ဦးတစ်ယောက်၏ကယ်တင်ခြင်းနှင့်ဆိုင်သော သွန်သင်ချက်ဖြစ်သည်။ ထိုသွန်သင်ချက်တွင် ကယ် တင်ခြင်းဟူသည် မလုံခြုံပါ၊ ပျောက်ဆုံးသွားနိုင်သည်။ ဤသွန်သင်ချက်ကို ဂျေးကော့အာမီးနီးယပ်စ် ဆိုသူက အဆိုတင်သွင်းခဲ့ပါသည် (၁၅၆၀-၁၆၀၉)။ ကယ်တင်ခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်ကလူကို ရွေးချယ်ခွင့်နှင့်လွတ်လပ်ခွင့်ပေးထားသည်ဟု ဆိုပါသည်။ ဤအဆိုသည် ကယ်လ်ဗင်၏အဆိုနှင့်ဆန့် ကျင်လျက်ရှိပါသည်။