Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

a


agreeသဘောတူTo be in accord with or in harmony with another, to do something together, to be in unison, to have a mutual understanding or to cooperate together. DTP We are as believers to come into an agreement with Christ and with those within the Church. The devil's tools serve to sow discord so that he can cause division amongst the believers. With the Holy Spirit working in us, believers should be able to come to unity and harmony as the body of Christ. တစ်ဦးနှင့်တစ်ဦးသဘောတူညီခြင်း၊ ညီညွှတ်ခြင်း၊ တစ်စုံတစ်ခုကိုအတူတကွလုပ်ဆောင်ခြင်း၊ တစ်သံ တည်းဖြစ်ခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း။ ကျွန်ုပ်တို့သည် ယုံကြည်သူများအနေဖြင့် ခရစ်တော်နှင့် သဘောတူညီမှုရှိပြီး အသင်းသူအသင်းသားများနှင့်ညီညွှတ်မှုရှိရပါမည်။ စာတန်သည် ယုံကြည်သူများ အတွင်းစိတ်ဝမ်းကွဲပြားစေခြင်းဖြင့် သင်းကွဲခြင်းများကိုဖြစ်ပေါ်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အတွင်းလုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်သူတို့သည် ခရစ်တော်၏ခန္ဓာ၌ တစ်လုံးတစ်ဝ တည်းရှိနေမည်ဖြစ်သည်။ လူနှစ်ဦးသည် သဘောမတူ(agreed) လျှင်၊ ပေါင်းဖော်၍ ခရီးသွားနိုင်သလော။ ... အာ၊ ၃:၃ တရားတွေ့ဖက်နှင့်အတူ(Agree) … သူ၏စိတ်ကို ပြေစေခြင်းငှာ... မ၊ ၅:၂၅ မြေကြီးပေါ်မှာသင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ(agree) ၍ ဆုတောင်းလျှင်၊ ... မ၊ ၁၈:၁၉ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူ(agreed)နှင့် အဘယ်ကြောင့်၊ ... တ၊ ၅:၉ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း(agree) ဖြစ်၏။ ... ၁ယော၊ ၅:၈
agricultureစိုက်ပျိုးမွေးမြူရေးHusbandry, till the land, to sow; farming of the land, sowing, nurturing and harvesting of the fruit; God told man to cultivate the earth (Gen 3:23); it also illustrates a part of what the church should be doing through ministry (1 Cor 3:9); Paul taught the Galatian church the spiritual sowing and reaping principle (Gal 6:6-7). Other examples of farming; Gen 47:23; Ps 107:37; Matt 13:3; Matt 22:5; Mark 4:14; Luke 12:24. စိုက်ပျိုးမွေးမြူမှု၊ လယ်ကိုထွန်ယက်စိုက်ပျိုးခြင်း၊ မျိုးကြဲခြင်း၊ သီးနှံကိုပြုစုပျိုးထောင်ရိတ်သိမ်းခြင်း။ လူ သည် မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏ (က၊ ၃:၂၃)။ အသင်းတော်မှလုပ်ဆောင်သင့်သည့်အမှုတော်လုပ်ငန်းကိုလည်း ရုပ် လုံးဖော်ပေးသည်။ ရှင်ပေါလုသည် ဂလာတိအသင်းသူအသင်းသားတို့အား ဝိညာဉ်ဆိုင်ရာမျိုးကြဲခြင်း နှင့်ရိပ်သိမ်းခြင်းကို သွန်သင်ပေးသည် (ဂလာ၊ ၆:၆-၇)။ အခြားသောလယ်လုပ်ငန်းဆိုင်ရာဉပမာကို က၊ ၄၇:၂၃။ ဆာ၊ ၁၀၇:၃၇။ မ၊ ၁၃:၃။ မာ၊ ၄:၁၄။ လု၊ ၁၂:၂၄ တွင်တွေ့နိုင်ပါသည်။
alabaster boxဆီမွှေးကျောက်ဖြူခွက်A container made of marble which could contain ointment or perfumes; in the New Testament it is thought that it was Mary of Bethany (John 12:3) who anointed Jesus with oil; this was to show hospitality and honour, but in Jesus' case it was anointing Him in preparation for His death. စကျင်ကျောက်နှင့်ပြုလုပ်ပြီး ဆီးမွှေး သို့မဟုတ် ရေမွှေးထည့်ထားသောထည့်စရာခွက်ဖြစ်သည်။ ဗေသ နိရွာမှမာရိသည် ဆီမွှေးဖြင့်ယေရှု၏ခြေတော်အားလိမ်းသည့်အကြောင်းကို ဓမ္မသစ်ကျမ်းတွင်ဖော်ပြ ထားပါသည် (ယော၊ ၁၂:၃)။ ဤသို့သောအမှုအရာသည် ဧည့်ခံခြင်း သို့မဟုတ် ဂုဏ်ပြုခြင်းကိုပြသ သည်။ သို့သော် ဤနေရာတွင် ယေရှု၏သေခြင်းကိုပြင်ဆင်သောအနေဖြင့် ဆီလိမ်းခြင်းဖြစ်ပါသည်။ အဖိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်(alabaster box) တစ်လုံးကို၊ ... မ၊ ၂၆:၇ နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်(alabaster box) တစ်လုံးကို၊ ... မာ၊ ၁၄:၃ ဆီမွှေးကျောက်ဖြူခွက်(alabaster box) တစ်လုံးကို ယူခဲ့၍၊ ... လု၊ ၇:၃၇
alienဧည့်သည်အာဂန္တုOutsider; often used to designate someone in the Old Testament who was outside of the community of Israel. DTP In the New Testament it was used to describe believers because as disciples, they lived outside the community of the world. The believer in Christ was to be a heavenly citizen. အပြင်လူ၊ ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးအသိုက်အဝန်းမဟုတ်သောသူ။ ဓမ္မသစ်ကျမ်းထဲတွင် ယုံကြည်သူများကိုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်သူတို့သည် လောကအသိုက်အဝန်း အပြင်တွင် နေထိုင်ကြသောကြောင့်ဖြစ်သည်။ ခရစ်တော်ကိုယုံကြည်သူတို့သည် ကောင်ကင်နိုင်ငံသား များဖြစ်ကြသည်။ ငါသည် တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တု(alien) ဖြစ်ရပြီဟု၊ ... ထွ၊ ၁၈:၃ သို့ ဖြစ်၍ ဧည့်သည်တို့(alien) ကို ချစ်ကြလော့။ အဲဂုတ္တုပြည်၌ ဧည့်သည်(aliens) ဖြစ်ကြဘူးပြီ။ ... တရား၊ ၁၀:၁၉ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်(aliens) ဖြစ်ကြသဖြင့်၊၊ ... တ၊၇:၆ သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသား(aliens) မဟုတ်၊ ... ဧ၊ ၂:၁၉ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တု(aliens) တို့ကို ကြားလိုက်ပါ၏။ ... ၁ပေ၊ ၁:၁ ဧည့်သည်အာဂန္တု(aliens) ကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။ ... ၁ပေ၊ ၂:၁၁
aliveအသက်ရှင်Possessing life, active, alert, awake; to be physically alive. DTP As disciples, we are to become spiritually alive in Christ. Each day we die to self but live in Christ, we are no longer spiritually dead but we have become vessels of God's power and anointing. We live because He lives in us. အသက်ကိုပိုင်ဆိုင်ခြင်း၊ လှုပ်ရှားခြင်း၊ သတိရှိခြင်း၊ နိုးထခြင်း၊ ခန္ဓာအသက်ရှင်ခြင်း။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ဝိညာဉ်အားဖြင့်အသက်ရှင်သူဖြစ်ရမည်။ နေ့စဉ်အသက်တာတွင် မိမိဆန္ဒကိုသေဆုံးစေပြီး ခရစ်တော်၌အသက်ရှင်ရမည်။ ဝိညာဉ်၌သေသူမဟုတ်ဘဲဘုရားရှင်တန်ခိုးနှင့် ဘိသိတ်ပေးခြင်းဖြင့် ဘုရားရှင်၏တန်ဆာပလာများဖြစ်လာသည်။ ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌အသက်ရှင်သောကြောင့် ကျွန်ုပ်တို့အသက်ရှင်နေခြင်းဖြစ်သည်။ သခင်ထာဝရဘုရား၌ ယနေ့တိုင်အောင် အသက်ရှင်(alive) ရကြ၏။ ... တရား၊၄:၄ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်(alive) ပြန်၏။ ... လု၊၁၅:၂၄ မိမိအသက်ရှင် (alive)သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့်၊ ... တ၊၁:၃ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်(alive) သည်ဟူ၍၊ ... ရော၊၆:၁၁ သေခြင်းမှ ထမြောက်၍ အသက်ရှင်(alive) သောသူကဲ့သို့၊ ... ရော၊ ၆:၁၃ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်(alive) ခြင်းသို့၊ ... ၁ကော၊၁၅:၂၂ ထိုအခါ အသက်ရှ(alive) င်၍ ကျန်ကြွင်းသောငါတို့သည်၊ ... ၁သက်၊၄:၁၇ အသက်ရှင်(alive) သောသူလည်း ဖြစ်၏။ ... ဗျာ၊၁:၁၈ အရင်သေ၍ အသက်ရှင်(alive) လျက်ရှိသော သူ၏အမိန့်တော်ကား၊ ... ဗျာ၊၂:၈
allEverything, all inclusive, complete, no holding back. DTP To give all that one has, to be all encompassing in one's focus, to be committed in everything. Christ desires that we bring our all to Him who we accept as our Lord and Saviour.
allegoryပုံပမာFable, metaphor, symbol, story, example; a story which has a meaning deeper than it appears and that teaches lessons or morals. In the teachings of Jesus this method of teaching was used to take an earthly story and give it a heavenly meaning. ဒဏာရီပုံပြင်၊ နှိုင်းယှဉ်ချက်၊ သ‌ေင်္ကတ၊ ပုံပြင်၊ ဥပမာ။ ဖော်ပြထားသည်ထက်အဓိပ္ပာယ်လေးနက်ပြီး သင်ခန်းစာပေးသော၊ ကိုယ်ကျင့်တရားကိုဖော်ပြသောပုံပြင်ဖြစ်သည်။ သခင်ယေရှုသည် ကောင်းကင် နှင့်ဆိုင်သောအဓိပ္ပာယ်ပါရှိသည့်ပုံပြင်ကို လောကပုံပြင်အသုံးပြုပြီး သွန်သင်ဆုံးမသောစနစ်ကို အသုံး ပြုသည်။ ထိုအကြောင်းအရာကို ပုံပမာ(allegory) အားဖြင့်ဆိုသော်၊ ... ဂလာ၊ ၄:၂၄
AlleluiaဟာလေလုယTo praise God or YAHWEH with all of one's body, soul and spirit. (See Hallelujah) ခန္ဓာ၊ စိတ်၊ ဝိညာဉ်အားလုံးတို့ဖြင့် ဘုရားသခင်ထာဝရဘုရားကိုချီးမွမ်းခြင်း။ ကောင်းကင်ဘုံ၌ …. အသံကြီးကား၊ ဟာလေလုယ(Alleluia) ၊... ဗျာ၊ ၁၉:၁၊ ၃၊ ၆ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယ(Alleluia) ဟု၊ ... ဗျာ၊ ၁၉:၄
Almightyအနန္တတန်ခိုးရှင်Enormous, immense, omnipotent, supreme; one all powerful, God who is over all heaven and earth, who has created all things. အလွန်ကြီးမားသော၊ အကြွင်းမဲ့တန်ခိုးအာဏာရှိသော၊ အကြီးမြင့်ဆုံးသော။ တစ်ခုတည်း၌စုံလင်သော တန်ခိုးတော်၊ ကောင်းကင်နှင့်မြေကြီးအထက်၌ရှိသောဘုရားသခင်၊ အရာခပ်သိမ်းကိုဖန်ဆင်းတော်မူ သော ဘုရားသခင်ဖြစ်သည်။ ငါသည် အနန္တတန်ခိုးရှင်(Almighty) ဘုရားသခင်ဖြစ်၏။ ... က၊ ၁၇:၁ အနန္တတန်ခိုးရှင်(Almighty) သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ ... ရု၊ ၁:၂၁ အနန္တတန်ခိုးရှင်(Almighty) ၏ အရိပ်ကိုခိုရလိမ့်မည်။ ... ဆာ၊ ၉၁:၁ အနန္တတန်ခိုး(Almighty) နှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။ ... ၂ကော၊ ၆:၁၈ ဩမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုး(Almighty)နှင့်ပြည့်စုံတော်မူ၍၊ ... ဗျာ၊ ၁:၈ သူတို့ကလည်း၊ အနန္တတန်ခိုး(Almighty) နှင့်ပြည့်စုံ၍၊ ... ဗျာ၊ ၄:၈အနန္တတန်ခိုး(Almighty) နှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ... ဗျာ၊ ၁၆:၇ အနန္တတန်ခိုး(Almighty) နှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့်၊ ... ဗျာ၊ ၂၁:၂၂
alms / offeringစွန့်ကြဲ၊ အလှူဒါနGiving, charity, money (silver) gifts to be given unto God, gifts to be used in helping others who are less fortunate; giving of love gifts to the poor and needy. DTPThe disciple should away be aware of the needs of others around them. It is important that we do not become blind to the poor and the needy, but to pray and ask God to show us how we may help or how we can get involved in ministry to those who are less fortunate. ပေးကမ်းခြင်း၊ ပရဟိတ၊ အလှူငွေ၊ ကံမကောင်းသူတို့အား ကူညီထောက်ပံ့ပေးသည့်အလှူ၊ ဆင်းရဲသား နှင့်လိုအပ်သူတို့အား ပေးကမ်းခြင်း။ ကျွန်ုပ်တို့သည် မိမိတို့အနီးတွင်ရှိသောလိုအပ်သူများကို သိရှိရ မည်။ ထိုသူတို့ကို မြင်တတ်ရန်အလွန်အရေးကြီးပါသည်။ လိုအပ်သူတို့အတွက် မည်သို့ကူညီနိုင်မည်ကို လည်း ဘုရားရှင်ကညွှန်ပြပေးရန်ဆုတောင်းရပါမည်။ ကိုယ်သီလအကျင့်(alms) ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း၊ ... မ၊ ၆:၁ အလှူဒါန(alms) ကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ ... မ၊ ၆:၃ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ(alms) ကြလော့။ ... လု၊ ၁၁:၄၁ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲ(alms) ခြင်းကိုခံစေခြင်းငှာ၊ ... တ၊ ၃:၂ လူတို့အား များစွာသော စွန့်ကြဲ(alms) ခြင်းကိုပြု၍၊ ... တ၊ ၁၀:၂ အမျိုးသားချင်းတို့အား စွန့်ကြဲ(alms) ပေးကမ်းခြင်းအမှု၊ ... တ၊ ၂၄:၁၇
alphaအာလဖFirst letter of the Greek alphabet; Alpha and Omega used for God to show His eternality; God has no beginning or end. It is one of the many names of Jesus Christ. ဂရိဗျည်း ပထမစာလုံးဖြစ်သည်၊ အာလဖနှင့်ဩမေဃသည် ဘုရားရှင်၏ထာဝရဖြစ်ခြင်းကိုပြသည်။ ထာဝရဘုရား၌ အစ၊ အဆုံးမရှိပါ။ ယေရှုခရစ်တော်၏နာမည်များစွာအထဲမှ တစ်ခုဖြစ်သည်။ ငါသည် အာလဖ(Alpha) ဖြစ်၏။ ဩမေဃလည်းဖြစ်၏ဟု၊ ... ဗျာ၊ ၁:၈ ငါသည် အာလဖ(Alpha) ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ ... ဗျာ၊ ၂၁:၆ငါသည် အာလဖ(Alpha) ဖြစ်၏။ ဩမေဃလည်းဖြစ်၏။ ... ဗျာ၊ ၂၂:၁၃
altarယဇ်ပလ္လင်A place to do sacrifices, a structure on which sacrifices are offered to a deity; In Old Testament, sacrifices were made for a variety of human spiritual needs and altars were built in various places; after the Exodus, there was an altar in the Tabernacle and later, one in the Temple; priests would carry out the ministry of doing sacrifices on the altar. DTP The altar is a holy place where one can meet privately with God, and even today it is good for the disciple to have a prayer closet, a place set aside were one can pour out their hearts before God. ယဇ်ပူဇော်သောနေရာ၊ ဘုရားရှင်ထံပူဇော်ရန်ဖွဲ့စည်းထားသောအရာဝတ္ထု၊ ဓမ္မဟောင်းခေတ်တွင် လူမျိုး စုံတို့၏ဝိညာဉ်ဆိုင်ရာလိုအပ်မှုအတွက် ယဇ်ပူဇော်ပြီး ယဇ်ပလ္လင်ကိုနေရာအနှံ့အပြားတွင် တည်ဆောက် ကြသည်။ အီဂျစ်ပြည်မှလွတ်မြောက်ပြီးနောက် တဲတော်တွင် ယဇ်ပလ္လင်ကိုတည်ဆောက်ပြီး ထိုနောက် ဗိမာန်တော်ထဲတွင်တည်ဆောက်သည်။ ယဇ်ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ရန် ယဇ်ပုရောဟိတ်က အမှုတော် ဆောင်ရသည်။ ပလ္လင်တော်သည် ဘုရားရှင်နှင့်သီးသန့်တွေ့ဆုံရာ သန့်ရှင်းသောအရပ်ဖြစ်သည်။ ယနေ့ လူသားတို့အတွက် ဆုတောင်းရာသီးသန့်အခန်းထားရှိရန်လိုအပ်ပြီး ထိုနေရာတွင် ဘုရားရှင်ရှေ့တော်၌ မိမိနှလုံးသားကို သွန်းလောင်းရပါမည်။ ယဇ်ပလ္လင်(altar) ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။ ... က၊ ၈:၂၀ ထိုအရပ်၌ ယဇ်ပလ္လင်(altar) ကိုတည်၍၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏။ ... က၊ ၂၆:၂၅ မောရှေသည်လည်း ယဇ်ပလ္လင်(altar) ကိုတည်၍၊ ... ထွ၊ ၁၇:၁၅ တဲတော်တံခါးအနား ယဇ်ပလ္လင်(altar) အပေါ်၌၊ ... ဝတ်၊ ၁:၅ ယဇ်ပလ္လင်(altar) ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊ ... ဝတ်၊ ၁:၇ ဂိဒေါင်သည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်(altar) ကိုတည်၍၊ ... သူကြီး၊ ၆:၂၄ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်(altar) ကိုတည်၍ မီးရှို့ရာယဇ်၊ ... ၂ရာ၊ ၂၄:၂၅ ဣသရေလအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်(altar) ကို တည်ကြ၏။ ... ဧဇ၊ ၃:၂ယဇ်ပလ္လင်(altar) ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတစ်ခဲကို၊ ... ဟေရှာ၊ ၆:၆ ဘုရားရှင်သည် ယဇ်ပလ္လင်(altar) ပေါ်မှာ ရပ်လျက်၊ ... အာ၊ ၉:၁ ထာဝရဘုရား၏ယဇ်ပလ္လင်(altar) ကို မျက်ရည်ကျခြင်း၊ ... မာလ၊ ၂:၁၃ ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်(altar) သို့ဆောင်ယူခဲ့လျက်၊ ... မ၊ ၅:၂၃ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသောယဇ်ပလ္လင်(altar) သည်၊ ... ဟေဗြဲ၊ ၁၃:၁၀ မိမိသားဣဇာက်ကို ယဇ်ပလ္လင်(altar) ပေါ်မှာ၊ ... ယာ၊ ၂:၂၁
alter callပလ္လင်ရှေ့သို့ခေါ်ဖိတ်ခြင်းA modern trend mainly in evangelical churches to call people forward to the front of the church where the altar is, to encourage them to make a personal confession and commitment to Jesus Christ. ဧဝံဂေလိအသင်းတော်အများစု လုပ်ဆောင်လေ့ရှိသည်။ ဝတ်ပြုကိုးကွယ်ရာတွင် ပရိတ်သတ်တို့ကို ပလ္လင်ရှိရာရှေ့သို့ခေါ်ပြီး သခင်ယေရှုခရစ်တော်ထံ မိမိအပြစ်ကိုကိုယ်တိုင်ဝန်ချကာ ဆက်ကပ်အပ်နှံရန် တိုက်တွန်းပေးခြင်းဖြစ်သည်။
Alter of Incenseနံ့သာပေါင်းကိုရှို့သောယဇ်ပလ္လင်A place to offer up sweet- smelling smoke to God; found in the Tabernacle and Temple. DTP Christ called the disciples as ones who were to be a sweet-smelling incense unto God (2 Cor 2:14-15). ထာဝရဘုရားထံ နံ့သာပေါင်းကိုရှို့သောနေရာဖြစ်သည်။ တဲတော်နှင့်ဗိမာန်တော်တို့တွင် တွေ့ရသည်။ ကျွန်ုပ် တို့သည် ဘုရားရှင်ထံတော်သို့မွှေးကြိုင်သောယဇ်ဖြစ်စေရန် ခရစ်တော်ကဖိတ်ခေါ်နေပါသည်။ မီးခုံတန်ဆာကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင် (altar of incense) ၊ ... ထွ၊ ၃၀:၂၇နံ့သာပေါင်းကိုရှို့သောယဇ်ပလ္လင်(altar of incense) လက်ယာဘက်၌၊ ... လု၊ ၁:၁၁
alwaysအစဉ်မပြတ်At all times, without fail, being consistent, unfailing. DTP God is always faithful to His children and His words are always steadfast. We to need to be consistent in our walk with Him, always praying and sticking unwavering to His word. God is never changing and is always faithful to those who call upon His name. အချိန်တိုင်း၊ အားမလျော့ဘဲ၊ အပြောင်းအလဲမရှိ၊ မရှုံးဘဲ။ ဘုရားရှင်သည် မိမိသားသမီးများအပေါ် အစဉ်မပြတ်သစ္စာရှိပြီး မိမိ၏နှုတ်ကပတ်တော်သည် ခိုင်မြဲတော်မူ၏။ ကိုယ်တော်နှင့်အတူ အစဉ်လျှောက် လှမ်းပြီး အစဉ်မပြတ်ဆုတောင်းကာ နှုတ်ကပတ်တော်၌မယိမ်းမယိုင်ဘဲ တည်နေကြရပါမည်။ ဘုရား ရှင်သည် မိမိနာမတော်ကိုခေါ်သောသူတို့အပေါ် မပြောင်းမလဲ၊ အစဉ်ထာဝရသစ္စာရှိတော်မူ၏။ ငါ့ဝိညာဉ်သည် လူတို့တွင်အစဉ်(always) မဆုံးမရ။... က၊ ၆:၃ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်(always) ကြောက်ရွံ့ရမည်၊ ... တရား၊ ၁၄:၂၃ ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ(always) အောက်မေ့၊ ... ၅ရာ၊ ၁၆:၁၅ အဆုံးတိုင်အောင် အစဉ်(always) လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို၊ ... ဆာ၊ ၁၁၉:၁၁၂ ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်(always) ရှိကြ၏။ ... မ၊ ၂၆:၁၁ ... (မာ၊ ၁၄:၇၊ ယော၊ ၁၂:၈)သင်တို့နှင့်အတူ အစဉ်မပြတ်(always) ရှိသည်ဟု၊ ... မ၊ ၂၈:၂၀ အားမလျော့(always) ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်း၊ ... လု၊ ၁၈:၁ ကာလအစဉ်(always) စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်း၊ ... ဧ၊ ၆:၁၈ အစဉ်မပြတ်(always) ဝမ်းမြောက်ခြင်းရှိကြလော့။ ... ဖိ၊ ၄:၄ အစဉ်မပြတ်(always) တင့်တယ်လျောက်ပတ်ပါစေ။ ... ကော၊ ၄:၆
ambassadorသံတမန်Mediator, intercessor, peacemaker, (to drink of the peace cup) 2 Cor 5:20, one who passes by Eph 6:19; diplomat, envoy, representative; political representative who speaks and acts on behalf of a nation; often ambassadors carried messages. DTP In the NT we are called to be Christ's ambassadors, representing His Kingdom here on earth. The Scripture tell us that one of our ministries here on earth is to be an ambassador of reconciliation. ဖျန်ဖြေပေးသူ၊ တောင်းပန်ပေးသူ၊ ငြိမ်းချမ်းရေးဆောင်ရွက်သူ (၂ကော ၅:၂၀)၊ လမ်းဖောက်ပေးသူ (ဧ၊ ၆:၂၀) လူမှုဆက်ဆံရေး၌လိမ္မာသူ၊ တမန်၊ ကိုယ်စားလှယ်၊ နိုင်ငံကိုယ်စား နိုင်ငံရေးဆိုင်ရာပြောဆိုလုပ် ဆောင်သူ၊ သံတမန်သည် သတင်းစကားကိုသယ်ဆောင်ပေးသူဖြစ်၏။ ဓမ္မသစ်ကျမ်းတွင် ကျွန်ုပ်တို့ သည် ခရစ်တော်၏သံတမန်၊ လောကတွင် ကိုယ်တော်၏နိုင်ငံတော်အတွက် ကိုယ်စားပြုသူဖြစ်သည်ဟု ဖော်ပြထားသည်။ ဤလောကတွင် ကျွန်ုပ်တို့ထမ်းဆောင်ရမည့်အရာတစ်ခုမှာ ပြန်လည်သင့်မြတ်ခြင်း ၏သံတမန်ဖြစ်ရမည်ဟု နှုတ်ကပတ်တော်ကဆိုပါသည်။ ဗာဗုလုန်မင်းတို့သည် သံတမန်(ambassadors) ကို စေလွှတ်သော၊ ... ၆ရာ၊ ၃၂:၃၁ သစ္စာရှိသောသံတမန်(ambassador) မူကား၊ ကျန်းမာခြင်းအကြောင်း၊ ... သု၊ ၁၃:၁၇ မိတ်သဟာယစကားကို ပြောသော တမန်(ambassadors) တော်တို့သည်၊ ... ဟေရှာ၊ ၃၃:၇ ငါတို့သည်ခရစ်တော်၏ သံတမန်(ambassadors) ဖြစ်ကြ၏။ ... ၂ကော၊ ၅:၂၀ ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်(ambassador) အမှုကို ပြုရသည်၊ ... ဧ၊ ၆:၂၀
Amenအာမင်(Hebrew: Selah Ps 75:3) Gal 6:18; let it be so, agreement together; I certainly agree with that. It can also be translated as truly or verily in the NT; often used by Jesus Christ (Matt 16:28; Luke 4:24; John 5:25). Jesus is also called the "Amen" in Rev 3:14. ဤအတိုင်းပင်ဖြစ်ပါသည်ဟု ပြောဆိုခြင်း၊ အတူတကွသဘောတူခြင်း၊ ကျွန်ုပ်ဤအတိုင်းသဘောတူပါ သည်။ ဓမ္မသစ်ကျမ်းတွင် အနည်းငယ်ကွဲပြားစွာ ဘာသာပြန်ဆိုထားပါသည်။ အာမင်ဆိုသောစကားကို သခင်ယေရှုမကြာခဏ အသုံးပြုပြောဆိုပါသည် မ၊ ၁၆:၂၈ လု၊ ၄:၂၄၊ ယော ၅:၂၅)။ သခင်ယေရှုကို ‘’အာမင်’’ ဟုခေါ်တွင်သည် (ဗျာ၊ ၃:၁၄) လူအပေါင်းတို့က အာမင်(Amen) ဟုဝန်ခံရကြမည်။ ... တရား၊ ၂၇:၁၆ မင်္ဂလာရှိတော်မူစေသတည်း။ အာမင်(Amen) နှင့် အာမင်(Amen) ။ ... ဆာ၊ ၄၁:၁၃ လူခပ်သိမ်းတို့သည် အာမင်(Amen) ဟု ဝန်ခံကြစေ။ ... ဆာ၊ ၁၀၆:၄၈ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်(Amen) ဟု၊ ... ၁ကော၊ ၁၄:၁၆ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ အာမင်(Amen) ဟူ၍၊ ... ၂ကော၊ ၁:၂၀ သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်(Amen) ။ ... ဂလာ၊ ၆:၁၈ ဟုတ်မှန်သော သက်သေခံ၊ အာမင်(Amen) ၏ အမိန့်တော်ကား၊ ... ဗျာ၊ ၃:၁၄သက်သေခံသောသူမိန့်တော်မူ၏ အာမင်(Amen) ။ ... ဗျာ၊ ၂၂:၂၀
AMOS, book ofအာမုတ်အနာဂတ္တိကျမ်းWas a prophet from the tribe of Judah, a herdsman; his name meant "burden-bearer"; he warned of the impending judgment; the book is made up with a series of five visions. အာမုတ်သည် ပရောဖက်တစ်ဦးဖြစ်ပြီး ယုဒအမျိုးအနွယ်မှဆင်းသက်လာသည်။ နွားကျောင်းသားဖြစ် ပြီး သူ့နာမည်မှာ ‘’လေးသောဝန်ကိုထမ်းသူ’’ ဟု အဓိပ္ပာယ်ရသည်။ ရောက်ရှိလာတော့မည့်တရားစီရင် ခြင်းကို သူသတိပေးခဲ့သည်။ အာမုတ်အနာဂတ္တိကျမ်းတွင် ရူပါရုံ ၅ ခုကိုဖော်ပြထားပါသည်။
anchorကျောက်ဆူးSecurity, stay, sure protection, to hold, to fasten, fix securely; most often used to fasten a boat to the shore. DTP it is also used in a spiritual sense where the disciple is to be fixed securely to our High Priest Jesus Christ. The Word of God is the disciples anchor. လုံခြုံမှု၊ တိုင်ဆိုင်းကြိုး၊ သေချာသောအကာအကွယ်၊ ဆုတ်ကိုင်ရန်၊ ချည်နှောင်ရန်၊ လုံခြုံစွာချည်သည်။ ကမ်းပေါ်တွင်လှေကိုခိုင်အောင်ချည်ရာတွင် ဤစကားကိုအသုံးပြုသည်။ ဝိညာဉ်ပိုင်းဆိုင်ရာအနေဖြင့် ကျွန်ုပ်တို့၏အကြီးဆုံးသောယဇ်ပုရောဟိတ်ဖြစ်သော သခင်ယေရှုခရစ်နှင့် ခိုင်မာစွာချည်နှောင်ထားရန် လိုအပ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အတွက် ကျောက်ဆူးပင်ဖြစ်ပါသည်။ သင်္ဘောပဲ့မှ ကျောက်ဆူး(anchors) လေးလက်ကိုချ၍၊ ... တ၊ ၂၇:၂၉ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူး(anchor) ကဲ့သို့၊ ... ဟေဗြဲ၊ ၆:၁၉
angel / angelsကောင်းကင်တမန်Seraph, cherub; a supernatural being who can have supernatural powers; believers are forbidden to worship angels; angels appeared to the shepherds to announce Jesus' birth, Luke 2:9-15 (heavenly host of angels); we are also given names of two angels- one is Gabriel Dan 8:16; 9:21; Luke 1:19, 26; another is Michael the Archangel, Jude 1:9; there are different kinds of angels, both good and evil. ကောင်းကင်တမန်သရပ်၊ ခေရုဗိမ်၊ သဘာဝလွန်တန်ခိုးကိုပိုင်ဆိုင်သောသဘာဝလွန်သတ္တဝါ။ ယုံကြည် သူတို့သည် ကောင်းကင်တမန်ကိုမကိုးကွယ်ရ။ သခင်ယေရှုဖွားမြင်သောသတင်းကို ကောင်းကင်တမန် တို့သည် သိုးထိန်းတို့ကိုသွားရောက်ပြောကြားသည် (လု၊ ၂:၉-၁၅)။ ကောင်းကင်တမန်နှစ်ပါး၏နာမည် တို့ကို ကျွန်ုပ်တို့သိရသည်။ ပထမတစ်ဦးမှာ ဂါဗြေလဖြစ်သည် (ဒံ၊ ၈:၁၆။ ၉:၂၁။ လု၊ ၁:၁၉)။ ဒုတိယ တစ်ဦးမှာ မိက္ခေလဖြစ်သည် (ယု၊ ၁:၉)။ ကောင်းသောကောင်းကင်တမန်နှင့် မကောင်းသောကောင်းကင် တမန်ဟူ၍လည်း ခွဲခြားထားသည်။ ထာဝရဘုရား၏ကောင်းကင်တမန်(angel) က၊ အာဗြဟံ၊ အာဗြဟံဟု၊ ... က၊ ၂၂:၁၁ မိမိကောင်းကင်တမန်(angel) ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ ... က၊ ၂၄:၇ကောင်းကင်တမန်(Angel) ကို သင့်ရှေ့၌ငါစေလွှတ်၏။ ... ထွ၊ ၂၃:၂၀ ထာဝရဘုရား၏ ကောင်းကင်တမန်(angel) က၊ ငါပြောသမျှကို၊ ... သူကြီး၊ ၁၃:၁၃ ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက (angels) ၊ ... ဆာ၊ ၆၈:၁၇ ကောင်းကင်တမန်တို့အား(angels) သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊ ... ဆာ၊ ၉၁:၁၁ ကောင်းကင်တမန်တို့အား(angels) သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ ... မ၊ ၄:၆ကောင်းကင်တမန်တို့အား(angels) သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊ ... လု၊ ၄:၁၀ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင်တမန်(angel) သည်၊ ... တ၊ ၂၇:၂၃ ကောင်းကင်တမန်(angels) ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ ... ရော၊ ၈:၃၈ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်(angel) ဟောပြောသော်၊... ဂလာ၊ ၁:၈ ကောင်းကင်တမန်(angels) တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။ ... ဟေဗြဲ၊ ၁၃:၂ ပြစ်မှားသော ကောင်းကင်တမန်(angels)တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ... ၂ပေ၊ ၂:၄ ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်(angel) ကို၊ ... ဗျာ၊ ၂:၁ ခွန်အားကြီးသော ကောင်းကင်တမန်(angel) တစ်ပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ... ဗျာ၊ ၁၀:၁
Angel of the LORD / Angel of the Lordထာဝရဘုရား၏ ကောင်းကင်တမန်A supernatural messenger of God who carries out the will of God; seraph, cherub; a supernatural being who can have supernatural powers; angels appeared to the shepherds to announce Jesus' birth, Luke 2:9-15 (heavenly host of angels); we are also given names of two angels- one is Gabriel Dan 8:16; 9:21; Luke 1:19, 26; another is Michael the Archangel, Jude 1:9. ထာဝရဘုရား၏အလိုတော်ကိုဆောင်သော ထာဝရဘုရား၏ကြီးမြတ်သောကောင်းကင်တမန်၊ ခေရုဗိမ်၊ သဘာဝလွန်တန်ခိုးကိုပိုင်ဆိုင်သော သဘာဝလွန်သတ္တဝါ။ သခင်ယေရှုဖွားမြင်သောသတင်းကို ကောင်း ကင်တမန်တို့သည် သိုးထိန်းတို့ကိုသွားရောက်ပြောကြားသည် (လု၊ ၂:၉-၁၅)။ ကောင်းကင်တမန်နှစ်ပါး ၏နာမည် တို့ကို ကျွန်ုပ်တို့သိရသည်။ ပထမတစ်ဦးမှာ ဂါဗြေလဖြစ်သည် (ဒံ၊ ၈:၁၆။ ၉:၂၁။ လု၊ ၁:၁၉)။ ဒုတိယတစ်ဦးမှာ မိက္ခေလဖြစ်သည် (ယု၊ ၁:၉)။ ကောင်းသောကောင်းကင်တမန်နှင့် မကောင်းသော ကောင်းကင်တမန်ဟူ၍လည်း ခွဲခြားထားသည်။ ထာဝရဘုရား၏ကောင်းကင်တမန်(angel of the LORD) သည် …. အာဗြဟံကိုခေါ်လျက်၊... က၊ ၂၂:၁၅ဘုရားသခင်၏ကောင်းကင်တမန်(angel of the LORD) သည် ချုံထဲကထွက်သော၊ ... ထွ၊ ၃:၂ ထာဝရဘုရား၏ ကောင်းကင်တမန်(angel of the LORD) ဖြစ်သည်ကို ဂိဒေါင်သည်၊ ... သူကြီး၊ ၆:၂၂ ထာဝရဘုရား၏ကောင်းကင်တမန်(angel of the LORD) သည် တိရှဘိမြို့သား ဧလိယ၊ ... ၄ရာ၊ ၁:၃ ထာဝရဘုရား၏ ကောင်းကင်တမန်(angel of the LORD) သည်ထွက်၍ အာရှုရိတပ်တွင်၊ ...၄ရာ၊ ၁၉:၃၅ကောင်းကင်တမန်တော်(angel of the LORD) တို့သည် တပ်ချ၍ ကယ်လွှတ်တတ်၊ ... ဆာ၊ ၃၄:၇ ထာဝရဘုရား၏ ကောင်းကင်တမန်(angel of the Lord) သည် ထင်ရှား၍၊ ... မ၊ ၂:၁၃ ထာဝရဘုရား၏ ကောင်းကင်တမန်(angel of the Lord) သည် ထောင်တံခါးကိုဖွင့်ပြီး၊ ... တ၊ ၅:၁၉
angerအမျက်Wrath, rage, indignation, exasperation, ill temper; it is a very strong feeling of displeasure and annoyance; ungodly anger is when we move from correcting someone to injuring or destroying a person either physically or mentally or spiritually. DTP There is a place for righteous anger when one sees the principles and teachings of God's Word being broken, but most often anger has its root, jealousy and pride. Anger arises when one does not get what one wants or thinks is their right to have. The disciple must remember that we live in the age of grace and as God pours grace and mercy out on us we too need to pour it out on others also. We need to think and pray before we speak and do something to another. အမျက်၊ ဒေါသ၊ ဒေါသထွက်ခြင်း၊ စိတ်တိုသော၊ အလွန်အမင်းမကြေမနပ်ဖြစ်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ လူတစ်ဦး၏ခန္ဓာပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာထိခိုက်အောင်ပြုသူ တစ်ဦးအား ပြုပြင်ရာတွင်ဖြစ်ပေါ်လာသောအမျက်ဒေါသ။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ် တော်သွန်သင်ချက်များနှင့်လက္ခဏာများအား ချိုးဖောက်သည်ကိုတွေ့သောအခါ ဖြောင့်မတ်သောဒေါသ ဖြစ်ပေါ်လာသည်။ ဒေါသဟူသည် အများအားဖြင့် မနာလိုခြင်းနှင့်မာန်မာနမှ မြစ်ဖျားခံပေါ်ထွက်လာပါ သည်။ လိုချင်သောအရာတစ်စုံတစ်ခုကို မရသောအခါဖြစ်စေ၊ မိမိရပိုင်သည်ဟုထင်သောအရာကို မရ သည့်အခါဖြစ်စေ ဒေါသထွက်ပေါ်လာပါသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကာလတွင်နေထိုင်ပြီး ဘုရားသခင်သည် ကျေးဇူးနှင့်ကရုဏာတော်ကို ကျွန်ုပ်တို့အပေါ်သွန်းလောင်းနေသည်ကို သိရှိပြီး ထိုကျေး ဇူးနှင့်ကရုဏာကို သူတစ်ပါးတို့အား ဆက်လက်ဝေမျှရမည်ဖြစ်ပါသည်။ အခြားသူတစ်ဦးအပေါ် မပြောမီ၊ မလုပ်ဆောင်မီ စဉ်းစားဆုတောင်းရမည်ဖြစ်ပါသည်။ ရာခေလကို အမျက်ထွက်(anger)၍ပြန်ဆို၏။ ... က၊ ၃၀:၂ ကိုယ်တော်ကျွန်၌ အမျက်ထွက်(anger)တော်မမူပါနှင့်။ ... က၊ ၄၄:၁၈ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်(anger)၍၊ ... ထွ၊ ၄:၁၄ ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်(anger)တော်မူ၏။ ... တော၊ ၁၁:၁၀ စိတ်ရှည်(slow to anger) ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရား၊ ... နေ၊ ၉:၁၇ အမျက်(anger) တော်သည် ခဏထွက်၏။ ... ဆာ၊ ၃၀:၅ သူတို့သည် မြင့်သောအရပ်များအားဖြင့်၊ အမျက်(anger) တော်ကို နှိုးဆော်၍၊ ... ဆာ၊ ၇၈:၅၈ စိတ်ရှည် (slow to anger)၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။ ... ဆာ၊ ၁၀၃:၈ (ဆာ၊ ၁၄၅:၈)ကြမ်းတမ်းသောစကားမူကား၊ အမျက်(anger) ကို နှိုးဆော်တတ်၏။ ... သု၊ ၁၅:၁ ထိုသို့ပြု၍ ငါ့ကိုနှောင့်ယှက် (anger) ကြသလော။ ... ယေ၊ ၇:၁၉ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်(anger) ကိုနှိုးဆော်ခြင်းငှာ၊ ... ယေ၊ ၈:၁၉ ပြင်းစွာသော အမျက်(anger) တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို၊ ... ယောန၊ ၃:၉ ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ ... နာ၊ ၁:၃ သိုးထိန်းတို့ကို ငါအမျက်(anger) ထွက်၍၊ ... ဇာ၊ ၁၀:၃ ခပ်သိမ်းသော စိတ်တို(anger) ခြင်း၊ စိတ်ဆိုးခြင်း၊ ... ဧ၊ ၄:၃၁ အမျက်ထွက်(anger) ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ ... ကော၊ ၃:၈ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုး(anger) စေခြင်းငှာ၊ ... ကော၊ ၃:၂၁
animismသက်မဲ့အရာများကိုသက်ရှိပုဂ္ဂိုလ်များသဖွယ်ကိုးကွယ်ခြင်းThe belief that there are spirits or disembodied souls or gods living in all natural objects; it is believed that the physical and the spiritual worlds have a strong connection to each other; animists try through various means, including animal sacrifices, to manipulate these spirits by manipulating the physical world. သဘာဝအရာဝတ္ထုတိုင်းတွင် ဝိညာဉ် သို့မဟုတ် ရုပ်နှင့်ကွာသောဝိညာဉ် သို့မဟုတ် ဘုရားများရှိသည်ဆို သောယုံကြည်ခြင်းဖြစ်သည်။ ရုပ်ခန္ဓာလောကနှင့်ဝိညာဉ်လောကသည် ဆက်သွယ်မှုရှိသည်ဟူသော ယုံ ကြည်ခြင်းဖြစ်သည်။ ဤယုံကြည်သူတို့သည် လောကကြီးကိုကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် ထိုဝိညာဉ်များ ကိုလည်း ကြိုးကိုင်ခြယ်လှယ်ကြသည်။
anoint / anointest / anointedဘိသိက် / ဘိသိက်ခံTo rub with oil, smear on; Set apart, to have the presence of God on and in the person; to appoint to an office, to accept, take, receive, bear, endure, sustain, for the work of service under God. Often oil was used to symbolize the presence of God being moved from one person to another, the Holy Spirit was symbolized also as anointing oil for setting someone apart for ministry and for the prayer of healing (James 5:14). DTP Whatever the disciple does should be anointed by the Holy Spirit and, secondly, God uses people to anoint us with oil as a symbol to others that we have been set aside for God's service. We are not to serve with our own power and strength but with the power and strength that come through the anointing of the Holy Spirit. ဆီနှင့်လိမ်းသည်၊ စေးထန်သောအရာနှင့်သုတ်လိမ်းသည်၊ ဆီသည်ဘုရားသခင်၏တည်ရှိနေမှုကို ပုံဆောင်ပြီး လူတစ်ဦးမှတစ်ဦးထံရွေ့ရှားသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘိသိတ်ဆီအဖြစ် ပုံဆောင်ပြီး အမှုတော်မြတ်အတွက်သီးသန့်ထားရှိခြင်းနှင့် ရောဂါပျောက်ကင်းရန်အတွက်ဆုတောင်ခြင်း ဖြစ်သည် (ယာ ၅:၁၄)။ ယုံကြည်သူတို့၏လုပ်ဆောင်မှုတိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ဘိသိတ် ပေးခြင်းလိုအပ်ပါသည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ဆီလူးဘိသိတ်ပေးခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်မြတ်အတွက်သီးသန့်ထားရှိခြင်းကို ပုံဆောင်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏တန်ခိုး၊ ခွန်အား ဖြင့်အမှုတော်ဆောင်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ ဘိသိတ်ပေးခြင်းတန်ခိုးခွန်အားတို့ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ သူတို့ကို ဆီနှင့်လိမ်း(anoint)သဖြင့် အရာ၌ခန့်ထား၍၊ ... ထွ၊ ၂၈:၄၁ လိမ်းစရာဆီကိုယူ၍ သူ၏ ခေါင်းပေါ်၌ လောင်းသဖြင့်သူ့ကိုလိမ်း(anoint) ရမည်။ ... ထွ၊ ၂၉:၇အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံ(anointed) သောနေ့မှစ၍၊ ... ဝတ်၊ ၆:၂၀ သူသည် ငါ့ထံ၌ ဘိသိက်ခံ(anointed) သောသူရှေ့မှာ အစဉ်သွားလာရလိမ့်မည်။ ... ၁ရာ၊ ၂:၃၅ ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်း(anointed)လေ၏။ ... ၁ရာ၊ ၁၀:၁ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေး (anointed) လေ၏။ ... ၁ရာ၊ ၁၆:၁၃ ယုဒလူတို့သည် လာ၍ဘိသိက်ပေး (anointed) သဖြင့် ဒါဝိဒ်ကို၊ ... ၂ရာ၊ ၂:၄ ငါ့ထံ၌ ဘိသိက်ခံ(anointed) သောသူတို့ကို မထိမခိုက်နှင့်။ ... ၅ရာ၊ ၁၆:၂၂အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်း(anointest) တော်မူ၏။ ... ဆာ၊ ၂၃:၅ အထံတော်၌ ဘိသိက်ခံ(anointed) သောသူ၏ ကယ်တင်ခြင်းအကြောင်းကို ... ဆာ၊ ၂၈:၈ ဝမ်းမြောက်စရာသတင်းကို …. ငါ့ကိုဘိသိက်(anointed) ပေးတော်မူပြီ။ ... ဟေရှာ၊ ၆၁:၁ (လု၊ ၄:၁၈) ကိုယ်တော်ပေးတော်မူ၍ ဘိသိက်ခံ(anointed) သောသူတို့ကို၊ ... ဟဗ၊ ၃:၁၃ ထင်ရှားစေခြင်းငှာ၊ခေါင်းကိုလိမ်းကျံ(anoint) လော့။... မ၊ ၆:၁၈ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး(anointed) ၍ အနာကို ငြိမ်းစေကြ၏။ ... မာ၊ ၆:၁၃ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့်လိမ်း(anointed) လျက်နေလေ၏။ ... လု၊ ၇:၃၈ နာဇရက်မြို့သား ယေရှုကို ဘိသိက်(anointed) ပေးတော်မူသဖြင့်၊ ... တ၊ ၁၀:၃၈ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်(anointed) ပေးတော်မူပြီဟု၊ ... ဟေဗြဲ၊ ၁:၉ (ဆာ၊ ၄၅:၇)
anointingဆီနှင့်လူးSet apart, and having the presence of God on and in the person; such as is described in Luke 5:17 - And the power of the Lord was with Jesus to heal the sick. Also used for praying for the sick by an elder of the church. သီးသန့်ထားရှိခြင်း၊ ထာဝရဘုရား၏မျက်မှောက်တော်တွင်ရှိနေခြင်း။ လု ၅:၁၇ တွင် ဖော်ပြထားသကဲ့သို့ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် သခင်ယေရှု၌ထင်ရှား၏။ ဖျားနာသူများ ကို သင်းအုပ်ဆရာတော်များမှ ဆီနှင့်လူး၍ဆုတောင်းပေးကြသည်။ လိမ်းရန်ဆီ(anointing) တည်းဟူသော သန့်ရှင်းသောနံ့သာဆီ၊ ... ထွ၊ ၃၀:၂၅ အဝတ်များ၊ လိမ်းရန်ဆီ(anointing) ၊ ... ဝတ်၊ ၈:၂ ထာဝရဘုရား၏ဘိသိက်ဆီ(anointing) သည် သင်တို့အပေါ်၌၊ ... ဝတ်၊ ၁၀:၇ ဆူဝခြင်း(anointing) ကျေးဇူးကြောင့် ထမ်းပိုးပျက်စီးရ၏။ ... ဟေရှာ၊ ၁၀:၂၇ လူနာကိုဆီနှင့်လူး(anointing) ၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ ... ယာ၊ ၅:၁၄ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်(anointing) သည်၊ ... ၁ယော၊ ၂:၂၇