Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

a


Adam, second / Adam, the lastဒုတိယအာဒံChrist is known as the second (or last) Adam. The first Adam brought upon mankind sin and death; the second Adam, Christ Jesus, brought a way for man to have eternal life and freedom. ခရစ်တော်ကို ဒုတိယ (သို့မဟုတ် နောက်ဆုံး) အာဒံဟုခေါ်ဆိုသည်။ ပထမအာဒံသည် အပြစ်နှင့်သေခြင်း ကိုယူဆောင်လာသည်။ ဒုတိယအာဒံဖြစ်သော ယေရှုခရစ်တော်သည် လူသားတို့အတွက် ထာဝရအသက် နှင့်လွတ်မြောက်ခြင်းကို ယူဆောင်လာသည်။ ထိုအာဒံ(Adam) သည် နောက်လာလတံ့သောသူ(that was to come) ၏ ပုံပမာဖြစ်သတည်း။ ... ရော၊ ၅:၁၄ လူအပေါင်းတို့သည် အာဒံ(Adam) အားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ ... ၁ကော၊ ၁၅:၂၂ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံ (the last Adam) မူကား၊ ... ၁ကော၊ ၁၅:၄၅
add / addedအသစ်သွင်းTo join to something else, to increase in size, number or amount, to connect, calculate, build on to. DTP God is the one who adds on to or takes away from our lives. Something that may be singular in nature God through the power of the Spirit can give increase. God wants to see fruit from our lives as His disciples and wants to add to His church in all places. အခြားတစ်စုံတစ်ခုဖြင့်ဆက်စပ်ပေးခြင်း၊ ပုံသဏ္ဌာန် သို့မဟုတ် နံပါတ် သို့မဟုတ် အရေအတွက်ကိုချဲ့ခြင်း၊ ဆက်သွယ်ခြင်း၊ ရေတွက်ခြင်း၊ တည်ဆောက်ခြင်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာကို ဖြည့်စွက် ပေးသည်။ ကျွန်ုပ်တို့အသက်တာမှလည်း နှုတ်ယူသွာသည်။ သဘာဝအားဖြင့်ရှိနေသည့် တစ်စုံတစ်ခုသော အရာကို ဘုရားသခင်သည် ဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် တိုးပွားစေသည်။ ကျွန်ုပ်တို့အသက်တာ တွင် တိုးပွားသီးပွင့်သည်ကို ဘုရားသခင်တွေ့မြင်လိုသည်။ မိမိအသင်းတော်ကိုလည်း နေရာတိုင်းတွင် တိုးပွားစေလိုသည်။ ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ (add) ။ ... တရား၊ ၄:၂ မိမိအသက်တာကို တစ်တောင် (add) ခန့်မျှ တိုးပွားစေနိုင်သနည်း။ ... မ၊ ၆:၂၇ (လု၊ ၁၂:၂၅) ကယ်တင်ခြင်းသို့ရောက်သော …. သခင်ဘုရားသည် သင်းဝင်(added) စေတော်မူ၏။ ... တ၊ ၂:၄၇ သခင်ဘုရား၌ယုံကြည်သော … အပေါင်းတို့သည် သင်းဝင်(added) ကြ၏။ ... တ၊ ၅:၁၄ယုံကြည်ခြင်း၌ …. အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်(add) ကြလော့။ ... ၂ပေ၊ ၁:၅ အကြင်သူသည် ဤအရာတို့၌ထပ်၍(add) အသစ်သွင်း(add) ၏။ ... ဗျာ၊ ၂၂:၁၈
administrationစီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ရေးGiving direction; the process of managing or directing and organizing, leadership office; an overseer or steward. ညွှန်ကြားခြင်း၊ စီမံခန့်ခွဲသည့် သို့မဟုတ် ညွှန်ကြားသည့် သို့မဟုတ် ဖွဲ့စည်းသည့် စနစ်၊ ခေါင်းဆောင်မှု၊ ကြီးကြပ်သူ သို့မဟုတ်ဘဏ္ဌာစိုး။ ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ(administration) ၌ ခန့်ထားတော်မူသော၊ ... ဒံ၊ ၃:၁၂ ဓမ္မဆရာအမှု(administrations) အထူးထူးအထွေထွေရှိငြားသော်လည်း၊ ... ၁ကော၊ ၁၂:၅လုပ်ကျွေးခြင်းအမှု(administration) သည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို၊ ... ၂ကော၊ ၉:၁၂ ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာ(administration) သည်၊ ... ဧ၊ ၃:၉
administration, giftစီမံခန့်ခွဲခြင်း၊ ဆုကျေးဇူးGiving direction (as the pilot of a ship Acts 27:11); the process of managing or directing and organizing, office; one of the giftings of the Holy Spirit that a disciple may receive for the working ministry in the body of Christ. ညွှန်ကြားခြင်း (သ‌ေင်္ဘာမာလိန်မှူးကဲ့သို့ တ၊ ၂၇:၁၁)။ စီမံခန့်ခွဲသည့် သို့မဟုတ် ညွှန်ကြားသည့် သို့မဟုတ် ဖွဲ့စည်းသည့် စနစ်။ ခရစ်တော်၏ခန္ဓာ၌အမှုတော်ဆောင်ခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ရရှိ သောဆုကျေးဇူးဖြစ်သည်။ အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသော(gifts) သူတို့ကို၎င်း၊...စီရင် အုပ်စိုးသော(administrations) သူတို့ကို၎င်း၊ ... ၁ကော၊ ၁၂:၂၈
admit / admittingဝင်ခွင့်၊ ဝင်ခွင့်ပြုသည်။Declaration confirmed, accepting things, agreement with; a confession or acknowledgement of something, to confess a mistake or sin to God or to another. တရားဝင်ကြေငြာခြင်းကို အတည်ပြုသည်၊ လက်ခံသည်၊ သဘောတူသည်။ တစ်စုံတစ်ရာကို သဘောတူ ဝန်ခံသည်။ အမှား သို့မဟုတ် အပြစ်ကို ဘုရားသခင်ထံ သို့မဟုတ် အခြားသူထံဝန်ခံသည်။ ထင်ရှားစွာဝန်ခံလျက် (admitting) ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။ ဟေဗြဲ၊ ၁၁:၁၃
admonish / admonishedဆိုဆုံးမသည်၊ သတိပေးသည်။Reprove, caution, rebuke, give warning, remind; exhort people to be careful; to redirect or lift up another or to put back on track. DTP We are to encourage or lift up each other before God. When we stumble we need others with God's love to lift us up and to help put our feet back on solid ground again. အပြစ်တင်သည်၊ တားမြစ်သည်၊ ပြင်းထန်စွာအပြစ်တင်သည်၊ သတိပေးသည်။ သတိထားရန်တိုက်တွန်း သည်၊ အခြားသူတစ်ဦးကို ပြန်လည်လမ်းညွှန်သည်။ ဘုရားရှင်ရှေ့တော်တွင် တစ်ဦးကိုတစ်ဦးအားပေးရ မည်၊ မြှင့်တင်ရမည်။ ကျွန်ုပ်တို့လဲသောအခါ ပြန်လည်ထူမတ်ရန်၊ မိမိခြေထောက်ဖြင့်ခိုင်မာစွာရပ်တည် နိုင်ရန် တစ်စုံတစ်ဦးကိုဘုရားရှင်မေတ္တာဖြင့် လိုအပ်သည်။ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်း (admonished) ကို ခံလော့။ … ဒေ၊ ၁၂:၁၂ငါသည်သင်တို့ကို ယနေ့ သက်သေခံ(admonished) ကြောင်းကို သိမှတ်ကြလော့။ … ယေ၊ ၄၂:၁၉ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ်သည်ကို ပေါလုသည် ထောက်(admonished) ၍၊ ... တ၊ ၂၇:၉ အချင်းချင်းဆုံးမခြင်း(admonish) ငှာ တတ်နိုင်သည်ကို ငါသဘောကျလျက်ရှိ၏။ ... ရော၊ ၁၅:၁၄ အချင်းချင်းတို့ကို ဆုံးမသွန်သင်(admonishing) ခြင်း၊ သတိပေးခြင်းကိုပြု၍၊ ... ကော၊ ၃:၁၆ အုပ်စိုးခြင်း၊ သတိပေး(admonish) ခြင်း အမှုကိုပြုသောသူတို့ကို ... ၁သက်၊ ၅:၁၂ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေး(admonish) ကြလော့။ ... ၂သက်၊ ၃:၁၅
Adoniaအရှင်ထာဝရဘုရား (အဒိုနိုင်း)Hebrew word used for the name of God, translated as Lord (first letter is only capitalized in the English Bible). ဟေဗြဲဘာသာစကားဖြင့် ထာ၀ရဘုရား၏နာမတော်၊ သခင်ဟုအဓိပ္ပာယ်ရှိသည်။အာဗြံက၊ အရှင်ထာဝရဘုရား (LORD /Adonia)၊ အကျွန်ုပ်သည်၊ ... က၊ ၁၅:၂ ထာဝရဘုရား(LORD /Adonia) သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၊ ... ၃ရာ၊ ၂၂:၁၉ (၆ရာ၊ ၁၈:၁၈) အရှင်ထာဝရဘုရား(Lord / Adonia) တည်းဟူသော သန့်ရှင်းသောဗိမာန်တော်ထဲက၊ ... မိ၊ ၁:၂ သခင်(Lord / Adonia) ၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့၊ ... မ၊ ၈:၂၅ သခင်(Lord / Adonia) ယေရှုကြွလာတော်မူပါ။ ... ဗျာ၊ ၂၂:၂၀
adoptionသားအရာAcceptance, embracing, approval; taking another's child and legally making that child one's own. DTP This is one of the benefits that we receive through salvation with Christ; the disciple through faith in Christ and His shed blood, becomes legally adopted into the family of God. လက်ခံခြင်း၊ ပွေ့ဖက်ခြင်း၊ ထောက်ခံမှု၊ တစ်စုံတစ်ဦး၏သားကိုမိမိကိုယ်ပိုင်အဖြစ်မွေးစားခြင်း။ ကျွန်ုပ်တို့ သည် ခရစ်တော်၏ကယ်တင်ခြင်းအားဖြင့် သားအရာကိုရရှိသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံကြည် ခြင်းနှင့်သူ၏အသွေးသွန်းခြင်းအားဖြင့် ဘုရားသခင်၏မိသားစုဝင်အရာကို ရရှိသည်။ သားဖြစ်ခြင်း(adoption) ၏ သဘောကိုရကြပြီ။ ... ရော၊ ၈:၁၅ သားအရာ(adoption) ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော၊ ... ရော၊ ၈:၂၃ သားအရာ(adoption) ၌ ချီးမြှောက်ခြင်းနှင့်လည်းကောင်း၊ ... ရော၊ ၉:၄ ငါတို့သည် သား၏အခွင့်အရာ(adoption) ကို ခံရမည်အကြောင်း၊ ... ဂလာ၊ ၄:၄ ယေရှုခရစ်အားဖြင့် သားအရာ(adoption) ကို ရမည်အကြောင်း၊ ... ဧ၊ ၁:၅
adore ကြင်နာမြတ်နိုးမှုEsteem, worship, reverence, devotion, act of great love for another, to adore; deep heart of love and gratitude towards God. အထင်ကြီးလေးစားခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ရိုသေကျိုးနွံခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း၊ အခြားသူ တစ်ဦးကိုကြီးမားစွာချစ်ခြင်း၊ နှစ်သက်စွဲလမ်းသည်၊ ဘုရားရှင်ကိုနက်နက်စွာချစ်ပြီးကျေးဇူးတင်ခြင်း။ သတို့သမီးကညာတို့ သည် ကိုယ်တော်ကို မှန်ကန်စွာချစ်ကြပါ၏ (adore)။ သီ၊ ၁:၄။
adorn / adornedတန်ဆာဆင်Pleasing appearance, beautiful looking, dressing up. ပေါ်လွင်သောအရာကိုနှစ်သက်ခြင်း၊ လှပစွာရှုမြင်ရခြင်း၊ တန်ဆာဆင်ခြင်း။ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်(adorneth) သကဲ့သို့၎င်း၊ ၊ ... ဟေရှာ၊ ၆၁:၁၀သင်သည် တစ်ဖန်ပတ်သာနှင့် တန်ဆာဆင်(adorned) လျက်၊ ... ယေ၊ ၃၁:၄ တင့်တယ်သော(adorned) ကျောက်ပြားနှင့်၎င်း၊ ... လု၊ ၂၁:၅ မိန်းမတို့သည် အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင် (adorn) ဘဲ၊... ၁တိ၊ ၂:၉ အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်(adorn) ခြင်းငှာ၊ ... တိ၊ ၂:၁၀ မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်(adorned) လျက်၊ ... ၁ပေ၊ ၃:၅ မိမိခင်ပွန်းဖို့ တန်ဆာဆင်(adorned) သော မင်္ဂလာဆောင်သတို့သမီး၊ ... ဗျာ၊ ၂၁:၂
adulterer/ adulteress / adulterousသူ့မယားကိုပြစ်မှားသူGuilty of adultery, violation of the marriage bed; people who commit sexual acts outside of the marriage vows; DTP The disciple becomes married to Christ then goes and finds another lover; God calls these people an adulterous generation; unchaste, impure, illicit, fornicators, prostitutes. သူ့မယားကိုပြစ်မှားခြင်းအပြစ်၊ မင်္ဂလာကုတင်ကိုညစ်ညမ်းစေခြင်း၊ ထိမ်းမြားခြင်းကတိကိုချိုးဖောက်ပြီး ဖောက်ပြန်သူများ။ ယုံကြည်သူတို့သည် ခရစ်တော်နှင့်ထိမ်းမြားပြီး အခြားသောချစ်သူကိုရှာ၏၊ ဘုရား သခင်က ဤသို့သောသူကိုဖောက်ပြန်သောအမျိုးဟုခေါ်သည်။ ကာယကံမြောက်ကျူးလွန်သူ၊ မစင်ကြယ် သူ၊ ဉပဒေမဲ့ပြုခြင်း၊ မှောက်မှားခြင်း၊ ပြည့်တန်ဆာ။ သူ့မယားကိုပြစ်မှား(adulterer) သောသူသည် မှားယွင်းသောမိန်းမ(adulteress) နှင့်တကွ၊ ... ဝတ်၊ ၂၀:၁၀ မျောက်မထားသောမိန်းမသား(adulterer)၊ ပြည့်တန်ဆာမသားတို့၊ ... ဟေရှာ၊ ၅၇:၃ မျောက်မထား(adulteress)သောမိန်းမကို သွား၍ချစ်ဦးလော့၊ ... ဟော၊ ၃:၁၊ ၇:၄) သူ့မယားကိုပြစ်မှားသောသူ(adulterers)၊ မမှန်သော ကျိန်ဆိုခြင်း၊ ... မာလ၊ ၃:၅ ဆိုးညစ်၍ မျောက်မထားသောအမျိုး(adulterous) သည်၊ ... မ၊ ၁၂:၃၉ မျောက်မထားသော ဤလူမျိုးဆိုး(adulterous) တွင်၊ ... မာ၊ ၈:၃၈သူ့မယားကိုပြစ်မှားသောသူ(adulterers) ကို ဘုရားသခင်စစ်ကြော၊ ... ဟေဗြဲ၊ ၁၃:၄ မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမ(adulterers/adulteresses) တို့၊ ... ယာ၊ ၄:၄
adultery / adulteriesသူ့မယားကိုပြစ်မှားခြင်းGuilty of adultery, violation of the marriage bed; people who commit sexual acts outside of the marriage vows. DTP The disciple becomes married to Christ but if then goes out and finds another lover they have become adulterous people in the eyes of God. God calls these people an adulterous generation; unchaste, impure, illicit, fornicators, prostitutes သူ့မယားကိုပြစ်မှားခြင်းအပြစ်၊ မင်္ဂလာကုတင်ကိုညစ်ညမ်းစေခြင်း၊ ထိမ်းမြားခြင်းကတိကိုချိုးဖောက်ပြီး ဖောက်ပြန်သူများ။ ယုံကြည်သူတို့သည် ခရစ်တော်နှင့်ထိမ်းမြားပြီး အခြားသောချစ်သူကိုရှာ၏၊ ဘုရား သခင်က ဤသို့သောသူကိုဖောက်ပြန်သောအမျိုးဟုခေါ်သည်။ ကာယကံမြောက်ကျူးလွန်သူ၊ မစင်ကြယ် သူ၊ ဉပဒေမဲ့ပြုခြင်း၊ မှောက်မှားခြင်း၊ ပြည့်တန်ဆာ။သူ့မယားကိုပြစ်မှား(adultery) သောသူသည် မှားယွင်းသောမိန်းမနှင့်တကွ၊ ... ဝတ်၊ ၂၀:၁၀ သူ့မယားကိုပြစ်မှား(adultery) သောသူသည် ဉာဏ်မရှိ။ ... သု၊ ၆:၃၂ သူတို့သည် မျောက်မထား(adultery) ကြပြီ။ ... ယေဇ၊ ၂၃:၃၇ စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှား(adultery) ပြီ။ ... မ၊ ၅:၂၈ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း(adulteries)၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊... မ၊ ၁၅:၁၉သူ့မယားကို ပြစ်မှား(adulteries) ခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ ... မာ၊ ၇:၂၁ မှားယွင်း(adultery)ခြင်းအမှုကို ပြုလျက်နေသော၊ ... ယော၊ ၈:၃ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ် (adultery) တွင်ပင်၊ ... ယော၊ ၈:၄သူ့မယားကိုပြစ်မှား(adultery) နှင့်ဟုဆိုလျက်ပင်၊ ... ရော၊ ၂:၂၂သူ့မယားကိုပြစ်မှား(adultery) ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ... ဂလာ၊ ၅:၁၉ သူ့မယားကိုပြစ်မှား(adultery) သော ကိလေသာနှင့် ပြည့်စုံသော၊ ... ၂ပေ၊ ၂:၁၄
Adventခရစ္စမတ်ပွဲမတိုင်မီ တနင်္ဂနွေ (၄) ပတ်ကာလIn tradition this word Advent, designates the period of time that starts four Sundays before Christmas. It is the preparation time for people to remember the coming of Jesus Christ God's Son to the earth. The first Advent refers to the incarnation; the Second Advent refers to His second coming. ယုံကြည်ခရစ္စမတ်ပွဲမတိုင်မီ တနင်္ဂနွေ (၄) ပတ်ကာလ။ ဘုရားသခင်၏သားတော်ယေရှုခရစ် လောကသို့ ကြွလာမည့်အကြောင်းကို လူသားတို့သတိရလျက်ပြင်ဆင်ခြင်းဖြစ်သည်။ ပထမအပတ်သည် လူ့ဇာတိ ခံယူခြင်းနှင့်သက်ဆိုင်ပြီး ဒုတိယအပတ်သည် သူ၏ကြွလာခြင်းနှင့်သက်ဆိုင်သည်။
adversary / adversariesရန်သူOpponent, challenger, rival, enemy, foe, antagonist, opposer; the one who fights against us, as we walk and live for Christ. DTP The disciple must be aware that each day we face an enemy that desires to destroy and kill, to take away life and freedom and to give to people nothing but death and bondage. ပြိုင်ဘက်၊ စိန်ခေါ်သူ၊ ယှဉ်ပြိုင်ဘက်၊ ရန်သူ၊ ရန်လိုသူ၊ ဆန့်ကျင်သူ။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ လျှောက်လှမ်းပြီးအသက်ရှင်စဉ် ကျွန်ုပ်တို့ကိုတိုက်ခိုက်သူ။ ကျွန်ုပ်တို့နေ့စဉ်အသက်ရှင်ရာတွင် ကျွန်ုပ်တို့ ကိုဖျက်ဆီးသတ်ဖြတ်လိုသည့်၊ ကျွန်ုပ်တို့အသက်တာနှင့်လွတ်လပ်မှုကိုယူဆောင်ပြီး သေခြင်းနှင့်ချုပ် နှောင်ခြင်းကိုသာပေးလိုသည့်သူကို သတိထားရပါမည်။ သင့်ကို ဆီးတား(adversaries)သောသူတို့ကိုလည်း ငါဆီးတား(adversary) မည်။ ... ထွ၊ ၂၃:၂၂ကိုယ်တော်၏ရန်သူ(adversaries) တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ... တရား၊ ၃၂:၄၃ ထာဝရဘုရားသည် ရန်သူ(adversaries) တို့ကို ချိုးဖဲ့တော်မူမည်။ ... ၁ရာ၊ ၂:၁၀ ရှောလမုန်၌ ရန်ဘက်(adversary) ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို၊ ... ၃ရာ၊ ၁၁:၁၄ ရန်ဘက်ပြုသော ရန်သူ(adversary) သည် ဤဆိုးညစ်သောဟာမန်၊ ... ဧသ၊ ၇:၆ အို ဘုရားသခင်၊ ရန်သူ(adversary) သည် အဘယ်မျှကာလပတ်လုံး၊ ... ဆာ၊ ၇၄:၁၀ ကိုယ်တော်၏ ရန်သူ(adversaries) တို့သည် နာမတော်ကိုသိ၍၊ ... ဟေရှာ၊ ၆၄:၂ ထာဝရဘုရားသည် ရန်ဘက်(adversaries) ပြုသောသူတို့ကို ဒဏ်ပေး၍၊... နာ၊ ၁:၂ တရားတွေ့ဖက်(adversary) နှင့်အတူ လမ်း၌သွားစဉ်တွင်ပင် သူ၏စိတ်ကို ပြေစေခြင်းငှာ ၊ ... မ၊ ၅:၂၅ ကဲ့ရဲ့စရာအခွင့်ကို ရန်သူ(adversary) အား မပေးဘဲနေခြင်း၊ ... ၁တိ၊ ၅:၁၄ ငြင်းဆန်သောသူ(adversaries) တို့ကို ဖျက်ဆီးဖို့ရာ၊ ... ဟေဗြဲ၊ ၁၀:၂၇ သင်တို့၏ ရန်သူ(adversary) တည်းဟူသော မာရ်နတ်သည်၊ ... ၁ပေ၊ ၅:၈
adviceတိုင်ပင်ခြင်းTo give ideas or instructions to another; to enlighten, to give information or knowledge, to counsel, suggest or give recommendation or exhortation. အခြားသူတစ်ဦးအား အကြံပေးခြင်း သို့မဟုတ် လမ်းညွှန်ခြင်း၊ ပညာပေးခြင်း၊ သတင်းပေးခြင်း သို့မ ဟုတ် အသိပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ထောက်ခံချက်ပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊ ဆင်ခြင်၍ တိုင်ပင်(advice) စီရင်ကြလော့ဟု ပြောဆိုကြ၏။ ... သူကြီး၊ ၁၉:၃၀ သင်ပေးသောအကြံ(advice) လည်း မင်္ဂလာရှိစေသတည်း။ ... ၁ရာ၊ ၂၅:၃၃ ကောင်းသောတိုင်ပင်ခြင်း(advice) ရှိမှသာ စစ်မှုကိုပြုရမည်။ ... သု၊ ၂၀:၁၈ ဤအမှု၌ ငါသည် ကိုယ်သဘောကိုပြ(advice)၏။ ... ၂ကော၊ ၈:၁၀
advise / advisedအကြံပေးသူ၊ ကောင်းရာကိုညွှန်ပြသူ၊A consultant, a mentor; an expert one who gives advice in a specific field of understanding to another or to a group of people. အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကောင်းရာကိုညွှန်ပြသူ၊ အခြားသူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို တိကျသေ ချာစွာအကြံပေးခြင်း။ အဘယ်သို့ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်(advise) တော်မူပါဟု၊ ... ၂ရာ၊ ၂၄:၁၃ သတိပေးသောစကား(advised) ကို နားခံသောသူမူကား ပညာရှိ၏။ ... သု၊ ၁၃:၁၀ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံ(advise) ပေး၏။ ... ဗျာ၊ ၃:၁၈
advocateသက်သေA supporter, backer, promoter, believer, sponsor; advocacy John 14:16 helper, defender. DTP Jesus is our advocate. By faith in Christ we become joined to Him and He is our advocate before the Father. ထောက်ပံ့သူ၊ နောက်ခံ၊ မြှင့်တင်ပေးသူ၊ ယုံကြည်သူ၊ လှူဒါန်းသူ၊ သက်သေခံသူ (ယော၊ ၁၄:၁၆)၊ ကူညီသူ၊ ကာကွယ်သူ။ ယေရှုသည် ကျွန်ုပ်တို့၏အမှုဆောင်သခင်၊ သက်သေခံပေးသူဖြစ်သည်။ ခရစ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်အတူတစ်လုံးတစ်ဝတည်းဖြစ်ပြီး ခမည်းတော်ရှေ့တွင် ကျွန်ုပ်တို့၏အမှု ဆောင်သခင်၊ သက်သေခံပေးသူဖြစ်ပါသည်။ ဤအမှု၌ ငါ့သက်သေ(advocate) သည် ကောင်းကင်ပေါ်မှာရှိ၏။ ... ယောဘ၊ ၁၆:၁၉ အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်(advocate) သခင်သည်၊ ... ၁ယော၊ ၂:၁
affectionစိတ်စွဲလမ်းTo have fondness, a heart of love towards another, to show sympathy or tenderness, compassion. ချစ်ခင်ကြင်နာစိတ်ရှိခြင်း၊ အခါးသူတစ်ဦးကိုချစ်ခင်စွဲလမ်းခြင်း၊ ကရုဏာ သို့မဟုတ် ကြင်နာမှုပြခြင်း၊ စာနာရိုင်းပင်မှု။ ငါ၏ဘုရားသခင် အိမ်တော်၌ ငါ့စိတ်နှလုံးစွဲလမ်း(affection) သောကြောင့်၊ ... ၅ရာ၊ ၂၉:၃ သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာ(affections) လက်သို့ အပ်လိုက်တော်မူ၏။ ... ရော၊ ၁:၂၆ တစ်ယောက်ကိုတစ်ယောက် စုံမက်(affectioned) ကြလော့။ ... ရော၊ ၁၂:၁၀ သင်တို့ကို ချစ်သနား(affection) ခြင်းမေတ္တာကရုဏာစိတ်နှင့်၊ ... ၂ကော၊ ၇:၁၅ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒ(affections) များကိုလည်းကောင်း၊ ... ဂလာ၊ ၅:၂၄ အထက်အရာတို့ကိုသာ စိတ်စွဲလမ်း(affection) ခြင်း ရှိကြလော့။ ... ကော၊ ၃:၂
afflict / affliction / afflictedဆင်းရဲဒုက္ခDistress, torment, agony, pain; to hurt, harass, wound, persecute; affliction can be physical, emotional or spiritual and can afflict a person of faith as well as unbelievers. DTP The enemies of Christ love to afflict the disciple with physical, emotion and spiritual pain. စိတ်ပင်ပန်းခြင်း၊ ညှင်းဆဲခြင်း၊ ပြင်းစွာနာကျင်ခံစားရခြင်း၊ နာကျင်ခြင်း။ အနာတရဖြစ်စေခြင်း၊ ဒုက္ခပေး နှောင့်ယှက်ခြင်း၊ နှိပ်စက်ညှင်းဆဲခြင်း။ ညှင်းဆဲခြင်းသည် ယုံကြည်သူနှင့် မယုံကြည်သူတို့၏ ခန္ဓာဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာကိုထိခိုက်နာကျင်စေပါသည်။ ခရစ်တော်၏ရန်သူများ သည် တပည့်တော်များ၏ခန္ဓာဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာတို့ကို နာကျင် အောင်ပြုလုပ်ပါသည်။ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခ(affliction) ကို ကြားသိတော်မူပြီ။ ... က၊ ၁၆:၁၁ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲ(afflict)စေခြင်းငှာ၊ ... ထွ၊ ၁:၁၁ နှိမ့်ချ(afflicted) လျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ ... ၂ရာ၊ ၂၂:၂၈ ဘိုးဘေးများခံရသော ညှဉ်းဆဲခြင်း(affliction) ကိုမြင်၍၊ ... နေ၊ ၉:၉ ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲ(afflictions) ကို၊ ... ဆာ၊ ၃၄:၁၉ ဆင်းရဲ(afflicted) သောသူနှင့် မိဘမရှိသောသူတို့ကို၊ ... ဆာ၊ ၈၂:၃ ဆင်းရဲ(affliction) ကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည်၊ ... ဆာ၊ ၁၁၉:၅၀ အကျွန်ုပ်ခံရသော ဆင်းရဲခြင်း(affliction) ကိုကြည့်ရှု၍၊ ... ဆာ၊ ၁၁၉:၁၅၃ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲ(afflicted) ကြပြီ၊ ... ဆာ၊ ၁၂၉:၁ ထာဝရဘုရားသည် ဆင်းရဲ(afflicted) သောသူ၏အမှုကိုစောင့်၍၊ ... ဆာ၊ ၁၄၀:၁၂ ကျွန်ုပ်ကို ညှဉ်းဆဲ(afflict) သောသူအပေါင်းတို့ကို၊ ... ဆာ၊ ၁၄၃:၁၂ မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ(afflicted) သောသူတို့ကို မုန်းတတ်၏။... သု၊ ၂၆:၂၈ ထိုသူသည် ညှဉ်းဆဲခြင်း(afflicted) နှင့် နှိမ့်ချခြင်းကိုခံ၍၊ ... ဟေရှာ၊ ၅၃:၇ အမှု(affliction) ရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲ(afflicted) တော်မမူ။ ... ဟေရှာ၊ ၆၃:၉ အမှု(affliction)ရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော၊ ... ယေ၊ ၁၆:၁၉ သင့်ကို ညှဉ်းဆဲ(afflict) သောသူအပေါင်းတို့ကို၊ ... ဇေ၊ ၃:၁၉ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း(afflicted) ၊ ... မ၊ ၂၄:၉ ညှဉ်းဆဲနှိပ်စက်ခြင်း(afflictions) အမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု၊ ... တ၊ ၂၀:၂၃အလွန်ညှိုးငယ်ပူပန်(affliction) သောစိတ်နှင့် မျက်ရည်အများကျလျက်၊ ... ၂ကော၊ ၂:၄ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခ(affliction) သည်၊ ... ၂ကော၊ ၄:၁၇ ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်း(affliction) အားဖြင့်၊ ... ၂ကော၊ ၈:၂ ကြီးစွာသောဆင်းရဲခြင်း(affliction) ကို ခံရသော်လည်း၊ ... ၁သက်၊ ၁:၆ ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခ(afflictions)ကိုခံလော့။ ... ၂တိ၊ ၁:၈ ဆင်းရဲဒုက္ခ(afflictions) ကို သည်းခံလော့။ ... ၂တိ၊ ၄:၅ ဆင်းရဲ(afflicted) ခံရသောသူရှိလျှင် ဆုတောင်းစေ။ ... ယာ၊ ၅:၁၃ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲ(afflictions) ကို ခံရကြသည်၊ ... ၁ပေ၊ ၅:၉
afraidကြောက်လန့်To feel fear or anxiety, to be scared, frightened. DTP As a disciple we are not to be filled concerning the things of this world or what man can do to us. We should have a righteous fear of the Lord Jesus Christ our Creator. Fear or being afraid often destroys one's faith in God. We need to "let go and let God" and trust Him that He is able to bring us through the challenges that we may be facing in our daily walk. ကြောက်လန့်သည်၊ စိုးရိမ်သည်၊ ထိတ်လန့်သည်။ ကျွန်ုပ်တို့သည် ဤလောကအရာတို့ကိုနှင့်မပြည့်ဝရန် နှင့် လူတို့တိုက်ခိုက်သောအရာကို မကြောက်ရွံ့ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် သခင်ယေရှုခရစ် တော်ကိုသာ ကြောက်ရွံ့ရိုသေရမည်ဖြစ်သည်။ မကြာခဏကြောက်ရွံ့တုန်လှုပ်ခြင်းသည် ဘုရားသခင် အပေါ်ယုံကြည်ခြင်းကို ပျက်ပြားစေပါသည်။ မိမိကိုယ်ကို ဘုရားရှင်ထံယုံကြည်ပုံအပ်ခြင်းအားဖြင့် နေ့စဉ် လျှောက်လှမ်းသည့်အသက်တာတွင် တွေ့ကြုံရသောအရာစိန်ခေါ်မှုများကို အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ကြောက်(afraid) ၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ... က၊ ၃:၁၀ သူတို့သည်စိတ်နှလုံးလျော့၍ ကြောက်လန့်(afraid) လျက်၊ ... က၊ ၄၂:၂၈ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့(afraid) ၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။ ... ထွ၊ ၃:၆ word)ကြောက်(afraid) နှင့်၊ စိတ်မပျက်နှင့်။ ... ယောရှု၊ ၁:၉ ငါသည် အဘယ်သူကို ကြောက်(afraid) ရအံ့နည်း။ ... ဆာ၊ ၂၇:၁ ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်(afraid) စရာမရှိ။ ... ဆာ၊ ၅၆:၁၁ မကောင်းသော သတင်းကိုမကြောက်(afraid) ရ၊ ... ဆာ၊ ၁၁၂:၇ ကြောက်လန့်(afraid) သောစိတ်မရှိဘဲ ရဲရင့်မည်။ ... ဟေရှာ၊ ၁၂:၂ စိုးရိမ်(afraid) ဘဲ အသံကိုလွှင့်လော့။ ... ဟေရှာ၊ ၄၀:၉ ယေရှုကလည်း ကြောက်ရွံ့(afraid) ခြင်းမရှိကြနှင့်။ ... မ၊ ၂၈:၁၀ ကြောက်(afraid) ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့၊ ... မာ၊ ၅:၃၆ ကိုယ်ခန္ဓာကိုသတ်၍ …. သူတို့ကို မကြောက်(afraid) ကြနှင့်။ ... လု၊ ၁၂:၄ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်(afraid) တုန်လှုပ်ခြင်း မရှိစေနှင့်။ ... ယော၊ ၁၄:၂၇ သင်တို့၏အကြောင်းကြောင့် စိုးရိမ်(afraid) လျက်ရှိ၏။ ... ဂလာ၊ ၄:၁၁
agape(အာဂါပေ) ချစ်ခြင်းမေတ္တာLove (one way, given and expecting nothing back) God's love for people, most common Greek word for love in the New Testament. DTP We are told that love never fails and, because of that, all that the disciple says and does should always be seasoned in God's love. (See 1 Cor Chapter 13) ပေးဆပ်ပြီးတုန့်ပြန်မှုကိုမမျှော်လင့်သောချစ်ခြင်းမေတ္တာ၊ လူသားအပေါ်ဘုရားရှင်၏မေတ္တာ၊ အာဂါပေ ဆိုသောစကားလုံးသည် ဂရိဘာသာစကားဖြစ်ပြီး ချစ်ခြင်းမေတ္တာဟု အဓိပ္ပာယ်ရှိသည်။ ချစ်ခြင်းမေတ္တာ သည် ဘယ်သောအခါမျှမကွယ်ပျောက်ပါ။ ထိုကြောင့် ကျွန်ုပ်တို့ပြောဆိုလေရာ၊ လုပ်ဆောင်လေရာတို့ သည် ဘုရားရှင်၏မေတ္တာဖြင့်အစဉ်မွှေးကြိုင်နေရမည်ဖြစ်သည်။ သားတော်ကို စွန့်တော်မူသည်တိုင်အောင် …. ချစ်(loved/agape)တော်မူ၏။ ... ယော၊ ၃:၁၆ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာ(love/agape) ထက် သာ၍မြတ်သော၊ ... ယော၊ ၁၅:၁၃ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်(love/agape) တော်မူသည်ကို၊ ... ရော၊ ၅:၈ အချင်းချင်းချစ်(love/agape) ၍ အမှုချင်းကို ဆောင်ရွက်ကြလော့။ ... ဂလာ၊ ၅:၁၃ ခရစ်တော်၏ မေတ္တာ(love/agape) တော်ကို သိနားလည်ခြင်း၊ ... ဧ၊ ၃:၁၉ ခရစ်တော်သည် ငါတို့ကို ချစ်(love/agape) တော်မူသောအားဖြင့်၊... သင်တို့သည် မေတ္တာတရား(love/agape)၌ ကျင်လည်ကြလော့။ ... ဧ၊ ၅:၂ ငါတို့ကို ချစ်(love/agape) တော်မူသော မေတ္တာတော်သည်၊ ... ၁ယော၊ ၄:၉
ageအသက်အရွယ်Time; era, period, period of time, epoch Matt 24:3 end of age. အချိန်၊ ခေတ်၊ ကာလ၊ အချိန်ကာလ၊ အဘယ်ကာလ (မ၊ ၂၄:၃)ကာလ(age) အမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်းကို၊ ... က၊ ၇:၁ အသက်(age) ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ ... က၊ ၁၅:၁၅ သင်အသက်(age) ကြီးသောအခါ သင့်ကိုကောင်းမွန်စွာပြုစု၊ ... ရု၊ ၄:၁၅ အကျွန်ုပ်အရွယ်(age) သည် ရှေ့တော်၌ ဘာမျှမဟုတ်၊ ... ဆာ၊ ၃၉:၅ ထိုအခါ ယေရှုသည် အနှစ်(age) သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ ... လု၊ ၃:၂၃ စုံလင်သော အရွ(age) ယ်ရှိသော သူတို့မူကား၊ ... ဟေဗြဲ၊ ၅:၁၄
Age of Graceကျေးဇူးတော်ကာလThe time from Christ's ascension until His second coming. It is said that we are all right now in the age of grace but soon this will come to an end and the following verse shows what will happen next. ကောင်းကင်သို့ ခရစ်တော်တက်ကြွသွားသည့်အချိန်မှစ၍ ဒုတိယအကြိမ်ပြန်လည်ကြွလာမည့်အချိန် အထိဖြစ်သည်။ ကျွန်ုပ်တို့သည် ယခုတွင်ကျေးဇူးတော်ကာလ၌အသက်ရှင်နေပြီး မကြာမီနောက်ဆုံး သောကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။ အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဖူးသော သူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။- ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကိုလည်းကောင်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့၊ (၂သက်၊ ၁:၇-၁၀)။
Agnosticအနော့စတစ်Sceptic, doubter, disbeliever, atheist; a person who denies the existence of God. ဘာသာအယူဝါဒယုံကြည်သက်ဝင်မှုမရှိသူ၊ သံသယရှိသူ၊ မယုံကြည်သူ၊ ဘုရားမဲ့ဝါဒီ၊ ဘုရားရှိသည်ကို ငြင်းဆိုသူ။
Agnosticismအနော့စတစ်ဇမ်A system of thought that teaches that it is not possible to know that there is a God. Man is unable to know who God is. ဘုရားရှိသည်ကိုသိခြင်းသည် မဖြစ်နိုင်ပါဆိုသောအယူအဆဖြစ်သည်။ ဘုရားမည်သူဖြစ်သည်ကို လူ သားသည် မသိနိုင်ပါဟုဆိုသောအယူအဆဖြစ်သည်။