Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

c


Church of Laodiceaလောဒိကိအသင်းတော်The lukewarm church; Rev 3:14-22; this church thought they were fine; God asked them to buy gold from him, so they would be rich. အအေးမဟုတ်၊ အပူမဟုတ်သောအသင်းတော်ဖြစ်သည် (ဗျာ၊ ၃:၁၄-၂၂)။ မိမိကိုယ်ကို အဆင်ပြေသည်ဟု ထင်မှတ်သည်။ ချမ်းသာခြင်းနှင့်ပြည့်စုံရန်အတွက် သူ့ထံမှရွှေကိုဝယ်ရန် ဘုရားသခင်ကမိန့်တော်မူသည်။လောဒိကိ (church in Laodiceans) မြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၃:၁၄ - Rev 3:14
Church of PergamumပေရဂံThe faltering church; Rev 2:12-17; had not denied God; had allowed false prophets into the church. ယိမ်းယိုင်သောအသင်းတော်ဖြစ်သည် (ဗျာ၊ ၂:၁၂)။ ဘုရားသခင်ကိုမစွန့်သောအသင်းတော်ဖြစ်သော် လည်း အသင်းတော်ထဲသို့ ဆရာအတုယောင်များကို ဝင်ခွင့်ပြုသည်။ ပေရဂံ (church of Pergamos) မြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၂:၁၂ - Rev 2:12
Church of Philadelphiaဖိလဒေလဖိအသင်းတော်The weak church; Rev 3:7-13; God promised to keep them from the hour of temptation; the synagogue of Satan, who claimed to be Jews, would know that God was with them. အားနည်းသောအသင်းတော်ဖြစ်သည် (ဗျာ၊ ၃:၇-၁၃)။ စုံစမ်းခြင်းကာလတွင် ဘုရားသခင်စောင့်ရှောက် မည်ဟု ကတိထားတော်မူသည်။ ထိုကတိတော်ကို မိမိကိုယ်ကိုယုဒလူဟုအယောင်ဆောင်သော စာတန်၏ ပေါင်းအသင်းတို့သိနေမည်ဖြစ်သည်။ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၃:၇ - Rev 3:7
Church of Sardisသာဒိအသင်းတော်The dying church; Rev 3:1-6; asked to repent and watch. သေနေသောအသင်းတော်ဖြစ်သည် (ဗျာ၊ ၃:၁-၆)။ နောင်တရရန်နှင့်စောင့်နေရန် မိန့်တော်မူခြင်းခံရ သည်။ သာဒိ (church of Sardis) မြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၃:၁ - Rev 3:1
Church of Smyrnaစမုရနအသင်းတော်The poor, rich church; Rev 2:8-11; this church would face persecution; God had nothing against them. အားနည်းသောအသင်းတော်ဖြစ်သည် (ဗျာ၊ ၃:၇-၁၃)။ စုံစမ်းခြင်းကာလတွင် ဘုရားသခင်စောင့်ရှောက် မည်ဟု ကတိထားတော်မူသည်။ ထိုကတိတော်ကို မိမိကိုယ်ကိုယုဒလူဟုအယောင်ဆောင်သော စာတန်၏ ပေါင်းအသင်းတို့သိနေမည်ဖြစ်သသည်။စမုရနမြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၂:၈ - Rev 2:8
Church of Thyatiraသွာတိရအသင်းတော်The apostate church; Rev 2:18-29; had many good works; had allowed the false prophetess Jezebel to come in. ဖောက်ပြန်သောအသင်းတော်ဖြစ်သည် (ဗျာ၊ ၂:၁၈-၂၉)။ ကောင်းသောအလုပ်များစွာကိုလုပ်ဆောင်သည်။ ပရောဖက်မအတုအယောင်ယေဇဗေလကို အသင်းတော်တွင်းသို့ ဝင်ခွင့်ပြုသည်။ သွာတိရမြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၂:၁၈ - Rev 2:18
churches seven, book of Revelationအသင်းတော်ခုနစ်ပါး၊ ဗျာဒိတ်ကျမ်းRevelation chapter 2 and 3: John's vision gives a prophetic word concerning the seven churches of Asia; both blessing and exhortation are given to each church by Jesus Christ. ဗျာဒိတ်ကျမ်းအခန်းကြီး ၂-၃ ဖြစ်သည်။ အာရှိပြည်ရှိအသင်းတော်ခုနစ်ပါးနှင့်ပတ်သက်သော ရှင်ယော ဟန်၏ဗျာဒိတ်တော်ကို ပရောဖက်ပြုဟောပြောခြင်းဖြစ်သည်။ အသင်းတော်တစ်ပါးစီထံသို့ ကောင်းကြီး မင်္ဂလာနှင့်အတူတိုက်တွန်းနှိုးဆော်ခြင်းကို ယေရှုခရစ်တော်အားဖြင့်ပေးအပ်လိုက်သည်။အသင်းတော်ခုနစ်ပါး (seven churches) ထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။ ... ဗျာ၊ ၁:၁၁ - Rev 1:11ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသောအသင်းတော် (seven churches) တို့ကို၊ ... ဗျာ၊ ၁:၂၀ - Rev 1:20
circumcise / circumcised / circumcisionအရေဖျားလှီးThe removal of the foreskin on the male penis; for the people of Israel it became an outward sign that they were God's chosen people; in the New testament the idea of circumcision took on a new meaning where the disciples of Christ would have their hearts circumcised for Christ (Deut 30:6; Rom 2:28-29). အမျိုးသားများ၏လိင်အင်္ဂါထိတ်အရေဖျားကို လှီးထုတ်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဣသ ရေလလူမျိုးများသည် ဘုရားသခင်ရွေးကောက်သောသူများဖြစ်ကြောင်းကိုပြသော ပြင်ပလက္ခဏာဖြစ် သည်။ ဓမ္မသစ်ကျမ်းတွင်မူ ခရစ်တော်နောက်လိုက်သူတို့သည် ခရစ်တော်အတွက် မိမိတို့၏နှလုံးသားကို လှီးဖြတ်ရမည်ဆိုသော အသစ်သောအဓိပ္ပာယ်ရှိပါသည် (တရား၊ ၃၀:၆။ ရော၊ ၂:၂၈-၂၉)။ သားယောက်ျားတိုင်း အရေဖျားလှီး (circumcised) မင်္ဂလာကိုခံရမည်။ ... က၊ ၁၇:၁၀ - Gen 17:10သားယောက်ျားအား အရေဖျားလှီး(circumcised) ခြင်းကိုပြုရမည်။ ... ဝတ်၊ ၁၂:၃ - Lev 12:3သင်၏နှလုံးအရေဖျားကို လှီး(Circumcise) ဖြတ်လော့။ ... တရား၊ ၁၀:၁၆ - Deut 10:16ဣသရေလအမျိုးသားတို့အား အရေဖျားလှီး(circumcise) မင်္ဂလာကို၊ ... ယောရှု၊ ၅:၂ - Josh 5:2ထာဝရဘုရားအဖို့အလိုငှာ အရေဖျားလှီး(Circumcise) မင်္ဂလာကိုခံ၍၊ ... ယေ၊ ၄:၄ - Jer 4:4အရေဖျားလှီး(circumcised) ခြင်းကို ခံသောသူ၊ အရေဖျားလှီး(circumcised) ခြင်းကို မခံသောသူ၊ ... ယေ၊ ၉:၂၅ - Jer 9:25မောရှေသည် အရေဖျားလှီး(circumcision) ခြင်းတရားကို၊ ... ယော၊ ၇:၂၂ - John 7:22အရေဖျားလှီး(circumcision) ခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဘဲ၊ ... ရော၊ ၂:၂၉ - Rom 2:29အရေဖျားလှီး(circumcised) ခြင်းကို ခံသောလူအပေါင်းတို့အား၊ ... ဂလာ၊ ၅:၃ - Gal 5:3 ယေရှုခရစ်ထံ၌ အရေဖျားလှီး(circumcision) ခြင်းအကျိုးမရှိ။ ... ဂလာ၊ ၆:၁၅ - Gal 6:15 အရေဖျားလှီး(circumcised) ခြင်းအားဖြင့် ဇာတိပကတိအပြစ်၏၊ ... ကော၊ ၂:၁၁ - Col 2:11
city / citiesမြို့A place where people gather together to live and work. DTP The idea of city is also important to the disciple. We are part of a community and what happens around us in our cities can greatly affect one's life personally. We need to pray for our cities and be aware of what is going on in them. လူအများစုဝေးပြီးနေထိုင်သော၊ အလုပ်လုပ်သောနေရာ။ ကျွန်ုပ်တို့အတွက် မြို့သည်အရေးကြီးသော အရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် အစုအဖွဲ့နှင့်နေသူများဖြစ်ပြီး မြို့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်သောအရာ များသည် တစ်စုံတစ်ဦး၏အသက်ရှင်မှုကို ကြီးမားစွာထိခိုက်နိုင်ပါသည်။ ကျွန်ုပ်တို့၏မြို့ရွာများအတွက် ဆုတောင်းရမည်ဖြစ်ပြီး မြို့ရွာအတွင်းဖြစ်ပျက်သည့်အရာများကို သတိပြုရပါမည်။လူအသက်ကိုအမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့ (cities)၊ ... တော၊ ၃၅:၁၁ - Num 35:11သို့ဖြစ်၍ မြို့(city) ကိုလှည့်ပတ်ရကြမည်။ ... ယောရှု၊ ၆:၃ - Josh 6:3ငါတို့ဘုရားသခင့်မြို့ရွာ(cities) တို့အဖို့ အားထုတ်၍၊ ... ၂ရာ၊ ၁၀:၁၂ (၅ရာ၊ ၁၉:၁၃) - 2 Sam 10:12 (1 Chr 19:13)ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏မြို့(city) တည်းဟူသော၊ ... ဆာ၊ ၄၆:၄ - Ps 46:4မဟာမင်းကြီး၏ မြို့(city) တော်သည် တည်၏။ ... ဆာ၊ ၄၈:၂ (မ၊ ၅:၃၅) - Ps 48:2 (Matt 5:35)ထာဝရဘုရားသည် မြို့(city) ကိုစောင့်တော်မမူလျှင်၊ ... ဆာ၊ ၁၂၇:၁ - Ps 127:1သစ္စာရှိသောမြို့(city) သည် အဘယ်သို့ မျောက်မထားပြန်သနည်း။ ... ဟေရှာ၊ ၁:၂၁ - Isa 1:21သင်၏နာမကို တရားသောမြို့(city) ၊ သစ္စာစောင့်သောမြို့(cities) ဟု၊ ... ဟေရှာ၊ ၁:၂၆ - Isa 1:26အို ယေရုရှလင်မြို့(cities) တည်းဟူသော၊ သန့်ရှင်းသောမြို့(city)၊ ... ဟေရှာ၊ ၅၂:၁ - Isa 52:1ထာဝရဘုရား၏မြို့(city)၊ …. သန့်ရှင်းသောဘုရား၏ဇိအုန်မြို့(city) ဟူ၍၊ ... ဟေရှာ၊ ၆၀:၁၄ - Isa 60:14ယေရုရှလင်မြို့(city) ကို သမ္မာမြို့(city) ဟူ၍လည်းကောင်း၊ ... ဇာ၊ ၈:၃ - Zech 8:3တောင်ထိပ်၌တည်သောမြို့(city) ကို မကွယ်နိုင်။ ... မ၊ ၅:၁၄ - Matt 5:14ယနေ့တွင်ဒါဝိဒ်၏မြို့(city) ၌ သခင်ခရစ်တော်တည်းဟူသော၊ ... လု၊ ၂:၁၁ - Luke 2:11ထိုမြို့(city) သူမြို့(city) သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏။ ... တ၊ ၈:၈ - Acts 8:8 ခိုင်ခံ့မြဲမြံသောမြို့(city) ကို မျှော်လင့်သတည်း။ ... ဟေဗြဲ၊ ၁၁:၁၀ - Heb 11:10ဘုရားသခင်၏မြို့(city) တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့(city) သို့၊ ... ဟေဗြဲ၊ ၁၂:၂၂ - Heb 12:22သန့်ရှင်းသောမြို့(city) တည်းဟူသော ယေရုရှလင်မြို့ သစ်သည်၊ ... ဗျာ၊ ၂၁:၂ - Rev 21:2မြို့(city) တံခါးအတွင်းသို့ ဝင်အံ့သောငှာ၊ ... ဗျာ၊ ၂၂:၁၄ - Rev 22:14
city of refuge / cities of refugeမှီခိုရာမြို့Fortress, stronghold, bastion, fort, all places where one could go for safety; the six cites were Kedesh, Hebron, Golan, Ramoth, Shechem and Bezer. DTP In the New Testament, Christ becomes our city of refuge; we flee to Christ for our refuge from sin (Heb 6:18). Christ gives hope to all who flee to Him. ခံတပ်၊ ခိုင်ခံ့လုံခြုံရာအရပ်၊ ခုခံကာကွယ်ပေးသောအရပ်၊ ခိုလုံနိုင်သောနေရာများ။ မှီခိုရာမြို့ခြောက်မြို့မှာ ကေဒေရှမြို့၊ ဟေဗြုန်မြို့၊ ဂေါလန်မြို့၊ ရာမုတ်မြို့၊ ဗေဇာမြို့များဖြစ်ကြပါသည်။ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ (cities for refuge) ခြောက်မြို့တို့ကို၊ ... တော၊ ၃၅:၆ - Num 35:6အမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့ (cities for refuge) တို့ကို၊ ... တော၊ ၃၅:၁၁ - Num 35:11ယော်ဒန်မြစ်အရှေ့ဘက်၌ မှီခိုရာမြို့ (cities for refuge) သုံးမြို့၊ ... တော၊ ၃၅:၁၃ - Num 35:13အထက်ကပြေး၍ မှီခိုသောမြို့ (city for refuge) သို့ပြန်ပို့ရမည်၊ ... တော၊ ၃၅:၂၅ - Num 35:25အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍မှီခိုရာမြို့(cities for refuge) တို့ကို၊ ... ယောရှု၊ ၂၀:၂ - Josh 20:2 လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့ (city for refuge)၊ ... ယောရှု၊ ၂၁:၁၃ - Josh 21:13ပြေး၍ခို (cities for refuge) နေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့(cities for refuge) ကို... ၅ရာ၊ ၆:၆၇ - 1 Chr 6:67
clayရွှံ့မြေThis is a certain sticky fine-grained earth which can be molded when wet. Clay was used to make various types of containers or vessels and, when fired, could hold liquids or food but was also fragile enough to be easily broken. Clay also needed to be pure of foreign materials; if not pure, it could break when fired. DTP Man is often pictured as clay and we need to let God mold and form us into His image. We are to be vessels that house His Spirit and show His glory. စေးကပ်သောမြေကြီးဖြစ်ပြီး ပျော့သောအခါလိုသလိုပုံသွင်းနိုင်သည်။ ရေနှင့်အစားအသောက်ထည့်စရာ အိုးများပြုလုပ်ရာတွင်အသုံးပြုပြီး လွယ်ကူစွာကွဲတတ်ပါသည်။ ရွှံ့သည် ပင်ကိုယ်အားဖြင့်သန့်ရှင်းရပါ မည်။ မသန့်ရှင်းပါက မီးဖုတ်ရာတွင်ကျိုးပဲ့လွယ်ပါသည်။ လူသည်လည်းရွှံ့ကဲ့သို့ဖြစ်ပါသည်။ ဘုရားသခင် ၏ပုံသဏ္ဌာန်တော်အတိုင်း ပုံသွင်းခံရန်လိုအပ်သည်။ ကိုယ်တော်ဝိညာဉ်တော်၏အိမ်ကြီးထဲတွင် ကိုယ် တော်၏ဘုန်းတော်ကိုထင်ရှားစေသောအိုးများဖြစ်ရန် လိုပါသည်။ သရွတ်(clay)ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။... ယောဘ၊ ၁၀:၉ ငါသည်လည်း မြေမှုန့်(clay) ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။... ယောဘ၊ ၃၃:၆အလွန်ဆိုးသောရွှံ့(clay) ထဲကငါ့ကို ဆယ်နှုတ်ပြီးလျှင်၊... ဆာလံ၊ ၄၀:၂အိုး ထိန်းသမားကို၊ အိုးမြေ(clay)ကဲ့သို့ မှတ်ရမည်လော။... ဟေရှာ၊၂၉:၁၆အိုးမြေ (clay) က၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်း၊... ဟေရှာ၊ ၄၅:၉အကျွန်ုပ်တို့သည် အိုးမြေ(clay) ဖြစ်ပါ၏။... ဟေရှာ၊ ၆၄:၈အိုးမြေ(clay) သည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့၊... ယေရမိ၊ ၁၈:၆ အိုးထိန်းသမားသည် အိုးမြေ (clay) ကို ပိုင်သည် မဟုတ်လော။...ရောမ၊ ၉:၂၁
clean / cleanseသန့်ရှင်း၊ ဆေးကြောThe idea of clean means to be pure from dirt or stain. The cleaning process was not just for the outside but for all parts of the vessel. DTP Jesus challenges the leaders of His day because, while they were clean on the outside, they were like filthy rags on the inside (Matt 23:25). Jesus looks at the disciple's heart and He wants it to be washed pure in the blood of the Lamb. We are to be clean and have no spot or wrinkle (Eph 5:27) both outwardly and inwardly. အညစ်အကြေးနှင့်ကင်းစင်ခြင်းကိုဆိုလိုသည်။ အိုးခွက်များဆေးကြောရာတွင် အပြင်ဖက်ကိုသာမကဘဲ အားလုံးကိုဆေးကြောရမည်ဖြစ်သည်။ သခင်ယေရှုသည် မိမိအချိန်ကခေါင်းဆောင်များအား ပြင်ပန်း သဏ္ဌာန်ကိုသာဆေးကြောခြင်းမဟုတ်ဘဲ ညစ်ပတ်နေသောအတွင်းပိုင်းကိုလည်းဆေးကြောရန် စိန်ခေါ်ခဲ့ ပါသည် (မ၊ ၂၃:၂၅)။ သခင်ယေရှုသည် ကျွန်ုပ်တို့၏နှလုံးသားကိုကြည့်ပြီး သိုးသငယ်၏အသွေးတော်ဖြင့် ဆေးကြောရန်အလိုရှိပါသည်။ ကျွန်ုပ်တို့သည် အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းနှင့်ကင်းပြီး သန့် ရှင်းလျက်အပြစ်ကင်းရပါမည်။ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ်စေခြင်းငှာ၊ စင်ကြယ် (clean) သောသားမျိုး၊ ... က၊ ၇:၂ - Gen 7:2အဝတ်ကိုလဲ၍ သန့်ရှင်းခြင်း(clean) ရှိစေကြလော့။ ... က၊ ၃၅:၂ - Gen 35:2ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့်ကင်းစင်(clean) မည်အကြောင်း၊ ... ဝတ်၊ ၁၆:၃၀ - Lev 16:30လူများအပေါင်းတို့သည် ယော်ဒန်မြစ်တစ်ဖက်သို့မရောက်မီတိုင်အောင်၊ ... ယောရှု၊ ၃:၁၇ - Josh 3:17 (No word) ရေချိုး၍သာ သန့်ရှင်း(clean) ခြင်းသို့ ရောက်လော့ဟု၊ ... ၄ရာ၊ ၅:၁၃ - 2 Kin 5:13ဗိမာန်တော်ကို သန့်ရှင်း(cleanse) စေခြင်းငှာလာကြ၏။... ၆ရာ၊ ၂၉:၁၅ - 2 Chr 29:15ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်း(clean) သည်ဖြစ်၍၊ ... ဆာ၊ ၁၉:၉ - Ps 19:9သန့်ရှင်းသောလက်နှင့် ဖြူစင်(clean) သောနှလုံးရှိသောသူ၊ ... ဆာ၊ ၂၄:၄ - Ps 24:4အကုန်အစင်ဆေးကြော(clean) ၍၊ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ ... ဆာ၊ ၅၁:၂ - Ps 51:2အကျွန်ုပ်ကိုစင်ကြယ်(clean) စေခြင်းငှာ၊ ဟုဿုပ်ပင်ညွန့်နှင့်၊ ... ဆာ၊ ၅၁:၇ - Ps 51:7အကျွန်ုပ်အထဲ၌ စင်ကြယ်(clean) သောနှလုံးကိုဖန်ဆင်းတော်မူပါ။ ... ဆာ၊ ၅၁:၁၀ - Ps 51:10 ငါသည် ကိုယ်စိတ်နှလုံးကိုစင်ကြယ်(clean) စေပြီ။ ... သု၊ ၂၀:၉ - Prov 20:9 ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်(clean) စေကြလော့။ ... ဟေရှာ၊ ၁:၁၆ - Isa 1:16စင်ကြယ်(clean) သောဖလား စသည်တို့နှင့်၊ ပူဇော်သကာကို၊ ... ဟေရှာ၊ ၆၆:၂၀ - Isa 66:20သန့်ရှင်း(clean) ခြင်းသို့မရောက်ဘဲ အဘယ်မျှကာလပတ်လုံး၊ ... ယေ၊ ၁၃:၂၇ - Jer 13:27အညစ်အကြေးမှစ၍ ခပ်သိမ်းသောရုပ်တုတို့နှင့်ကင်းစင်(clean) စေမည်။ ... ယေဇ၊ ၃၆:၂၅ - Ezek 36:25နူသောသူတို့ကို သန့်ရှင်း(cleanse) စေကြလော့။ ... မ၊ ၁၀:၈ - Matt 10:8လင်ပန်းကို အပြင်၌ဆေးကြော(clean) ကြ၏။ ... မ၊ ၂၃:၂၅ (လု၊ ၁၁:၃၉) - Matt 23:25 (Luke 11:39) လင်ပန်းကို အတွင်း၌ရှေ့ဦးစွာဆေးကြော(cleanse) လော့။ ... မ၊ ၂၃:၂၆ - Matt 23:26 ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်း(cleanse) လျက်ရှိကြ၏။ ... ယော၊ ၁၅:၃ - John 15:3 အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်(clean) စေလျက်၊ ... ၂ကော၊ ၇:၁ - 2 Cor 7:1နှုတ်ကပတ်တော်ရေ၌ ဆေးကြော(cleanse) ခြင်းအားဖြင့်စင်ကြယ်သန့်ရှင်း၊ ... ဧ၊ ၅:၂၆ - Eph 5:26သင်တို့လက်ကို စင်ကြယ်(Cleanse) စေကြလော့။ ... ယာ၊ ၄:၈ - James 4:8ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကိုဆေးကြော(cleanseth)၊ ... ၁ယော၊ ၁:၇ - 1 John 1:7ဒုစရိုက်ရှိသမျှနှင့် ကင်းစင်(cleanse) စေခြင်းငှာ၊ ... ၁ယော၊ ၁:၉ - 1 John 1:9
cleft / cleftsကျောက်ကြားA place where one can go into the side of a mountain; a small hiding place, a narrow opening or crack. တောင်ကြားထဲသို့သွားနိုင်သောနေရာ၊ ပုန်းခိုရန်နေရာ၊ ကျဉ်းသောအက်ကြောင်း။ ကျောက်တွင်း(clefts)၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။ ... ဟေရှာ၊ ၂:၂၁ - Isa 2:21ကျောက်ကြား(clefts) တို့၌နေ၍ တောင်ထိပ်ကို ခိုလှုံသောသူဖြစ်သောကြောင့်၊ ... ယေ၊ ၄၉:၁၆ - Jer 49:16ကျောက်ကြား(clefts) တို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ... ဩ၊ ၁:၃ - Obad 1:3
cloak / clokeဝတ်လုံ၊ ဖုံးအုပ်Outer garment, over coat (Matt 5:40; Luke 6:29; John 19:23), an outer garment like a coat to provide warmth, often used as a blanket. DTPIt can also take on a spiritual meaning of a cover that people have used to cover over their sin. အပေါ်အင်္ကျီ၊ ကုတ်အင်္ကျီ (မ၊ ၅:၄၀။ လု၊ ၆:၂၉။ ယော၊ ၁၉:၂၃)။ ကိုယ်ခန္ဓာနွေးစေရန် ဝတ်သည့်အပေါ် အင်္ကျီ၊ စောင်ကဲ့သို့လည်းအသုံးပြုသည်။ ဝိညာဉ်ရေးရာနှင့်သက်ဆိုင်ပြီး မိမိတို့၏အပြစ်ကိုဖုံးအုပ်သည့် အရာဟုလည်းအဓိပ္ပာယ်သက်ရောက်သည်။ စိတ်အားကြီးခြင်းဝတ်လုံ (cloak) ကိုလည်းကောင်း ယူတင်ဝတ်ဆောင်၊ ... ဟေရှာ၊ ၅၉:၁၇ - Isa 59:17ဝတ်လုံ(cloak) ကိုလည်းယူစေခြင်းငှာ အခွင့်ပေးဦးလော့။ ... မ၊ ၅:၄၀ - Matt 5:40သင့်ဝတ်လုံ(cloak) ကို သိမ်းယူသောသူအား သင့်အင်္ကျီကိုလည်း၊ ... လု၊ ၆:၂၉ - Luke 6:29မိမိတို့အပြစ်ကို ဝှက်(cloak) ၍မထားနိုင်ကြ။ ... ယော၊ ၁၅:၂၂ - John 15:22
closetအခန်းA small place that one may keep clothes in, a private or secret place. ထဲအင်္ကျီများထည့်ထားသော သေးငယ်သည့်နေရာ၊ ကိုယ်ပိုင်နေရာ သို့မဟုတ် လျို့ဝှက်နေရာ။ မိမိကွယ်၍နေသော ကုလားကာတွင်း(closet) ကလည်းကောင်း၊ ... ယောလ၊ ၂:၁၆ - Joel 2:16ဆုတောင်းသောအခါ ဆိတ်ညံရာအခန်း(closet) သို့ဝင်၍၊ ... မ၊ ၆:၆ - Matt 6:6အခန်း(closets) ထဲမှာ နားအပါး၌ ပြောသောအရာများကို၊ ... လု၊ ၁၂:၃ - Luke 12:3
clothedဝတ်ဆင်One's body being covered by material. DTP Being outwardly clothed refers to physical covering, but the key is that we have ourselves spiritually clothed in the righteousness of Christ. When people see us they see the image of Christ. The word Christian means to be "Christ-like". There are many things in which Christ calls us to be clothed: love, humility, mercy, etc. We are taking off the things of this world and putting on Jesus Christ in all that we say and do (Col 3:5-10). ကိုယ်ခန္ဓာကို ဖုံးကွယ်သည့်အရာ။ ပြင်ပဝတ်ဆင်သောအရာသည် ခန္ဓာဖုံးကွယ်ခြင်းနှင့်သက်ဆိုင်သော် လည်း အဓိကကျသောအရာမှာ ဝိညာဉ်ရေးနှင့်သက်ဆိုင်သော ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားကို ဝတ်ဆင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုကြည့်သောသူတို့သည် ခရစ်တော်၏သဏ္ဌာတော်ကိုမြင်တွေ့နိုင် သည်။ ခရစ်ယာန်ဆိုသောစကား၏အဓိပ္ပာယ်မှာ ‘’ခရစ်တော်ကဲ့သို့’’ ဖြစ်သည်။ ကွန်ုပ်တို့ကို ခရစ်တော် ဝတ်ဆင်စေလိုသည့်အရာများမှာ - ချစ်ခြင်း၊ နှိမ့်ချခြင်း၊ သနားကြင်နာခြင်း ... စည်တို့ဖြစ်ပါသည်။ လော ကအရာတို့ကိုချွတ်လိုက်ပြီး ကျွန်ုပ်တို့၏ပြောဆိုလေရာ၊ လုပ်ကိုင်လေရာတို့တွင် ယေရှုခရစ်တော်ကိုဝတ် ဆင်ရမည်ဖြစ်သည်။လူလင်မယားဖို့သားရေဖြင့် ၀တ်လုံကိုလုပ်၍ ဝတ်ခြုံ(clothed) စေတော်မူ၏။ ... က၊ ၃:၂၁ - Gen 3:21အာနုဘော်နှင့် တန်ဆာဆင်(clothed) တော်မူ၏။ ... ဆာ၊ ၉၃:၁ - Ps 93:1ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်(clothed) တော်မူ၏။ ... ဆာ၊ ၁၀၄:၁ - Ps 104:1 ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဝတ်ဆင်(clothed) စေ၍၊ ... ဟေရှာ၊ ၆၁:၁၀ - Isa 61:10 သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်း(clothed) ကြ၏။ ... မ၊ ၂၅:၃၆ - Matt 25:36ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်(clothed) စေ၍၊ ... မာ၊ ၁၅:၁၆ - Mark 15:17 ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။ ... ၂ကော၊ ၅:၃ - 2 Cor 5:3 (not direct word)နှိမ့်ချခြင်းတန်ဆာကို ဆင်(clothed) ကြလော့။ ... ၁ပေ၊ ၅:၅ - 1 Pet 5:5အောင်မြင်သောသူသည် ဖြူသောအဝတ်ကိုဝတ်ဆင်(clothed) လိမ့်မည်။ ... ဗျာ၊ ၃:၄ - Rev 3:5အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်(clothed) ၏။ ... ဗျာ၊ ၁၉:၁၃ - Rev 3:18 (wrong chapter and verse)စင်ကြယ်ပြောင်လက်သောပိတ်ချောကို ဝတ်ဆင်(clothed) ရသော၊ ... ဗျာ၊ ၁၉:၄ - Rev 19:4
cloud / cloudsမိုးတိမ်A visible mass of condensed water vapor floating in the atmosphere. လေထုထဲတွင်ပေါလောပေါ်နေသည့် သိပ်သည်းကျစ်လစ်သောအငွေ့ပြန်သည့်ရေထုဖြစ်သည်။ နေ့၌ကား၊ လမ်းပြဖို့မိုးတိမ် (cloud) တိုင်အားဖြင့်လည်းကောင်း၊ ... ထွ၊ ၁၃:၂၁ - Ex 13:21မိုးတိမ်(cloud) ၌ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို၊ ... ထွ၊ ၁၆:၁၀ - Ex 16:10မောရှေသည် မိုးတိမ်(cloud) အထဲသို့ဝင်သဖြင့်၊ ... ထွ၊ ၂၄:၁၈ - Ex 24:18မိုးတိမ်(cloud) သည် ပရိသတ်စည်းဝေးရာတဲတော်ကိုလွှမ်းမိုး၍၊ ... ထွ၊ ၄၀:၃၄ (တော၊ ၉:၁၅) - Ex 40:34 (Num 9:15)ထာဝရဘုရားသည် မိုးတိမ်(cloud) တိုင်ဖြင့်ဆင်းသက်၍၊ ... တော၊ ၁၂:၅ - Num 12:5လူလက်နှင့်တူသော မိုးတိမ်(cloud) ငယ်တစ်ခုသည်၊ ... ၃ရာ၊ ၁၈:၄၄ - 1 Kin 18:44နေ့အချိန်၌ကား၊ မိုးတိမ်(cloud) ဖြင့်လည်းကောင်း၊ ... ဆာ၊ ၇၈:၁၄ - Ps 78:14သင်၏ဒုစရိုက်တို့ကို တိမ်တိုက်(cloud) ကဲ့သို့လည်းကောင်း၊ ... ဟေရှာ၊ ၄၄:၂၂ - Isa 44:22လူသားနှင့်တူသောသူတစ်ဦးသည် မိုးတိမ်(cloud) ကိုစီးလျက်၊ ... ဒံ၊ ၇:၁၃ - Dan 7:13 ထွန်းလင်းသောမိုးတိမ်(cloud) သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ... မ၊ ၁၇:၅ (မာ၊ ၉:၇။ လု၊ ၉:၃၄) - Matt 17:5 (Mark 9:7; Luke 9:34)မိုးတိမ်(cloud) ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ ... မ၊ ၂၄:၃၀ (မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇) - Matt 24:30 (Mark 13:26; Luke 21:27)လက်ယာဘက်၌ထိုင်လျက် မိုးတိမ်(cloud) ကိုစီး၍ကြွလာသည်ကို၊ ... မ၊ ၂၆:၆၄ (မာ၊ ၁၄:၆၂) - Matt 26:64 (Mark 14:62)မိုးတိမ်(cloud) သည် ကိုယ်တော်ကိုမျက်ကွယ်အောင်ခံယူလေ၏။ ... တ၊ ၁:၉ - Acts 1:9မိုးတိမ်(cloud) ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့်၊ ... ၁သက်၊ ၄:၁၇ - 1 Thes 4:17များစွာသော(cloud) သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်၊ ... ဟေဗြဲ၊ ၁၂:၁ - Heb 12:1 တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်(cloud) ရှိ၏။ ... ဗျာ၊ ၁၄:၁၄ - Rev 14:14 (Not direct word)
coal / coalsမီးခဲA piece of place mineral, which can burn and give off heat, often mine from the earth. တွင်းထွက်ကျောက်အပိုင်းဖြစ်ပြီး လောင်ကျွမ်းကာအပူပေးနိုင်သည်။ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲ(coals) တောက်လေ၏။ ... ၂ရာ၊ ၂၂:၉ (ဆာ၊ ၁၈:၈) - 2 Sam 22:9 (Ps 18:8)မီးခဲ(coals) တို့သည် ထိုသူတို့အပေါ်သို့ကျရောက်ကြပါစေသော။ ... ဆာ၊ ၁၄၀:၁၀ (သု၊ ၂၅:၂၂။ ရော၊ ၁၂:၂၀) - Ps 140:10 (Prov 25:22; Rom 12:20)ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသောမီးခဲ(coal) တစ်ခဲကို၊ ... ဟေရှာ၊ ၆:၆ - Isa 6:6ကုန်းပေါ်သို့ရောက်သောအခါ မီးခဲ(coals) ပုံကိုလည်းကောင်း၊ ... ယော၊ ၂၁:၉ - John 21:9
COLOSSIANS, book ofကောလောသဲဩဝါဒစာစောင်An epistle written by Paul when he was in prison, most likely from Rome around 62 AD. The purpose of its writing was to contest the problem of Gnosticism; Colossians teaches doctrine and gives strong exhortation to the disciples of Christ. အေဒီ ၆၂ အတွင်း ရှင်ပေါလုရောမထောင်ထဲတွင်ရှိနေစဉ် ရေးသောစာစေင်ဖြစ်သည်။ ဤစာစောင်ရေး သားရသည့်ရည်ရွယ်ချက်မှာ နော့စတစ်ဝါဒနှင့်ပတ်သက်သောပြသနာများကို ခုခံပြောဆိုခြင်းဖြစ်သည်။ ဤစာစောင်သည် အယူဝါဒဆိုင်ရာကိုသွန်သင်ပြီး ခရစ်တော်၏တပည့်တော်များကို တိုက်တွန်းခွန်အား ပေးသည်။
come / came / comethကြွလာThe word "come" is a command word, when it is spoken or gestured; it is summoning a person to draw near, to approach or to move towards. DTP Jesus challenges the disciple to come and follow Him, to come and be His disciple, to come and take up one's cross. God is always asking us to leave our way of life behind and to draw daily closer to Him, but we must start first by obeying His call and coming into His presence, becoming one with Him. ‘’လာ’’ ဆိုသောစကားလုံးသည် ပြောဆိုရာတွင်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ အမိန့်ပေးသောစကားလုံး ဖြစ်သည်။ တစ်စုံတစ်ဦးအား အနီးသို့လာရန်၊ ချည်းကပ်ရန် သို့မဟုတ် ရှေ့သို့လှုပ်ရှားလာရန် ခေါ်ခြင်းဖြစ် သည်။ သခင်ယေရှုက တပည့်တော်များအား မိမိထံသို့လာပြီးနောက်တော်လိုက်ရန်၊ မိမိကားတိုင်ထမ်းရန် စိန်ခေါ်သည်။ ကျွန်ုပ်တို့၏အသက်ရှင်သည့်လမ်းကိုစွန့်ပြီး ကိုယ်တော်ထံနီးကပ်စွာလာရန် ဘုရားသခင် ခေါ်တော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ခေါ်ယူခြင်းကိုဦးစွာနာခံပြီး ကိုယ်တော်၏မျက်မှောက် တော်သို့လာကာ သူနှင့်တစ်လုံးတစ်ဝတည်းရှိနေရမည်ဖြစ်သည်။... က၊ ၄:၁၄ - and it shall come to pass, that every Gen 4:14အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင် (Come) ကြလော့။ ... က၊ ၇:၁ - Gen 7:1ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင် (come) ပါလော့။ ... က၊ ၂၄:၃၁ - Gen 24:31ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ပေါ်ထွန်း(come) ၍၊ ... တော၊ ၂၄:၁၇ - Num 24:17ဘုန်းကြီးသောရှင်ဘုရင် ဝင် (come) တော်မူမည်။ ... ဆာ၊ ၂၄:၇ - Ps 24:7နံနက်ယံ၌ကား၊ သီချင်းဆိုသောအခွင့်(cometh) ရှိ၏။ ... ဆာ၊ ၃၀:၅ - Ps 30:5 (No word) အချင်းသူငယ်တို့ လာ (Come) ကြလော့။ ... ဆာ၊ ၃၄:၁၁ - Come, ye children, hearken unto me: Ps 34:11 မြေကြီးပေါ်မှာ …. လာ (Come) ၍ကြည့်ရှုကြလော့။ ... ဆာ၊ ၄၆:၈ - Ps 46:8ငါတို့၏ဘုရားသခင် ကြွလာ (come) တော်မူ၏။ ... ဆာ၊ ၅၀:၃ - Ps 50:3ဘုရားသခင် …. လာ (Come) ၍ ကြည့်ကြလော့။... ဆာ၊ ၆၆:၅ - Ps 66:5ဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည် ချဉ်း(come) ကပ်လျက်၊ ... ဆာ၊ ၈၆:၉ - Ps 86:9ရွှင်လန်းစွာသီချင်းဆိုလျက်၊ အထံတော်သို့ ဝင်(come) ကြလော့။ ... ဆာ၊ ၁၀၀:၂ - Ps 100:2ထာဝရဘုရား၏အခွင့်နှင့် ကြွလာ (cometh) သောသူသည်၊ ... ဆာ၊ ၁၁၈:၂၆ (မ၊ ၂၁:၉။ ၂၃:၃၉။ မာ၊ ၁၁:၉၊။ လု၊ ၁၃:၅၅၊ ၁၉:၃၈။ ယော၊ ၁၂:၁၃) - Ps 118:26 (Matt 21:9; 23:39; Mark 11:9; Luke 13:55; 19:38;John 12:13)ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက် (cometh) ရသော၊ ... ဆာ၊ ၁၂၁:၁ - Ps 121:1ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်(come) လိမ့်မည်။ ... ဟေရှာ၊ ၁၁:၁ - Isa 11:1အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာ (come) ကြလော့။ ... ဟေရှာ၊ ၅၅:၁ - Isa 55:1 နူးညွတ်သောနားနှင့် ငါ့ထံသို့လာ (come) ကြလော့။ ... ဟေရှာ၊ ၅၅:၃ - Isa 55:3 သင်၌ ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာ (come) ကြလိမ့်မည်။ ... ဟေရှာ၊ ၆၀:၃ - Isa 60:3လူသားနှင့်တူသောသူတစ်ဦးသည် …. ရောက်လာ၏။ ... ဒံ၊ ၇:၁၃ - Dan 7:13သင်၏အရှင်မင်းကြီးသည် သင်ရှိရာသို့ ကြွလာတော်မူသည်ကို၊ ... ဇာ၊ ၉:၉ (မ၊ ၂၁:၅။ ယော၊ ၁၂:၁၅) - Zech 9:9 (Matt 21:5; John 12:15) ထိုသခင်လာ (come) လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ... မာလ၊ ၃:၁ - Mal 3:1အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်း(come) လတ္တံ့ဟု ... မ၊ ၂:၆ - Matt 2:6နိုင်ငံတော် တည်ထောင် (come) ပါစေသော။ ... မ၊ ၆:၁၀ (လု၊ ၁၁:၂) - Matt 6:10 (Luke 11:2)လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ (come) ၍၊ ... မ၊ ၈:၁၁ (လု၊ ၁၃:၂၉) - Matt 8:11 (Luke 13:29)နောင်တသို့ ခေါ်ခြင်းငှာ၊ ငါလာ (come) သည်မဟုတ်။ ... မ၊ ၉:၁၃ - Matt 9:13ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာ (Come) ကြလော့။ ... မ၊ ၁၁:၂၈ - Matt 11:28ယေရှုက၊ ငါ၌ ဆည်းကပ် (come) လိုသောသူဖြစ်လျှင်၊ ... မ၊ ၁၆:၂၄ (မာ၊ ၈:၃၄။ လု၊ ၉:၂၃) - Matt 16:24 (Mark 8:34; Luke 9:23)လူသားသည် ပျောက်သောသူတို့ကို …. ကြွလာ (come) သတည်း။... မ၊ ၁၈:၁၁ (လု၊ ၁၉:၁၀) - Matt 18:11 (Luke 19:10)ငါ့ထံသို့လာ (come) သည်ကို မဆီးတားကြနှင့်။ ... မ၊ ၁၉:၁၄ (လု၊ ၁၈:၂၂)- Matt 19:14 (Luke 18:22)သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့ (come) ။ ... မ၊ ၂၄:၁၄ - Matt 24:14ထိုသူတို့အား ငါ့နောက်သို့လိုက် (Come) ကြလော့။ ... မာ၊ ၁:၁၇ - Mark 1:17သို့ပြီးမှလာ (come) ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက်၊ ... မာ၊ ၁၀:၂၁ - Mark 10:21ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်ထောင် (come) သောအချိန်နီးပြီဟု၊ ... လု၊ ၁၀:၉ - Luke 10:9သူသည် မိမိဒေသအရပ်သို့ ကြွလာ (come) သော်လည်း၊ ... ယော၊ ၁:၁၁ - John 1:11ယေရှုကလည်း လာ (come) ၍ကြည့်ကြလော့ဟုမိန့်တော်မူ၏။ ... ယော၊ ၁:၃၉ - John 1:39ဖိလိပ္ပုက၊ လာ (Come) ၍ကြည့်ပါဟုဆို၏။ ... ယော၊ ၁:၄၆ - John 1:46သာ၍ဆိုးသောဘေးနှင့် ကင်းလွတ် (come) မည်အကြောင်း၊ ... ယော၊ ၅:၁၄ - John 5:14ငါ့ထံသို့လာ (cometh) သောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ... ယော၊ ၆:၃၅ - John 6:35ငါ့အားပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာ (cometh) ကြလိမ့်မည်။ ... ယော၊ ၆:၃၇ - John 6:37 ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ (come) ၍သောက်လော့။ ... ယော၊ ၇:၃၇ - John 7:37ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာ (come) ပြီ။ ... ယော၊ ၁၂:၄၆ - John, 12:46 သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာ (come) ပြန်၍၊ ... ယော၊ ၁၄:၃ - John 14:3ငါ့ကိုအမှီ (cometh) မပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။ ... ယော၊ ၁၄:၆ - John 14:6သင်တို့ဆီသို့ လာ (come) ဦးမည်။ ... ယော၊ ၁၄:၁၈ - John 14:18 ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာ (come) တော်မူလတ္တံ့၊ ... တ၊ ၁:၁၁ - Acts 1:11ကယ်တင်တော်မူခြင်းကျေးဇူးသည် တစ်ပါးအမျိုးသားတို့၌သက်ရောက် (come) လေ၏။ ... ရော၊ ၁၁:၁၁ - Rom 11:11 သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာ (come) တော်မမူမီတိုင်အောင်၊ ... ၁ကော၊ ၁၁:၂၆ - 1 Cor 11:26အချိန်ကာလစေ့ (come) သောအခါ၊ ငါတို့သည်၊ ... ဂလာ၊ ၄:၄ - Gal 4:4ကြီးရင့်သောလူတို့၏အဖြစ်သို့ ရောက်ကြ (come) သည်တိုင်အောင်၊ ... ဧ၊ ၄:၁၃ - Eph 4:13သူခိုးသည် ညအခါလာ (cometh) သကဲ့သို့၊ ... ၁သက်၊ ၅:၂ (၂ပေ၊ ၃:၁၀) - 1 Thes 5:2 (2 Pet 3:10)အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ကြွလာ (came)၊ ... ၁တိ၊ ၁:၁၅ - 1 Tim 1:15ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချည်းကပ် (come) ကြကုန်အံ့။ ... ဟေဗြဲ၊ ၄:၁၆ - Heb 4:16ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှာ သွား(come) ပါမည်ဟု၊ ... ဟေဗြဲ၊ ၁၀:၉ - Heb 10:9ဘုရားသခင့်အထံတော်သို့ ချဉ်းကပ် (cometh) သောသူသည်၊ ... ဟေဗြဲ၊ ၁၁:၆ - Heb 11:6ရှိသမျှတို့သည်နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ... ၂ပေ၊ ၃:၉ - 2 Pet 3:9 (No word )လူဇာတိအားဖြင့်ကြွလာ (come) တော်မူသော ယေရှုခရစ်ကို၊ ... ၂ယော၊ ၁:၇ - 2 John 1:7ငါသည် အလျင်အမြန်လာ (come) မည်။ ... ဗျာ၊ ၃:၁၁ (၂၂:၇၊ ၁၂) - Rev 3:11 (22:7, 12)ထိုသူရှိရာသို့ငါဝင် (come) ၍ သူနှင့်အတူစားသောက်မည်။ ... ဗျာ၊ ၃:၂၀ - Rev 3:20ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက လာ (Come) ခဲ့ပါဟု၊ ... ဗျာ၊ ၂၂:၁၇ - Rev 22:17ငါသည် အလျင်အမြန်လာ (come) မည်မှန်ပေ၏ဟု၊ ... ဗျာ၊ ၂၂:၂၀ - Rev 22:20
comfort / comforted သက်သာ၊ နှစ်သိမ့်သူ၊ ကူညီမစသူReassure, ease, assistant, partner, console, calm, relieve, encourage. DTP We as disciples are to comfort and encourage one another. People today are being overwhelmed by so many challenges, both individually and upon the world as a whole. What people are looking for is to be comforted or helped so that they can make it through life's difficulties. သံသယပျောက်စေသည်၊ သောကကင်းဝေးသည်၊ အထောက်အကူ၊ အပေါင်းအဖော်၊ နှစ်သိမ့်သည်၊ ငြိမ် သက်သော၊ ဝေဒနာသက်သာသည်၊ အားပေးသည်။ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦးနှစ်သိမ့်ပြီး ခွန်အား ပေးရမည်ဖြစ်သည်။ ယနေ့လူတို့သည် တစ်ဦးချင်းသော်လည်းကောင်း၊ လောကကြီးတစ်ခုလုံးသော် လည်းကောင်း၊ စိန်ခေါ်မှုများစွာနှင့်တွေ့ကြုံရင်ဆိုင်နေရသည်။ လူတို့ရှာဖွေနေသောအရာမှာ နှစိသိမ့်မှုနှင့် ကူညီမစမှုပင်ဖြစ်သည်။ ထိုအရာတို့အားဖြင့် အသက်တာ၏အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။အဘကိုနှစ်သိမ့် (comfort) စေခြင်းငှာ ကြိုးစားသော်လည်း၊ ... က၊ ၃၇:၃၅ - Gen 37:35လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုချမ်းသာ (comfort) စေပါ၏။ ... ဆာ၊ ၂၃:၄ - Ps 23:4ကိုယ်တော်သည် အကျွန်ုပ်ကိုမစ၍ချမ်းသာ (comforted) ပေးတော်မူ၏။ ... ဆာ၊ ၈၆:၁၇ - Ps 86:17ငါ၏လူတို့ကို နှစ်သိမ့် (Comfort) စေကြလော့။ ... ဟေရှာ၊ ၄၀:၁ - Isa 40:1သင်တို့ကို နှစ်သိမ့် (comforteth) စေသောသူကား၊ …. ငါ့ကိုယ်တိုင်ပေတည်း။ ... ဟေရှာ၊ ၅၁:၁၂ - Isa 51:12ဝမ်းနည်းခြင်းကိုခံရသောနောက်၊ စိတ်သက်သာ (comfort) ၍ရွှင်လန်းမည်၊ ... ယေ၊ ၃၁:၁၃ - Jer 31:13ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကိုနှစ်သိမ့် (comfort) စေဦးမည်။ ... ဇာ၊ ၁:၁၇ - Zech 1:17ထိုသူတို့သည် သက်သာ (comforted) ခြင်းသို့ရောက်ကြလတ္တံ့။ ... မ၊ ၅:၄ - Matt 5:4ယေရှုသည်လှည့်၍ …. ငါ့သမီး၊ မစိုးရိမ် (comfort) နှင့်။ ... မ၊ ၉:၂၂ - Matt 9:22 ငါသည် သင်တို့ကိုမိဘမဲ့ (comfortless) ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ ... ယော၊ ၁၄:၁၈ - John 14:18သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ (comfort) ၌လည်းကောင်း၊ ... တ၊ ၉:၃၁ - Acts 9:31(Not direct word)ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာ (comfort) ခြင်းအကြောင်းများကို၊ ... ရော၊ ၁၅:၄ - Rom 15:4ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာ (comforted) ခြင်းရှိသကဲ့သို့၊ ... ၂ကော၊ ၁:၄ - 2 Cor 1:4 သက်သာ (comfort) ခြင်းနှင့် ပြည့်စုံ၏။ ... ၂ကော၊ ၇:၄ - 2 Cor 7:4နှိမ့်ချလျက်ရှိသော သူတို့ကိုသက်သာ (comforted) စေတော်မူတတ်သော၊ ... ၂ကော၊ ၇:၆ - 2 Cor 7:6သင်တို့၏သက်သာ (comfort) ခြင်းအကြောင်းအားဖြင့်၊ ငါတို့သည်လည်း သက်သာ (comfort) ခြင်းသို့၊ ... ၂ကော၊ ၇:၁၃ - 2 Cor 7:13 ထိုသူသည် သင်တို့စိတ်နှလုံးကိုသက်သာ (comfort) စေမည်အကြောင်း၊ ... ဧ၊ ၆:၂၂ (ကော၊ ၄:၈) - Eph 6:22 (Col 4:8)စိတ်နှလုံးသက်သာ (comforted) စေမည်အကြောင်း အဘယ်မျှလောက်ကြီးသော၊ ... ကော၊ ၂:၂ - Col 2:2သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာ (comforted) ခြင်းသို့ရောက်ကြ၏။ ... ၁သက်၊ ၃:၇ - 1 Thes 3:7အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာ (comfort) စေကြလော့။ ... ၁သက်၊ ၄:၁၈ - 1 Thes 4:18 စိတ်ငယ်သောသူတို့ကို အားပေး(comfort) ကြလော့။ ... ၁သက်၊ ၅:၁၄ - 1 Thes 5:14
comforterဥပဇ္ဈာယ်ဆရာOne who provides ease, contentment, relaxation, happiness. DTP One of the names of the Holy Spirit; He is there to guide us and encourage us in our walk with Christ through this world; John 14:16, 26; 15:26. သက်သာခြင်း၊ ရောင့်ရဲခြင်း၊ အနားယူခြင်း၊ ပျော်ရွှင်ခြင်းကိုပေးသောသူ။ သန့်ရှင်းသောဝိညာဉ်တော်၏ နာမည်ဖြစ်သည်။ ဤလောက၌ ခရစ်တော်နှင့်ကျွန်ုပ်တို့အသက်ရှင်စဉ် ဝိညာဉ်တော်သည် လမ်းပြပေး သည်၊ ခွန်အားပေးသည်။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်း (comforters) ငှာပြုသော်လည်း၊ ... ယောဘ၊ ၁၆:၂ - Job 16:2သက်သာစေသောသူ (comforters) ကို ရှာ၍ မတွေ့ရပါ။ ... ဆာ၊ ၆၉:၂၀ - Ps 69:20 ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာ (Comforter) ကို၊ ... ယော၊ ၁၄:၁၆ - John 14:16 ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာ (Comforter) သည်ရောက်လာသောအခါ၊ ... ယော၊ ၁၅:၂၆ - John 15:26ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ (Comforter) သည် သင်တို့ဆီသို့မလာ။ ... ယော၊ ၁၆:၇ - John 16:7
command / commandedမိန့်တော်မူ၊ ပညတ်ထားOrder, direct, instruct, obey. DTP Christ commands the disciples to go out and make more disciples, Matt 28:19-20. He also commands that we love God and love our neighbour. There are many commands that Christ has given both to the disciples and to the church. We must remember that these commands are not optional, but Christ expects His followers to obey them. အမိန့်၊ ညွန်ပြသည်၊ သတင်းပေးသည်၊ နာခံသည်။ ခရစ်တော်က တပည့်တော်တို့အား သွား၍များစွာသော တပည့်ဖြစ်စေရန် မိန့်တော်မူသည် (မ၊ ၂၈:၁၉-၂၀)။ ဘုရားသခင်နှင့်ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ရန်လည်း မိန့်တော်မူသည်။ ခရစ်တော်သည် တပည့်တော်တို့နှင့်အသင်းတော်ကို ပညတ်တော်များ များစွာပေးတော်မူသည်။ ဤပညတ်တော်များသည် တိကျစွာလိုက်လျှောက်ရမည်မဟုတ်သော်လည်း မိမိ တပည့်တော်များနာခံလိုက်လျှောက်ရန် ခရစ်တော်အလိုရှိပါသည်။ ထာဝရအရှင်ဘုရားသခင်ကလည်း၊ …. လူကိုပညတ်ထား(commanded) တော်မူ၏။... က၊ ၂:၁၆ - Gen 2:16မှာထား(commanded) တော်မူသည်အတိုင်းလည်း နောဧပြုလေ၏။ ... က၊ ၆:၂၂ - Gen 6:22သူသည် …. အိမ်သူများတို့အား ပညတ် (command) မည်အရာကို၊ ... က၊ ၁၈:၁၉ - Gen 18:19ငါမှာထား(command) သမျှသောစကားကို နားထောင်ပါလော့။ ... က၊ ၂၇:၈ - Gen 27:8ငါမိန့်တော် (command) မူသမျှတို့ကို သင်သည်ပြန်ပြောရမည်။ ... ထွ၊ ၇:၂ - Ex 7:2မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့်တော် (commanded) မူသမျှအတိုင်းပြုကြ၏။ ... ထွ၊ ၇:၆ - Ex 7:6မောရှေအား ထာဝရဘုရားမှာထား(commanded) တော်မူသည်အတိုင်း၊ ... ထွ၊ ၃၉:၃၂ - Ex 39:32ပူဇော်သကာပြုရမည်အကြောင်းမှာထား(commanded) တော်မူသော၊ ... ဝတ်၊ ၇:၃၈ - Lev 7:38ထိုသို့ ငါ့အားမှာ (commanded) ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊ ... ဝတ်၊ ၈:၃၆ - Lev 8:36 သင်တို့အမှု၌ ထာဝရဘုရားမိန့်တော် (command) မူသောစကားကို၊ ... တော၊ ၉:၈ - Num 9:8သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထား(commanded) တော်မူသည်အတိုင်း၊ ... တရား၊ ၅:၃၂ - Deut 5:32ငါမှာထား(command) သမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ... တရား၊ ၁၂:၃၂ - Deut 12:32ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာထား(command) ၏။ ... တရား၊ ၃၀:၁၆ - Deut 30:16... သူတို့အား ထပ်ဆင့်၍မှာထား(command) ရကြမည်။ တရား၊ ၃၂:၄၆ - Deut 32:46သင့်ကို ငါမှာထား(commanded) သည်မဟုတ်လော။ ... ယောရှု၊ ၁:၉ - Josh 1:9လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား(command) လေ၏။ ... ယောရှု၊ ၁:၁၁ - Josh 1:11ကိုယ်တော်မှာထား(commandest) တော်မူသမျှကို ကျွန်တော်တို့ပြုပါမည်။ ... ယောရှု၊ ၁:၁၆ - Josh 1:16သင်သည် ငါမှာထား(command) သမျှကို နားထောင်၍၊ ... ၃ရာ၊ ၁၁:၃၈ - 1 Kin 11:38ဘုရားသခင် ထာဝရဘုရားကိုဝတ်ပြုမည်အကြောင်း မှာထား(commanded) ၏။ ... ၆ရာ၊ ၃၃:၁၆ - 2 Chr 33:16ဘုရားသခင် မှာထား(commanded) တော်မူသမျှအတိုင်း၊ ... ဧဇ၊ ၇:၂၃ - Ezra 7:23ထာဝရဘုရားသည် နေ့အခါသနားခြင်းကျေးဇူးတော်ကို ပေးချ (command) တော်မူ၏။ ... ဆာ၊ ၄၂:၈ - Ps 42:8ထာဝရဘုရားသည် …. ကောင်းချီးမင်္ဂလာကို စီရင် (commanded) တော်မူ၏။ ... ဆာ၊ ၁၃၃:၃၁ - Ps 133:31 (verse number is wrong, should be Ps 133:3)မိုးကောင်းကင်တန်ဆာအပေါင်းတို့ကို ငါခန့်ထား(commanded) လေပြီ။ ... ဟေရှာ၊ ၄၅:၁၂ - Isa 45:12အကြင်စကားကို ငါမှာထား(command) ၏။ ... ယေ၊ ၁:၇ - Jer 1:7ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိ (command) တော်မူပါဟု၊ ... မ၊ ၄:၃ (လု၊ ၄:၃) - Matt 4:3 (Luke 4:3)... မ၊ ၁၀:၅ - these twelve Jesus sent forth and commanded them. Matt 10:5 (No word for commanded) ဘုရားသခင်၏ ပညတ်တော် (commanded) ကား၊ မိဘကိုရိုသေစွာပြုလော့။ ... မ၊ ၁၅:၄ Matt 15:4တပည့်တော်တို့သည် သွား၍ အမိန့်တော် (commanded) အတိုင်း၊ ... မ၊ ၂၁:၆ - Matt 21:6 ပေးသမျှသောပညတ်တော် (commanded) တို့ကို စောင့်ရှောက်စေခြင်းငှာ၊ ... မ၊ ၂၈:၂၀ - Matt 28:20လေနှင့်ရေကိုပင် မှာထား(commandeth) တော်မူ၍၊ ... လု၊ ၈:၂၅ - Luke 8:25ငါပညတ် (command) သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ ... ယော၊ ၁၅:၁၄ John 15:14အချင်းချင်းချစ်စေခြင်းငှာ ဤပညတ် (command) တို့ကို ငါပေး၏။ ... ယော၊ ၁၅:၁၇ - John 15:17သက်သေခံကြလော့ဟု ငါတို့အားပညတ်ထား(commanded) တော်မူ၏။ ... တ၊ ၁၀:၄၂ - Acts 10:42ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ ငါအမိန့်ရှိ (command) ၏ဟု၊ ... တ၊ ၁၆:၁၈ - Acts 16:18ယေရှုခရစ်၏နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား(command) ကြ၏။ ... ၂သက်၊ ၃:၆ 2 Thes 3:6ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထား(command) ခြင်း၊ ... ၁တိ၊ ၄:၁၁ - 1 Tim 4:11ပညတ်တော် (commanded) မူသံကို လူတို့သည် နားမခံနိုင်ကြ။ ... ဟေဗြဲ၊ ၁၂:၂၀ - Heb 12:20
commandment / commandmentsDirective, order, charge, instruction, mandate. DTP For the disciple, a commandment is a direct statement that he or she must obey. There are many commandments that Christ has given both to the disciple and to the church. We must remember that these commands are not optional but Christ expects His followers to obey them. The key to fulfilling God's commandments is to obey them. The blessing from God comes when we obey Him and His word.
commission / commissionsကိုယ်စားတော်Permission, authority, power. DTP The disciple is commissioned and authorized to go out and preach the Gospel and to make disciples of all nations (Matt 28:19-20; Mark 16:15-19). အခွင့်၊ အာဏာ၊ တန်ခိုး။ တပည့်တော်တို့သည် သွား၍ဧဝံဂေလိတရားကိုဟောပြောရန်နှင့် လူမျိုးတကာ တို့အားတပည့်တော်ဖြစ်စေရန် အခွင့်အာဏာပေးအပ်ခြင်းခံရသည် (မ၊ ၂၈:၁၉-၂၀။ မာ။ ၁၆:၁၅-၁၉)။ ရှင်ဘုရင်အမိန့်တော်အမှာတော်တို့ကို ကိုယ်စားတော် (commissions) မင်း၊ ... ဧဇ၊ ၈:၃၆ - Ezra 8:36ယဇ်ပုရောဟိတ်အကြီးတို့ပေးသောအခွင့်အရာ (commission) နှင့် အကျွန်ုပ်သည်၊ ... တ၊ ၂၆:၁၂ - Acts 26:12