Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

c


commit / committedပေးအပ်၊ ပြစ်မှားEntrust, consign, give over to. DTP These words are often used in a negative sense in the Bible concerning acts that people have committed either against each other or against God; often these are acts of sin but there are a few time we are challenged to commit our ways to God (2 Tim 2:2; 1 Pet 4:9; 1 John 3:9). စွန့်စားလုပ်ဆောင်၊ လွဲအပ်သည်၊ ပေးအပ်သည်။ သမ္မာကျမ်းစာထဲတွင် ဤစာလုံးကိုအများအားဖြင့် အနှုတ်လက္ခဏာဆောင်သောသဘော၊ အထူးသဖြင့် တစ်ဦးနှင့်တစ်ဦးဆန့်ကျင်ခြင်း၊ ဘုရားကိုဆန့်ကျင် ခြင်းတို့တွင်အသုံးပြုသည်။ အပြစ်နှင့်ဆိုင်သောအမှုအရာများတွင်အသုံးပြုပြီး မိမိ၏အသက်တာအား ဘုရားသခင်ထံအပ်နှံစေသည့်စိန်ခေါ်မှုဆိုင်ရာကို အနည်းငယ်မျှသာဖော်ပြသည် (၂တိ ၂:၂။ ၁ပေ၊ ၄:၉။ ၁ယော၊ ၃:၉)။ ထာဝရဘုရားနှင့်ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှား(commit) မိလျှင်၊ ... ဝတ်၊ ၅:၁၅ - Lev 5:15မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြု (commit) ကြ၏။ ... တော၊ ၂၅:၁ - Num 25:1ဣသရေလအမျိုး၏ဘုရားသခင်ကို ပြစ်မှား(commited) သောအပြစ်ကား၊ ... ယောရှု၊ ၂၂:၁၆ - Josh 22:16လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှား(commited) သောကြောင့်၊ ... ၅ရာ၊ ၁၀:၁၃ - 1 Chr 10:13အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌အပ် (commit) ပါ၏။ ... ဆာ၊ ၃၁:၅ - Ps 31:5 ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ် (commit) လော့။ ... ဆာ၊ ၃၇:၅ - Ps 37:5ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ် (Commit) လော့။ ... သု၊ ၁၆:၃ - Prov 16:3သူ့မယားကိုမပြစ်မှား(commit) ရဟူသော ရှေးပညတ်စကားကို၊ ... မ၊ ၅:၂၇ - Matt 5:27အကြင်သူ၌ များစွာသောဥစ္စာကိုအပ်နှင်း(commit) ၏။... လု၊ ၁၂:၄၈ - Luke 12:48သူ့မယားကို မပြစ်မှား(commit) နှင့်ဟုဆိုလျက်ပင်၊ ... ရော၊ ၂:၂၂ - Rom 2:22ကိုယ်အလိုကိုငြင်းဆန်၍ …. အရာတော်၌ခန့်ထား(committed) သောသူဖြစ်၏။ ... ၁ကော၊ ၉:၁၇ - 1 Cor 9:17ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌အပ်ပေး(committed) တော်မူ၏။ ... ၂ကော၊ ၅:၁၉ - 2 Cor 5:19ငါဆိုခဲ့ပြီးသောပညတ်ထားခြင်းအခွင့်ကို သင်၌ငါအပ်ပေး(commit) ၏။ ... ၁တိ၊ ၁:၁၈ - 1 Tim 1:18 သင်၌အပ်ထား(committed) သောအရာကို စောင့်ရှောက်လော့။ ... ၁တိ၊ ၆:၂၀ - keep that which is committed to thy trust, 1 Tim 6:20သူ၌ ငါအပ်ထား(committed) သောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင်၊ ... ၂တိ၊ ၁:၁၂ - 2 Tim 1:12ကိုယ်တော်၌ မိမိတို့အသက်ဝိညာဉ်ကိုအပ်နှံ (commit) ကြစေ။ ... ၁ပေ၊ ၄:၁၉ - 1 Pet 4:19ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ …. ဒုစရိုက်ကိုမပြု (commit) တတ်။ ... ၁ယော၊ ၃:၉ - 1 John 3:9 လောကီရှင်ဘုရင်တို့သည် မတရားသောမေထုန်ကို သူနှင့်ပြု (committed) ကြပြီ။ ... ဗျာ၊ ၁၇:၂ - Rev 17:2
commitmentကတိပေးပြီးသောအလုပ်၊ ဆက်ကပ်လုပ်ဆောင်သောအလုပ်Promise, pledge, vow, obligation. DTP It is important in one's life to make a personal commitment to Christ and His body, the church. It is also important that when we make a commitment to do something that we do what we promised. ကတိပေးပြီးသောအလုပ်၊ ကတိပြုသည်၊ ဘာသာရေးကတိကဝတ်စကား၊ တာဝန်သိစိတ်။ တစ်စုံတစ်ဦး ၏အသက်တာသည် ခရစ်တော်နှင့်သူ၏ကိုယ်ခန္ဓာဖြစ်သောအသင်းတော်ကို ဆက်ကပ်လုပ်ဆောင်ပေး ရန်အရေးကြီးပါသည်။ မိမိကတိပြုထားသောအရာတစ်စုံတစ်ခုကို ဆက်ကပ်လုပ်ဆောင်ရန်လည်းအရေး ကြီးပါသည်။
communicationတိုင်ပင်ခြင်း၊ ဆက်သွယ်ခြင်း၊Message, announcement, statement, interaction; communication implies that there are at least two or more speaking to one another; we can communicate both verbally and nonverbally with people. DTP As a disciple, our communication with God occurs through one's prayer life. The disciple always needs to be cautious how they speak to others. James states that we need to be quick to hear but slow to speak (James 1:19). သတင်းစကား၊ ကြေညာချက်၊ ထုတ်ပြန်ချက်၊ တုံ့ပြန်မှု။ ဆက်သွယ်ခြင်းဟူသည် နှစ်ဦး သို့မဟုတ် နှစ်ဦး ထက်ပိုသောသူများစကားပြောဆိုကြခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင် နှုတ်အားဖြင့် ဖြစ်စေ၊ နှုတ်အားဖြင့်မဟုတ်သည်ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဆုတောင်ခြင်းအားဖြင့် ဘုရားသခင်နှင့်ဆက်သွယ်နိုင်ပါသည်။ အခြားသူများနှင့်စကားပြောဆိုရာတွင်လည်း သတိပြုစရာများစွာ ရှိပါသည်။ ရှင်ယာကုပ်က နားထောင်ခြင်းတွင်လျှင်မြန်ပြီး စကားပြောရာတွင်နှေးရန်သွန်သင်ထားပါ သည် (ယာ၊ ၁:၁၉)။ အာဗနာသည်လည်း၊ …. အသက်ကြီးသူတို့နှင့်တိုင်ပင် (communication) လျက်၊ ... ၂ရာ၊ ၃:၁၇ - 2 Sam 3:17သင်၏စကား(communication) မှာ ဟုတ်သည်ကိုအဟုတ်၊ ... မ၊ ၅:၃၇ - Matt 5:37မကောင်းသောသူတို့နှင့် ပေါင်းဖော် (communications) ခြင်းအားဖြင့်၊ ... ၁ကော၊ ၁၅:၃၃ - 1 Cor 15:33 ညစ်ညူးသောစကား(communication) တစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ ... ဧ၊ ၄:၂၄ - Eph 4:24 (verse number is wrong. It should be Eph 4:29)ညစ်ညူးသောစကား(communication) ကိုသုံးခြင်း …. သင်တို့နှုတ်မှပယ်ရှင်းကြလော့။ ... ကော၊ ၃:၈ - Col 3:8သင်သည်ယုံကြည်ခြင်းကို ဆက်ဆံ (communication) သောအရှိန်ကြီး၍၊ ... ဖိလေ၊ ၁:၆ - Phlm 1:6
communionဆက်ဆံခြင်း၊ မိတ်သဟာယတော်Fellowship, intimate time together, unity, empathy, close association, relationship. 2 Cor 4:14; 13:14. DTP For the disciple communion can is also known as the Lord's Supper; a coming together as believers to break bread (body) and drink wine (blood) to remember the Lord's death and resurrection (Matt 26:17-30; Mark 14:12-26; Luke 22:7-23; 1 Cor 10:16). မိတ်သဟာယဖွဲ့ခြင်း၊ အတူတကွရင်းနှီးစွာရှိခြင်း၊ တစ်လုံးတစ်ဝတည်း၊ မျှဝေခံစားခြင်း၊ နီးကပ်သောအ သင်းအဖွဲ့၊ ဆက်သွယ်မှု။ ၂ကော၊ ၄:၁၄၊ ၁၃:၁၄။ ယုံကြည်သူများအတွက် မိတ်သဟာယတော်ဆက်ဆံခြင်း သည် ခရစ်တော်၏ပွဲတော်မင်္ဂလာဟုလည်းခေါ်ပါသည်။ ယုံကြည်သူများအတူတကွစုရုံးပြီး မုန့် (ခရစ် တော်၏ကိုယ်ခန္ဓာ) ကိုဖဲ့ခြင်းနှင့် ဝိုင် (ခရစ်တော်၏အသွေးတော်) ကိုသောက်ခြင်းဖြင့် သခင်ဘုရား၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို သတိရရန်ဖြစ်ပါသည် (မာ၊ ၂၆:၁၇-၃၀။ လု၊ ၂၂:၇-၂၃။ ၁ကော၊ ၁၀:၁၆)။ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း(communion) ဖြစ်သည်မဟုတ်လော။ ... ၁ကော၊ ၁၀:၁၆ - 1 Cor 10:16အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံ (communion) နိုင်မည်နည်း။ ... ၂ကော၊ ၆:၁၄ - 2 Cor 6:14သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယတော် (communion) လည်းကောင်း၊ ... ၂ကော၊ ၁၃:၁၄ - 2 Cor 13:14
communityသီးသန့်နေထိုင်သောအစုအဖွဲ့၊The church of which Christ is the head is to be a community of believers; the community of believers is to be a light unto their neighbours and friends (Acts 2:43-47). ခရစ်တော်က ဦးခေါင်းအဖြစ်ရှိနေသောအသင်းတော်သည် ယုံကြည်သူတို့၏အသင်းအဖွဲ့ဖြစ်ပါသည်။ ယုံ ကြည်သူများအသင်းအဖွဲ့သည် ပတ်ဝန်းကျင်နှင့်မိတ်ဆွေများအတွက် အလင်းဖြစ်ရပါမည်။
compassionSympathy, empathy, concern, kindness, care, consideration; DTP The disciples are to have compassion one for another like Christ has love for us; we are to have compassion for all with whom we come in contact; the love that Christ lavished on us needs to be poured out to others (Ps 111:4; 112:4). ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနား(compassion) သောစိတ်ရှိလျှင်၊ ... ထွ၊ ၂:၆ - Ex 2:6ကတိတော်ရှိသည်အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့်၊ ... တရား၊ ၁၃:၁၇ - Deut 13:17 သင့်ကိုသနား(compassion) သဖြင့် တစ်ဖန်ပြန်လာ၍၊ ... တရား၊ ၃၀:၃ - Deut 30:3 သင်တို့သည် ငါ့ကိုသနား(compassion) ကြပြီ။ ... ၁ရာ၊ ၂၃:၂၁ - 1 Sam 23:21သိမ်းသွားသောသူတို့သည် ကိုယ်တော်၏လူတို့ကိုသနား(compassion) စေခြင်းငှာ၊... ၃ရာ၊ ၈:၅၀ - 1 Kin 8:50 ထာဝရဘုရားသည် သူတို့ကိုသနား(compassion) စုံမက်၍၊ ... ၄ရာ၊ ၁၃:၂၃ - 2 Kin 13:23ကိုယ်တော်သည် သနား(compassion) စုံမက်တတ်သောသဘော၊ ... ဆာ၊ ၈၆:၁၅ - Ps 86:15ထာဝရဘုရားသည် …. သနား(compassion) စုံမက်တတ်သောသဘော၊ ... ဆာ၊ ၁၁၁:၄ - Ps 111:4ကိုယ်တော်သည် အကျွန်ုပ်တို့ကိုတစ်ဖန်သနား(compassion) ၍၊ ... မိ၊ ၇:၁၉ - Mic 7:19 သနား(compassions) ခြင်းကရုဏာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်၊ ... ဇာ၊ ၇:၉ - Zech 7:9လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနား(compassion) ခြင်းစိတ်ရှိတော်မူ၏။ ... မ၊ ၉:၃၅ (မာ၊ ၆:၃၄) - Matt 9:36 (Mark 6:34)လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ သနား(compassion) ခြင်းစိတ်တော်ရှိ၍ ... မ၊ ၁၄:၁၄ (မာ၊ ၆:၃၄) - Matt 14:14 (Mark 6:34)ယေရှုသည် သနား(compassion) ခြင်းစိတ်တော်ရှိ၍၊ ... မ၊ ၂၀:၃၄ - Matt 20:34ယေရှုသည်သနား(compassion) သောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍၊ ... မာ၊ ၁:၄၁ - Mark 1:41ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနား(compassion) ခြင်းစိတ်တော်ရှိ၍၊ ... မာ၊ ၆:၃၄ - Mark 6:34သခင်ဘုရားသည်ထိုမိန်းမကိုမြင်လျှင် သနား(compassion) ခြင်းစိတ်တော်ရှိ၍၊ ... လု၊ ၇:၁၃ - Luke 7:13အဘသည် သူ့ကိုမြင်လျှင်၊ သနား(compassion) သောစိတ်ရှိသည်နှင့်၊ ... လု၊ ၁၅:၂၀ - Luke 15:20သနားလိုသောသူကိုလည်း သနား(compassion) မည်ဟု၊ ... ရော၊ ၉:၁၅ - Rom 9:15ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ ... ၁ပေ၊ ၃:၈ - 1 Pet 3:8
conceive / conceivedပဋိသန္ဓေA woman may become pregnant (conceive) after having an intimate relationship with a man; Jesus was conceived by the Holy Spirit. လူမိန်းမသည် လူယောင်္ကျားနှင့်ဆက်ဆံပြီးကိုယ်ဝန်ဆောင် (ပဋိသန္ဓေစွဲ) လာသည်။ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မွေးဖွားလာပါသည် (မ၊ ၁:၁၈-၂၀)ဧဝသည်ပဋိသန္ဓေ (conceived) စွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ... က၊ ၄:၁ - Gen 4:1ယခု ပဋိသန္ဓေ (conceive) ယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ... သူကြီး၊ ၁၃:၃ - Judg 13:3အမိဝမ်းထဲမှာ ပဋိသန္ဓေ (conceive) ယူစဉ်ပင်အပြစ်စွဲပါ၏။ ... ဆာ၊ ၅၁:၅ - Ps 51:5သတို့သမီးကညာသည် ပဋိသန္ဓေ (conceive) စွဲယူ၍၊ ... ဟေရှာ၊ ၇:၁၄ - Isa 7:14သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေ (conceived) စွဲနေ၏။ ... မ၊ ၁:၁၈ - Matt 1:18 ပဋိသန္ဓေ (conceive) စွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ... လု၊ ၁:၃၁ - Luke 1:31တပ်မက်သောစိတ်သည် ပဋိသန္ဓေ (conceived) ယူ၍ ဒုစရိုက်ကို၊ ... ယာ၊ ၁:၁၅ - James 1:15
concubineမယားငယ်Female servant to the wife of a husband; a women who is legally married to a man but holds an inferior position to his wife or wives; most often bought or taken during a military victory. ခင်ပွန်းသည်တစ်ဦး၏ဇနီးသည်အတွက် အစေခံ။ မိန်းမတစ်ဦးသည် ယောင်္ကျားတစ်ဦးနှင့်တရားဝင် လက်ထပ်ထားသော်လည်း ထိုယောင်္ကျား၏မယား သို့မဟုတ် မယားများထက်အဆင့်နိမ့်ကျသောသူ။ အများအားဖြင့် ဝယ်ယူခံရသူ သို့မဟုတ် စစ်အောင်ပွဲအချိန်တွင်ခေါ်ဆောင်ခြင်းခံလာရသူ။ရုမာအမည်ရှိသော နာခေါ်၏မယားငယ် (concubine) သည်လည်း၊ ... က၊ ၂၂:၂၄ - Gen 22:24ရှေခင်မြို့၌နေသောမယားငယ် (concubine) သည် သားယောက်ျားကို၊ ... သူကြီး၊ ၈:၃၁ - Judg 8:31လေဝိလူတစ်ယောက်သည်၊ ယုဒခရိုင်ဗက်လင်မြို့သူမိန်းမ (concubine) တစ်ယောက်ကို၊ ... သူကြီး၊ ၁၉:၁ - Judg 19:1 (No word for concubine) ရှောလု၌ အဲအာ၏သမီးရိဇပမည်သောမယားငယ် (concubine) တစ်ယောက်ရှိ၏။ ... ၂ရာ၊ ၃:၇ - 2 Sam 3:7
concupiscenceလောဘလွန်ကျူးခြင်းAn old English word which means to lust after, a deep sexual appetite, a drive that is outside of the traditional sexual relationship that God created for man and woman. ကိလေသာတပ်မက်ခြင်း၊ ဘုရားသခင်ဖန်ဆင်းပေးထားသည့်အတိုင်း မဟုတ်တော့သည့် လူယောင်္ကျား နှင့်လူမိန်းမတို့၏ကာမရာဂစိတ်။ ငါ၌ အမျိုးမျိုးသောလောဘ (concupiscence) တို့ကို ဖြစ်စေ၏။ ... ရော၊ ၇:၈ - Rom 7:8ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘ (concupiscence) လွန်ကျူးခြင်းတည်းဟူသော၊ ... ကော၊ ၃:၅ - Col 3:5ကိလေသာတပ်မက် (concupiscence) ခြင်းရှိသကဲ့သို့ မရှိ၊ ... ၁သက်၊ ၄:၅ - 1 Thes 4:5
condemn /condemned / condemnationစီရင်ခြင်းSentence, pronounce guilty, disapprove; judgment, conviction, penalty, guilt, sin. DTP Man is born into sin because of the sin nature which has been passed on to us from Adam and Eve; we are condemned to death but Christ came to redeem us from sin and death through the price that He paid on the cross. ပြစ်ဒဏ်ချမှတ်၊ အပြစ်ရှိကြောင်းကြေညာ၊ သဘောမတူခြင်း။ တရားစီရင်ခြင်း၊ ပြစ်ဒဏ်ကျခြင်း၊ ပြစ်ဒဏ်၊ စိတ်မသန့်ခြင်း၊ အပြစ်။ လူသည် အာဒံနှင့်ဧဝမှဆင်းသက်သောအပြစ်ဖြင့် မွေးဖွားလာပါသည်။ သို့ရာတွင် ခရစ်တော်သည်ကြွဆင်းလာပြီး ကားတိုင်ပေါ်တွင်အသေခံ၊ အဖိုးအခပေးခြင်းအားဖြင့် ကျွန်ုပ် တို့ကိုအပြစ်မှကယ်တင်တော်မူသည်။ဆိုးသောသူကို အရှုံးခံစေခြင်းငှာလည်းကောင်း စီရင် (condemn) ရမည်။ ... တရား၊ ၂၅:၁ - Deut 25:1ကိုယ်စကားအားဖြင့် တရားရှုံး(condemn) လိမ့်မည်။ ... ယောဘ၊ ၉:၂၀ - Job 9:20အပြစ်မရှိသောသူကိုသေစေခြင်းငှာ စီရင် (condemn) ကြပါ၏။ ... ဆာ၊ ၉၄:၂၁ - Ps 94:21 သင့်စကားများအားဖြင့် အပြစ်စီရင် (condemned) ခြင်းကိုခံရလိမ့်မည်၊ ... မ၊ ၁၂:၃၇ - Matt 12:37ထိုသူတို့သည် သေပြစ်ကိုစီရင် (condemn) ကြလိမ့်မည်။... မ၊ ၂၀:၁၈ (မာ၊ ၁၀:၃၃) - Matt 20:18 Mark 10:33သူတစ်ပါးကို အပြစ်မစီရင် (condemn) ကြနှင့်။ ... လု၊ ၆:၃၇ - Luke 6:37ငါတို့မင်းများသည် အသေသတ်ခြင်းကိုခံစေ (condemned) ခြင်းငှာ၊ ... လု၊ ၂၄:၂၀ - our rulers delivered him to be condemned to death, Luke 24:20အပြစ်စီရင် (condemn) ခြင်းကို ခံရကြောင်းကား၊ ... ယော၊ ၃:၁၉ - John 3:19ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင် (condemn) ခြင်းကိုမခံရ။ ... ယော၊ ၅:၂၄ - John 5:24ငါသည်လည်း သင်၏အမှုကိုမစီရင် (condemn) ။ သွားလော့။ ... ယော၊ ၈:၁၁ - John 8:11လူအပေါင်းတို့သည် အပြစ်စီရင် (condemnation) ခြင်းနှင့်တွေ့ကြုံရကြ၊ ... ရော၊ ၅:၁၈ - Rom 5:18ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည် အပြစ်စီရင် (condemn) ခြင်းနှင့်လွတ်ကြ၏။ ... ရော၊ ၈:၁ - no condemnation to them which are in Christ Jesus, Rom 8:1အပြစ်စီရင် (condemneth) သောသူကား အဘယ်သူနည်း။ ... ရော၊ ၈:၃၄ - Rom 8:34ပြစ်တင် (condemned) ဖွယ်မရှိ၊ ... တိ၊ ၂:၈ - Tit 2:8ငါတို့သည်သာ၍ကျပ်တည်းသော စစ်ကြောစီရင် (condemn) ခြင်းကို၊ ... ယာ၊ ၃:၁ - James 3:1ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင် (condemn) လျှင်၊ ... ၁ယော၊ ၃:၂၀ - 1 John 3:20ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင် (condemn) လျှင်၊ ... ၁ယော၊ ၃:၂၁ - 1 John 3:21
conductအကျင့်ကျင့်ခြင်းBehaviour, demeanor, ways, manner; how we live and do things; showing forth the thinking behind our actions. DTP As disciples our behaviour should shine forth the lifestyle of Jesus Christ; the word Christian means "Christ-like"; when people look at us they see Jesus; we are to be examples of Christ (1 Tim 4:12; Tit 2:7; 1 Pet 2:12). ပြုမူကျင့်ကြံပုံ၊ အမူအကျင့်၊ နည်းလမ်းများ၊ နည်းဟန်၊ မည်ကဲ့သို့လုပ်ဆောင်သက်ရှင်သည်။ လုပ်ဆောင် မှုနောက်ကွယ်မှအကြံအစည်ကိုဖော်ပြခြင်း။ ကျွန်ုပ်တို့သည် မိမိတို့၏ပြုမူကျင့်ကြံမှုတွင် ယေရှုခရစ်တော် ၏နေထိုင်သက်ရှင်မှုကိုဖော်ဆောင်ရမည်။ ခရစ်ယာန်ဆိုသောအဓိပ္ပာယ်မှာ ‘’ခရစ်တော်ကဲ့သို့’’ ဖြစ်သည်။ ကျွန်ုပ်တို့ကိုကြည့်လျှင် ယေရှုကိုမြင်နိုင်ပါသည်။ ခရစ်တော်အတွက် စံနမူနာကောင်းပြရမည် (၁တိ၊ ၄:၁၂။ တိ၊ ၂:၇။ ၁ပေ၊ ၂:၁၂)။ ဖြောင့်မတ်စွာကျင့် (conduct) သောသူတို့ကို သတ်ခြင်းငှာ၊ ... ဆာ၊ ၃၇:၁၄ - Ps 37:14 NASBငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့် (conduct) ကြသည်မဟုတ်လော။ ... ၂ကော၊ ၁၂:၁၈ - 2 Cor 12:18 NASBပညာနှင့်ကျင့် (Conduct) ဆောင်၍ ကာလအချိန်ကိုရွေးနုတ်ကြလော့။ ... ကော၊ ၄:၅ - Col 4:5 NASBသန့်ရှင်းသောအကျင့်ကိုကျင့် (conduct) ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ... ၂ပေ၊ ၃:၁၁ - 2 Pet 3:11 NASB
confess / confessed / confessionတောင်းပန်Admit, plead guilty, acknowledge, declare, apologize. DTP To be released from the guilt of sin and its punishment, one must put one's trust and faith totally in Christ, and we must confess our sins to Christ and, when we do, He saves us from eternal damnation; We must confess with our mouth and believe in our hearts (Rom 10:9-10). Confessed, Ezr 10:1; Neh 9:3; confession Ezr 10:1, 11; I John 1:9; admission, declaration, an act of the will that all must make to Christ if they hope to have eternal life. ဝန်ခံသည်၊ အသနားခံသည်၊ လက်ခံသည်၊ တရားဝင်ကြေညာသည်၊ တောင်းပန်သည်။ အပြစ်နှင့်တရား စီရင်ခြင်းမှလွတ်မြောက်ရန် လူသည် ခရစ်တော်၌အကုန်အစင်ယုံကြည်ရမည်။ ခရစ်တော်ထံ မိမိအပြစ် ကိုတောင်းပန်ရမည်၊ ထိုသို့ပြုလျှင် ထာဝရငရဲမှလွတ်မြောက်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည်နှုတ်ဖြင့် ဝန်ခံပြီး စိတ်နှလုံးဖြင့်ယုံကြည်ရမည်ဖြစ်သည် (ရော၊ ၁၀:၉-၁၀)။ တောင်းပန် - ဧဇ၊ ၁၀:၁။ နေ၊ ၉:၃။ တောင်းပန်ခြင်း - ဧဇ၊ ၁၀:၁၊ ၁၁။ ၁ယော၊ ၁:၉။ ဝန်ခံခြင်း၊ တရားဝင်ကြေညာခြင်း၊ ဝန်ချခြင်း။ ထာဝရအသက်ကိုရလိုပါလျှင် ခရစ်တော်ကိုယုံကြည်ကြောင်းဝန်ခံရမည်ဖြစ်သည်။ထိုအပြစ်ကို ဖော်ပြတောင်းပန် (confess) ရမည်။ ... ဝတ်၊ ၅:၅ - Lev 5:5မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံ (confess) လျှင်၊ ... ဝတ်၊ ၂၆:၄၀ - Lev 26:40ထိုအပြစ်ကို ဖော်ပြ၍တောင်းပန် (confess) ရမည်။ ... တော၊ ၅:၇ - Num 5:7ထာဝရဘုရားကိုချီးမွမ်း၍ …. ကိုယ်အပြစ်ကိုဖော်ပြတောင်းပန် (confession)၊ ... ယောရှု၊ ၇:၁၉ - Josh 7:19ဘုရားသခင်ထာဝရဘုရားအား တောင်းပန် (confession) ကြလော့။ ... ဧဇ၊ ၁၀:၁၁ - Ezra 10:11ကိုယ်အပြစ်နှင့်ဘိုးဘေးတို့၏အပြစ်များကို ဖော်ပြတောင်းပန် (confessed) ကြ၏။ ... နေ၊ ၉:၂ - Neh 9:2အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချ (confess) ပါ၏။ ... ဆာ၊ ၃၂:၅ - Ps 32:5မိမိတို့အပြစ်များကို ဖော်ပြ (confessing) လျက်၊ ... မ၊ ၃:၆ - Matt 3:6ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံ (confess) မည်။ ... မ၊ ၁၀:၃၂ - Matt 10:32 Luke 12:8?? မိမိတို့အကျင့်ကို ဖော်ပြလျက်တောင်းပန် (confessed) ကြ၏။ ... တ၊ ၁၉:၁၈ - Acts 19:18သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ (confess) ၍၊ ... ရော၊ ၁၀:၉ - Rom 10:9ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည် (confession) ရ၏။- ... ရော၊ ၁၀:၁၀ - with the mouth confession is made unto salvation. Rom 10:10 (not direct word)တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်း(confess) ၍၊ ... ရော၊ ၁၅:၉ - Rom 15:9 (not direct word)ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံ (confess) သဖြင့်၊ ... ဖိ၊ ၂:၁၁ - Phil 2:11တစ်ယောက်နှင့်တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန် (Confess) ကြလော့။ ... ယာ၊ ၅:၁၆ - James 5:16 ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန် (confess) လျှင်၊ ... ၁ယော၊ ၁:၉ - 1 John 1:9လူဇာတိအားဖြင့်ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံ (confesseth) သော၊ ... ၁ယော၊ ၄:၂ - 1 John 4:2ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ဝန်ခံ (confess) သောသူ၊... ၁ယော၊ ၄:၁၅ - 1 John 4:15
confidence / confidentယုံကြည်ကိုးစားTo be sure of, to believe strongly in, to be firm in one's thinking, to have a faith that knows its truth. Having a foundation that is steadfast, unmovable. DTP We are to have confidence in who Christ Jesus is, and know that He is our Creator God, One who has no beginning or end. စိတ်ချခြင်း၊ အမှန်တကယ်ယုံကြည်ခြင်း၊ တစ်စုံတစ်ဦး၏တွေးခေါ်ခြင်းကိုခိုင်မာစေခြင်း၊ မှန်ကန်သော အရာကိုယုံကြည်ခြင်း။ ခိုင်မြဲသော၊ မလှုပ်ရှားနိုင်သောအုတ်မြစ်ကိုချခြင်း။ ခရစ်တော်ယေရှုသည် မည်သူ ဖြစ်သည်ကိုစိတ်ချယုံကြည်ပြီး ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ အစအဆုံးမရှိသောသူဖြစ် သည်။ လူကိုကိုးစားခြင်း (confidence) ထက် သာ၍ကောင်း၏။ ... ဆာ၊ ၁၁၈:၈ - Ps 118:8ထာဝရဘုရားသည် သင်ယုံကြည်ကိုးစား(confidence) ရာဖြစ်၍၊ ... သု၊ ၃:၂၆ - Prov 3:26ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အားကြီးသောကိုးစား(confidence) ရာအခွင့်ကို၊ ... သု၊ ၁၄:၂၆ - Prov 14:26ယုံကြည် (confidence) ခြင်းအားဖြင့် ခွန်အားအစွမ်းကိုရကြလိမ့်မည်။ ... ဟေရှာ၊ ၃၀:၁၅ - Isa 30:15ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို အတည့်အလင်း(confidence) ဟောပြော၍၊ ... တ၊ ၂၈:၃၁ - the Lord Jesus Christ, with all confidence, Acts 28:31 (Not direct word)အစဉ်ရဲရင့် (confident) သောစိတ် ရှိကြ၏။ ... ၂ကော၊ ၅:၇ - 2 Cor 5:6သခင်ဘုရားကို ငါအမှီပြု (confidence) ၍ စိတ်စွဲလမ်းခြင်းရှိ၏။ ... ဂလာ၊ ၅:၁၀ - Gal 5:10 ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံ (confidence) ရသောအခွင့်ကို၊ ... ဧ၊ ၃:၁၂ - Eph 3:12 ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ... ဖိ၊ ၁:၆ - confident of this very thing, that he which hath Phil 1:6ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်း(confidence) နှင့်ကင်းလွတ်သည်ဖြစ်၍၊ ... ဖိ၊ ၁:၂၅ - Phil 1:25သခင်ဘုရားကို အမှီပြု (confidence) ၍ ငါတို့သည်ယုံမှားခြင်းမရှိ။ ... ၂သက်၊ ၃:၄ - 2 Thes 3:4ငါတို့သည် စိတ်စွဲလမ်းခြင်း(confidence) ကို အစပြုသကဲ့သို့၊ ... ဟေဗြဲ၊ ၃:၁၄ - Heb 3:14ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း(confidence) အကြောင်းဟူမူကား၊ ... ၁ယော၊ ၅:၁၄ - 1 John 5:14
confirm / confirmed / confirmationမြဲမြံTo prove, authenticate, bear out, endorse, ratify, substantiate, and validate; to come into an agreement with, to make sure that all conditions have been met by both parties. DTP God confirms and seals in our heart through the Holy Spirit that we are children of God. We can know that our salvation is secure and that we have eternal life in Christ because we have, through faith, a personal relationship with Him. သက်သေပြရန်၊ စစ်မှန်ကြောင်းအထောက်အထားပြသည်၊ ထောက်ခံသည်၊ အတည်ပြုပေးသည်၊ သဘော တူညီချက်ကိုအတည်ပြုပေးသည်၊ မုချဖြစ်စေသည်၊ ခိုင်လုံကြောင်းအထောက်အထားပြသည်။ သဘောတူ ညီချက်ကိုထောက်ခံသည်၊ အခြေအနေအားလုံးသည် နှစ်ဖက်ပါတီမှတွေ့ဆုံသိရှိပြီးကြောင်းသေချာခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်သည်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့နှလုံးသားထဲတွင်အတည်ပြုပြီဖြစ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် စိတ်ချလုံခြုံမှုရှိပြီး ယုံ ကြည်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းအားဖြင့်လည်းကောင်း ခရစ်တော် ၌ထာဝရအသက်ကိုရရှိပြီဖြစ်သည်။ ဥစ္စာလဲခြင်းအမှုကိုမြဲမြံ (confirm) စေခြင်းငှာ …. မိခြေနင်းကိုချွတ်၍၊ ... ရု၊ ၄:၇ - Ruth 4:7ငါသည် ငါ့ကျွန်၏စကားကိုတည် (confirmeth) စေ၍၊ ... ဟေရှာ၊ ၄၄:၂၆ - Isa 44:26နှုတ်ကပတ်တရားတော်ကို တည် (confirming) စေတော်မူသည်နှင့်၊ ... မာ၊ ၁၆:၂၀ - Mark 16:20ညီအစ်ကိုတို့ကိုဆုံးမ၍ မြဲမြံ (confirmed) ခိုင်ခံ့စေကြ၏။ ... တ၊ ၁၅:၃၂ - Acts 15:32 ဘိုးဘေးများခံရသောကတိတော်တို့ကို တည် (confirm) စေခြင်းငှာ၊ ... ရော၊ ၁၅:၈ - Rom 15:8ခရစ်တော်၏သက်သေကို သင်တို့တွင်တည် (confirmed) စေသည်၊ ... ၁ကော၊ ၁:၆ - 1 Cor 1:6သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှား(confirm) စွာပြမည်အကြောင်း၊ ... ၂ကော၊ ၂:၈ - 2 Cor 2:8ဧဝံဂလိတရားဘက်၌သက်သေခံ၍ ထိုတရားကိုတည် (confirmation) စေ၊ ... ဖိ၊ ၁:၇ - Phil 1:7
conformedတညီတည်း၊ လိုက်လျောညီထွေAdjust, comply, yield, agree, harmonize. DTP We are not to conform to this world but we are to be transformed into the image of Christ, renewing both our mind and our spirit. အလိုက်သင့်ပြုမူနေထိုင်သည်။ လိုက်လျောသည်၊ သဘောတူသည်၊ လိုက်ဖက်သည်။ ကျွန်ုပ်တို့သည် လောကီအရာများနှင့်လိုက်လျောခြင်းမပြုရပါ။ ခရစ်တော်၏ပုံသဏ္ဌာန်ကဲ့သို့ ပြောင်းလဲရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်နှင့်ဝိညာဉ်တို့ကို အသစ်ပြုပြင်ရမည်ဖြစ်သည်။ သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်း(conformed) ဖြစ်စေခြင်းငှာ၊ ... ရော၊ ၈:၂၉ - Rom 8:29သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင် (conformed) ကြနှင့်။ ... ရော၊ ၁၂:၂ - Rom 12:2
confusionရုန်းရင်းခတ်To be mixed up, disorder, unclear, not having a true understanding about something. DTP Our walk with Christ needs to be one of clear mindedness. Christ is a lamp unto our feet and as we pray, He will make straighten our paths before us. ရေားထွေးသည်၊ ဖရိုဖရဲဖြစ်သည်၊ မရှင်းလင်းသော၊ တစ်စုံတစ်ရာကိုသေချာစွာနားမလည်ခြင်း။ ခရစ် တော်နှင့်လျှောက်လှမ်းရာတွင် ရှင်းလင်းသောစိတ်ရှိရပါမည်။ ခရစ်တော်သည် ကျွန်ုပ်တို့ခြေအတွက် မီးခွက်ဖြစ်ပြီး ကျွန်ုပ်တို့ဆုတောင်းသောအခါ လမ်းခရီးကိုဖြောင့်ဖြူးစေပါသည်။ ကိုယ်တိုင်အရှက်ကွဲ (confusion) သည်တိုင်အောင် …. သင့်အမိအဝတ်ကျွတ်၍အရှက်ကွဲ (confusion) သည်၊ ... ၁ရာ၊ ၂၀:၃၀ - 1 Sam 20:30ဒုက္ခဆင်းရဲ (confusion) ကိုဆင်ခြင်၍ မိန်းမောတွေဝေလျက်၊ ... ယောဘ၊ ၁၀:၁၅ - Job 10:15ကဲ့ရဲ့သောသူနှင့် အသရေဖျက် (confusion) သောသူ၏စကား၊ ... ဆာ၊ ၄၄:၁၅ - Ps 44:15မျက်နှာပျက်ခြင်း(confusion) နှင့် ကိုယ်ကိုခြုံကြပါစေသော။ ... ဆာ၊ ၁၀၉:၂၉ - Ps 109:29လွတ်လပ်သော (confusion) မြို့သည် ပြိုပျက်လေပြီ။ ... ဟေရှာ၊ ၂၄:၁၀ - Isa 24:10အသရေပျက်ခြင်း(confusion) ၌ နစ်မွန်းကြ၏။ ... ယေ၊ ၃:၂၅ - Jer 3:25တစ်မြို့လုံး ရုန်းရင်းခတ် (confusion) မျှဖြစ်၍၊ ... တ၊ ၁၉:၂၉ - Acts 19:29ဘုရားသခင်သည် ရုန်းရင်းခတ် (confusion) သောအမှုကို၊ ... ၁ကော၊ ၁၄:၃၃ - 1 Cor 14:33ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ် (confusion) ခြင်း၊ ... ယာ၊ ၃:၁၆ - James 3:16
congregationပရိသတ်Worshippers, parishioners, flock. DTP In the Old Testament it was the gathering together of the people of Israel; In the New Testament it was a coming together of believers in Christ; where the people gather together in the name of Christ is also the place where the church meets. ဝတ်ပြုကိုးကွယ်သူများ၊ ဘုရားရှိခိုးလာသူများ၊ သိုးစု။ ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးများ အတူ တကွစုဝေးခြင်းကို ဆိုလိုသည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်တော်ကိုယုံကြည်သောသူများ လာရောက်စုဝေး ခြင်းကို ဆိုလိုသည်။ ခရစ်တော်၏နာမတော်၌ အတူတကွစုဝေးရာအရပ်သည် အသင်းတော်ပင်ဖြစ်သည်။ ဣသရေလအမျိုးပရိသတ် (congregation) အပေါင်းတို့ကို မှာထားရသောစကား၊ ... ထွ၊ ၁၂:၃ - Ex 12:3ဣသရေလအမျိုးသား ပရိသတ် (congregation) အပေါင်းတို့သည်၊ ... ဝတ်၊ ၄:၁၃ - Lev 4:13ပရိသတ် (congregation) စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ် (congregation) အပေါင်းကိုစည်ဝေးစေ... ဝတ်၊ ၈:၃ - Lev 8:3 ပရိသတ် (congregation) အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌၊ ... ဝတ်၊ ၉:၅ - Lev 9:5ဣသရေလပရိသတ် (congregation) အပေါင်းတို့အဖို့၊ အပြစ်ဖြေခြင်းကိုပြု၍၊ ... ဝတ်၊ ၁၆:၁၇ - Lev 16:17 ဣသရေလအမျိုးသားတို့သည်၊ …. ပရိသတ် (congregation) စည်းဝေးရာတဲတော်မှာ၊ ... တော၊ ၁:၂ - Num 1:2ထာဝရဘုရား၏ပရိသတ် (congregation) တို့သည် အထိန်းမရှိသောသိုးကဲ့သို့၊ ... တော၊ ၂၇:၁၇ - Num 27:17စည်းဝေးသောသူအပေါင်း(congregation) တို့သည် အာမင်ဟုဝန်ခံ၍၊ ... နေ၊ ၅:၁၃ - Neh 5:13ပရိသတ် (congregation) အလယ်မှာ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ... ဆာ၊ ၂၂:၂၂ - Ps 22:22ပရိသတ် (congregation) အလယ်မှာ ထာဝရဘုရားကိုကောင်းချီးပေးပါမည်။ ... ဆာ၊ ၂၆:၁၂ Ps 26:12ပရိသတ် (congregations) အစည်းအဝေးတို့၌ ထာဝရအရှင်ဘုရားသခင်ကို၊ ... ဆာ၊ ၆၈:၂၆ - Ps 68:26ဘုရားသခင်သည် ဘုရားတို့၏ပရိသတ် (congregation) ၌ရပ်လျက်၊ ... ဆာ၊ ၈၂:၁ - Ps 82:1အစည်းအဝေး(congregation) ပြီး၍ ပြန်ကြသောအခါ၊ ... တ၊ ၁၃:၄၃ - Acts 13:43 (No exact word)
conscienceဩတ္တပ္ပစိတ်၊ ကိုယ်ကိုကိုယ်သိသောစိတ် Principle, ethics, sense of right and wrong. DTP The conscience is where God speaks to us through guiding and directing us by His Holy Spirit. If our conscience has become numb or hard because of sin, we will not be able to enter into the peace that God wants us to have here on earth (Phil 4:7). အခြေခံသဘောတရား၊ ကိုယ်ကျင့်တရား၊ အမှတ်နှင့်အမှားကိုခွဲခြားသိခြင်း။ ဩတ္တပ္ပစိတ်ဆိုသည်မှာ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းပြဦးဆောင်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဩတ္တပ္ပစိတ်သည် အပြစ်ကြောင့်ထံနေပြီးမာကြောနေပါက ဘုရားသခင်အလိုတော်ရှိသည့် ဤလောက၏ ငြိမ်သက်ခြင်းကို စံစားရမည်မဟုတ်ပါ။ မိမိတို့စိတ်နှလုံး (conscience) သည် မိမိတို့အပြစ်ကိုဖော်ပြသဖြင့်၊ ... ယော၊ ၈:၉ - John 8:9ကိုယ်စိတ်နှလုံး(conscience) သည် ကိုယ်၌အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်၊ ... တ၊ ၂၃:၁ - Acts 23:1ကိုယ်ကိုကိုယ်သိသောစိတ်နှလုံး(conscience) သည် သက်သေခံသဖြင့်၊ ... ရော၊ ၂:၁၅ - Rom 2:15 ငါ့ကိုယ်ကိုကိုယ်သိသောစိတ် (conscience) သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်၊ ... ရော၊ ၉:၁ - Rom 9:1ကိုယ်ကိုကိုယ်သိသောစိတ် (conscience) သည် အားနည်းသောကြောင့်၊ ... ၁ကော၊ ၈:၇ - 1 Cor 8:7ကိုယ်ကိုကိုယ်သိသောစိတ် (conscience) ကြည်လင်ခြင်းနှင့်လည်းကောင်း၊ ... ၁တိ၊ ၁:၅ - 1 Tim 1:5နောင်ကာလ၌ ဩတ္တပ္ပစိတ် (conscience) တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ ... ၁တိ၊ ၄:၂ - 1 Tim 4:2ကိုယ်ကိုကိုယ်သိသောစိတ် (conscience) ကို စင်ကြယ်စေခြင်းငှာ၊ ... ဟေဗြဲ၊ ၉:၁၄ - Heb 9:14ကိုယ်ကိုကိုယ်သိသောစိတ် (conscience) ကြည်လင်လျက်နေကြလော့။ ... ၁ပေ၊ ၃:၁၆ - 1 Pet 3:16ကိုယ်ကိုကိုယ်သိသောစိတ် (conscience) ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ဝန်ခံခြင်း၊ ... ၁ပေ၊ ၃:၂၁ - 1 Pet 3:21
consecrate / consecratedသန့်ရှင်းစေခြင်းSanctify, bless, set apart, make holy. DTP Salvation brings us into a personal relationship with Christ, but sanctification is a daily process of becoming clean and set apart for the ministry of Christ here on earth. Lev 27:14, 15, 17, 18, 19. သန့်ရှင်းစေသည်၊ ကောင်းချီးပေးသည်၊ ခြားနားစေသည်၊ သန့်ရှင်းအောင်လုပ်သည်။ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ကိုခရစ်တော်နှင့်ကိုယ်တိုင်မိတ်သဟာယဖွဲ့စေသည်။ သန့်ရှင်းစေခြင်းသည် ဤလောကရှိခရစ် တော်၏အမှုတော်အတွက် နေ့စဉ်သန့်ရှင်းဖြူစင်အောင်နေထိုင်ပြီး အမှုတော်အတွက်သီးခြားထားရှိခြင်း ဖြစ်သည်။ သူ့ကိုသန့်ရှင်းစေခြင်း(consecrate) ငှာ၊ ငါပေးသောဉာဏ်ကိုရသော၊ ... ထွ၊ ၂၈:၃ - Ex 28:3ထိုသို့ အာရုန်နှင့်သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား(consecrate) ရမည်။ ... ထွ၊ ၂၉:၉ - Ex 29:9သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက် (Consecrate) ကြပြီဟု ဆိုလေ၏။ ... ထွ၊ ၃၂:၂၉ - Ex 32:29အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဖို့ တစ်ဖန်ခြားနားစေ (consecrate) ၍၊ ... တော၊ ၆:၁၂ - Num 6:12ထာဝရဘုရားအဖို့ သန့်ရှင်းစေ (consecrated) ၍၊ ဘဏ္ဍာတော်ထဲသို့၊ ... ယောရှု၊ ၆:၁၉ - Josh 6:19ယနေ့ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ်သူပူဇော် (consecrate) ချင်သနည်းဟု၊ ... ၅ရာ၊ ၂၉:၅ - 1 Chr 29:5ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ခန့်ထား(consecrate) ရကြမည်။ ... ယေဇ၊ ၄၃:၂၆ - Ezek 43:26... ဟေဗြဲ၊ ၁၀:၂၀ - living way, which he hath consecrated for us, Heb 10:20 (No exact word)
conservativeရှေးရိုးစွဲPreservative, opposed to change, reactionary; it can also mean a group of people or a person who hold onto the basic truth or a way of life. DTP A disciple is conservative when he or she holds to the basic truth and teaching that our church fathers and the Bible lay out for us. သန့်ရှင်းစေသည်၊ ပြောင်းလဲရန်ဆန့်ကျင်သည်၊ တိုးတက်မှုကိုမလိုလားသော၊ အခြေခံအမှန်တရား သို့မဟုတ် အခြေခံအသက်ရှင်ခြင်းနည်းလမ်းကိုသာဆုတ်ကိုင်ထားသော လူတစ်စု သို့မဟုတ် လူတစ်ဦး။
considerဆင်ခြင်To judge, to believe, to contemplate, meditate, ponder or reflect on, to think upon, to think through. DTP The disciple of Christ needs to ponder, reflect and to take into account what they may be doing and where they may be headed as they sojourn here on earth. We need to think carefully about our steps as we walk to make sure that we line up with the truth of the word of God. တရားစီရင်ရန်၊ ယုံကြည်ရန်၊ ချင့်ချိန်စဉ်းစားရန်၊ တရားထိုင်သည်၊ တွေးဆသည် သို့မဟုတ် တန်ပြန် သည်၊ နားလည်အောင်စဉ်းစားသည်။ ခရစ်တော်ကိုယုံကြည်သူတို့သည် လောကခရီးကိုလျှောက်သွားစဉ် မိမိဘာကိုလုပ်ဆောင်နေသည်၊ မည်သည့်နေရာသို့ဦးတည်နေသည်ကို စဉ်းစားတွေးဆရမည်ဖြစ်သည်။ ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင် (consider) တော်မူပါ၊ ... ထွ၊ ၃၃:၁၃ - Ex 33:13ယနေ့သိမှတ်၍ နှလုံး၌သွင်း(consider) မိကြလော့။ ... တရား၊ ၄:၃၉ - Deut 4:39အဘယ်သို့ပြုရမည်ကို ဆင်ခြင် (consider) ကြလော့ဟု၊ ... သူကြီး၊ ၁၈:၁၄ - Judg 18:14အဘယ်မျှလောက်ပြုတော်မူပြီးသည်ကို အောက်မေ့ (consider) ကြလော့။ ... ၁ရာ၊ ၁၂:၂၄ - 1 Sam 12:24အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် (consider) တော်မူပါ။ ... ဆာ၊ ၅:၁ - Ps 5:1လနှင့်ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင် (consider) သော်၊ ... ဆာ၊ ၈:၃ - Ps 8:3 ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု (considered) ၍၊ ... ဆာ၊ ၃၁:၇ - Ps 31:7ဆင်းရဲသောသူကို အောက်မေ့ (considereth) သောသူသည်မင်္ဂလာရှိ၏။ ... ဆာ၊ ၄၁:၁ - Ps 41:1ပုရွက်ဆိတ်ထံသို့သွား၍၊ သူ၏အပြုအမူတို့ကိုဆင်ခြင် (consider) သဖြင့်၊ ... သု၊ ၆:၆ - Prov 6:6ဖြောင့်မတ်သောသူသည် ဆင်းရဲသားအမှုကိုဆင်ခြင် (considereth) တတ်၏။ ... သု၊ ၂၉:၇ - Prov 29:7ဘုရားသခင်၏အမှုတော်ကို ဆင်ခြင် (Consider) လော့။ ... ဒေ၊ ၇:၁၃ - Eccl 7:13မကြားဖူးသောအရာကိုလည်း နားလည် (consider) ကြလိမ့်မည်။ ... ဟေရှာ၊ ၅၂:၁၅ - Isa 52:15ကိုယ်ကျင့်သော အကျင့်တို့ကိုဆင်ခြင် (Consider) ကြလော့။ ... ဟ၊ ၁:၅ (၁:၇) - Hag 1:5 (1:7)တောနှင်းပင်တို့သည် …. ဆင်ခြင် (Consider) အောက်မေ့ကြလော့။ ... မ၊ ၆:၂၈ (လု၊ ၁၂:၂၇) - Matt 6:28 (Luke 12:27)ကျီးကန်းများကို ကြည့်ရှုဆင်ခြင် (Consider) ကြလော့။ ... လု၊ ၁၂:၂၄ - Luke 12:24ကိုယ်ကိုသတိပြု (considering) လျက် သိမ်မွေ့ နူးညံ့သောသဘောနှင့်၊ ... ဂလာ၊ ၆:၁ - Gal 6:1ငါ့စကားကို ဆင်ခြင် (Consider) လော့။ ... ၂တိ၊ ၂:၇ - 2 Tim 2:7တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှု (consider) ကြကုန်အံ့။ ... ဟေဗြဲ၊ ၁၀:၂၄ - Heb 10:24နှောင့်ယှက်ခြင်းကို …. ထောက်ရှုဆင်ခြင် (consider) သောအားဖြင့်၊ ... ဟေဗြဲ၊ ၁၂:၃ - Heb 12:3
consolationသက်သာခြင်းComfort, solace, relief, to support, to help; to give comfort during a time of disappointment or sorrow. နှစ်သိမ့်သည်၊ အားပေးသည်၊ သက်သာခြင်း၊ ထောက်ပံ့ရန်၊ ကူညီမစရန်၊ စိတ်ထိခိုက်သည့်အချိန် သို့မဟုတ် ဝမ်းနည်းကြေကွဲသည့်အချိန်တွင် နှစ်သိမ့်မှုပေးခြင်း။ သက်သာစေခြင်း(consolation) ၏ သားဟုဆိုလိုသောဗာနဗအမည်သစ်ကို၊ ... တ၊ ၄:၃၆ - Acts 4:36သည်းခံခြင်း၊ သက်သာခြင်း(consolation) ၏အရှင်၊ ဘုရားသခင်သည်၊ ... ရော၊ ၁၅:၆ - Rom 15:5ကျေးဇူးအားဖြင့် ငါတို့ခံရသောသက်သာခြင်း(consolation) သည်၊ ... ၂ကော၊ ၁:၅ - 2 Cor 1:5သက်သာခြင်း(consolation) နှင့်ကယ်တင်ခြင်း အကျိုးအလိုငှာ၊ ... ၂ကော၊ ၁:၆ - 2 Cor 1:6ခရစ်တော်၌သက်သာခြင်း(consolation)၊ မေတ္တာနှင့်စပ်ဆိုင်သော၊ ... ဖိ၊ ၂:၁ - Phil 2:1 ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်း(consolation) အကြောင်းကို၊ ... ၂သက်၊ ၂:၁၆ - 2 Thes 2:16 သန့်ရှင်းသူတို့၏စိတ်နှလုံးကို သက်သာ (consolation) စေသောကြောင့်၊ ... ဖိလေ၊ ၁:၇ - Phlm 1:7
consubstantiationပွဲတော်ခံယူခြင်းThis word defines a belief that Martin Luther held to when it came to participating in the communion service. It teaches that the physical body and blood of Christ abides together with the bread and wine, when one partakes of it. (See also transubstantiation) ဤစကားလုံးသည် ပွဲတော်မင်္ဂလာခံယူခြင်းတွင် မာတင်လူသာ၏ယုံကြည်မှုတစ်ခုဖြစ်သည်။ တစ်စုံ တစ်ဦးမှ ပွဲတော်မင်္ဂလာခံယူရာတွင် ခရစ်တော်၏အသားနှင့်အသွေးသည် မုန့်နှင့်ဝိုင်တွင်အတူပါရှိနေ သည်ဆိုသောသွန်သင်ချက်ဖြစ်သည်။
continue / continual / continuallyအစဉ်မပြတ်To remain, to abide or carry on, to endure or last, to persist, to stay connected, not to stop, to keep moving forward, to let it flow out from one mind and heart, to keep on keeping on. DTP The disciples must realize deep in their hearts what it means to be a servant of the Lord Jesus Christ. It is a daily moment by moment walk in Christ. To be walking forward according to His will for our lives. နေမြဲနေရန်၊ တည်ရှိနေရန် သို့မဟုတ် ဆက်လက်လုပ်ဆောင်ရန်၊ သည်းခံရန်၊ ဆက်လက်ဆက်သွယ်ရန်၊ ရပ်နားမသွားရန်၊ ရှေ့သို့ဆက်လက်သွားရန်၊ နှလုံးသားတစ်ခုတည်းမှစီးဆင်းသွားစေရန်၊ ဆက်လက်လုပ် ဆောင်သွားရန်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏အစေခံဖြစ်ခြင်းအဓိပ္ပာယ်ကို မိမိနှလုံးသားထဲမှ သေချာစွာသိရှိရန်လိုအပ်ပါသည်။ ဤသည်မှာ ခရစ်တော်နှင့်အချိန်တိုင်းလျှောက်လှမ်းရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ကိုယ်တော်၏အလိုတော်အတိုင်း ရှေ့သို့လျှောက်လှမ်းရပါမည်။ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် (continually) ဆိုးညစ်ခြင်း၊ ... က၊ ၆:၅ - Gen 6:5သင်တို့၏ ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အမြဲ (continue) လိုက်ကြ၊ ... ၁ရာ၊ ၁၂:၁၄ - 1 Sam 12:14မျက်နှာတော်ကို အစဉ်မပြတ် (continually) ရှာကြလော့။ ... ၅ရာ၊ ၁၆:၁၁ - 1 Chr 16:11ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် (continually) မြွက်ဆိုမည်။ ... ဆာ၊ ၃၄:၁ - Ps 34:1ကရုဏာတော်ကိုလည်းကောင်း၊ …. တည်မြဲတည် (continue) စေတော်မူပါ။ ... ဆာ၊ ၃၆:၁၀ - Ps 36:10 ကရုဏာတော်နှင့်သစ္စာတော်သည် အကျွန်ုပ်ကိုအစဉ် (continually)၊ ... ဆာ၊ ၄၀:၁၁ - Ps 40:11အကျွန်ုပ်အစဉ် (continually) ရောက်၍ နေရာကျသောကျောက်ဖြစ်တော်မူပါ။ ... ဆာ၊ ၇၁:၃ - Ps 71:3ကိုယ်တော်အဖို့ အစဉ် (continually) မေတ္တာပို့ခြင်း၊ ... ဆာ၊ ၇၂:၁၅ - Ps 72:15နှလုံးပေါ်မှာအမြဲ (continually) ချည်၍ လည်ပင်း၌ ဆွဲထားလော့။ ... သု၊ ၆:၂၁ - Prov 6:21ထာဝရဘုရားသည် သင့်ကိုအစဉ် (continually) ပဲ့ပြင်တော်မူမည်။ ... ဟေရှာ၊ ၅၈:၁၁ - Isa 58:11 သင်မပြတ် (continually) ကိုးကွယ်သောဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ၊ ... ဒံ၊ ၆:၂၀ - Dan 6:20သင်၏ဘုရားသခင်ကို အစဉ်မပြတ် (continually) မျှော်လင့်လော့။ ... ဟော၊ ၁၂:၆ - Hos 12:6အစဉ် (continual) လာ၍ ငါ့ကိုပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌အကြံရှိ၏။ ... လု၊ ၁၈:၅ - Luke 18:5အံ့ဩချီးမွမ်းလျက် ဗိမာန်တော်သို့ရောက်မြဲ (continually) ရောက်ကြ၏။ ... လု၊ ၂၄:၅၃ - Luke 24:53သင်တို့သည် ငါ၏ဒေသနာ၌တည် (continue) လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ ... ယော၊ ၈:၃၁ - John 8:31ငါ၏ချစ်ခြင်းမေတ္တာ၌ တည် (continue) နေကြလော့။ ... ယော၊ ၁၅:၉ - John 15:9မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို အမြဲ (continued) ဆောင်ရွက်၍နေကြ၏။ ... တ၊ ၂:၄၂ - Acts 2:42နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲ (continually) ပြု၍၊ ... တ၊ ၆:၄ - Acts 6:4ယုံကြည်ခြင်း၌တည် (continue) ကြည်မည်အကြောင်း နှိုးဆော်ချီပင့်၍၊ ... တ၊ ၁၄:၂၂ - Acts 14:22စိတ်နှလုံးထဲ၌ မခြားမလပ် (continual) ပူပန်ခြင်းဝေဒနာရှိ၏။ ... ရော၊ ၉:၂ - Rom 9:2တည်ကြည်ခြင်းနှင့်တကွ မြဲမြံ (continue) စွာယုံကြည်ကြလျှင်၊ ... ကော၊ ၁:၂၃ - Col 1:23ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲ (Continue) ပြု၍၊ ... ကော၊ ၄:၂ - Col 4:2အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည် (continue) နေလော့။ ... ၂တိ၊ ၃:၁၄ - 2 Tim 3:14 ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် …. အစဉ် (continually) ပူဇော်ကြကုန်အံ့။ ... ဟေဗြဲ၊ ၁၃:၁၅ - Heb 13:15စုံလင်သောတရား၌စေ့စေ့ကြည့်ရှု၍ တည် (continueth) ကြည်သောသူမူကား၊ ... ယာ၊ ၁:၂၅ - James 1:25သားတော်၌ …. ခမည်းတော်၌လည်းကောင်း၊ တည် (continue) ရကြလိမ့်မည်။ ... ၁ယော၊ ၂:၂၄ - 1 John 2:24
contriteနှလုံးကြေကွဲThis is dealing with the inward heart and feelings of man towards God. It can mean sorry, remorseful, repentant, regretful, penitent or ashamed. DTP Often it is linked with how man sees his sin through the eyes of Christ Jesus. Man must come before God with a pure heart and we must confess our sin if we hope to have forgiveness of our sins (Rom 10:9-10). လူတစ်ဦး၏ဘုရားသခင်အပေါ် အတွင်းနှလုံးသားနှင့်စိတ်ခံစားမှုဆိုင်ရာဖြစ်သည်။ စိတ်မကောင်းဖြစ် ခြင်း၊ နောင်တကြီးစွာရခြင်း၊ နောင်တရခြင်း၊ ပူဆွေးဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း။ ခရစ်တော်ယေရှု၏ မျက်လုံးများဖြင့် မိမိ၏အပြစ်ကိုပြန်လည်မြင်တွေ့ခြင်းဖြစ်သည်။ လူသည် ဘုရားသခင်ရှေ့တော်သို့ စင် ကြယ်သောနှလုံးသားဖြင့်ဝင်ရောက်ပြီး မိမိအပြစ်များကိုဖြေလွှတ်စေလိုလျှင် မိမိအပြစ်များကိုဝန်ချ တောင်း ပန်ရမည်ဖြစ်သည် (ရော၊ ၁၀:၉-၁၀)။ နောင်တရှိ၍ စိတ်နှိမ့်ချ (contrite) သောသူတို့ကိုလည်း ကယ်တင်တော်မူ၏။... ဆာ၊ ၃၄:၁၈ - Ps 34:18ကျိုးပဲ့ကြေမွ (contrite) သောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။ ... ဆာ၊ ၅၁:၁၇ - Ps 51:17စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ (contrite) သောသူတို့၏စိတ်ဝိညာဉ်၊ ... ဟေရှာ၊ ၅၇:၁၅ - Isa 57:15နှလုံးကြေကွဲ (contrite) ခြင်း၊ ငါ့စကားကြောင့်တုန်လှုပ်ခြင်းရှိသောသူကိုသာ... ဟေရှာ၊ ၆၆:၂ - Isa 66:2