Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

c


charge / chargedပညတ်ထားခြင်း၊ မှာထားခြင်းTo be blamed or accused of doing or saying something. A personal or formal accusation that can be made against someone. If found guilty, personal revenge or legal actions may be taken against the perpetrator. A charge can also mean a direct command given to someone ... an important responsibility, for example. တစ်စုံတစ်ခုကိုလုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းအပေါ် အပြစ်တင်ခြင်း၊ စွပ်စွဲခြင်း။ တစ်စုံတစ်ဦးအား ဆန့် ကျင်ပြီး ကိုယ်ရေးကိုယ်တာအရသော်လည်းကောင်း၊ တရားဝင်အရသော်လည်းကောင်း စွပ်စွဲပြောဆို ခြင်း။ အပြစ်ကျူးလွန်ကြောင်းတွေ့ရှိလျှင် အပြစ်ကျူးလွန်သူကို ကိုယ်တိုင်လက်စားခြေ၍သော်လည်း ကောင်း၊ တရားနည်းလမ်းအရရင်ဆိုင်၍သော်လည်းကောင်း လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်စုံတစ်ဦး အားတိုက်ရိုက်အမိန့်ပေးခြင်းဟုလည်း အဓိပ္ပာယ်ရသည်။ ဉပမာ - အရေးကြီးသောတာဝန်ပေးအပ်ခြင်း။ ငါစီရင်မှာထား (charge) သောပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု၊ ... က၊ ၂၆:၅ - Gen 26:5လုလင်တို့သည် သင့်ကိုမနှောင့်ယှက်ရမည်အကြောင်း ငါမှာထား (charged) ပြီ။ ... ရု၊ ၂:၉ - Ruth 2:9ရှင်ဘုရင်ထံတော်၌ စစ်သတင်းကိုအကုန်အစင်ကြားလျှောက် (charged) ပြီးလျှင်၊ ... ၂ရာ၊ ၁၁:၁၉ - 2 Sam 11:19အိမ်တော်ကိုတည်ဆောက်ရမည်အကြောင်း မှာထား (charged) လေသည်မှာ၊ ... ၅ရာ၊ ၂၂:၆ - 1 Chr 22:6အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်း မှာထား (charged) တော်မူပြီ။ ... ၆ရာ၊ ၃၆:၂၃ (ဧဇ၊ ၁:၂) - 2 Chr 36:23 (Ezra 1:2)ကောင်းကင်တမန်တို့အား သင့်အဖို့မှာထား (charge) တော်မူသည်ဖြစ်၍၊ ... ဆာ၊ ၉၁:၁၁ (မ၊ ၄:၆။ လု၊ ၄:၁၀) - Ps 91:11 (Matt 4:6; Luke 4:10)ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှာ …. ပညတ်တော်မူ (charged) ၏။ ... မ၊ ၁၆:၂၀ - Matt 16:20ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ (charged) ၍၊ ... မာ၊ ၅:၄၃ - Mark 5:43ဤသူတို့ပြုသောဒုစရိုက်အပြစ်ကို မှတ်တော်မမူ (charge) ပါနှင့်ဟု၊ ... တ၊ ၇:၆၀ - Acts 7:60 ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည်အပြစ်တင် (charge) မည်နည်း။ ... ရော၊ ၈:၃၃ - Rom 8:33 အဘယ်သို့တိုက်တွန်းသွေးဆောင်၍ မှာထား (charged) သည်ကို၊ ... ၁သက်၊ ၂:၁၁ - 1 Thes 2:11သင်သည် အချို့သောသူတို့ကို ပညတ်ထား (charge) ၍၊ ... ၁တိ၊ ၁:၃ - 1 Tim 1:3ကောင်းကင်တမန်တို့ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုသစ္စာ (charge) ပေး၏။ ... ၁တိ၊ ၅:၂၁ - 1 Tim 5:21ယေရှုခရစ်ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုပညတ်ထား (charge) ၏။ ... ၁တိ၊ ၆:၁၄ - 1 Tim 6:13ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ဆည်းပူးခြင်းတို့ကို .... ပညတ်ထား (Charge) လော့။ ... ၁တိ၊ ၆:၁၇ - 1 Tim 6:17ငါသည် သင့်ကိုသစ္စာပေး (charge) သည်ကား၊ ... ၂တိ၊ ၄:၁ - 2 Tim 4:1
chariotရထားA two wheel horse-drawn cart often used in a time of war; a way of transportation. ဘီးနှစ်ဘီးရှိပြီး မြင်းဖြင့်ဆွဲသောလှည်းဖြစ်သည်။ စစ်ပွဲများတွင်အသုံးပြုသည်။ ခရီးသွားရာတွင်လည်း အ သုံးပြုသည်။ ယောသပ်သည်ရထား (chariot) ကိုပြင်၍ အဘဣသရေလကို၊ ... က၊ ၄၆:၂၉ - Gen 46:29ဘုရားသခင်၏ရထား(chariots) တော်တို့သည် အထောင်အသောင်းမက၊ ... ဆာ၊ ၆၈:၁၇ - Ps 68:17နှစ်စီးစီချီလာသော မြင်းတပ်(chariot) တစ်တပ်၊ ... ဟေရှာ၊ ၂၁:၇ - Isa 21:7 မိမိရထား(chariot) ပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းစာကို၊ ... တ၊ ၈:၂၈ - Acts 8:28ထိုရထား(chariot) သို့ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား၊ ... တ၊ ၈:၂၉ - Acts 8:29 စစ်တိုက်၍ပြေးလာသော မြင်းရထား(chariots) အများ၏အသံကဲ့သို့ဖြစ်၏။ ... ဗျာ၊ ၉:၉ - Rev 9:9
charityချစ်ခြင်းမေတ္တာAid, contribution, gifts, donations, help, assistance; the idea of giving to others from a heart of love. DTP Disciples are to be loving, giving people; they use God's gracious gifts to them to assist and serve others. အထောက်အကူ၊ အထောက်အပံ့၊ လက်ဆောင်၊ အလှူ၊ မစခြင်း၊ အကူအညီ။ နှလုံးသားထဲမှချစ်ခြင်း မေတ္တာ အပြည့်အဝဖြင့် သူတစ်ပါးအားပေးကမ်းခြင်း။ ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာရှိသူ၊ ပေးကမ်းသူ ဖြစ်ရမည်။ ဘုရားသခင်၏ချစ်ခင်နှစ်သက်ဖွယ်သောမစခြင်းကိုအသုံးပြုပြီး သူတစ်ပါးအား အကူအညီ ပေးရန်နှင့်အစေခံရန်ဖြစ်သည်။မေတ္တာ (charity) မူကား တည်ဆောက်တတ်၏။ ... ၁ကော၊ ၈:၁ - 1 Cor 8:1မေတ္တာ (charity) မရှိလျှင် အသံမြည်သောတံပိုးခရာကဲ့သို့လည်းကောင်း၊ ... ၁ကော၊ ၁၃:၁ - 1 Cor 13:1ချစ်ခြင်းမေတ္တာ (charity) သည် အမြတ်ဆုံးဖြစ်သတည်း။ ... ၁ကော၊ ၁၃:၁၃ - 1 Cor 13:13ချစ်ခြင်းမေတ္တာ (charity) ကို မီအောင်လိုက်ကြလော့။ ... ၁ကော၊ ၁၄:၁ - 1 Cor 14:1ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာ (charity) စိတ်နှင့်ဆောင်ရွက်ကြလော့။... ၁ကော၊ ၁၆:၁၄ 1 Cor 16:14ချစ်ခြင်းမေတ္တာ (charity) ကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။ ... ကော၊ ၃:၁၄ - Col 3:14မှန်သောယုံကြည်ခြင်း …. ချစ်ခြင်းမေတ္တာ (charity) ဖြစ်သတည်း။ ... ၁တိ၊ ၁:၅ - 1 Tim 1:5ယုံကြည်ချင်း၊ ချစ်ခြင်း(charity)၊ သည်းခံခြင်း၌ စိတ်သန်သောသူ၊ ... တိ၊ ၂:၂ - Tit 2:2အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာ (charity) ရှိကြလော့။ ... ၁ပေ၊ ၄:၈ - 1 Pet 4:8ချစ်ခြင်းမေတ္တာ (charity) သည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။ ... ၁ပေ၊ ၄:၈ - 1 Pet 4:8အချင်းချင်း … မေတ္တာ (charity) နမ်းခြင်းနှင့်နှုတ်ဆက်ကြလော့။ ... ၁ပေ၊ ၅:၁၄ - 1 Pet 5:14ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာ (charity) ကိုလည်းကောင်း၊ ... ၂ပေ၊ ၁:၇ - 2 Pet 1:7သင်၏ချစ်ခြင်းမေတ္တာ (charity) အကြောင်းကို အသင်းတော်ရှေ့၌သက်သေခံကြ၏။ ... ၃ယော၊ ၁:၆ - 3 John 1:6
chastisementဆုံးမခြင်းReprimand, discipline, punishment, rebuke, scolding; can be applied physically or verbally. DTP Christ took upon Himself our chastisement. We need to remember to give thanks daily for what Christ Jesus has done for us in giving us freedom and life here on earth. ကျပ်တည်းစွာဆိုဆုံးမခြင်း၊ စည်းကမ်းဉပဒေ၊ အပြစ်ပေးခြင်း၊ အပြစ်တင်သည်၊ ဆူသည်။ ကိုယ်ခန္ဓာအား ဖြင့်လည်းကောင်း၊ နှုတ်အားဖြင့်လည်းကောင်းဆုံးမခြင်း။ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်တိုင်ယူဆောင်သည်။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ရရှိသည့်လွတ်လပ်မှုနှင့် ခရစ်တော် ယေရှုလုပ်ဆောင်ပေးသောအရာများအတွက် နေ့စဉ်ကျေးဇူးတော်ချီးမွမ်းရမည်ဖြစ်သည်။ ဘုရားသခင်ထာဝရဘုရား ဆုံးမ (chastisement) တော်မူခြင်းကိုလည်းကောင်း၊ ... တရား၊ ၁၁:၂ - Deut 11:2ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမ (chastisement) ခြင်းသည်၊ ... ဟေရှာ၊ ၅၃:၅ - Isa 53:5သားအပေါင်းတို့သည် ခံတတ်သောဆုံးမ (chastisement) ခြင်းကို၊ ... ဟေဗြဲ၊ ၁၂:၈ - Heb 12:8
cherub / cherubimsခေရုဗိမ်These are heavenly creatures that have four faces and four wings (Ezek 10:14, 21). The four faces were 1) the Cherub, 2) a man, 3) a lion and 4) an eagle. These are real, and are portrayed on the Ark of the Covenant. They also stood guard over the Garden of Eden (Gen 3:24). မျက်နှာလေးခုနှင့်အတောင်လေးခုရှိသော ကောင်းကင်သတ္တာဝါရှိပါသည် (ယေဇ၊ ၁၀:၁၄၊ ၂၁)။ မျက်နှာလေးခုမှာ (၁) ခေရုဗိမ်မျက်နှာ (၂) လူမျက်နှာ (၃) ခြ‌ေင်္သ့မျက်နှာ (၄) ရွှေလင်းတမျက်နှာဖြစ်ကြ သည်။ ၎င်းတို့သည် အစစ်အမှန်ဖြစ်ပြီး ပဋိညာဉ်သေတ္တာပေါ်တွက်ပုံဖော်ထားသည်။ ဧဒင်ဉယျဉ်ကိုလည်း စောင့်ရှောက်သည်။ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ် (cherubims) တို့ကို၊ ... က၊ ၃:၂၄ - Gen 3:24ထိုခေရုဗိမ် (cherubims) နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲကထုတ်၍၊ ... ထွ၊ ၂၅:၁၉ - Ex 25:19ခေရုဗိမ် (cherubims) နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ ... ထွ၊ ၂၅:၂၀ - Ex 25:20ခေရုဗိမ် (cherub) အတောင်တို့သည် …. အလျားငါးတောင်စီရှိ၍၊ ... ၃ရာ၊ ၆:၂၄ - 1 Kin 6:24ခေရုဗိမ် (cherub) ကိုစီးလျက် ပျံတော်မူ၏။ ... ဆာ၊ ၁၈:၁၀ - Ps 18:10ခေရုဗိမ် (cherubim) တွင် ကျိန်းဝပ်တော်မူ၏။ ... ဆာ၊ ၉၉:၁ - Ps 99:1ခေရုဗိမ် (cherubims) အကြားမှာရှိသော မီးခဲတို့ကို၊ ... ယေဇ၊ ၁၀:၂ - Ezek 10:2ခေရုဗိမ် (cherubims') အတောင်တို့၏ အသံကိုကြားရ၏။ ... ယေဇ၊ ၁၀:၅ - Ezek 10:5ဘုန်းကြီးသောခေရုဗိမ် (cherubim) တို့သည် အပြစ်ဖြေရာပလ္လင်ကို၊ ... ဟေဗြဲ၊ ၉:၅ - Heb 9:5
chiefအကဲအမှူးOne who is in authority, a ruler over others, a noble or prince. DTP Christ is our chief and leader. He is the head of the church and we need to surrender daily to His will for our lives. Our lives need to line up to His divine purpose both for ourselves and for the church. အာဏာရှိသူ၊ အခြားသူများကိုအုပ်ချုပ်သူ၊ မြင့်မြတ်သူ သို့မဟုတ် မင်းသား။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကဲအမှူးနှင့်ခေါင်းဆောင်။ ကိုယ်တော်သည် အသင်းတော်၏ဦးခေါင်းဖြစ်ပြီး ကျွန်ုပ်တို့အသက်တာကို ကိုယ်တော်အတွက်နေ့စဉ်ဆက်ကပ်အပ်နှံရမည်။ ကျွန်ုပ်တို့သည် မိမိကိုယ်တိုင်နှင့်အသင်းတော်အတွက် ဘုရားရှင်၏ရည်ရွယ်ချက်အတိုင်း သက်ရှင်ရမည်ဖြစ်သည်။ဣသရေလအမျိုး အသက်ကြီးသူ (chief) အပေါင်းတို့နှင့်၊ ... ၃ရာ၊ ၈:၁ (၆ရာ၊ ၅:၂) - 1 Kin 8:1 (2 Chr 5:2)လူတစ်သောင်းတို့တွင် အထွဋ်အမြတ် (chiefest) ဖြစ်တော်မူ၏။ ... သီ၊ ၅:၁၀ - Song 5:10သင်တို့တွင် အကဲအမှူး(chief) ပြုလိုသောသူကို၊ ... မ၊ ၂၀:၂၇ (မာ၊ ၁၀:၄၄။ လု၊ ၂၂:၂၆) - Matt 20:27 (Mark 10:44; Luke 22:26)ဤသူသည် နတ်ဆိုးမင်း(chief) ဗေလဇေဗုလကို အမှီပြု၍၊ ... လု၊ ၁၁:၁၅ - Luke 11:15ဇက္ခဲအမည်ရှိသော အခွန်ခေါင်း(chief) တစ်ယောက် ရှိ၏။... လု၊ ၁၉:၂ - Luke 19:2 တိုက်မြစ်(chief) အပေါ်၌ သင်တို့သည်ထပ်ဆင့်၍တည်ဆောက်လျက်၊ ... ဧ၊ ၂:၂၀ - Eph 2:20အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံး(chief) ဖြစ်၏။ ... ၁တိ၊ ၁:၁၅ - came … to save sinners: of who I am chief. 1 Tim 1:15တိုက်ထောင့်အမြစ်ကျောက် (chief) မြတ်ကို၊ ... ၁ပေ၊ ၂:၆ - Lay in Zion a chief corner stone, elect, 1 Pet 2:6သိုးထိန်းအကြီး(chief) ပေါ်ထွန်းတော်မူသောအခါ၊ ... ၁ပေ၊ ၅:၄ - when the chief Shepherd shall appear, ye shall 1 Pet 5:4
chief priest / priestsThese were men of the priestly families and for many centuries they were the head leaders in their communities. Some became high priests and were well trained in the law; they often attacked Jesus concerning His teaching and lifestyle. ယဇ်ပုရောဟိတ်မိသားစုမှဆင်းသက်သောသူများဖြစ်ကြပြီး ရာစုနှစ်ပေါင်းများစွာအတွင်း မိမိတို့၏အ သိုင်းအဝန်းတွင်ခေါင်းဆောင်များဖြစ်ကြသည်။ အချို့တို့သည် ယဇ်ပုရောဟိတ်မင်းကြီးဖြစ်လာကြပြီး ပညတ်တော်များကိုကောင်းစွာသိကျွမ်းနားလည်ကြသည်။ သူတို့သည် သခင်ယေရှု၏သွန်သင်ချက်များ နှင့်အသက်ရှင်နေထိုင်မှုတို့ကို မကြာခဏငြင်းခုံတိုက်ခိုက်ကြသည်။ ယဇ်ပုရောဟိတ်မင်းကြီး(chief priest) ယောယဒသား ဗေနာယနှင့်၊ ... ၅ရာ၊ ၂၇:၅ - 1 Chr 27:5ယဇ်ပုရောဟိတ်မင်း(chief priest) အာမရိသည် သင်တို့ကိုအုပ်ချုပ်ရ၏။ ... ၆ရာ၊ ၁၉:၁၁ - 2 Chr 19:11ယဇ်ပုရောဟိတ်အကြီး(chief priest) တို့နှင့်၊ ... မ၊ ၂:၄ - Matt 2:4လူသားသည် ယဇ်ပုရောဟိတ်အကြီး(chief priest)၊ ကျမ်းပြုဆရာတို့လက်သို့၊ ... မ၊ ၂၀:၁၈ - Matt 20:18 ယဇ်ပုရောဟိတ်အကြီး(chief priest) တို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သော၊ ... မ၊ ၂၇:၁ - Matt 27:1ယဇ်ပုရောဟိတ်အကြီး(chief priest)၊ ကျမ်းပြုဆရာ၊ ... မ၊ ၂၇:၄၁ - Matt 27:41ယဇ်ပုရောဟိတ်အကြီး(chief priest) တို့နှင့် လူအကြီးအကဲတို့ပြောဆိုသမျှကို၊ ... တ၊ ၄:၂၃ - Acts 4:23ယဇ်ပုရောဟိတ်အကြီး(chief priest) တို့ပေးသော အခွင့်အရာနှင့်၊ ... တ၊ ၂၆:၁၂ - Acts 26:12
child / childrenသူငယ်၊ သားသမီးYoungster, adolescent, offspring. DTP When one puts their faith in Jesus Christ we become Christ's children. သူငယ်၊ ကြီးကောင်ဝင်ချိန်၊ လူသားသမီးများ။ တစ်စုံတစ်ဦးသည် ယေရှုခရစ်တော်၌ယုံကြည်ခြင်းရှိပါ လျှင် ခရစ်တော်၏သားသမီးများဖြစ်လာကြသည်။ ထိုသူငယ် (child) ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ ... က၊ ၂၁:၈ - Gen 21:8အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလသား(children) တို့၏၊ ... ထွ၊ ၁:၁ - Ex 1:1အဘတို့၏အပြစ်ကို သား(children) တို့၌ဆပ်ပေးစီရင်သောဘုရား၊ ... ထွ၊ ၂၀:၅ (၃၄:၇။ တော၊ ၁၄:၁၈။ တရား၊ ၅:၉) - Ex 20:5 (34:7; Num 14:18; Deut 5:9)ဣသရေလအမျိုးသား(children) တို့အား ပြန်ပြောရသောစကားဟူမူကား၊ ... ထွ၊ ၂၀:၂၂ - Ex 20:22ငါ့ကိုကြောက်ရွံ့၍ သားမြေး(children) တို့အား သွန်သင်စေခြင်းငှာ၊ ... တရား၊ ၄:၁၀ - Deut 4:10သင်၏သားသမီး(children) တို့အား ကြိုးစား၍သွန်သင်ရမည်။ ... တရား၊ ၆:၇ - Deut 6:7ယော်ဒန်မြစ်ကိုကူးလာကြသည်ဟု သားသမီး(children) တို့အား၊ ... ယောရှု၊ ၄:၂၂ - Josh 4:22ပဋိသန္ဓေယူ၍ ဖွားမြင်လတ္တံ့သောသား(child) ယောက်ျားသည်၊ ... သူကြီး၊ ၁၃:၅ - Judg 13:5သူငယ်(child) ကိုရမည်အကြောင်း ဆုတောင်းပါ၏။ ... ၁ရာ၊ ၁:၂၇ - 1 Sam 1:27အချင်းသူငယ်(children) တို့ လာကြလော့။... ဆာ၊ ၃၄:၁၁ - Ps 34:11သတိပြုသောသူတို့၏ သား(children's children) စဉ်မြေးဆက်တို့သည်၊ ... ဆာ၊ ၁၀၃:၁၈ - Ps 103:17 ဖွားမြင်သော သားသမီး(children) တို့သည်ထာဝရဘုရားဆုချ၍၊ ... ဆာ၊ ၁၂၇:၃ - Ps 127:3ငါ့သား(children) တို့၊ အဘ၏နည်းဥပဒေသကိုနားထောင်၍၊ ... သု၊ ၄:၁ - Prov 4:1သူငယ်(child) သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ ... သု၊ ၂၂:၆ - Prov 22:6သူငယ်(child) ကို မဆုံးမဘဲမနေနှင့်။ ... သု၊ ၂၃:၁၃ - Prov 23:13ငါတို့အဖို့ သူငယ်(child) ကိုဖွားမြင်၏။ ... ဟေရှာ၊ ၉:၆ - Isa 9:6 လူသူငယ်(child) သည် သူတို့ကိုပို့ဆောင်လိမ့်မည်။ ... ဟေရှာ၊ ၁၁:၆ - Isa 11:6သင်၏သားသမီး(children) အပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်၊ ... ဟေရှာ၊ ၅၄:၁၃ - Isa 54:13ကိုယ်သား(children) တို့အား ပြောကြလော့။ ... ယောလ၊ ၁:၃ - Joel 1:3အဘတို့နှင့် သား(children) တို့ကိုလည်းကောင်း၊ ... မာလ၊ ၄:၆ (လု၊ ၁:၁၇) - Mal 4:6 (Luke 1:17)သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲ(child) နေ၏။ ... မ၊ ၁:၁၈ - Matt 1:18 (Not direct word)သား(child) ယောက်ျားကို ဖွားမြင်လတ္တံ့။ ... မ၊ ၁:၂၃ - Matt 1:23ကိုယ်သား(children) တို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ... မ၊ ၇:၁၁ (လု၊ ၁၁:၁၃) - Matt 7:11 (Luke 11:13)သားသမီး(children) တို့သည်လည်း မိဘကိုရန်ဘက်ပြု၍၊ ... မ၊ ၁၀:၂၁ (မာ၊ ၁၃:၁၂) - Matt 10:21 (Mark 13:12)ကောင်းသောအစေ့ကား နိုင်ငံတော်သား(children) ဖြစ်၏။ ... မ၊ ၁၃:၃၈ - Matt 13:38သူငယ်(child) တစ်ယောက်ကို ခေါ်တော်မူ၍၊ ... မ၊ ၁၈:၂ (မာ၊ ၉:၃၆။ လု၊ ၉:၄၇) - Matt 18:2 (Mark 9:36; Luke 9:47)သင်တို့သည်ပြောင်းလဲ၍ သူငယ်(children) ကဲ့သို့မဖြစ်လျှင်၊ ... မ၊ ၁၈:၃ - Matt 18:3ယေရှုကလည်း၊ ထိုသူငယ်(children) တို့ကို ရှိစေတော့။ ... မ၊ ၁၉:၁၄ (မာ၊ ၁၀:၁၄။ လု၊ ၁၈:၁၆) - Matt 19:14 (Mark 10:14; Luke 18:16)ဤကဲ့သို့သော သူငယ်(children) တစ်စုံတစ်ယောက်ကို လက်ခံ၏။ ... မာ၊ ၉:၃၇ - Mark 9:37ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်(child) ကဲ့သို့မခံမယူ၊ ... မာ၊ ၁၀:၁၅ (လု၊ ၁၈:၁၇) - Mark 10:15 (Luke 18:17) အရေဖျားလှီးခြင်းကို သူငယ်(child) အားပေးအံ့သောငှာ၊ ... လု၊ ၁:၅၉ - Luke 1:59သူငယ်(child) ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ... လု၊ ၂:၄၃ - Luke 2:43လောကီသား(children) တို့သည် မိမိတို့အမှုကို၊ ... လု၊ ၁၆:၈ - Luke 16:8အလင်းရှိစဉ်အခါ အလင်း၏သား(children) ဖြစ်အံ့သောငှာ၊ ... ယော၊ ၁၂:၃၆ - John 12:36သင်တို့၏ သားသမီး(children) တို့နှင့်လည်းကောင်း၊ ... တ၊ ၂:၃၉ - Acts 2:39ငါတို့သည် ဘုရားသခင်၏သား(children) ဖြစ်ကြသည်ဟု၊ ... ရော၊ ၈:၁၆ - Rom 8:16 အသက်ရှင်တော်မူသော ဘုရားသခင်၏သား(children) ဟု၊ ... ရော၊ ၉:၂၆ - Rom 9:26ငါသည် သူငယ်(child) ဖြစ်စဉ်အခါ၊ သူငယ်(children) လိုစကားပြော၏။ ... ၁ကော၊ ၁၃:၁၁ - 1 Cor 13:11အသက်ကြီးသောအခါမူကား၊ သူငယ် (childish) ၏အရာများကို ငါပယ်ရှား၏။ ... ၁ကော၊ ၁၃:၁၁ - 1 Cor 13:11ယေရှုခရစ်အားဖြင့် သား(children) အရာကိုရမည်အကြောင်း၊ ... ဧ၊ ၁:၅ - Eph 1:5ဖရိုဖရဲလွင့်သွားသော သူငယ်(children) မဖြစ်ဘဲလျက်၊ ... ဧ၊ ၄:၁၄ - Eph 4:14အလင်း၏သား(children) ကဲ့သို့ ကျင့်နေကြလော့။ ... ဧ၊ ၅:၈ - Eph 5:8သားသမီး(children) တို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ၊ ... ဧ၊ ၆:၁ (ကော၊ ၃:၂၀) - Eph 6:1 (Col 3:20)ကိုယ်သားသမီး(children) ကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ... ဧ၊ ၆:၄ - Eph 6:4 (Col 3:21)အလင်း၏သား(children)၊ နေ့၏သား(children) ဖြစ်ကြ၏။ ... ၁သက်၊ ၅:၅ - 1 Thes 5:5 ဓမ္မကျမ်းစာကို ငယ်သောအရွယ်(child) မှစ၍၊ ... ၂တိ၊ ၃:၁၅ - 2 Tim 3:15နားထောင်တတ်သော သူငယ်(children) ကဲ့သို့ ဖြစ်၍၊ ... ၁ပေ၊ ၁:၁၄ - 1 Pet 1:14ချစ်သား(children) တို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ၊ ... ၁ယော၊ ၂:၁ - 1 John 2:1ဣသရေလအမျိုးတစ်ဆယ်နှစ်မျိုး၏ နာမတို့သည်၊ ... ဗျာ၊ ၂၁:၁၂ - Rev 21:12 (No word for children)
children of Godဘုရားသခင်၏သားOffspring. DTP When one becomes a believer or disciple of Christ, one becomes a child of God; we are joint heirs with Jesus; we become part of His family. သားသမီး။ တစ်စုံတစ်ဦးသည် ခရစ်တော်ကိုယုံကြည်သူ သို့မဟုတ် ခရစ်တော်၏တပည့်တော်ဖြစ်လာ လျှင် ဘုရားသခင်၏သားသမီးများဖြစ်လာကြသည်။ သခင်ယေရှုနှင့်အတူ အမွေခံများဖြစ်ကြပြီး မိသားစု ဝင်များလည်းဖြစ်လာကြသည်။ အမြင့်ဆုံးသောဘုရား၏သား (children of the most High) ဖြစ်ကြ၏၊ ... ဆာ၊ ၈၂:၆ - Ps 82:6ဘုရားသခင်၏သား(children of God) တော်ဟု ခေါ်ဝေါ်ခြင်းကိုခံရကြလတ္တံ့။ ... မ၊ ၅:၉ - Matt 5:9ဘုရားသခင်သား(children of God) တို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော၊ ... ရော၊ ၈:၂၁ - Rom 8:21ယေရှုခရစ်ကိုယုံကြည်သဖြင့် ဘုရားသခင်၏သား(children of God)၊ ... ဂလာ၊ ၃:၂၆ - Gal 3:26ဘုရားသခင်၏သား(children of God) တို့နှင့် မာရ်နတ်၏သားတို့သည်၊ ... ၁ယော၊ ၃:၁၀ - 1 John 3:10ဘုရားသခင်၏သား(children of God) တို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။ ... ၁ယော၊ ၅:၂ - I John 5:2
choiceရွေးကောက်၊ ရွေးချယ်This word gives the idea of making a decision between one or more things. Such decisions can be in the realm of the physical or the mental. DTP It also can deal with making spiritual choices: to serve oneself or to serve God, to serve the gods of this world or to serve Jesus Christ as Lord and Saviour. All choices do bear some type of result or consequences, and that is why one needs to choose carefully. We need to make sure we are being led by the Holy Spirit and that we are fulfilling God's will for our lives. ဤစာလုံးသည် တစ်ခုနှင့်အခြားတစ်ခု သို့မဟုတ် များစွာသောအရာများအထဲတွင် ဆုံးဖြတ်ချက်ချသော အရာဖြစ်သည်။ ထိုဆုံးဖြတ်ချက်များတွင် ခန္ဓာနှင့်စိတ်ပိုင်ဆိုင်ရာတို့ပါဝင်သည်။ ဝိညာဉ်ဆိုင်ရာနှင့်လည်း ပတ်သက်သည်။ တစ်စုံတစ်ဦး၏အမှု သို့မဟုတ် ဘုရားသခင်၏အမှုကိုဆောင်ရမည်လား၊ ဤလောက အမှုအရာ သို့မဟုတ် ကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏အမှုတော်ကိုဆောင်ရမည်လား ဆိုသည့်ရွေး ချယ်ဆုံးဖြတ်ချက်ချရန်ဖြစ်သည်။ ဆုံးဖြတ်ချက်အားလုံးသည် ရလဒ် သို့မဟုတ် အကျိုးဆက်များရှိသဖြင့် သေချာစွာသတိထားဆုံးဖြတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှု အောက်တွင် သေချာစွာရှိနေရမည်ဖြစ်ပြီး ကျွန်ုပ်တို့အသက်တာတွင် ဘုရားသခင်၏အလိုတော်ကို ပြည့်စုံ စေရမည်ဖြစ်သည်။ ထိုသားသည် အဆင်းလှ (choice) ၍ ထူးဆန်းသော သူဖြစ်၏။ ... ၁ရာ၊ ၉:၂ - 1 Sam 9:2ဣသရေလလူတို့တွင် သန်မြန်သော (choice) သူရှိသမျှတို့ကိုရွေးကောက်၍၊ ... ၅ရာ၊ ၁၉:၁၀ - 1 Chr 19:10အကောင်းဆုံး(choice) သော ထင်းရှူးပင်တို့ကို၊ ... ဟေရှာ၊ ၃၇:၂၄ - Isa 37:24ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင်ရွေးကောက် (choice) တော်မူ၍၊ ... တ၊ ၁၅:၇ - Acts 15:7
choir / choirsသီချင်း၊ သံစုံHost of singers; singing group, gospel choir, chorus. DTP Worship is an essential part of how we can come into a personal relationship with God; singing is a meaningful way we can express the desires of our heart; by coming together as a choir we show unity and harmony as one in spirit; singing is a channel whereby we can release to God the burdens of our heart; singing is taking the prayers of our heart and giving them forth to God in song; singing is praising God. (1 Chr 6:31-47; 1 Chr 25:2-7; Luke 2:13) သီချင်းသီဆိုသူများအစုအဖွဲ့၊ ဓမ္မတေးသီချင်း။ ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်နှင့်မိမိကိုယ်တိုင် မိတ်သဟာယဖွဲ့ခြင်းအတွက် မဖြစ်မနေလုပ်ဆောင်ရသောအမှုအရာဖြစ်သည်။ သီချင်းသီဆိုခြင်းသည် ကျွန်ုပ်တို့နှလုံးသား၏အလိုဆန္ဒများကိုထုတ်ဖော်သည့် အဓိပ္ပာယ်ရှိသောနည်းလမ်းဖြစ်သည်။ စုပေါင်း သီချင်းသီဆိုခြင်းသည် ဝိညာဉ်ရေးတွင်တစ်လုံးတစ်ဝတည်း၊ တညီတညွှတ်တည်းရှိခြင်းကိုဖော်ဆောင် သည်။ သီချင်းသီဆိုခြင်းသည် ကျွန်ုပ်တို့နှလုံးသား၏လေးလံသောဝန်တို့ကို ဘုရားသခင်ထံထုတ်ဖော် သောလမ်းကြောင်းဖြစ်သည်။ သီချင်းသီဆိုခြင်းသည် ဆုတောင်းခြင်းဖြစ်သကဲ့သို့ ဘုရားသခင်ကိုချီးမွမ်း ခြင်းလည်းဖြစ်သည်။ သီချင်း(choirs) သည်နှစ်စုသည် ဘုရားသခင်အိမ်တော်တွင်ရပ်၍၊... နေ၊ ၁၂:၄၀ - Neh 12:40သီချင်း (choirs) ဆရာခေနနိနှင့် သီချင်း(choirs) ဆိုသူများတို့သည်၊ ... ၅ရာ၊ ၁၅:၂၇ - 1 Chr 15:27
choose / choseရွေးချယ်Select, pick; to make a choice. DTP The disciple has to choose between the things of this world or the things of God. ရွေးချယ်၊ ရွေးကောက်၊ ကြိုက်နှစ်သက်သောအရာကိုရွေး။ ကျွန်ုပ်တို့သည် လောက၏ဆိုင်သောအရာနှင့် ဘုရားသခင်၏ဆိုင်သောအရာကို ရွေးချယ်ရမည်ဖြစ်သည်။ နာမတော်ကိုတည်စေဖို့ရာ ရွေးကောက် (choose) တော်မူသောအရပ်၌၊ ... တရား၊ ၁၄:၂၃ - Deut 14:23ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထား(choose) သည်ဟု၊ ... တရား၊ ၃၀:၁၉ - Deut 30:19 (Not direct word)အဘယ်မည်သောဘုရားတို့အား …. ယနေ့ရွေး(choose) ကြလော့။ ... ယောရှု၊ ၂၄:၁၅ - Josh 24:15ဣသရေလခရိုင်များတို့အထဲက ရွေးကောက်(choose) သော၊ ... ၃ရာ၊ ၁၄:၂၁ (၆ရာ၊ ၁၂:၁၃) - 1 Kin 14:21 (2 Chr 12:13)ထိုသူအား နှစ်သက်(choose) ဖွယ်သောလမ်းကို ပြညွှန်တော်မူမည်။ ... ဆာ၊ ၂၅:၁၂ - Ps 25:12 (Not direct word)ကိုယ်တော် ရွေးကောက်(choosest) တော်မူသောသူသည် မင်္ဂလာရှိပါ၏။ ... ဆာ၊ ၆၅:၄ - Ps 65:4ကောင်းသောအရာကို ရွေး(choose) ယူတတ်သည်တိုင်အောင်၊ ... ဟေရှာ၊ ၇:၁၅၊ ၁၆ - Isa 7:15, 16
chosenရွေးကောက်Have selected, have picked. DTP As a disciple of Christ we need to understand that Jesus sought us out and called us and because of that we are now part of a chosen generation (1Pet 2:9). ရွေးကောက်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏တပည့်တော်များအဖြစ် ခေါ်ယူရွေးကောက်ခံရသဖြင့် ‌ယခုဆိုလျှင် ရွေးချယ်တော်မူသောအမျိုးဖြစ်ကြပြီ (၁ပေ၊ ၂:၉)။ ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင့်ကိုရွေးချယ် (chosen) တော်မူပြီ။ ... တရား၊ ၇:၆ - Deut 7:6 သင်၏အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကိုရွေးကောက် (chosen) တော်မူပြီ။ ... တရား၊ ၁၈:၅ - Deut 18:5ရွေးချယ် (chosen) တော်မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည်၊ ... တရား၊ ၂၁:၅ - Deut 21:5ရွေးကောက် (chosen) တော်မူသော မိမိလူတို့ကို၊ ... ဆာ၊ ၁၀၅:၄၃ - Ps 105:43ထာဝရဘုရားသည် ဇိအုန်မြို့ကိုရွေးကောက် (chosen) ၍၊ ... ဆာ၊ ၁၃၂:၁၃ - Ps 132:13ဉာဏ်နှင့်ပြည့်စုံခြင်းကို အမြတ်ထားစရာ (chosen) အလွန်ကောင်း၏။ ... သု၊ ၁၆:၁၆ - Prov 16:16ကောင်းသောအသရေကို များစွာသောဥစ္စာထက်သာ၍ရွေး(chosen) စရာကောင်း၏။ ... သု၊ ၂၂:၁ - Prov 22:1ငါ၏သက်သေ၊ ငါရွေးကောက် (chosen) သောကျွန် ဖြစ်ကြ၏။ ... ဟေရှာ၊ ၄၃:၁၀ (မ၊ ၁၂:၁၈) - Isa 43:10 (Matt 12:18)ထိုသူတို့သည် မိမိအလိုရှိရာလမ်းကို ရွေး(chosen) ကြ၏။ ... ဟေရှာ၊ ၆၆:၃ - Isa 66:3ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက် (chosen) တော်မူသောသူ၊ ... မ၊ ၂၀:၁၆ - Matt 20:16ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက် (chosen) တော်မူသောသူ၊ ... မ၊ ၂၂:၁၄ - Matt 22:14တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက် (chosen) သည် မဟုတ်လော။ ... ယော၊ ၆:၇၀ - John 6:70ငါ၏နာမကိုပို့ဆောင်စေခြင်းငှာ ငါရွေးကောက် (chosen) သော၊ ... တ၊ ၉:၁၅ - Acts 9:15လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက် (chosen) တော်မူ၏။ ... ၁ကော၊ ၁:၂၇ - 1 Cor 1:27ငါတို့ကို ခရစ်တော်၌ ရွေးကောက် (chosen) တော်မူသည်နှင့်၊ ... ဧ၊ ၁:၄ - Eph 1:4ဘုရားသခင်သည် ရှေ့ဦးစွာကပင် သင်တို့ကိုရွေးကောက် (chosen) တော်မူသည်၊ ... ၂သက်၊ ၂:၁၃ - 2 Thes 2:13ဘုရားသခင်ရွေးချယ် (chosen) တော်မူသော အသက်ကျောက်မြတ်၊ ... ၁ပေ၊ ၂:၄ - 1 Pet 2:4ရွေးချယ် (chosen) တော်မူသောအမျိုး ဖြစ်ကြ၏။ ... ၁ပေ၊ ၂:၉ - 1 Pet 2:9ရွေးချယ် (chosen) တော်မူသောသူ၊ သစ္စာရှိသောသူ၊ ... ဗျာ၊ ၁၇:၁၄ - Rev 17:14
Christခရစ်တော်Means, "Messiah or Anointed One". DTP Christ has come as our Messiah to redeem us and to save us from the curse of death and destruction. ‘’မေရှိယ သို့မဟုတ် ဘိတိသတ်ခံယူသူ’’ ဟု အဓိပ္ပာယ်ရှိသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏မေရှိယ အဖြစ်ကြွလာပြီး ကယ်တင်တော်မူသည်။ ကျွန်ုပ်တို့ကိုသေခြင်း၏ကျိန်ခြင်းနှင့်ဖျက်ဆီးထဲမှ ကယ်တင် တော်မူသည်။ ထိုမာရိသည် ခရစ် (Christ) ဟုခေါ်ဝေါ်သမုတ်သောယေရှု၏မယ်တော်၊ ... မ၊ ၁:၁၆ - Matt 1:16ကိုယ်တော်သည် ခရစ်တော် (Christ) တည်းဟူသောအသက်ရှင်တော်မူသော၊ ... မ၊ ၁၆:၁၆ (မာ၊ ၈:၂၉။ လု၊ ၉:၂၀) - Matt 16:16 (Mark 8:29; Luke 9:20)သခင်ခရစ်တော် (Christ) တည်းဟူသော ကယ်တင်သောအရှင်သည်၊ ... လု၊ ၂:၁၁ - Luke 2:11မေရှိယအနက်ကား၊ ခရစ်တော် (Christ) ဟုဆိုလိုသတည်း။ ... ယော၊ ၄:၂၅ - John 4:25ကယ်တင်တော်မူသောသခင်တည်းဟူသော ခရစ်တော် (Christ)၊ ... ယော၊ ၄:၄၂ - John 4:42ယေရှုသည် ခရစ်တော် (Christ) တည်းဟူသောဘုရားသခင်၏သားတော်၊ ... ယော၊ ၂၀:၃၁ - John 20:31... တ၊ ၂:၃ - he would raise up Christ to sit on his throne; Acts 2:3ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော် (Christ) အရာ၌၊ ... တ၊ ၂:၃၆ - Acts 2:36ခရစ်တော် (Christ) သည်အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည်၊ ... တ၊ ၃:၁၈ - Acts 3:18ရှမာရိမြို့သို့သွား၍ ခရစ်တော် (Christ) ၏အကြောင်းကိုဟောလေ၏။ ... တ၊ ၈:၅ - Acts 8:5ယေရှုသည် ခရစ်တော် (Christ) ဖြစ်တော်မူကြောင်းကို၊ ... တ၊ ၁၈:၂၈ - Acts 18:28ငါတို့သခင်ယေရှုခရစ် (Christ) တည်းဟူသော မိမိသားတော်ကို၊ ... ရော၊ ၁:၄ - Rom 1:3ခရစ်တော် (Christ) သည် ငါတို့အတွက်ကြောင့်အသေခံတော်မူ၊ ... ရော၊ ၅:၈ - Rom. 5:8ခရစ်တော် (Christ) သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ... ရော၊ ၈:၁၀ - Rom 8:10ခရစ်တော် (Christ) ကို သေခြင်းမှထမြောက်စေတော်မူသော၊ ... ရော၊ ၈:၁၁ - Rom 8:11ခရစ်တော် (Christ) နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ... ရော၊ ၈:၁၇ - Rom 8:17အများဖြစ်သောငါတို့သည် ခရစ်တော် (Christ) ၌တစ်ကိုယ်တည်းဖြစ်၍၊ ... ရော၊ ၁၂:၅ - Rom 12:5လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောခရစ်တော် (Christ) ၏၊ ... ၁ကော၊ ၁:၂၃ - 1 Cor 1:23သင်တို့သည်လည်း၊ ခရစ်တော် (Christ) အဖို့ ဖြစ်ကြ၏။ ... ၁ကော၊ ၃:၂၃ - 1 Cor 3:23ခရစ်တော် (Christ) တည်းဟူသော ငါတို့ပသခါသိုးသငယ်၊ ... ၁ကော၊ ၅:၇ - 1 Cor 5:7ထိုကျောက်ကား ခရစ်တော် (Christ) ဖြစ်သတည်း။ ... ၁ကော၊ ၁၀:၄ - 1 Cor 10:4ယောက်ျား၏ခေါင်းကား ခရစ်တော် (Christ) ဖြစ်သည်ကို၊ ... ၁ကော၊ ၁၁:၃ - 1 Cor 11:3 ခရစ်တော် (Christ) သည် ကျမ်းစာလာသည်အတိုင်း၊ ... ၁ကော၊ ၁၅:၃ - 1 Cor 15:3ခရစ်တော် (Christ) ၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်၊ ... ၂ကော၊ ၅:၁၅ - 2 Cor 5:14ခရစ်တော် (Christ) ၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ... ၂ကော၊ ၅:၁၇ - 2 Cor 5:17ငါတို့သည်ခရစ်တော် (Christ) ၏ သံတမန်ဖြစ်ကြ၏။ ... ၂ကော၊ ၅:၂၀ - 2 Cor 5:20 ငါသည် ခရစ်တော် (Christ) နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံပြီ။ ... ဂလာ၊ ၂:၂၀ - Gal 2:20ခရစ်တော် (Christ) သည် ငါတို့အတွက်ကြောင့်ကျိန်ခြင်းကို၊ ... ဂလာ၊ ၃:၁၃ - Gal 3:13ယေရှုခရစ် (Christ) ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီး၊ ... ဂလာ၊ ၅:၁ - Gal 5:1ခရစ်တော် (Christ) သည် သင်တို့၏စိတ်နှလုံးအထဲ၌ကျိန်းဝပ်တော်မူ၊ ... ဧ၊ ၃:၁၇ - Eph 3:17ခရစ်တော် (Christ) သည် ငါတို့ကို ချစ်တော်မူသောအားဖြင့်၊ ... ဧ၊ ၅:၂ - Eph 5:2ငါအသက်ရှင်သည်အရာမှာ ခရစ်တော် (Christ) ဖြစ်၏။ ... ဖိ၊ ၁:၂၁ - Phil 1:21ရှုံးစေသောအရာကဲ့သို့ ခရစ်တော် (Christ) ကြောင့်ငါထင်မှတ်၏။ ... ဖိ၊ ၃:၇ - Phil 3:7ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော် (Christ) အားဖြင့်၊ ... ဖိ၊ ၄:၁၃ - Phil 4:13သင်တို့အထဲ၌တည်တော်မူသော ခရစ်တော် (Christ) ပေတည်း။ ... ကော၊ ၁:၂၇ - Col 1:27သင်တို့အသက်သည် ခရစ်တော် (Christ) နှင့်အတူဘုရားသခင်၌၊ ... ကော၊ ၃:၃ - Col 3:3ခရစ်တော် (Christ) သည် အလုံးစုံတို့၌အလုံးစုံ၊ ... ကော၊ ၃:၁၁ - Col 3:11ခရစ်တော် (Christ) သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ... ကော၊ ၃:၁၃ - Col 3:13ခရစ်တော် (Christ) ၏နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့်၊ ... ကော၊ ၃:၁၆ - Col 3:16ခရစ်တော် (Christ) သည် လူများအပြစ်တို့ကိုခံခြင်းငှာ၊ ... ဟေဗြဲ၊ ၉:၂၈ - Heb 9:28ခရစ်တော် (Christ) သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ... ၁ပေ၊ ၂:၂၁ - 1 Pet 2:21ခရစ်တော် (Christ) ၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ... ၁ပေ၊ ၄:၁၃ - 1 Pet 4:13ယေရှုသည်ခရစ်တော် (Christ) ဖြစ်တော်မူသည်ကို ယုံကြည်သော၊ ... ၁ယော၊ ၅:၁ - 1 John 5:1
Christ JesusA name for the Son of God. Christ means, "Messiah or Anointed One". Jesus means "Saviour"; the New Testament often uses the title, Lord Jesus Christ or Christ Jesus our Lord (Phil 3:20). DTP It is key to understand these names and how they directly affect our walk with God here on earth. It is because of the names that we are given power and authority as His disciples to carry out His will. ထိုသို့ဆိုရာ၌ ယေရှုခရစ် (Christ Jesus) ကိုဆိုလိုသည်၊ ... တ၊ ၁၉:၄ - Acts 19:4ယေရှုခရစ် (Christ Jesus) ရွေးနုတ်တော်မူသောအားဖြင့်၊ ... ရော၊ ၃:၂၄ - Rom 3:24ယေရှုခရစ် (Christ Jesus) ၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ... ရော၊ ၈:၁ - Rom 8:1ယေရှုခရစ် (Christ Jesus) ၌တည်၍ အသက်ရှင်စေသော၊ ... ရော၊ ၈:၂ - Rom 8:2ငါတို့သခင်ယေရှုခရစ် (Christ Jesus) အားဖြင့် ခံရသောဘုရားသခင်၏၊ ... ရော၊ ၈:၃၉ - Rom 8:39ယေရှုခရစ် (Christ Jesus) အားဖြင့် အပြစ်နှင့်ကင်းစင်၍၊ ... ၁ကော၊ ၁:၂ - 1 Cor 1:2ငါသည် သင်တို့ကို ယေရှုခရစ် (Christ Jesus) ၌ဖြစ်ပွားစေပြီ။ ... ၁ကော၊ ၄:၁၅ - 1 Cor 4:15ယေရှုခရစ် (Christ Jesus) သည် သခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ... ၂ကော၊ ၄:၅ - 2 Cor 4:5ယေရှုခရစ် (Christ Jesus) ၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ ... ဂလာ၊ ၃:၂၈ - Gal 3:28ယေရှုခရစ် (Christ Jesus) ၌ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ... ဧ၊ ၂:၁၀ - Eph 2:10ငါတို့သခင်ယေရှုခရစ် (Christ Jesus) ကိုအကြောင်းပြု၍ ထာဝရအကြံတော်၊ ... ဧ၊ ၃:၁၁ - Eph 3:11ယေရှုခရစ် (Christ Jesus) ၌ရှိသော ထိုစိတ်သဘောကို၊ ... ဖိ၊ ၂:၅ - Phil 2:5ယေရှုခရစ် (Christ Jesus) အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ၊ ... ဖိ၊ ၃:၁၄ - Phil 3:14သခင်ယေရှုခရစ် (Christ Jesus) ကို ခံယူပြီးသည်ဖြစ်၍၊ ... ကော၊ ၂:၆ - Col 2:6ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ် (Christ Jesus) ၌ဘုရားသခင်အလိုတော်ရှိ၏။ ... ၁သက်၊ ၅:၁၈ - 1 Thes 5:18 ယေရှုခရစ် (Christ Jesus) သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ... ၁တိ၊ ၁:၁၅ - 1 Tim 1:15ယေရှုခရစ် (Christ Jesus) တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ... ၁တိ၊ ၂:၅ - 1 Tim 2:5ယေရှုခရစ် (Christ Jesus) ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ... ၂တိ၊ ၃:၁၅ - 2 Tim 3:15ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု (Christ Jesus) ၏အကြောင်းကို၊ ... ဟေဗြဲ၊ ၃:၁ - Heb 3:1 ခရစ်တော်ယေရှု (Christ Jesus) အားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့၊ ... ၁ပေ၊ ၅:၁၀ - 1 Pet 5:10
christeningရေဖြန်းမင်္ဂလာA term that some of the main line churches (Orthodox, Lutheran, Catholic, Anglican etc.) use for when they baptize or dedicate a baby or child to God and receive into the Christian Church. အင်အားကြီးသောအသင်းတော်များ၏ (အော်သိုဒေါ့၊ လူသာရင်၊ အင်္ဂလီကန် .. စသည်) နှစ်ခြင်းခံရာတွင် လည်းကောင်း၊ ကလေးသူငယ်ဆက်ကပ်ပြီး ခရစ်ယာန်အသင်းတော်သို့လက်ခံခြင်းတွင်လည်းကောင်း အသုံးပြုသောစကားလုံးဖြစ်ပါသည်။
Christianခရစ်ယာန်To be Christ-like in character and example. A disciple of Christ is one who has shown that he is a true follower of Christ; such a person is called a Christian. A Christian is one who demonstrates Christ-likeness in his daily life. The name "Christian" can be applied to such a genuine follower of Christ Jesus. People will recognize the genuineness of such a person. ခရစ်တော်၏ပုံသက်သေလက္ခဏာနှင့် တူခြင်းဖြစ်သည်။ ခရစ်တော်၏တပည့်တော်တို့သည် ခရစ်တော် နောက်သို့အမှန်တစ်ကယ်လိုက်သူများဖြစ်သည်။ ထိုသူတို့ကို ခရစ်ယာန်ဟုခေါ်သည်။ ခရစ်ယာန်ဟူသည် မိမိ၏နေ့စဉ်အသက်တာတွင် ခရစ်တော်ကဲ့သို့လိုက်လျှောက်အသက်ရှင်ခြင်းဖြစ်သည်။ ‘’ခရစ်ယာန်’’ ဟူ သောနာမည်သည် ခရစ်တော်ယေရှုနောက်သို့ စစ်မှန်စွာလိုက်သောသူများ၏နာမည်ဖြစ်သည်။ ထိုသို့စစ် မှန်သောသူတို့ကို အခြားသူများက ခရစ်ယာန်ဟုသတ်မှတ်မည်ဖြစ်သည်။ ခရစ်ယာန် (Christians) ဟူသောခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌အဦးခံရကြ၏။ ... တ၊ ၁၁:၂၆ - Acts 11:26သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန် (Christian) ဖြစ်လုပြီ၊ ... တ၊ ၂၆:၂၈ - Acts 26:28ခရစ်ယာန် (Christian) ဖြစ်သောကြောင့်ခံရလျှင်မူကား၊ ... ၁ပေ၊ ၄:၁၆ - 1 Pet 4:16
Christ-likeခရစ်တော်နှင့်သဏ္ဌာန်တူခြင်းThis term comes from the word Christian (Acts 11:26), one who is a follower of Christ Jesus. ခရစ်ရန်ဆိုသောစကားမှလာသည် (တ၊ ၁၁:၂၆)။ ခရစ်တော်ယေရှုနောက်သို့လိုက်သူ ဖြစ်သည်။
ChristmasThis is a time of year where followers of Christianity celebrate the birth of Jesus Christ. People believe that God sent His Son to the earth as a baby (Luke 2:1-20) to live and grow up, and die on the cross, which was followed by His resurrection three days later (Luke chapters 23, 24). Often Christmas is celebrated by many on December 25th , but it can differ where some celebrate in the month of January. Many people will display nativity scenes, lights, and a variety of decorations, have special meals and gatherings and sing special songs called “carols and Christmas hymns” in church and from home to home. Some people will put up Christmas trees and give special gifts one to another. DTP Christ is to be remembered that God the Father gave His Son to a lost world (John 3:16) to bring Redemption and Deliverance from sin, to fill our hearts with joy and peace (Isaiah 9:1-7). His coming as a servant was to show us how we are to live and serve as His body of believers here on earth, whom He is the head (Rom 12:5; 1 Cor 12:27; Eph 5:23; Col 1:18).
Christologyခရစ်တော်အကြောင်းဆိုင်ရာဓမ္မအတွေးအခေါ်A study of the life, teachings and doctrines of Jesus Christ as found in the Bible. DTP John 1, Colossians 1, Philippians 2 and Hebrews 1 are known as definitive Christological scripture passages. သမ္မာကျမ်းစာထဲတွင်တွေ့ရသည့် ယေရှုခရစ်တော်၏အသက်တာ၊ သွန်သင်ချက်များနှင့်အယူဝါဒများကို လေ့လာခြင်းဖြစ်သည်။ ယော၊ ၁။ ကော၊ ၁။ ဖိ၊ ၂ နှင့် ဟေဗြဲ၊ ၁။ စသည့်ကျမ်းပိုဒ်တို့သည် ခရစ်တော်၏ အကြောင်းဖော်ပြသော တိကျသည့်ကျမ်းပိုဒ်များဖြစ်သည်။
CHRONICLES, book of Firstရာဇဝင်ချုပ်ပထမစောင်Means the annals or the words and affairs of the day, journal, diary of events, time line, thought to be written around 450 BC; this book consists of genealogies which were very important to the Jews because they needed to know their heritage or family tree line. This book also contains information about David, Solomon and historical information about the Southern Kingdoms of Israel. ဘီစီ ၄၅၀ ခန့်တွင်ရေးသားသည့် သမိုင်း သို့မဟုတ် စာသားနှင့်နေ့ရက်ဆိုင်ရာအမှုအရာများ၊ နေ့စဉ်မှတ် တမ်းများ၊ အဖြစ်အပျက်မှတ်တမ်းများနှင့်အချိန်ကာလတို့ဖြစ်သည်။ ဤစာစောင်တွင် ဂျူးလူမျိုးများအ တွက် အလွန်အရေးကြီးသည့်မျိုးရိုးစဉ်ဆက်ဇယားများပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ အမွေအနှစ်ဖြစ်သော မိသားစုမျိုးရိုးစဉ်ဆက်ဇယားကို သိရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။ ဤစာ စောင်တွင်ဒါဝိဒ်၊ ရှောလမုန်နှင့် ဣသရေလတောင်ပိုင်းနိုင်ငံသမိုင်းမှတ်တမ်းများ ပါဝင်ပါသည်။
CHRONICLES, book of Secondရာဇဝင်ချုပ်ဒုတိယစောင်Means the annals or the words and affairs of the day, journal, diary of events, time line, thought to be written around 450 BC; this book consist of genealogies which were very important to the Jew because they needed to know their heritage or family tree line. This book also contain information about Solomon and historical information about the Southern Kingdoms of Israel. ဘီစီ ၄၅၀ ခန့်တွင်ရေးသားသည့် သမိုင်း သို့မဟုတ် စာသားနှင့်နေ့ရက်ဆိုင်ရာအမှုအရာများ၊ နေ့စဉ်မှတ် တမ်းများ၊ အဖြစ်အပျက်မှတ်တမ်းများနှင့်အချိန်ကာလတို့ဖြစ်သည်။ ဤစာစောင်တွင် ဂျူးလူမျိုးများအ တွက် အလွန်အရေးကြီးသည့်မျိုးရိုးစဉ်ဆက်ဇယားများပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ အမွေအနှစ်ဖြစ်သော မိသားစုမျိုးရိုးစဉ်ဆက်ဇယားကို သိရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။ ဤစာ စောင် တွင် ရှောလမုန်နှင့် ဣသရေလတောင်ပိုင်းနိုင်ငံသမိုင်းမှတ်တမ်းများ ပါဝင်ပါသည်။
church / churchesအသင်းတော်"Ecclesia", Greek name for church; means "called out one", to assemble, gathering; the gathering of believers in Christ who assemble for worship, teaching, communion, etc. (Eph 5:21-32). The church is also referred to as the body of Christ, to be His hands and feet to a lost world. The church is the means by which the Spirit of God extends the fruit of the Spirit to the world through the gifts He provides. ဂရိဘာသာစကားအားဖြင့် ‘’အီကလေးရှာ’’ ဟုခေါ်ပြီး အဓိပ္ပာယ်မှာ ‘’ခေါ်ယူခြင်း’’ ဖြစ်သည်။ စုဝေးသည်၊ စုရုံးသည်။ ယုံကြည်သူများသည် ဝတ်ပြုကိုးကွယ်ခြင်၊ သွန်သင်ခြင်း နှင့်ပွဲတော်ဝတ်ဆက်ခံရန်အတွက် ခရစ်တော်၌စုဝေးကြခြင်းဖြစ်သည် (ဧ၊ ၅:၂၁-၃၂)။ အသင်းတော်ကို ခရစ်တော်၏ခန္ဓာအဖြစ်ရည်ညွှန်း ထားပြီး ပျောက်ဆုံးနေသောကမ္ဘာကြီးအတွက် ကိုယ်တော်၏လက်နှင့်ခြေများဖြစ်သည်။ အသင်းတော် သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ကိုယ်တော်ပေးထားသည့်ဆုကျေးဇူးများကိုအသုံးပြုကာ လော ကကြီးထဲသို့ ဝိညာဉ်အသီးများကြဲဖြန့်ရန်ဖြစ်သည်။ဤကျောက်ပေါ်မှာ ငါ့အသင်း (church) ကိုငါတည်ဆောက်မည်။ ... မ၊ ၁၆:၁၈ - Matt 16:18ကယ်တင်ခြင်းသို့ ရောက်သောသူ …. သင်းဝင် (church) စေတော်မူ၏။ ... တ၊ ၂:၄၇ - Acts 2:47သင်းဝင် (church) သူတို့သည် …. ဆုတောင်းပတ္ထနာပြုကြ၏။ ... တ၊ ၁၂:၅ - Acts 12:5အသင်းတော် (church) များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ ... တ၊ ၁၄:၂၃ - Acts 14:23ထိုသို့အသင်းတော် (churches) တို့သည် ယုံကြည်ခြင်း၌၊ ... တ၊ ၁၆:၅ - Acts 16:5မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော် (church) ကို၊ ... တ၊ ၂၀:၂၈ - Acts 20:28သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ ... ရော၊ ၁၆:၅ - greet the church that is in their house. Rom 16:5တမန်တော်တို့ကိုလည်းကောင်း …. အသင်းတော် (church) ၌ခန့်ထားတော်မူ၏။၊ ... ၁ကော၊ ၁၂:၂၈ - 1 Cor 12:28အာရှိပြည်၌ အသင်းတော် (church) များတို့သည်၊ ... ၁ကော၊ ၁၆:၁၉ - 1 Cor 16:19ဘုရားသခင်၏အသင်းတော် (church) ကို အတိုင်းထက်အလွန်ညှဉ်းဆဲဖျက်ဆီး၊ ... ဂလာ၊ ၁:၁၃ - Gal 1:13အသင်းတော် (church) အဖို့အလိုငှာ၊ သူ့ကိုအလုံးစုံတို့၏အချုပ်အခြာ၊ ... ဧ၊ ၁:၂၂ - Eph 1:22ဘုရားသခင်၏ ထူးဆန်းသောပညတ်တော်ကို အသင်းတော် (church) အားဖြင့်၊ ... ဧ၊ ၃:၁၀ - Eph 3:10ခရစ်တော်သည် အသင်းတော် (church) ၏အပေါ်မှာခေါင်းဖြစ်တော်မူသကဲ့သို့၊ ... ဧ၊ ၅:၂၃ - Eph 5:23ခရစ်တော်သည် အသင်းတော် (church) ကို ချစ်တော်မူသကဲ့သို့၊ ... ဧ၊ ၅:၂၅ - Eph 5:25အသင်းတော် (church) တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ ... ကော၊ ၁:၁၈ - Col 1:18အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော် (church) ဖြစ်၏။ ... ၁တိ၊ ၃:၁၅ - which is the church of the living God, 1 Tim 3:15သားဦးတို့၏ အသင်းတော် (church) သို့လည်းကောင်း၊ ... ဟေဗြဲ၊ ၁၂:၂၃ - general assembly and church of the firstborn, Heb 12:23နာသောသူရှိလျှင်၊ သင်း(church) အုပ်ကိုခေါ်၍ သူတို့သည်၊ ... ယာ၊ ၅:၁၄ - him call for the elders of the church; James 5:14အသင်းတော် (churches) ခုနစ်ပါးကို ကြားလိုက်ပါ၏။ ... ဗျာ၊ ၁:၄ - to the seven churches which are in Asia: Rev 1:4ဝိညာဉ်တော်သည် အသင်းတော် (churches) တို့အားအဘယ်သို့ မိန့်တော်မူသည်ကို၊ ... ဗျာ၊ ၂:၇ (၂:၁၁ ၁၇ ၂၉ ၃:၆ ၂၂) - Rev 2:7 (2:11, 17, 29, 3:6, 22)
Church Ageအသင်းတော်အချိန်ကာလA period of time that started on the day of Pentecost and continues on to the second coming of the Lord Jesus Christ; some also call it the age of grace, a time where people can make a decision to give their lives over to the Lord Jesus Christ. ပင်တေကုတ္တေပွဲနေ့မှစတင်ပြီး သခင်ယေရှုခရစ်တော်ကြွလာမည့်အချိန်ကာလအထိ ဖြစ်သည်။ အချို့က ကျေးဇူးတော်ကာလဟုခေါ်ကြသည်။ ဤအချိန်ကာလသည် လူသားတို့ မိမိတို့အသက်တာကို သခင်ယေရှု ခရစ်တော်ထံဆက်ကပ်အပ်နှံရန် ဆုံးဖြတ်ချက်ချသည့်အချိန်ဖြစ်သည်။
Church of Ephesusဧဖက်အသင်းတော်The strong church; Rev 2:1-7; had patiently borne adversity, and could not stand evil; they had left their first love; God appealed to them to remember from where they had fallen. ခွန်အားကြီးသောအသင်းတော်ဖြစ်သည် (ဗျာ၊ ၂:၁-၇)။ အခက်အခဲများကို ပင်ပန်းစွာသည်းခံသည်။ မတ ရားသောသူတို့ကို လက်မခံသောအသင်းတော်ဖြစ်သည်။ သို့သော် ရှေ့ဦးစွာသောချစ်ခြင်းမေတ္တာလျော့ နည်းသွားသည်။ မိမိတို့ကျရှုံးသောနေရာကို သတိရရန် ဘုရားသခင်ကမေတ္တာရပ်ခံသည်။ ဧဖက် (church of Ephesus) မြို့၌ရှိသော အသင်းတော်၏တမန်ကို၊ ... ဗျာ၊ ၂:၁ - Rev 2:1